ကျားကွက်
နတ်နဲ့နဂါး
ရိုးရိုးလေး လှည့်စားပြီး
ဂဏန်းတစ်ကောင်ရဲ့ခြေရာမှာ
ဘွဲ့လက်မှတ်ကို ထိုးကျွေး
ဝမ်းမီးကို ဆီသတ်မွှကြော်လိုက်ရ
မုတ်သုံကိုလည်းမယုံဘူး
ပလီတဲ့အခါ တိမ်တွေတောင်
အရောင်တောက်ပြရုံသာသာ
ကကြိုးက ခုနှစ်ထွေလို မှော်ထ
ညဆိုးက ငှက်တစ်ကောင်ရဲ့သီချင်း
ငါ့ကို လာပြီးကတိမပေးနဲ့
အသံဆိုတာ
ပြောပြီးလေထဲမှာတင် ပျောက်ကွယ်တတ်တဲ့အမျိုး
ရိုးရိုးလေးပဲကြံပါ
အလျားနဲ့အနံဟာ
ဆတူ ချဉ်းကပ်လာတဲ့ အခါ
အရွေ့ကောင်းရင်တော့
အလောင်းလှပါလိမ့်မယ်။
ကိုစစ်
8 comments
lu lu
May 16, 2014 at 7:49 pm
နာ့ အ လောင်းလှချင် ဒယ်
မကြီးဆန်းကို ရွေးရင် ကောင်းမလား အရမ်းတော်တဲ့ မိတ်ကပ် ဆြာကြီးဆိုလို ့
ကျားကွက်ကို ကွက်ကျား ကွက်ကျား ဆော့ချင် တယ် အဟိ
😀
ko six
May 16, 2014 at 8:17 pm
ငင်…
အလောင်းလှအောင်
သတိဆောင်၍
ပျားသကာလို ချိုလှစေ..ငိင်
alinsett (gazette)
May 17, 2014 at 7:41 am
အရောင်မရှိတဲ့ ရေကလည်း
ပင်လယ်ဆိုပြီး ပြာတတ်တယ် တဲ့
မာယာတွေအကြောင်း
တာရာမင်းဝေ ပြောခဲ့တာလေး
ဒီကဗျာ ဖတ်ပြီး သတိရသွားတာ
😆
•*¨နန်းတော်ရာသူ •*¨
May 17, 2014 at 2:29 pm
ပင်လယ်ပြာတာကောင်းကင်ကြောင့်
ရေကန်စိမ်းတာရေညှိကြောင့်
ဟုတွက်ပါအလက်ဆင်းရေ
🙂
အရီးခင်
May 17, 2014 at 2:36 pm
အချပ်ကောင်းတဲ့ ဖဲ ကလဲ အလောင်း ဘေးမှာ လှ တတ် တယ် ကိုစစ် ။
ကိုဖိုက် နဲ့ မဆဲဗင်း ရော နေကောင်းကြလား။
🙂
မဟာရာဇာ အံစာတုံး
May 17, 2014 at 3:18 pm
အလျားနဲ့ အနံနဲ့ ဆတူချည်းကပ်လာတော့ ..
စတုရန်းပုံစံ ဖြစ်လာမှာပေါ့ …
ဒီထဲမှာ ဝင်ခွေဖို့ဆို အရပ်ပုတဲ့လူမှ ဖြစ်မှာ …
ရွှေတိုက်တို့ လိုမျိုးပေါ့ …
ko six
May 17, 2014 at 3:59 pm
ကျနော်က
ဂျပုဗျ
Mr. MarGa
May 18, 2014 at 2:07 pm
ကျားကွက်ပေါ်မှာ
ချက်စ် ထိုးနေမိ