Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူငယ်ချင်းတို ့ သတိထားဘို ့

ingyin aungJune 5, 20141min3729

သူငယ်ချင်းတို ့ အလုပ်လျှောက်တော့မယ်ဆိုရင်

အောက်ပါရုံးတွေကို ရှောင်တတ်ဘို ့လိုလိမ့်မယ်။

အချိန်ကုန်လူပန်းပြီး အရာမထင်မယ့်အတူူတူ တစ်ခြားမှာ ဝင်လုပ်နိုင်ဘို ့သတင်းပေးမယ်။

အလုပ်ရတိုင်း ဝင်လုပ်ပြီး  ကိုယ့်ကို အကျိုးမပေးမယ့် လူတွေက ဆီးကြိုကြမှာက အဆိုးဆုံး အတွေ ့အကြုံ ပဲမို ့ရှောင်စေချင်တယ်။

၁) Phoenix Land Co., Ltd. ( 4-B ကျောက်ကုန်းလမ်း ။ ရန်ကင်း)

၂) Alliance Stars Co., Ltd.  ( ခြံအမှတ် (၅) အနောက်မေခလမ်းသွယ်-၁-။လှိုင်)

၃) Miyanotech Co., Ltd.  (အဆောင်(၆) အခန်း(၁) MICT Park, လှိုင်)

Sunny Int’l Co., Ltd.    (  =    =     =    =       =      =       =     =    =)

၄) Myanmar Auto Corporation (MAC)  (ခြံအမှတ် (၁၀) သီရိလမ်း။ ရန်ကင်း)

၅) Golden Alliance Co., Ltd ( မင်္ဂလာလမ်း စမ်းချောင်း)

သူငယ်ချင်းတု ့ိ ကံကောင်းကြပါစေ။

9 comments

  • kolumbus

    June 5, 2014 at 6:08 pm

    ကြုံခဲ့ ကြားခဲ့ သိခဲ့တာတွေပါ ရေးရင် ပိုကောင်းမယ်။ ဒါမှ ကိုယ်နဲ့ အဆင်ပြေနိုင် မပြေနိုင် ဆုံးဖြတ်လို့ရမှာ။ နို့မဟုတ်ရင် ပစ်စာလိုဖြစ်နေတယ်

  • alinsett (gazette)

    June 5, 2014 at 7:59 pm

    အကြံပေးတတ်တဲ ့ သူငယ်ချင်းအသစ်တစ်ယောက် ထပ်ရပြီလို ့ခံစားပြီး…ဖတ်သွားပါတယ်။
    ——–
    ကျနော့်အခုပြောတာကိုလည်း..အကြံပြန်ပေးတတ်တဲ ့သူငယ်ချင်းတစ်ယောက်ကပြောတာလို ့မှတ်ပေးပါနော်
    …သတိထားဖို ့…ဆိုရင် ပိုကောင်းပါလိမ့်မယ်.. ။
    ဘို ့ဆိုတာကြီးနဲ ့သုံးထားတာကို မမှန်ဘူးလို ့ ထင်ပါတယ်။

    ဘာကြောင့်…သတိထားရမယ်ဆိုတဲ ့ အကြောင်း အကျိုးလေးနဲ ့ ပြည့်ပြည့်စုံစုံးလေးရေးပြရင် ပိုကောင်းမယ် ထင်ပါတယ်…
    ——–
    တလက်စတည်း..မေးချင်တာက.. မိတ်ဆွေရဲ ့နာမည်ကို..မြန်မာလို..ဘယ်လိုအသံထွက်ရမလဲ..ဟင်..

    ခင်မင်စွာ….

  • ingyin aung

    June 5, 2014 at 8:28 pm

    ၁) Phoenix Land Co., Ltd. ( 4-B ကျောက်ကုန်းလမ်း ။ ရန်ကင်း)
    ဂျပန်တွေက ခိုင်းတဲ့အလုပ်ကို ကြားခံမြန်မာသူဌေးက အမျိုးမျိုးချယ်လှယ်တယ်။
    ရာထူးအတုတွေပေးပြီး အိမ်သာပါဆေးခိုင်းတယ်လေ။
    အဓိကအလုပ်က ဗြူျတီပါလာဖြစ်ပြီး ၊ အလုပ်လာရှာတဲ့ဂျပန်တွေကို ရိတ်နေတဲ့ကုမ္ပဏီပေါ့။

    ၂) Alliance Stars Co., Ltd. ( ခြံအမှတ် (၅) အနောက်မေခလမ်းသွယ်-၁-။လှိုင်)
    သူဌေးက ပြောလာမယ့် နင်ပဲငါဆ စကားတွေရယ်။ လူဟောင်းတွေက ပညာပြတာရယ်။ နှိမ်တာရယ်။ ကတိမတည်တာရယ်။ တစ်ချိန်လုံး လစာအဖြတ်ခံရတာရယ်။ ရုံးချိန်နောက်ကျရင် လစာဖြတ်ပြီး – အချိန်ပိုခိုင်းရင် ပိုမပေးတာရယ်။ ခရီးစရိတ် ထုတ်မပေးပဲ ကိုယ့်စရိတ်နဲ ့ကိုယ် လုပ်ရတာရယ်။ ရှိတယ်

    ၃) Miyanotech Co., Ltd. (အဆောင်(၆) အခန်း(၁) MICT Park, လှိုင်)
    Sunny Int’l Co., Ltd. ( = = = = = = = )
    သူဌေးက ညဘက်ပွေးတုန်းခေါ်လာတဲ့ နိုက်ကလပ်မယ်တွေက ရုံးသူတွေဖြစ်နေတာရယ်။ ပညာဘယ်လောက်တတ်တတ် နိုက်ကလပ်မယ်ရဲ ့အခိုင်းအစေ ဖြစ်မှာရယ်။ နိုက်ကလပ်မယ်တွေရ ဲ့
    အော့နှလုံးနာစရာ စကားအသုံးအနှုန်းတွေရယ်။ ရိုင်းပြမှု ့တွေရယ်။ ဉာဏ်နီဉာဏ်နက်သုံးပြီး အလုပ်ဖြုတ်နေတဲ ့ဒါရိုက်တာတွေရယ်။ ဒီဒဏ်တွေတော့ ခံရမယ်။ နိုက်ကလပ်မယ်တွေ လိုနေထိုင်နိုင် မှ သူတို ့နဲ ့ရေရှည် အလုပ်လုပ်နိုင်မယ်။

    ၄) Myanmar Auto Corporation (MAC) (ခြံအမှတ် (၁၀) သီရိလမ်း။ ရန်ကင်း)
    ကိုရီးယားမှာ လက်သမားလုပ်လာတဲ့သူက မန်နေဂျာတဲ့။ မြန်မာလိုတတ်တဲ့ နိုင်ငံခြားသားကလည်း
    ရန်တစ်စောင်စောင်။ တံခါးကို ခြေကန်ဖွင့်တဲ့ နိုင်ငံခြားသားက တစ်မျိုး။ နိုင်ငံခြားသားနဲ ့မရှင်းတဲ့ မြန်မာ
    မ စာရေးမတွေက တစ်မျိုး တစ်ဖုံ။ နဲ ့စိတ်မချမ်းသာရပါ။

    ၅) Golden Alliance Co., Ltd ( မင်္ဂလာလမ်း စမ်းချောင်း)
    စာချ ုပ်နဲ ့ဖမ်းထားပြီး မနက် (၉) ည(၆) အိုဗာတိုင်ရှိ။ တနင်္ဂနွေပါ အိုဗာတိုင်မတဲ့။ တနှစ်မပြည့်ခင် ရူးသွားနိုင်တယ်။ သူဌေးကလည်း အပေါက်ဆိုး။ စာရေးမတွေကလည်း ရိုင်း။ အင်း……………

    • Foreign Resident

      June 8, 2014 at 12:00 pm

      ” ပညာဘယ်လောက်တတ်တတ် နိုက်ကလပ်မယ်ရဲ ့အခိုင်းအစေ ဖြစ်မှာရယ် ”

      ဟီ ဟိ ၊ တစ်ခါတစ်လေ တော့လည်း ၊
      ခပ်ချောချော နိုက်ကလပ်မယ်လေး တစ်ယောက်ရဲ့အောက်မှာ ၊
      အလုပ် လုပ်ဖူးချင်သား ။ ဟီ ဟိ ။

      • ingyin aung

        June 8, 2014 at 9:39 pm

        Foreign Resident ရေ
        ခပ်ချောချော နိုက်ကလပ်မယ် – ဟုတ်လား
        လာကြည့်လှည့်ပါကွယ် –
        ရိုင်းစိုင်းတဲ့ စကားလုံးဒဏ်တွေကို ခံနိုင်ရည်ရှိဘို ့
        ဆေးကောင်းကောင်းသောက်ထားရလိမ့်မယ်
        ေ….ာက် နဲ ့တိုင်းတာတွေ ။ ယောင်္ကျားလေးပစ္စည်းနဲ ့ဆဲတာတွေ
        ပစ္စည်းတွေရိုက်ခွဲ လွှင့်ပြစ်တာတွေ။ လူမိုက်လို မျက်နှာပေးနဲ ့စိန်ခေါ်တာတွေ
        ယောင်္ကျားတန်မယ့်နဲ ့အရှူံ းပေးရမယ့်အလုပ်ကို မစဉ်းစားပါနဲ ့လား သူငယ်ချင်း။
        သိပ်ချောသိပ်လှနေရင်လည်း ထားပါတော့။ အာချီမိတ်ကပ်တန်ခိုးနဲ ့ဖြူ နေတာပါသူငယ်ချင်းရယ် ။

        • အရီးခင်

          June 9, 2014 at 2:31 am

          စိတ်မပူနဲ့ အင်ကြင်း ရေ။
          ဒီလူက လူဆိုးထိန်းကွဲ့။ :-)))
          ဒီလောက် အဆဲအဆို လောက်များ။
          အပြုံးမပျက် ပန်းနဲ့ပေါက်သလောက်ဘဲနေမှာ။
          ဒီ စာရင်း ထဲပါတာတွေ က မဟုတ်ခဲ့ရင်တော့ အားနာစရာ ဖြစ်နေရမှာဘဲ ပူမိတယ်။

  • black chaw

    June 6, 2014 at 12:27 pm

    ကျေးဇူး ပါ မအင်ကြင်းအောင် ရေ…။
    ကျွန်တော် အဲဒီ ကုမ္ပဏီတွေမှာ အလုပ်သွားမလျှောက်တော့ပါဘူး…။

  • kai

    June 6, 2014 at 2:37 pm

    အင်း..
    တော်သေးရဲ့..။ အသိကုမ္ပဏီတွေမပါလို့.. :mrgreen:

  • ingyin aung

    June 9, 2014 at 4:19 pm

    အရီးခင်ရေ
    ဒီ စာရင်း ထဲပါတာတွေ က မဟုတ်ခဲ့ရင်တော့ အားနာစရာ ဖြစ်နေရမှာဘဲ ပူမိတယ်။ ဆိုလို ့ပါ
    မဟုတ်မမှန်တာ ဘာတစ်ခုမှ မပါခဲ့ပါ။
    သူငယ်ချင်းတစ်ယောက်ရဲ ့ကိုယ်တွေ ့မှတ်တမ်းတွေပါ။
    သူ ့ခမျာ အရည်အချင်းပြည့်မှီပါရက်နဲ ့ဒီလို ကုမ္ပဏီတွေ တွေ ့- ဒီလိုဒုက္ခတွေခံခဲ့ရလို ့
    အင်ကြင်း သူငယ်ချင်းတွေကိုလည်း သိစေချင်ခဲ့တာပါ။
    ဘုမသိ ဘမသိနဲ ့သွားလုပ်မိပြီးမှ စိတ်ဓါတ်ခွန်အားတွေ ကျဆင်းပြီး ပြန်ထွက်လာရမှာ
    စိုးလို ့ အရီးခင်ရေ။
    နီးစပ်ရာတွေကိုလည်း လက်တို ့လိုက်ပါဦးနော်။
    ကျေးဇူးတင်ပါတယ်။

Leave a Reply