ထန်းရေ သောက်ကြပါဦးလား…
ထန်းရည်စစ်စစ် ပုံ ကို ဒီတစ်ခါပဲ တွေ့ဖူးသေးတယ် ။
ထန်းရည် အစစ်ရဲ့ အရောင် က အဲဒီအရောင်ပဲ ။ စိမ်းဖန့်ဖန့် လေး ။ အဲဒီ အရောင်ကမှ သောက်လိုက်ရင်ချို ၊ မြိုလိုက်ရင်ခါး ဆိုတဲ့ အရသာကိုရတာ ။
အညာ နွေ နေပူပူမှာ အေးနေတတ်တာ ။
နောက် ကျကျိ ဖြစ်နေရင် …အပင်ပေါ်ကချလာတယ်ဆိုရင်တောင် အဲဒါ ထန်းရည်မစစ်ဘူး ။ ထန်းရည်နှယ် ထဲကို ဆန်ဆေးရည်လောင်းထည့် ပီး ဖလံခေါက် ထိုးထားတာ ။ မူးအောင် ဆေးရွက်ကြီး စိမ်ထည့်ထားတာ ။
သဘာဝ ထန်းရည်အရောင် က အခု အရောင်မျိုး ။
Own Tune မရေးတတ်တော့ ကောင်းနိုးရာရာလေးတွေ ရှာပြီးတင်ပေးနေပါတယ်ဗျာ…
Credit: ရာဝဏ
7 comments
Ko chogyi
June 28, 2014 at 8:14 pm
Own tune မရေးတတ်လို့အပြစ်မတင်ပါ ဘာအတွက်ရေးပြီး ဘာကြောင့်တင်တာ နားမလည်တာ စိတ်ရှုပ်စရာ
ဟို ဒင်း
June 29, 2014 at 11:46 pm
စိတ်ရှုပ်ရင် ထွက်ပြေး ဟို အဝေ း
လူ့ဘဝ ခဏတာ
အေးဆေးနေစမ်းပါ
ဆရာ မလုပ်ပါနဲ့ ကိုချိုထုပ်
Ko chogyi
June 30, 2014 at 10:59 am
ကိုချိုအဟုတ်ဆရာမလုပ် ဟိုလိုလိုဒီလိုလိုလာမလုပ်နဲ့
lu lu
June 28, 2014 at 10:58 pm
အစစ်ဆိုလို ့စိတ်ဝင် စားတယ်
သောက်ကျိချင် သားးးးးးးးး
🙂
Paing Lay
June 29, 2014 at 2:54 pm
အဲဒီလို အစစ်နဲ့ဆိုရင် အလိုက်ဖက်ဆုံးကတော့ လယ်ကြွက်ကင်နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ်ထင်တယ်ဗျ 😀
kyeemite
June 30, 2014 at 10:56 am
ကျုပ်ရေနံချောင်းတုန်းက ပင်းချောင်းနားက ထန်းတောမှာသောက်ခဲ့ဖူးတာသွားသတိရတယ်…အခုပုံထဲကအတိုင်းပဲ..ကောင်းမှကောင်း… 😀
Yae Myae Tha Ninn
June 30, 2014 at 12:11 pm
ဗျို့ ဆရာချို.. ဘာကြောင့်တင်လဲဆိုတာ.. ပြောပြရမလား.. ကျွန်တော် သန်လျင်မှာ တက္ကသိုလ်တက်ခဲ့တယ်ဗျ.. ၃ နှစ် ပေါ့.. အဲလို ထန်းရေ မသောက်ခဲ့ရဘူးဗျ.. ဒါတောင် သူများတင်တာ မြင်မှ အစစ်က ဒါမျိုးဆိုတာ သိတာ.. အဲကြောင့် ကိုယ့်လို မမြင်ဖူးသေးတဲ့သူတွေကို မျှဝေတာပါ.. ဒီပို့စ်က ဆရာကြီးများ.. လမ်းမညွှန်ခင်က ပို့စ်ပါ … ဒါကြောင့် ကျွန်တော့် အတွေးအရေးလေးတွေ မပါပဲ ဗြောင်ဖြစ်နေတာ.. ခွင့်လွှတ်ပါ… 🙂