တိုင်မင် (Timing)
တစ်ကယ်တော့ ငါတို့တွေဟာ
ကမ္ဘာလုံးထဲမှာ ဆိုင်ကယ်စီးနင်းနေသူတွေပါ့
ဆိုင်ကယ်တစီးနဲ့တစ်စီး
သွားရမဲ့လမ်းကြောင်း
မောင်းရမဲ့ အရှိန်
အားလုံး တိုင်မင် ကိုက်ညှိထားပြီးသား ။
တစ်စီးစီးက သွားရမဲ့အတိုင်းမသွား
နှေးသွား မြန်ထားခဲ့ရင်
အားလုံး ဝရုန်းသုံးကား ပွဲပျက်တော့မှာ
လမ်းကြောင်းပြောင်းမယ်ဆိုရင်လည်း
အားလုံး တစ်ညီတစ်ညာထဲ
ဝမ်း
တူး
သရီး
ပြောင်းမယ်
တိုင်မင်ကိုက်ပါမှ…….။
နေဝန်းနီ
ဲ
5 comments
ဇီဇီ
June 14, 2014 at 11:32 am
ကိုနီ တိုင်မင် က Timing လို့ ပေါင်းတာလားလို့။
ဟီးဟီးးး
အနော်လွဲသလားမသိ။
:mrgreenn:
Mr. MarGa
June 14, 2014 at 11:38 am
အဘနီ
Timing ဟုတ်ဖူးလားဗျ
တိုင်မင် ကိုက်ဖို့တော့ အတော်ကြိုးစားယူရမယ်ဗျို့
မြန်မာတွေဗျ… တစ်ယောက်တစ်ပေါက်နဲ့…. 🙁
kai
June 14, 2014 at 1:18 pm
Timing Is Everything
kyeemite
June 17, 2014 at 11:50 am
တိုင်မင်ကိုက်ဖို့ လိုတာပေါ့ဗျာ
alinsett (gazette)
June 18, 2014 at 11:34 am
အဘနီ ရဲ့ ကဗျာတွေကို အမြဲ ဖတ်ဖြစ်ပါတယ်