ရန်ကုန် – မန္တလေး – မြစ်ကြီးနား ခရီးစဉ်ဓါတ်ပုံမှတ်တမ်း
ကျနော့်အဒေါ် နာရေးကိစ္စအတွက် ၂၁ – ၆ – ၂၀၁၄ ညမှာ မြစ်ကြီးနားကို အရေးပေါ်ခရီးထွက်ခဲ့ရပါတယ် ၊
အဲဒီဘက်က ပုံလေးတွေကို ရွာသူရွာသားတွေအတွက် ဝေမျှပေးလိုက်ပါတယ် ၊
ရန်ကုန်အထွက် Elite နဲ့
၁၁၅ မိုင်
၂၈၅ မိုင်
မန္တလေးအထွက် သစ်ပင်ကြားက စစ်ကိုင်းတံတား
စစ်ကိုင်းတံတားအသစ် နဲ့ စစ်ကိုင်းတောင်
အဟောင်းပေါ် မှ အသစ်ဆီသို့
အညာရှုခင်း
ကောလင်းဘူတာ
ကချင်မြေဘက်က လယ်ကွင်းများ
ခဏနေခဲ့ဘူးတဲ့ ဟိုပင်
မြစ်ကြီးနားဝင်တော့မည် ၊
မြစ်ကြီးနားမှာ ထာဝရအနားယူသွားတဲ့ အဒေါ်
ဗန်းမော် ပင်လယ်ပြာမှာ ဆုံရတဲ့ အမ နဲ့ ညီမ
လှမ်းမြင်ရတဲ့ ဧရာဝတီတံတား ( စင်းခန်း )
အနီးကပ် စင်းခန်းတံတား
ဧရာဝတီ ဒုတိယမြစ်ကျဉ်းအဝင်
မြစ်ကျဉ်းထဲက ကြက်တူရွေးနူတ်သီး
ရွှေကူ ကျွန်းတော်ဘုရား
ကျနော့် ဇာတိချက်ကြွေ ရွှေကူမြေ
ရွှေကူ မှ မန္တလေး သို့
ရွှေလီတံတား ( ငါးအိုး ) ဒုဋ္ဌဝတီမြစ်
ဝိုးတဝါး ဂရိတ်ဝေါစက်ရုံ
သစ်ပင်မဲ့သောတောင်ကတုံးများ
12 comments
Wow
July 3, 2014 at 4:02 pm
ကောလင်း၊ မြစ်သား အညာဒေသတွေ ရောက်ဖူးတယ်ဗျ 🙂
lu lu
July 3, 2014 at 5:49 pm
သွားခဲ့ဖူးတဲ့လမ်းတွေပြန်တွေ ့ရ တော့လွမ်းမိပြန်
တယ် ဒုတိယမြစ်ကျဉ်း ရှုခင်းကိုအရမ်းကြိုက်တယ်
ရွှေလီတံတားပေါ်လမ်းရောက်ခဲ့ဖူးတယ် ရွှေကူသွား
တဲ့လမ်းအရမ်းကြမ်းတာ အခုရောဘယ်လိုနေလဲ
ကောင်းသွားပြီလား လုလု တို ့သွားကြတုန်းက လမ်း
မှာရေ ကြီးနေ လို ့လေ ဗန်မော်မှာ တစ်ညအိပ်ခဲ့တယ်
လိုင် ဇာမြို ့ထဲလည်းဝင် လည် ခဲ့သေးတယ်
စစ်မဖြစ်သေးတဲ့အချိန်ပေါ့
🙂
Myo Thant
July 4, 2014 at 10:30 am
ရွှေကူ နဲ့ သပိတ်ကျင်းကြားက သိမ်မကောင်းဘူး ၊
မိုးတွင်းမို့ပါ ၊
လိုင်ဇာဘက်မှာ တိတ်ဆိတ်သလောက် ဗန်းမော်ကတော့ အစည်ကားမပျက်
ဇီဇီ
July 3, 2014 at 7:09 pm
အဟင့်။
ကန့်ဘလူမှာ နေတုန်းက ရထား တိုးတက်ရတာကို သတိရတယ်။
လူ အရမ်းကြပ်ရင် ပြတင်းပေါက်က တက်ရတာ။
:hint:
weiwei
July 3, 2014 at 7:35 pm
၂၀၀၂ ခုနှစ်တုန်းက မြစ်ကြီးနား မြစ်ဆုံကို ရောက်ဖူးတယ် … ကားနဲ့သွားခဲ့တာ .. အင်းတော်ကြီးကို ဝင်ခဲ့တယ် .. မဲဇာတောကို ဖြတ်သန်းခဲ့ဖူးတယ် .. ဓါတ်ပုံမှတ်တမ်း အနဲငယ်လောက်ပဲ ကျန်ခဲ့ပြီး အသေးစိတ် မမှတ်မိတော့ဘူး ..
kyeemite
July 4, 2014 at 8:49 am
ပုံလေးတွေမျှဝေလို့ မျှော်ငေးသွားပါတယ်ဗျာ..မြစ်ကြီးနားဖက်တစ်ခါမှမရောက်ဖူးသေးဘူးဗျို့
Ma Ei
July 4, 2014 at 11:03 am
ရွှေကူ ကျွန်းတော်ဘုရား လဲ ဖူးချင်တယ်….
မြစ်ကျဉ်းထဲက ကြက်တူရွေးနူတ်သီး ကိုလဲကြည့်ချင်တယ်..
ကချင်ပြည် တစ်ခေါက်မှ မရောက်ဖူးဘူးလို့ ရောက်ချင်တယ်…
အေးချမ်းပါစေ ဆုတောင်းပေးပါတယ်…
မဟာရာဇာ အံစာတုံး
July 4, 2014 at 11:28 am
ရွှေကူ ဆိုတာ မြို့နာမည်ဖြစ်ကြောင်း ခုမှ တိဒယ်ဗျ .. ဟီးဟီး
အိုက်ဒါကြောင့် ခညား မာတာမိခင်က ရွှေကူမေနှင်း ဖြစ်နေဒါဂိုး ..
စကားမစပ် မြစ်ကြီးနား ဘက်မှာလည်း ကျော့်အညိုးတွေ အများကြီးဘဲ
အားရင် သွားလည်ရအုံးမယ် …
Myo Thant
July 5, 2014 at 2:14 pm
ကောမန့်တွေအတွက် ကျေးဇူးပါ ၊
တကယ်တော့ လိုင်ဇာဘက် နဲ့ လွယ်ဂျယ် နမ့်ခမ်းဘက်တွေကလွဲရင် ကျန်တဲ့နေရာတွေမှာ အေးချမ်းပါတယ် ၊
အံစာရေ ရွှေကူဟာ မြို့လို့ သိပြီဆိုလို့ ကျေနပ်ပါတယ် ၊
မြစ်ကြီးနားကို မန္တလေးကနေ ရထားနဲ့ကော ကားနဲ့ပါ သွားလို့ရပါပြီ ၊
ကားက စူပါကာစတန်လိုကားမျိုးနဲ့ ကားခ သုံးသောင်းလို့ပြောပါတယ် ၊
TNA
July 5, 2014 at 5:03 pm
ရေတတန်ကားတတန်ရထားတတန်သွားခဲ့တာလား ကိုမျိုးသန့်ရေ။ တခါမှမရောက်ဖူးတဲ့နေရာတွေမို့ ခံစားကြည့်ရှု့သွားပါတယ်
Myo Thant
July 7, 2014 at 11:24 am
ဟုတ်ပါ့ အမသဲရေ
ကား ၊ ရှပ်ပြေးမော်တော် ၊ ရထား စုံနေအောင် စီးလိုက်ရတယ် ၊
Choo
July 7, 2014 at 1:23 pm
ပုံတွေအများကြီးတင်ပေးတာကျေးကျေးပါ
မရောက်ဖူးတဲ့နေရာတွေမို့ မှတ်သားသွားပါတယ်