အရောင်မွဲလာတဲ့ မှန်ှမှာ
ရာသီဥတုက စိတ်မချရဘူး
ဧရာဝတီက မရေရာဘူး
အမေ့မျက်ရည်မှာ
တောထဲပျော်နေတဲ့ ခွေးဆိုးကို
မျှားနေတာလား။
မှင်နဲ့ရေးတဲ့အမှားက
ခဲပျက်ကို ပျက်ရယ်ပြုလို့
လူက
နေရာရွေ့ခဲ့တာကြာပြီ
ဒဏ်ရာ ဒဏ်ချက်တွေက
ကျောက်ချမြဲ ကျောက်ချတုန်း။
ဂေါ်ကီရဲ့အမေ့ကို စာရေးပို့ချင်တယ်
ကျနော့်အမေက
ဓားမသုံးတတ်ဘူးလို့။
ကိုစစ်
5 comments
ခင် ခ
September 5, 2014 at 10:24 pm
အမေဓားမသုံးပေမယ့်
အားပါးတရဖြစ်ချင်လှဘို့
အားတော့သုံးပါအမေရယ်
မြစာကလေး (23122011)
September 6, 2014 at 4:57 am
ဓားမသုံး တဲ့ အမေ့ အတွက် သားတွေ က “အား” ဖြစ်အောင်လုပ်ပေးကြပါ။
ဒီကဗျာ လေး ကို ကြိုက်တယ် ကိုစစ်။
မင်းနာမည် ကို မြန်မာလို ပြန်ခေါ်ကြည့်တာ မဟန်ပါလား။ :-)))
kyeemite
September 6, 2014 at 8:38 am
.ကိုဆစ်ရဲ့ကဗျာလေးကိုကြိုက်သဗျာ
alinsett
September 6, 2014 at 5:17 pm
ဓါးကိုင်မယ့် ဖေဖေတွေအတွက်…
မေမေတွေက…ဓါးသွေးမယ့် အစွမ်းတော့…မွေးယူပါ
ko six
September 6, 2014 at 10:20 pm
နာမည်က
ကျနော့်မှာ အစ်ကို ခြောက်ယောက်ရှိတာကို မှည့်ထားတာပါ ြြမြစာကလေး ခင်ဗျာ