ရွှေအကြောင်းသိကောင်းစရာ 149,150,151

Zaw AungSeptember 7, 20141min2444

ရွှေအကြောင်းသိကောင်းစရာ (149)

ကျွန်တော်ကိုယ်တိုင် ခံရတာလေးတစ်ခုပြောပြမယ် နည်းနည်းတော့ထူးခြားတယ်။ကြုံဖူးတဲ့လူတော့ရှိနိုင်ပါတယ်။ရွှေဆိုင်တွေမှာက ပြန်သွင်းထည်ဆိုတာရှိတယ်။အဲဒီပြန်သွင်းထည်တွေ ကိုစုပြီး အရည်ကျိုရတယ်။အချောင်းဖြစ်သွားတော့မှ ရွှေရည်စစ်ပြီး အခေါက်စပ်တန်စပ် အခေါက်ချွတ်တန်ချွတ် လုပ်ရတယ်။ဆိုင်မှာ ပန်းတိမ် ဆရာတစ်ယောက်ရှိတယ်။ လုပ်နေတာလေးငါးနှစ် လောက်ရှိပြီ ရွှေကျိုရင် သူပဲကျိုတယ်။ဆိုင်အနောက် ကရွှေကျိုဖို့ လုပ်ထားတဲ့နေရာမှာပေါ့ ရွှေကျိုတဲ့အခါ မသမာမှုမလုပ်နိုင်အောင် ဆိုင်ဝန်ထမ်း ကောင်မလေး တွေအလှည့်ကျ လိုက်ကြည့်ရတယ်။ နောက်ပိုင်းအထည်ပျက်ချောင်းတွေ ရွှေနည်းနည်း ပိုညံ့လာတယ်။ကိုယ်ကအထည်လုပ်တဲ့ ပန်းတိမ်ဆရာတွေကိုပြောတာပေါ့ မင်းတို့ဂပောထည့် တာများတယ်ထင် လို့သူတို့ကလဲ မဟုတ်ရပါဘူး ငြင်းတယ်။သူတို့ကလဲ အထည်လာအပ် ရွှေလာယူနဲ့ ဆိုင်မှာအမြဲဝင်ထွက်နေတော့ ဆိုင်ကပန်းတိမ်ဆရာ ကိုမသင်္ကာဖြစ်တယ်။(စဉ် 150 သို့ )

ရွှေအကြောင်းသိကောင်းစရာ( 150 )
(စဉ် 149 မှအဆက် )

လက်ပူးလက်ကြပ် မိအောင်ဖမ်းမယ်ဆိုပြီး တစ်နေ့ ရွှေကျိုဖို့ ပြန်သွင်းထည် လက်ကောက် လက်စွပ် ဆွဲကြိုး အမျိုးစုံ ငါးကျပ်သားလောက်ချပေးလိုက် တယ်။ခဏနေတော့ သူနဲ့စာရေးမတစ်ယောက်နဲ့ ရွှေကျိုဖို့ လုံထဲထည့်နေတုန်း စာရင်းမှားနေလို့ ပြန်စစ် အုန်းမယ်ဆိုပြီး အားလုံးပြန်ယူ လိုက်တယ်။ လေးပဲသား လက်စွပ် တစ်ကွင်းလျော့နေတယ်။စာရေးမက လုံဘေးမှာ ကျကျန်နေတယ် ဆိုပြီးလာပြန်ပေးတယ်။မရိုးမသား လုပ်နေတာကို ဝန်မခံဘူး။ဒါနဲ့ စာရေးမနဲ့ ပန်းတိမ်ဆရာ တစ်နေရာစီ ခွဲပြီးစစ်မေးလိုက်တယ်။ လှည့်ကွက်သုံးလိုက်တယ်။စာရေးမကို ပန်းတိမ်ဆရာ အကုန်ဖော်ပြီ နင်လဲပြောတော့လို့။ ပန်းတိမ်ဆရာကိုကျတော့ စာရေးမအကုန်ဖော်ပြီ။ ဆက်မညာနဲ့တော့လို့ အဲဒီတော့မှ သူတို့လုပ်ကွက် တွေအကုန်ပေါ်လာတယ်။ ရွှေနဲနဲယူပြီး သူ့အစား ကြေးပြန်ထည့်လိုက်တာ ရောကျိုလိုက်တော့ ရွှေချိန်မလျော့ဘဲ ရွှေရည်ပဲလျော့သွားတာ (စဉ် 151 သို့)

ရွှေအကြောင်းသိကောင်းစရာ (151) (စဉ် 150 မှအဆက်)

ကြေးလုံးလေးတွေ အဆင့်သင့် ပန်းတိမ်ခုံနားမှာ ဖွက်ထားတာ ရွှေကျိုတဲ့အခါ လူလစ်တဲ့အခါ တစ်ပဲသားကနေ လေးပဲသားလောက်အထိ ကြေးလုံး နဲ့လဲထည့်တာ ခိုးလို့ရတဲ့ရွှေကို ပန်းတိမ်ဆရာက ၂၉ လမ်း နဝလီဝယ်တဲ့ ဆိုင်မှာသွား ရောင်းပြီး စာရေးမကို ဝေစုခွဲပေးတာ လုပ်နေတာတစ်နှစ်လောက် ရှိပြီတဲ့။ပြန်တွက်ကြည့် လိုက်ရင်ငါးကျပ်သားကနေ တစ်ဆယ်သားလောက် အထိရှိနိုုင်တယ်။ယူထားတဲ့ရွှေတွေ လက်ထဲမှာ ဘယ်လောက်ကျန်သေးလဲ မေးကြည့်တော့ မရှိတော့ဘူး သုံးလို့ကုန်ပြီတဲ့။ပြန်လိုချင်ရင် အမှုဖွင့်ပြီး သူရောင်းတဲ့နေရာ ပြန်လိုက်သိမ်းမှရမယ်။ ကိုယ့်ဆီမှာ လုပ်နေတာလဲ လေးငါးနှစ်ရှိပြီ အမှုဖွင့်ရင် သူရော စာရေးမရော အချုပ်ထဲဝင်သွားမယ်ဆိုတော့ မဖွင့်ဖြစ်တော့ပါဘူး အလုပ်ပဲထုတ်လိုက်တယ် သင်ခန်းစာတစ်ခု ရလိုက်တာပေါ့ နောက်အဲဒါမျိုးမဖြစ်အောင် ဂရုစိုက်ရတာပေါ့

4 comments

  • ခင် ခ

    September 7, 2014 at 10:40 pm

    ဖတ်သွားတယ်ဗျာ
    ဆက်တိုက်လေးမပြတ်တင်နေတာကိုလည်းကျေးဇူးပါဗျာ

  • မြစာကလေး (23122011)

    September 7, 2014 at 11:53 pm

    ကျွန်မ တို့ အဘိုး အဘွား တွေ ခေတ် က တော့ “ပန်းတိမ်ဆရာ” ဆိုတာ
    သူတို့ ဟာသူတို့ အင်မတန် ရိုးသားသူ မှန်ကန်သူ ဆိုပြီး နာမည်ပျက်မခံ ဘဲ
    ရိုး ဂုဏ်နဲ့ နေကြတာ ကလား ကိုဇော်အောင် ရဲ့။
    ဒီခေတ် ကတော့ ရိုးသားသူ ဆိုတာ ဒီလောက်တောင်ရှားတော့ သလား။
    ငွေကို ကိုယ့်ရဲ့ ဂုဏ်သိက္ခာ နဲ့ လဲရက်ကြတဲ့ သဘောပေါ့။

  • Zaw Aung

    September 8, 2014 at 6:34 am

    ရိုးသားသူ ရှားသွားပါပြီ

    • kai

      September 8, 2014 at 7:15 am

      တကယ်တော့.. ရိုးသားမှုဆိုတာကို.. ယဉ်ကျေးမှု၊ ဓလေ့တွေ.. ဘာသာရေးတွေနဲ့ထိန်းမရပါဘူး..
      ဥပဒေနဲ့ထိန်းရတာပါ…
      မြန်မာပြည်မယ်.. ဥပဒေကောင်းတွေ.. ထိရောက်စွာပြဌာန်း သက်ရောက်နိုင်ဖို့… လိုတယ်ထင်…။

      ဆိုတော့..
      မြန်မာပြည်မယ်.. အထက်ပိုင်းပြည်တွေမှာ. ရွှေတူးနေကြတာ… ရတဲ့ရွှေတွေဘယ်ရောက်လို့.. ဘာဖြစ်ကြတယ်တော့မသိ…။ အစိုးရနဲ့.. ရွှေတူးသမားဘယ်လိုခွဲဝေကြတယ်လည်း.. မသိ…။
      လုံးဝ..(လုံးဝ)ကို.. ပွင့်လင်းမြင်သာမှုမရှိ…။

      အဲဒီရွှေတွေပိုင်တဲ့..မူလပိုင်ရှင်.. ပြည်သူလူထုမှာ.. မွဲသမှ.. တေတေဖန်တရာတေလို့…
      ကြားထဲ..ရွှေတူးလို့.. ဖျော်ချတဲ့..ရွံ့နှုန်းတွေကြောင့်.. မြစ်တွေပျက်..။ ကမ်မစ်ကယ်တွေကြောင့်.. လူတွေကျမ်းမာရေးထိခိုက်.. တာကျ.. ခံရ…။

      ရွှေတွင်းတူးတဲ့လုပ်ငန်းရှင်တယောက်မှာများ.. ဟန်းနိးမွန်းကို.. လကမ္ဘာတက်မယ်တောင်ကြေငြာလောက်အောင်.. ငွေတွေပိုလျှံနေတာ. အံ့စရာ..။

      Blood Gold လို့.. အမည်ပေး.. ကန်င်ပိန်းတွေလုပ်သင့်တယ်..။

Leave a Reply