Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝါဝင် ဝါထွက်ဘေးကင်းဖို့ ~~ ဦးခိုင်ကြီးနတ် တင်ကြစို့

ေမာင္ရိုးJuly 4, 20141min112454

ပြောရဦးမယ် အရပ်ကတို့ ………

ရာသီအချိန်အခါကလည်း ဝါဝင်ပြီကိုးဗျ ။ ရွာထဲမှာလည်း ဆူညံဆူညံ ရန်တွေများလွန်းတော့ ကျုပ်တို့အသည်းငယ်တဲ့သူတွေမှာ အားကိုးရှာကြရသဗျ ။ ကျုပ်တို့အောက်ပြည်သားတွေ ဝါဝင်ဝါထွက်မှာ အန္တရယ်ကင်း ဘေးရှင်းစေဖို့ ဦးရှင်ကြီးနတ် တင်ကြတယ်လေဗျာ ။

ဟဲ ဟဲ ကျုပ်လည်း ရွာထဲမှာ ဘေးအန္တရယ်ကင်းစေဖို့

ဦးခိုင်ကြီးနတ် တင်တာပေါ့ဗျာ ။အဲဒါ ခင်ဗျားတို့လည်း ဘေးကင်းရန်ကွာ အောင်ကြောင်းဗျာဖို့ ဦးခိုင်ကြီးနတ် တင်နည်းလေး ပေးလိုက်မယ်ဗျို့ ။

မယုံရင် ပုံပြင်မှတ်ပေတော့ဗျာ :mrgreen:

 

 

 

ဦးခိုင်ကြီးနတ် တင်ပုံတင်နည်း ###

 

နှစ်ထပ်နတ်စင်ကို အိမ်အပြင်ဖက်တွင်ထားပါ ။ ပန်းကန်ပြားအကြီးတစ်ချပ်တွင် ကောက်ညှင်းပေါင်း ၊ ရခိုင်ငှက်ပျောသီးနှစ်လုံးအခွံခွါ ပြီးထည့်ပါ ။

အုန်းသီးဆံ နုနုခြစ်ထည့်ပါ။

လက်ဖက် အကြော်ဆန်ကို ပန်းကန်ထိတ်တွင် ပုံထားပါ။ ထို့နောက် ကွမ်းယာထုတ်ကိုလည်း ပန်းကန်၏ အစွန်းတစ်ဖက်တွင်ထားပါရန် ။

 

အောက်ပွဲပေးရန်အတွက် အောက်စင်ပေါ်တွင် အထက်ကပုံစံအတိုင်းပြင်ဆင်ပါလေ ။ သို့သော် ငှက်ပျောသီးအခွံမခွါဘဲထည့်ပါရန် ။

ပြီးနောက် …… အောက်ပါစာသားတို့အား ဇတ်သံနှော၍ အသံကျယ်ကျယ်ရွတ်ပါလေ ။

 

 

 

ဂဇက်ရွာရိုး ၊ ပိုင်စံစိုးပါလို့ … တန်ခိုးတေဇော် ၊ ကမ္ဘာ ကျော်ကြက်ဆင် …

မြင်သမျှ မေတ္တာလှိုင် ပါတဲ့ …… နတ်ဦးခိုင်ကြီး ခင်ဗျားးးးးးးး ~~~~

 

ဂဇက်ရွာချောင်ကြားက ၊ ကျနော်များ မောင်ဆာမိတို့မှာ ၊ လေးစားတာကတမျိုး ၊

အားကိုးတာက တသွယ် … ကြောက်မိတာလည်းတကယ် ၊ ရန်စွယ်တွေရှင်းစေကြောင်း ၊ စီးပွါးရေးလုပ်ကိုင်ကောင်းစေဖို့ ၊ ဒေဝဒါန အလို့ငှါ ၊ ဗလိနတ်စာ စုံလင်စွါနဲ့ ၊ စေတနာ ဝေဖြာကြောင်းရယ် ဖြင့် ပင့်လျောက်လိုက်ပါသည် … … ။ အို ……… ဂဇက်မြို့ပိုင် ၊ နတ်ဦးခိုင်ကြီး ခင်ဗျားးးးး ……………။

 

(နှစ်ထပ်နတ်စင် အပေါ်ဆင့်မှ ဆွမ်းတော်ပွဲအား လက်နှက်ဖက်ဖြင့် ကိုင်မြှောက်၍ အောက်ပါအတိုင်း အသံနေ အသံထားဖြင့် ရွတ်ပါလေ )

 

 

ကွန်းးး စင် မှာ ဆွမ်းတင်လို့ ပြီးပါပေါ့ ……… သွန်းးးးး စေတနာ ဗလပွ ရယ် က ၊ရွှန်းးးးးး ဝေဖြာ သဒ္ဓါကြောင်း ပါဗျ ၊

ဟော ဒီက ဂဇက်ရွာချောင်ကြားကို ၊ ချီးးးးး မြှောက်ရန်မကြာ ကြွပါတော့ ၊ နောက်တော်ပါ … မော်မော်တသိုက်ခြံရံလို့ ၊ လက်ပကျွတ် ကို ရင်မှာပိုက်ပါတဲ့ ၊

……… ဪ ……… ဂဇက်ရွာအပိုင်စား … နတ် ဦးခိုင်ကြီး ခင်ဗျားးးးးးးးးးး ………

 

 

သဒ္ဓါကြည်ဖြူ … ကောက်ညှင်းပူပူလေးရယ်နဲ့ ၊ အုန်းသီးဆန် ခတ်ထူထူခြစ်ပါလို့ …… ငှက်ပျောသီး ခတ်တုတ်တုတ် အခွံခွါ ၊ ရည်မွန်လက်ဖက်အကြော်စုံပါမကျန် ၊ ကွမ်းယာတော် ခြံရံလို့သာပေါ့ …

ဗလိနတ်စာအမှန်ကို ၊ ဗေါင်းလန်အောင်သုံးဆောင်ကြပါတော့ …

နောက်တော်ပါ အခြံအရံတစ်ကျိတ်ကိုလ ……

အောက်စင်မှာ ဆွမ်း တင်ထားပါရဲ့ ၊

ဆွမ်းဒကာ မောင်ဆာမိကလည်း ၊ အန္တရယ်အသွယ်သွယ်ဝေးစေကြောင်း …..

ဆုတောင်းလိုက်ပါ၏ ……… လော့အိန်ဂျလိမှာထိုင် ၊ နတ်ဦးခိုင်ကြီး းးး ခင်ဗျားးးးးးးးး …………… ။

 

 

(၁၅ မိနစ်ခန့်မျှ သုံးဆောင်စေရန် စောင့်ပြီး ပင့်ထားသောနတ်များ ပြန်ပို့ရန် ။ ပြန်မပို့ပါက သင့်ထံတွင် သောင်တင်သွားပါလျှင် တာဝန်မယူ :mrgreen: )

 

 

 

ကိုယ်ရောင်ကိုယ်ဝါ ၊ မဲမှောင်စွာ မိုက်လှပါသော … …

မြန်းဂဇက်မြို့ပိုင် နတ်ဦးခိုင်ကြီး ခင်ဗျားးးးးး ………

ပုံးးးးး ပြောင်အောင် သုံးဆောင်ပြီးပါပေါ့ …… ဆွမ်းးးးဒကာ ဝမ်းသာပီတိတွေဖုံးပါလို့ ၊

များးးးးးးးမကြာမှီ အကြွေးရှင်လာတော့မှာမို့ ……

ပြန်လမ်းကို ကြွကာမြန်းပါတော့ ……

သာဓုသံ လှိုင်လှိုင်ရွတ်လိုက်မယ် ၊ ဂဇက်ရွာတပိုင်စား ……… နတ်ဦးခိုင်ကြီး ခင်ဗျားးးးးးးးးး ……………

သာဓု …… သာဓု ……… သာဓု ………

 

:mrgreen: :kwi:

 

 

 

 

 

 

 

54 comments

  • surmi

    July 4, 2014 at 1:18 am

    စိတ်မဆိုးကြနဲ့နော်
    ဝါသနာက တားမရလို့ပါဗျာ
    ရာသီစာလေးတော့ ကျွေးလိုက်ရမှ နေသာထိုင်သာရှိလို့ပါ

    ဘွာတေး ဘွာတေး :mrgreen:

  • ဦးကြောင်ကြီး

    July 4, 2014 at 2:07 am

    သဂျီး အကိုးကွယ်ဗူး.. သာမီးဒေါ်ဂလေးဂိုဗဲ ထိပ်ထားအရာ တင်မြီ…

  • ဇီဇီ

    July 4, 2014 at 5:23 am

    အာ့ ပြီးးရင် အဲ့ မုုန့် တွေ စားးး လိုု့ ရ ပြီ လားး ဟမ်???

    :mrgreenn:

    • ကထူးဆန်း

      July 4, 2014 at 6:22 am

      အဲ .. ဦးသွားပြီ ဟ ..
      မုန့်ဆန်း နဲ့ သီးမွှေးငှက်ပျော ဆို ပိုကြိုက် .. :mrgreen:

      • ဇီဇီ

        July 4, 2014 at 8:17 am

        စောစောမှ မထပဲ ဟာကို။
        :mrgreen:

        • surmi

          July 4, 2014 at 3:51 pm

          ဖြေးဖြေး 🙂
          မလုကြနဲ့ ကုန်ရင်ထပ်ထည့်ပေးမယ် :kwi:

        • Ma Ma

          July 4, 2014 at 6:37 pm

          ဆွမ်းတင်တဲ့ မုန့်စားဖို့ လာတာ ပန်းကန်ပဲ ဆေးရမယ့်ပုံ။ 😀

        • surmi

          July 7, 2014 at 9:49 am

          အန်တီမမခင်ဗျ
          VIP အတွက်ချန်ထားတာလေးရှိပါသေးတယ်
          :mrgreen:

  • Ko out of...

    July 4, 2014 at 7:24 am

    မမြင်တွေ့ရသည် အဘိဓမ္မာစာအုပ်ထဲကနတ်ကို ပူဇော်ပသမည့်အစား…. အခုလို လက်တွေ့ မြင်တွေ့နေရသည့် မန်းဂေဇတ်ရွှာ နတ်ဦးခိုင်ကို ပူဇော်ကြသည့် အတွက်ပို အကျိုးရှိပါသည်ဟုမြင်ပါသည်….

    • surmi

      July 4, 2014 at 3:53 pm

      ဂန့် !!!
      အဘိဓမ္မာ မပါကြေးလေ ဟေးဟေး 🙂

  • kyeemite

    July 4, 2014 at 8:41 am

    တိုက်တိုက်ဆိုင်ဆိုင် ညကပဲ ဘေးအိမ်က ဦးရှင်ကြီးတင်လို့ မုန့်ဆန်း နဲ့ ငှက်ပျောသီးစားလိုက်ရသေးတယ်…
    ခုတလောမတော့ ဦးရှင်ကြီး နတ်ပင့်ဆရာ လက်တောင်မလည်ဘူးဗျို့…
    ကိုရင်ဆာမိလည်း အဲ့ရာသီပေါ်အလုပ်လေးလုပ်လို့ရတယ်နော… 😀

    • surmi

      July 4, 2014 at 3:55 pm

      ဦးမိုက်အိမ်မှာတင်ရင်ပြောနော်
      ဖရီးကစ် လာဆွဲပေးမယ် 🙂

      အလုပ်ပြောင်းသင့်ရင်တော့ပြောင်းရမှာဘဲ :kwi:

  • weiwei

    July 4, 2014 at 9:02 am

    နတ်တင်လိုက်လို့များလားမသိဘူး ဒီနေ့မနက် ကော်နက်ရှင် တော်တော်ကောင်းနေတယ် .. မိုးတွေအရမ်းသဲနေတာတောင်မှ အေးဆေးဖြစ်နေတာ …

    • surmi

      July 4, 2014 at 3:57 pm

      အဲဒါဘဲလေ အန်တီဝေရဲ့
      ကွင်းပိုင်ကြီး နဲ့ ပိုင်ဖို့လိုသနော :kwi:

  • black chaw

    July 4, 2014 at 9:12 am

    ကိုဆာမိ ပို့စ် မြင်မှ
    ကျွန်တော်တို့အိမ်လည်း ဦးရှင်ကြီးတင်ရဦးမှာ
    သတိရတယ်…။ မဒမ်ဘလက်ကို သတိပေးဦးမှ…။
    😀

    • surmi

      July 4, 2014 at 4:02 pm

      အဟမ်းးးး
      နတ်ဆြာလိုလားခင်ဗျ 🙂

  • Ma Ei

    July 4, 2014 at 10:39 am

    ဝါဝင်ခါနီး ပင့်လျှောက်တဲ့အိမ်များလွန်းလို့
    ဦးရှင်ကြီးနတ်လဲ စားမှစားနိုင်ပါ့မလားမသိ…

    • surmi

      July 4, 2014 at 4:04 pm

      အန်တီအိရယ်
      လိုအပ်သည်များကိုမှာစားပြီး
      ပိုအပ်သည်များကို ကျွတ်ကျွတ်အိပ်နဲ့ထုတ်သွားမှာပေါ့ :kwi:

  • Nyo Win

    July 4, 2014 at 11:03 am

    “နောက်တော်ပါ အခြံအရံတစ်ကျိတ်”..ဘူတွေလည်းဦးဆာ…:-D

    • surmi

      July 4, 2014 at 4:07 pm

      အစ်ကိုညိုရေ
      ဟိုရက်က ကြေငြာသွားသဗျ
      နတ်စစ်သူကြီး ၁ဝ ပါး ရှိပြီတဲ့
      အဲဒါ အဲဒါ :hee:

  • manawphyulay

    July 4, 2014 at 11:10 am

    ဦးဦးစာမိ
    နှစ်ထပ် နတ်စင်မရှိရင်ကော
    ဘယ်လိုလုပ်ရမလဲ…ဟင်

    • surmi

      July 4, 2014 at 4:09 pm

      အန်တီမနောခင်ဗျ
      နှစ်ထပ်စင်မရှိလဲ ဲ အောက်ပွဲလေးတော့ပေးမှရမယ်နော
      အပေါ်စင်ကိုတက်လုနေမှဖြင့် :kwi:

  • မဟာရာဇာ အံစာတုံး

    July 4, 2014 at 11:24 am

    ဦးခိုင်ကြီးနတ်ကို
    ပင့်ရုံသာ ပင့်ကြနော်
    ခေါ်မထားကြနဲ့
    ကျုပ် ပွိုင့်က ပြည့်ခါနီးလေပြီ
    တော်ကြာ ပင့်ပြီး ပြန်မပို့လို့ကတော့ ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေလိမ့်မယ်

    • surmi

      July 4, 2014 at 4:14 pm

      အေးကွယ်
      ပင့်တာမကြွရင်အရေးမကြီးဘူး
      ပြန်ပို့တာ မပြန်ရင်တော့ ဂွကျပြီကွ
      သူရို့ထဲ နတ်တစ်ပါးက အစားကြီးတယ်ဆိုဘဲ
      သေချာလေးတော့လုပ်ကြပါကွယ်တို့ :mrgreen:

    • surmi

      July 4, 2014 at 8:07 pm

      အိုင်ပက်တော့ မထင်ဘူးကွယ်
      ဒါပေမယ့်
      အန္တရယ်တော့ ကင်းနိုင်ပါသကွဲ့
      အရေးအကြောင်းဆိုကောက်ညှင်းပေါင်းမျက်နှာလေးတော့ထောက်မယ်ထင်ရတာပ :kwi:

  • snow smile

    July 4, 2014 at 12:38 pm

    အဲ့ လို အ ရေး အ သား လေး တွေ ဖတ် ချင် လို ့ စောင့် နေ တာ
    ဝါ ဝင် တ ခါ ရေး ပြီး ပြီ ဆို တော့ ဝါ ထွက် တော့ မှ ဘဲ ရေး မှာ လား

    • surmi

      July 4, 2014 at 8:20 pm

      အစ်မစနိုးရေ
      သိတဲ့အတိုင်းဘဲလေ
      ကောင်းရောင်းကောင်းဝယ်မှ မရေးတတ်ပဲ
      ပေါက်ကရလေးဆယ်ဘဲ ထွက်လာတတ်တာ 🙂

  • Crystalline

    July 4, 2014 at 1:33 pm

    ဦးဆာကလည်း ခါတော်မှီစီးပွားရေးလုပ်ပေါ့.. ဦးခိုင်ကြီးနတ်တင်ခြင်း ဆားဗစ်စ်ပေးသည်လို့.. 😀

    • surmi

      July 4, 2014 at 8:25 pm

      အခုစပြီဒေါ်ခွစ်ရေ :mrgreen:
      ခါတော်မှီလေး ဟေးဟေး

  • TNA

    July 4, 2014 at 3:32 pm

    ရီလိုက်ရတာပူးဆာရယ် ညစ်နေတဲ့စိတ်တွေတောင်လျော့သွားတယ်

    • surmi

      July 4, 2014 at 8:31 pm

      အန်တီသဲ
      ဒစ်စကောင့်နဲ့ နတ်ပင့်ပေးပါ့မယ်
      ဘော်ဒါကြေးဘဲပေးပါ 🙂

  • Yae Myae Tha Ninn

    July 4, 2014 at 3:39 pm

    မိုက်တလယ်ဗျို့.. အားပေးသွားတယ်.. 🙂

  • Novy

    July 4, 2014 at 4:31 pm

    ကိုရင်ဆာ
    ကျမအိမ်ကိုလည်း ဆွမ်းတင်ရအောင် ကြွခဲ့အုံးနော်

    ဦးခိုင်ကြီးနတ်က အပင့်လွယ်ပြီး အပို့မခက်အောင်တော့ တာဝန်ယူရမယ်နော်

    • surmi

      July 4, 2014 at 8:39 pm

      ဟုတ်ကဲ့ ဟုတ်ကဲ့
      လာခဲ့ပါမယ်
      ဒါပေမယ့် မပြန်ဘူးဆိုရင်တော့ တတ်နိုင်းဘူး :kwi:

  • Wow

    July 4, 2014 at 4:52 pm

    ဆာဆာ နတ်ပင့်နေဒါ ဖုန်းကနေ မနက်ကချောင်းကျိနေဒါ … လော့အင်ဝင်မရလို့…
    ခုမှပဲ…
    အူးခိုင်ညက်နှာဂျီးနဲ့ လက်ပကျွတ်ကြီးပိုက်ပီး ငှက်ပျောသီးအခွံနွာစားမဲ့ပုံ မြင်ယောင်ကျိတာ… ဟိ :mrgreen:

    • surmi

      July 4, 2014 at 8:47 pm

      ဟုတ်ပါ့ဗျာ
      ကွန်နက်ရှင်က အဲသလိုဖြစ်နေတာ
      ဒါကြောင့်လဲ တစ်ချို့ပို့စ်တွေ မမန့်ဖြစ်တာပေါ့

  • kai

    July 4, 2014 at 5:25 pm

    ကျုပ်ကကွမ်းမစားဘူးဗျ…
    လက်ဖက်ကတော့ အကြိုက်…
    အခုခရီးသွားနေတာမို့ ..ဟော်တယ်ကနေရေးနေတာ..။
    မတော်… ကားမှောက်ပြီးအစိမ်းသေသွားရင်.. တလက်စထဲကိုးကွယ်လိုက်ကြနော…။ :mrgreen:

    • surmi

      July 4, 2014 at 8:52 pm

      ပလုတ်တုတ် !!!
      နတ်မင်းက စကားပြောသဗျ :kwi:

    • ဦးဦးပါလေရာ

      July 4, 2014 at 9:09 pm

      သူကြီး ကား​မှောက်​ပြီးဂန်​့သွားရင်​
      သံလျှင်​က နတ်​စင်​တစ်​ရာကိုပို့ဖို့
      ကျုပ်​တာဝန်​ယူ​ကြောင်​း….
      😀

    • ဟို ဒင်း

      July 5, 2014 at 10:00 pm

      အခွင့်ကြုံတုန်း – အခွင့်ရေးပေးတုန်း –
      ဦးခိုင်ကြီးနတ် ပူဇော်ပသဦးမှဘာ –
      (ကယ်တော်မူပါ – ရွာ့ပြင်ထုတ်တော်မူဘာနဲ့) :mrgreen:

      • surmi

        July 7, 2014 at 9:52 am

        ရွာပြင်မထုတ်ဘဲ
        ဆွဲထည့်ထားရင်လည်း သိပ်တော့မကောင်းလှဘူး
        အချုပ်ခန်းထဲပြောပါတယ် 🙂

  • naywoon ni

    July 4, 2014 at 7:32 pm

    ကဆာမိရယ်​ စကားမစပ်​ဗျာ ခီဗျားစာဖတ်​​နေရင်​း မဆီမဆိုင်​ ​ကျော်​ရဲ​အောင်​ ဦးရှင်​ကြီးပင်​့တဲ့ ဇာတ်​ကားသွားသတိရဗျ ာ အစအဆုံးမကြည်​့လိုက်​ရလို့ဘာကား ဆိုတာ​တော့ မ​ပြောနိုင်​ဘူးဗျာ ။ အတည်​အခန်​့​တွေကြားမှာ အ​သော အ​ထေ့​လေး​တွေက စာ​ရေး​ကောင်​းရင်​​ကောင်​းသလို စိတ်​အဟာရ ဖြစ်​​စေပါတယ်​ ဗျာ ။

    • surmi

      July 4, 2014 at 9:03 pm

      အဘနီရေ
      မကြာမကြာရောဂါဟောင်းကဖေါက်ဖေါက်လာလို့ပါဗျာ 🙂

  • အရီးခင်

    July 5, 2014 at 2:00 am

    ဩ သူကြီးမင်း
    သူ့ကို ပူဇော်ပသ တာ ကိုတော့ ပြုံးပြုံးကြီး နဲ့ သဘောတွေ့နေတယ်။
    မပြောတော့ဘူး။ 🙄

    ကျုပ်တို့ ရွာ က မင်းလူ ရဲ့ ဇာတ်လမ်း ဆိုရင်တော့ ကဆာမိ ကို ဦးဖိုးဝြော့ နေရာမှာ ထားမယ်။
    ဒီ ခိုင်နတ် က အသားမပါဘဲ တင်ရင် လက်ခံသတဲ့လား။
    မထင်။
    ရီမောခြင်းဖြင့် အရာရာအောင်မြင်ရာ၏။
    ကျေးဇူးပါ ကဆာမိ။

    ဒါနဲ့ Ko out of… တောင်ပြန်ပေါ်လာပေါ့။
    ဝမ်းသာလှပါကြောင်း။ :-))

    • kyeemite

      July 5, 2014 at 2:20 pm

      အရီးမုတ်ဆိတ်ပြောတာမှန်သဗျ…ဒီ ခိုင်နတ် က ကိုဘေးနွားကင်နဲ့ ဒါဘယ်ဘလက်နဲ့ပင့်ရင် ပိုမြန်မြန်ကြွဆိုပဲ
      😀
      ဇဂါးမစပ်..ကားတိုက်ပီးတော့ မဂန့်ပါနဲ့အုံးသဂျီးရယ်..ကျုပ်တစ်သိန်းပြည့်အောင်ယူအုံးမယ် 😀

    • kai

      July 7, 2014 at 6:00 am

      ပေးတဲ့သူက. ဖူးမျှော်မာန်လျှော့ကန်တော့ပြီး.. အလကားပေးတာပဲ..
      ကျုပ်က.. ပါးစပ်ထဲတွေ့တဲ့ ဆုမွန်တွေပေးလိုက်.. ပြီးတဲ့ကိစ္စ..
      ဟိုမှာ.. အလှူရှင်ခမြာ.. ဘယ်တော့ရမှန်းမသိ.. နောက်ဘဝရမယ်တောင်မသေချာတဲ့ဆုမျှော်ပေးနေလောက်အောင်… ဖြစ်နေတော့ကာ…
      ကျုပ်ကတော့…
      ဂျီးမများပါကြောင်း…။ :mrgreen:

      မှတ်ချက်။ ။ ကိုဘေးနွားအသားက.. တယ်နူးညံ့ဆိုပဲ..။ စားဖူးတဲ့သူရှိလားဟင်င်င်…။
      ဒါဘယ်ဘလက်ဆိုတာ.. ဘလက်လောက်ကောင်းလို့လား..။ သိချင်သား..။ :buu:

      • ဇီဇီ

        July 7, 2014 at 7:43 am

        ဘလက် ကောင်းတယ် ဆိုမှတော့ ဒါဘယ် ဘလက်က ပိုကောင်းမှာပေါ့။
        ဘယ်လိုကောင်းလဲ ဆိုတာ သများ ပို့(စ) ရေးပေးမယ်လေ။
        ၂ မျိုးလုံး ပို့လိုက်။
        အဟိဟိ။

        :kwi:

    • surmi

      July 7, 2014 at 9:57 am

      အရီးရေ
      ခိုင်နတ်မင်းက ဇာတိတော့ပြလာပြီ
      စားချင်တာတွေရွတ်နေလေရဲ့ …

      နေဦး သဂျီးနတ်ခင်ဗျ
      ရှေ့လထဲ တရုပ်တွေ တစ္ဆေကြိီးပစ်တော့မှ
      နွားကင်နဲ့ ဒါဘယ်ဘလက် တင်ပေးမယ် 🙂
      ဒါနဲ့ စကားမစပ်
      တစ္ဆေနဲ့ သဂျီးနတ် ဘယ်သူပိုကြီးလဲ :mrgreen:

  • alinsett (gazette)

    July 5, 2014 at 10:17 am

    မိမိသည်သာ..ကိုးကွယ်ရာ…
    ဒါကြောင့်… ဦးခိုင်ကို နတ်တင် ပူဇော်မယ့်အစား..
    ကိုယ့် ကိုယ် ကိုပဲ…နတ်တင် ပူဇော်ပါမယ်.. ။

    :kwi:

    • surmi

      July 7, 2014 at 9:59 am

      နတ်ကိုင်မှာ မကြောက်ဘူးလား 🙂

  • ဦးကျောက်ခဲ

    July 7, 2014 at 1:04 pm

    အခုလို ဝါဝင်ဝါထွက်ဆိုရင် မောင်ကျောက်စ် အားကြီးစိတ်ညစ်ပါတယ်…
    မိဘတွေက ဧရာဝတီတိုင်းဇာတိ ၊ အဖေ့အလုပ်က သင်္ဘောသားဆိုတော့…
    ဒီလိုအချိန် နေဝင်ဖျိုးဖျနဲ့ မနက် အရုဏ်တက်ဆို လေးတိုင်စင်နဲ့ အိမ်ရှေ့ထွက်ပြီး…
    မောင်ကျောက်စ်လည်း ရိုးရာအတိုင်း “အဘိုး… အဘိုး” တ ရတာ အားကြီးစိတ်ပိန်…
    အိမ်မှာက မိန်းမသားတွေချည်းဆိုတော့ … ကျောက်စ်ပဲ တာဝန်ကျသပေါ့ဗျာ…
    အရွယ်ရောက်တော့ ရွတ်တွတ်တွတ်နဲ့ ဘိုလိုတောင် ဦးရှင်ကြီး ပင့်လိုက်သေးတယ်… ခွိ
    ဂလိုလုပ်… “ဆြာဆာ ဆြာကျောက်စ်” ဆိုပြီး ကုမ္ပဏီထောင်လိုက်ကြရအောင်…
    😀

  • Mr. MarGa

    July 7, 2014 at 7:13 pm

    ဆုံးသွားတဲ့ ကျနော့် အဘိုးက ဗိုလ်ကလေးသား
    ဆိုတော့ အိမ်မှာ ဦးရှင်ကြီးတင်တဲစင်တောင် ရှိသေးတယ်
    ခုတော့ မတင်တာ ဆယ်နှစ်လောက်တောင် ရှိပြီထင်ရဲ့
    ဒီနတ်ပင့်လေးနဲ့ ပြန်တင်ရရင် ကောင်းမလားမသိ :kwi:

Leave a Reply