Junior အတွက်..
..အရမ်းဝမ်းနည်းတဲ့ အခါ သူငယ်ချင်းတွေကိုဖွင့်ပြောပြပါ။ သူတို့တစ်ယောက်ခြင်းစီကကြားရတဲ့ အကြံဉာဏ်တွေကို နားထောင်ပြီး ပြန်လည်ဆွေးနွေးပါ။ ဝမ်းနည်းတာတွေမေ့သွားပြီးတော့ မင်းဟာ သင်ချာတစ်ပုဒ်အဖြေရှာနေရသလိုပျော်ရွှင်လာလိမ့််မယ်။
(ငါငိုနေမှန်းသိတုန်းက မင်းအနားချက်ခြင်းရောက်လာပြီး စကားတွေအများကြီးပြောပြီး ပြုံးရယ်စေခဲ့သလိုပေါ့။)
..ပြသနာ တစ်ခုကို ကိုယ်တိုင်မဖြေရှင်းနိုင်တဲ့အခါ လက်လျှော့ မပစ်လိုက်ပါနဲ့။ မင်းဘေးနားကအကူအညီတွေကို လိုလိုလားလား လက်ခံလိုက်ပါ။ အဲ့ဒီ အခါမှာ မင်းမဖြေရှင်းနိုင်တာမဟုတ်ဘဲ ပျောက်နေတဲ့ကွင်းဆက်လေးကို သူတို့ဆက်ပေးတယ်ဆိုတာသိလာလိမ့်မယ်။ သူတို့ကိုလိုလိုလားလားကျေးဇူးတင်ကြောင်းပြလိုက်ပါ။
..အမှားတစ်ခုတစ်ခု လုပ်မိတဲ့ အခါ ဖုံးကွယ်မထားမိပါစေနဲ့။ အသိပေးပြီး အမှန်ပြန် ဖြစ်အောင် လုပ်ပြလိုက်ပါ။ (ဟီး အဲ့ဒီ အချက် က မင်း ဆီ က ငါ အတုခိုးထားတာ)
..စကားအမှားပြောမိမှာ မစိုးရိမ်ပါနဲ့…သူတို့က မင်းထင်သလို မင်းကို အထင်သေးမှာ မဟုတ်ဘူး။ မင်း နားလည်လာအောင်ရှင်းပြမယ်ဆိုတာ သူတို့ရင်ထဲက ရည်မှန်းချက်ပဲ။
..ကိုယ့်ကိုကိုယ် ကျန်းမာအောင်နေပါ။ မင်း နေမကောင်းရင် မင်းနဲ့ ထပ်တူ ခံစား ရတဲ့ သူတွေ ကို စိတ်မပူပန်စေရအောင်။
..အန်ဒရယ် ဖြစ်စေမဲ့ အပြုအမူတွေ၊ မလုံခြုံမှုတွေကို ဖြစ်စေမဲ့ အပြုအမူတွေ။ အသုံးအဆောင်တွေကို သတိထားပါ။ တကယ်လို့ ထိခိုက်မှုတစ်ခုခုဖြစ်ပွားခဲ့ရင် ဘေးနားကသူတွေကိုတတ်နိုင်သလာက်ကူညီပ။ကိုယ်လွတ်ရုန်းထွက်ခဲ့ရင် မင်းရဲ့နာကျင်မှူထက်စိတ်ဒါဏ်ရာကပိုနက်လိမ့်မယ်။
..အဆူခံရတဲ့ အခါ ဆူတဲ့သူကို မမုန်းပါနဲ့။ မင်းမမြင်တဲ့ ရှုဒေါင့်ကနေမြင်သူအဖြစ် သတ်မှတ်လိုက်ပါ။ ပြန်ရှင်းပြလိုက်ပါ။ သူလက်ခံလိုက်တဲ့ အခါ မင်းကျေနပ်နှစ်သက်သွားမှာဖြစ်သလို သူကလည်းမင်းကို အသိအမှတ်ပြုလိမ့့်မယ်။
..တစ်ဖက်သားပြောတဲ့ စကားကိုလေးလေးစားစားနားထောင်ပါ။ ငြင်းစရာရှိရင်သူ့စကားဆုံးမှငြင်းပါ။
..အယူအဆ ဆုံးဖြတ်ချက်မတူ ပေမဲ့ သူကိုလေးစားပါ။ ရန်သူတစ်ယောက်လိုမဆက်ဆံပါနဲ့။
..ကတိကိုလွယ်လွယ်မပေးမိပါစေနဲ့။ ပေးခဲ့ရင်တည်ပါစေ။ (အားနာပြီးကိုယ်မလုပ်နိုင်တာမျိုးကို ကတိမပေးပါနဲ့။ ယဉ်ယဉ်ကျေးကျေးငြင်းပစ်လိုက်ပါ။ သူမင်းကိုအဲ့ဒီအတွက်မုန်းသွားမှာ မဟုတ်ပါဘူး။)
..အထီးကျန်တယ်လို့ ခံစားနေရရင် သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စကားပြောပါ။ ကိုယ့်ရှေ့မှာ တစ်စိမ်းတစ်ယောက်ယောက်ဖြတ်သွားရင်ရယ်ပြလိုက်ပါ။
..မိသားစုကို သတိရကြောင်း အသိပေးပါ ကိုယ်ကိုတိုင် မရောက်နိုင်သေးရင်။
..မိုးရွာတဲ့အခါ ငါ့ကိုသတိရပါ။ အပြင်မှာ တကယ်မိုးတွေရွာနေတယ်။ 😛
:-D. သူများတေွရေးတာအားကျလို့ ။ သမီးလေး၊သားလေးရေးစရာမရှိလို့ မရှိ ရှိတာခေါင်းစဉ်တပ်ပလိုက်တယ်။ လာမဖတ်မှန်းသိသိကြီးနဲ့။
25 comments
မဟာရာဇာ အံစာတုံး
April 26, 2014 at 1:43 pm
မိုးမရွာလည်း
နေပူကြဲတဲထဲမှာ မင်းကို သတိရပါတယ် …
လာဖတ်ပါတယ် …
လာဖက် ဆိုရင်တောင် လာဖက် ပါဦးမယ် … ဟီဟိ
TNA
April 26, 2014 at 2:00 pm
ဟဲ့ဟဲ့ခြောက်ညက်နှာ ဟိုမယ်လာနေဘီ
TNA
April 26, 2014 at 2:01 pm
မှတ်သားထိုက်တာတွေမို့ မှတ်သားသွားပါတယ်။ ဒါပေမဲ့ မလိုက်နာချင်ပဲ လိုက်နာဖို့ ပေးလိုက်ရတဲ့ကတိ တွေအတွက်ကျတော့ အတော်ခံစားရတယ်။ 😥
Iris
April 26, 2014 at 2:18 pm
ဟုတ်တယ် မမသဲ။ ကျမလိည်းဒီက လုပ်ဖော်ကိုင်ဖက်တွေသင်ပေးလို့။ ကျတို့တွေ အယူအဆ တွေအတွက်ငြင်းခုန်ကျတယ်။ ဒါပေမဲ့ ရန်သူလို့မသတ်မှတ်ဘူး။ ကတိပေးပြီးရင်တော့ လုပ်ကိုလုပ်ရတယ်။ မလုပ်နိုင်ရင် ကတိမပေးခင် ရှင်းပြရတယ်။ ဘာကြောင့်လည်းဆိုတော့ အလုပ်တွေက ဆက်စပ်နေတယ်။တစ်ယောက်လွဲချော်သွားရင် အကုန်လိုက်ပြီး ထိခိုက်ကုန်တယ်လေ။
၆မျက်နှာကိုတော့ သူ့မူပိုင်ရှင် ဗိုက်ခေါက်ဆွဲလိမ်လိမ့်မယ်။ 😀
ROssI
April 26, 2014 at 2:27 pm
သည်ပုံနဲ့ ဆို သည်တသက်
သမီးလေး သားလေး တပ်စရာ အတော် နီးစပ်အုံးမယ်…
ဟိဟိဟ…
ခင် ခ
April 26, 2014 at 2:46 pm
(ကိုယ့်ရှေ့မှာ တစ်စိမ်းတစ်ယောက်ယောက်ဖြတ်သွားရင်ရယ်ပြလိုက်ပါ။) တစ်ခါတုန်းက လှည်းတန်းမှာ ဆိုင်ဖွင့်တော့ အဲဒီဆိုင်ရှေ့မှာခုံနဲ့ထိုင်နေရင်း လမ်းပေါ်လှည့်ကြည့်တဲ့ တစ်စိမ်းတစ်ယောက်ကို ရယ်ပြလိုက်တာ အဲဒီလူက ခြေလှမ်း ၃-၄ လှမ်းလောက်လျှောက်ပြီး ပြန်လှည့်လာကာ ငါ့တူနဲ့ စကားခဏပြောကာ မေးကြည့်ချင်တယ်ဆိုပြီး သူမေးတာတွေ လိုက်ဖြေရတာ ကြာတော့စိတ်ညှစ်လာတာနဲ့ ဦးက ဘာလို့ဒါတွေလာမေးနေတာလဲဆိုတော့ စိတ်မရှိပါနဲ့ငါ့တူရယ် ဦးကစိတ္တဇဆေးရုံက ဆရာဝန်ပါတဲ့။ အဲဒီမှသဘောပေါက်လိုက်တယ် သူ့ကိုမသိဘဲ ရယ်ပြလိုက်တာ ကျုပ်ကိုစိတ်မနှ့သူထင်သွားလို့ ဖြစ် မယ်လေ။
Iris
April 26, 2014 at 3:04 pm
ဦးခ နောက်နေတာထင်တယ်။ ကျမတကယ်လုပ်ဖူးတယ်။ ရင်ထဲကလာတဲ့ အပြုံးနဲ့ ကိုယ်တစ်ခါမှမမြင်ဘူးတဲ့သူတွေကိုပြုံးပြဘူးတယ်။ တကယ်စိတ်ချမ်းသာစရာကောင်းတဲ့ အပြုံးကိုပြန်ရတယ်။ နောက်ပိုင်းလမ်းမှာတွေ့ရင် သူက အမြဲနှုတ်ဆက်လေရော။ ဘာဘာညာညာတွေမစဉ်းစားပဲရိုးရိုးသားသာအပြစ်ကင်းတဲ့ အပြုံးဟာ လက်ခံသူရော ပြုံးသူရဲ့စိတ်နှလုံးကိုအေးချမ်းစေတယ်။
ခင် ခ
April 26, 2014 at 3:17 pm
Iris ၏ ပြုံးပါ အဆိုကို လက်ခံပါတယ်။ မိတ်ဆွေဖွဲ့ခြင်း အကြောင်းတရားထဲမှာလည်း ပါတယ်လေ။
TNA
April 27, 2014 at 10:55 pm
အဟဲ မနေ့က မင်္ဂလာဆောင်သွားတာ။ ရှေ့နားဘေးခုံတန်းလေးမှာ လူတစ်ယောက်ထိုင်နေတယ်။ သူ့ပုံက ဆံပင်ဆေးဆိုး အကျီ င်္ဘော်ဒီဖစ်အပြင်ထုပ်လို့၊ ဘောင်းဘီကလဲ စကင်လိမ်မော်ရောင်နဲ့။ ပုလဲပုတီးကြီးဆွဲ လို့။ လူပုံကလဲနွဲ့နွဲ့လေး။ အဲ့တော့ထင်လိုက်တာက သတို့သမီးရဲ့ မိတ်ကပ်အခြောက်မှတ်တာပေါ့။ နောက်မှ သူက သတို့သမီးတပည့်အဆိုတော်လေးတဲ့။ အိပ်မက်ဆုံရာမှာပါဖူးတယ်ဆိုလား။ ဧည့်ခံပွဲရောက်မှ သူများပြောမှသိရတာ။ အစောပိုင်းတလျှောက် ဘုရားရှေ့မှာပွဲလုပ်နေတုန်း သူ့ကို မိတ်ကပ်အခြောက် ပဲထင်တာ။ နောက်ပွဲပြီးသွားလို့ပြန်မယ်လဲလုပ်ကော သူနဲ့လမ်းမှာဆုံကော။ သူကထူးထူးခြားခြား ပြုံးပြတယ်။ ကိုယ်ကလဲနှစ်နှစ်ကာကာပြန်ပြုံးပြလိုက်တယ်။ ကိုယ်ကတော့ အထင်လွဲမိတာအားနာလို့။ သူကတော့ မသိပဲနဲ့ ပြုံးပြတာ။ တော်သေးတယ်။ ကိုခင်ခလို့ စိတ္တဇဆေးရုံက ဆရာဝန်အနားမှာမရှိလို့ 😀
Ma Ma
April 26, 2014 at 3:28 pm
(.အမှားတစ်ခုတစ်ခု လုပ်မိတဲ့ အခါ ဖုံးကွယ်မထားမိပါစေနဲ့။ အသိပေးပြီး အမှန်ပြန် ဖြစ်အောင် လုပ်ပြလိုက်ပါ။)
အဲဒီအချက်ကို သဘောကျတယ်။
ကိုယ်တိုင်လည်း များသောအားဖြင့် ကိုယ်မှားတာကို လူမသိအောင် မသိလိုက်ဖာသာနေချင်တဲ့စိတ်က အများသား။ :boss:
Mr. MarGa
April 26, 2014 at 4:54 pm
မဟုတ်လဲ ဂျူနီယာ နေရာက ဆိုတော့ကာ
ဂျူနီယာလို ဖတ်သွားပါတယ် စီနီယာ :mrgreenn:
Iris
April 26, 2014 at 5:08 pm
ဟုတ်တယ် မမ။ အမှားလုပ်မိရင် များသောအားဖြင့်ကိုယ့်ကိုအထင်သေးမှာစိုးလို့ မပြောပဲကြိတ်ဖြေရှင်းဖူးတယ်။ စီနီယာတွေကိုအသိမပေးတော့ ပြသနာက တဖြေးဖြေးကြီးလာရော။ အချိန်နဲ့လုပ်ရတဲ့အလုပ်တွေမှာဆိုရင်ပိုဆိုးကုန်ရော။ အဲ့တော့ပြသနာသေးသေးကြီးကြီး အသိပေးပြီးမြန်မြန်ရှင်းလိုက်တာပိုကောင်းတယ်။ ကိုယ်ထင်နေတဲ့ပြသနာသေးသေးလေးက တခြားတစ်ဖက်မှာကြီးမားတဲ့အခက်အခဲဖြစ်ရင်ဖြစ်နေတတ်တာ။ စီနီယာကပြောဘူးတယ်။ အလုပ်မှာ ၉၀%မှန်တာကိုလက်မခံဘူး။၁၀၀%မှန်ရမယ်တဲ့ ။ကျောင်းစာလို မဟုတ်ဘူးတဲ့။ တကယ်လည်းမှန်ပါတယ်။ ယူဆလို့လည်းမရဘူး။ သေချာရမယ်။တိကျရမယ်။
padonmar
April 27, 2014 at 10:17 pm
ထောက်ခံပါတယ်။
Iris
April 26, 2014 at 5:16 pm
ဟဟ.သိကြားမင်းဆိုတော့ ဂျူနီယာမဖြစ်နိုင်ဘူး။ ဖြသ်ချင်းဖြစ် စီနီယာပဲနေမှာ။
lu lu
April 26, 2014 at 6:09 pm
ကိုယ့်ကိုယ်ကို ဂျူနီယာ လို ့သတ်မှတ်ပြီး
ဖတ်သွားမှတ်သွားပါပြီ
•*¨နန်းတော်ရာသူ •*¨
April 26, 2014 at 8:02 pm
စိတ်ထားလေးတွေ လှပဖို့ နေ့စဉ်နဲ့အမျှ ကြိုးစားနေပါတယ်
😀
alinsett (gazette)
April 27, 2014 at 7:35 am
တကယ်တော့
ကောင်းတဲ့အချက်ကလေးတွေပါပဲ
ကေဇီ
April 27, 2014 at 12:59 pm
..အရမ်းဝမ်းနည်းတဲ့ အခါ ဝမ်းနှုတ်ဆေးသောက်လိုက်ပါ။ စိတ်က ဝမ်းနည်းတာကို မေ့သွားနိုင်လောက် အလုပ်ရှုပ်သွားပါလိမ့်မည်။
(ငါငိုနေမှန်းသိတုန်းက မင်းအနားချက်ခြင်းရောက်လာပြီး မန်ကျည်းဖျော်ရည်တိုက်သလိုမျိုးပေါ့)
..ပြသနာ တစ်ခုကို ကိုယ်တိုင်မဖြေရှင်းနိုင်တဲ့အခါ မြန်မာနိုင်ငံ က ကူညီဗျစေ ကို အပ်လိုက်ပါ။ ကိုယ်တိုင်ဖြေရှင်းတာမှ တော်သေးဟု အမြင်မှန်ရလာပါလိမ့်မည်။
..အမှားတစ်ခုတစ်ခု လုပ်မိတဲ့ အခါ ဖုံးကွယ်မထားမိပါစေနဲ့။ အသိပေးပြီး အမှားတွေ ဆက်လုပ်ရင်တောင် ဝန်ခံထားတဲ့မျက်နှာနဲ့ အပြစ်တင်ခံရမည်မဟုတ်။
..စကားအမှားပြောမိမှာ မစိုးရိမ်ပါနဲ့…ကိုယ့်စကား အမှားကို ယုံပြီး လုပ်မဲ့သူသာ ခံရပါလိမ့်မည်။
..ကိုယ့်ကိုကိုယ် ကျန်းမာအောင်နေပါ။ ဒါမှ လုပ်ချင်တာတွေ အကုန်လုပ်နိုင်မည်။
..အန်ဒရယ် ဖြစ်စေမဲ့ အပြုအမူတွေ၊ မလုံခြုံမှုတွေကို ဖြစ်စေမဲ့ အပြုအမူတွေ။ အသုံးအဆောင်တွေကို သတိထားပါ။ တကယ်လို့ ထိခိုက်မှုတစ်ခုခုဖြစ်ပွားခဲ့ရင် အင်ရှူးဝါးရန့် များများကလိန်းနိုင်မဲ့ နည်းကို သိထားရန်ဖြစ်သည်၊
..အဆူခံရတဲ့ အခါ ဆူတဲ့သူကို မမုန်းပါနဲ့။ စိတ်ထဲကနေ ပြစ်ပြစ်နှစ်နှစ် ဘာသာ စကားမျိုးစုံနဲ့ ဆဲဆိုပလိုက်ပါ။ မင်းကျေနပ်နှစ်သက်သွားမှာဖြစ်သလို သူကလည်း ဘာမှ သိလိမ့်မည်မဟုတ်။
..တစ်ဖက်သားပြောတဲ့ စကားကိုလေးလေးစားစားနားထောင်ပါ။ သူ့စကားမှ သူ့ဇာတိကို သိပါလိမ့်မည်။ နောင်တစ်ချိန် ငွေညှစ်နိုင်မည့် အခွင့်အရေးရှိ၏။
..အယူအဆ ဆုံးဖြတ်ချက်မတူ ပေမဲ့ သူကိုလေးစားပါ။ ရန်သူတစ်ယောက်လိုမဆက်ဆံပါနဲ့။ တစ်ချိန်မှာ သူ့ အယူအဆနဲ့ သူ့ကို ကြိုးကွင်းပြန်စွပ်နိုင်လိမ့်မည်။
..ကတိကိုလွယ်လွယ်မပေးမိပါစေနဲ့။ ပေးခဲ့မိရင် အကြောင်းပြချက် လှလှလေးတွေပါ လွယ်လွယ်ပေးနိုင်အောင် ပြင်ဆင်ထားသင့်သည်။
..အထီးကျန်တယ်လို့ ခံစားနေရရင် အထီးတွေနား များများနေပါ။
..မိသားစုကို သတိရကြောင်း အသိပေးပါ ပိုက်ဆံမပို့နိုင်သေးရင်။
..မိုးရွာတဲ့အခါ ငါ့ကိုသတိရပါ။ ငါ နင့်ထီး ပြန်မပေးတော့ဘူးနော်။
ဟိဟိ။
ကိုယ့်စိတ်နဲ့ ကိုယ် ဂေါက်သလောက် နောက်သွားတယ်။
စိတ်ဆိုးနဲ့။
အာဘွားးးးး
:s:
Mr. MarGa
April 28, 2014 at 9:48 am
ဆိုးကောလ် ကေဇီ
ကေဇီ
April 28, 2014 at 11:09 am
ငင်။
မဟုတ်တာတွေကျမှ ဆိုးကော ကေဇီရလားဟမ်?
နာ ကောင်းကောင်းကန်းကန်း အကြံတွေပေးထားတုန်းကတော့ ဆိုးမကောဘူးလားးး
Mr. MarGa
April 28, 2014 at 11:46 am
နှစ်ခုလုံးအတွက်
ဆိုးကောလ် ကေဇီ ပါ လို့
စနိုးဒန် ဇီကို လေးစားပါဒယ် :mrgreenn:
Ma Ei
April 28, 2014 at 10:50 am
Iris ရဲ့ စာလေးတွေဖတ် ..ဟုတ်သားနော်..
လိုက်နာ နိုင်ရင် ကောင်းတာပေါ့လေ အတွေးနဲ့ ဆက်ဖတ်
ဆွိ Comment လဲတွေ့ရော 🙂 🙂 🙂
တစ်ကယ် လုပ်နေတဲ့ အချက်တွေ ခုမှတွေ့တော့ တာကိုး….
Iris
April 27, 2014 at 4:15 pm
:'( ဟွန့် ခိုင်ဇာ့နည်းက ပိုကောင်းတယ်။ ထီးငှါးပြီး ပြန်မပေးဘဲ ထားအုံးမှ။
Chan Linn Aung
October 20, 2014 at 9:06 am
I dare to recommended for this post.
ဦးကြောင်ကြီး
October 20, 2014 at 9:25 am
အိုင်းရစ်လေးကို ဖက်မှာပေါ့.. ဖက်ယုန်မက… ရှလွတ်