အသက်တချောင်းထွက်ဖို့ဆိုတာ လွယ်ပါသလား
ဒီလူနာ က အသက် ၆၂ နှစ်ပါ။ ဇူလိုင် ၁၉ အာဇာနည်နေ့က ဦးနှောက်သွေးကြောပေါက်ပါတယ်။
ဆေးရုံက ခွဲရခက်လို့ ဆေးနဲ့ပဲ ထိန်းမယ်ဆိုပြီး ကုနေရင်း သတိပြန်လည်လာပါတယ်။ ၃ရက်လောက်နေတော့ ပြန်သတိလစ်သွားပြီး ဦးနှောက်သေသွားတယ်၊Brain Death ရသွားပြီလို့ပြောပါတယ်။
They will be looking to see if the person has any: response to pain; response to light by the pupil of each eye; blinking response when each eye is touched; eye movement or response to ice cold water when it is put into the ear canal,; cough or gag (swallowing) reaction when the back of the throat is touched; breathing when the person is disconnected from the ventilator . For a person to be declared brain dead they must not show any response to each and every one of these tests.(From Wikipedia)
ကျမကိုယ်တိုင်သွားကြည့်တော့ သူငယ်အိမ်အပါအဝင် ဘာတုန့်ပြန်မှုမှမှမရှိတော့ဘူး။မျက်လုံးကို ဂွမ်းစလေးနဲ့ တို့တာ လုံးဝ မျက်တောင်မခပ်ပါဘူး။အဲဒီအတိုင်း ဆေးရုံမှာ ၁လကျော်ကြာတော့ ဘာမှလည်း မထူးနိုင်၊မျှော်လင့်ချက်မရှိလို့ပြောပါတယ်။ 15.8.2014 မှာ CT Scan(Head) ထပ်ရိုက်တော့ ဦးနှောက်သွေးငတ်နေပြီ။သွေးခဲလည်းရှိနေသေးတယ်။
CT result =Periventricular Ischaemia + Central Infarct (Left parietal ) and resolving haematoma about 25.×1.7×2.2 cm at left thalamus area which compress the thalamus
ဆေးရုံမှာ ပထမပိုင်း ဆေးဖိုးတွေ ကုန်ပေမယ့် ဒုတိယအကြိမ် သတိလစ်သွားပြီးနောက် ဆေးဖိုးက သိပ်မကုန်တော့ပါဘူး။ ဒါပေမယ့် အောက်ဆီဂျင်ကို အမြဲပေးထားခိုင်းပါတယ်။ တနေ့ကို အောက်ဆီဂျင်အိုးကြီး ၄လုံး ကုန်တယ်။ တလုံးကို ၅၀၀ဝ ပေးရတယ်။ တနေ့ အောက်ဆီဂျင်ဖိုးချည်းပဲ နှစ်သောင်းကျနေပါတယ်။ သူနာပြုဆရာမတွေက အောက်ဆီဂျင်ကို 5 Lit/min ပေးခိုင်းတယ်။ လူနာက အဆုပ်နဲ့ပတ်သက်လို့ ဘာရောဂါမှမရှိပါဘူး။ကုန်လွန်းလို့ လူနာရှင်တွေက 2Lit/min လောက်ချထားတာတွေ့ရင် ဆရာမတွေက ပြန်တင်ခိုင်းပါတယ်။ ကြာတော့ လူနာကလည်း မျှော်လင့်ချက်မရှိ၊ စရိတ် လည်း မတတ်နိုင်တာနဲ့ အိမ်ပြန်ခေါ်လာတယ်။
20.8.2014 အိမ်ပြန်ခေါ်ချိန်မှာ Glasgow Coma Scale 4/15 ,Vital signs stable လို့ရေးထားပါတယ်။
အိမ်မှာ နှာခေါင်းပိုက်နဲ့ အစာသွင်း၊အောက်ဆီဂျင်ပေး၊ ဆေးတော့ လုံးဝမပေးတော့ပါ။
အိမ်မှာ ၁ဝရက်ကျော်ကြာတော့ ထူးဆန်းတာတွေဖြစ်လာတယ်။ ဒီလူနာက တချက်တချက် မျက်စိဖွင့်တယ်။လက်ယပ်ခေါ်တယ်။ လိုက်မလားမေးရင် လိုက်မယ်လိုက်မယ် လို့ စကားပြောတယ်တဲ့။ဒါဆို ဦးနှောက်မသေလို့လားဆိုပြီး ဆေးရုံကို ပြန်ပြောတော့ မဖြစ်နိုင်ဘူးတဲ့။သူတို့ကတောင် ပယောဂဆရာပြကြည့်လို့ ပြောနေတယ်တဲ့။အိမ်သားတွေက ဘုန်းကြီးပင့်ပြီး ကမ္မဝါဖတ်တော့ မရွတ်ဖို့ လက်ကာတယ်တဲ့။ အဲတော့ ဖုတ်ဝင်တာပါဆိုပြီး အစာတွေ ရေတွေ အောက်ဆီဂျင်အကုန်ဖြတ်လိုက်တာ 10.9.2014 မှာ ၅ရက်ရှိပြီတဲ့။ ခုထိတော့ အသက်ရှင်နေဆဲပဲ။ ဆီးတော့ ဆီးပိုက်ကနေ ထွက်နေတုံးတဲ့။ဒါနဲ့ အဲဒီ လှုပ်ရှားတယ်ဆိုတာ Video ရိုက်ခိုင်းလိုက်တယ်။
11.9.2014 မှာ Video ရိုက်ထားလို့ရပြီ။လက်တဖက်က ၉ဝ ဒီဂရီထောင်ပြီးလှုပ်တယ်.မျက်တောင်ခပ်တယ်။တံတွေးမြိုတယ်။
အဲဒီ Video clip ဆေးရုံကိုသွားပြတော့ သူနာပြုတွေက အကြောဆွဲတာလို့ငြင်းတယ် ပြန်မကောင်းနိုင်တာသေချာတယ်၊ဘေးဆရာတွေ(ပယောဂမျိုး)ပြကြည့်ပါတဲ့။အထူးကုဆရာဝန်ကတော့ ဒါမျိုး သူတို့တွက် တွေ့နေကျဖြစ်နေလို့ စမ်းသပ်မှုတွေမလိုတော့ပါတဲ့။ မျှော်လင့်ချက်တော့မရှိလို့ပြောပါတယ်။။ ဆေးရုံတင်ချင်တော့ ပြန်လာတင်၊ကြည့်ပေးမယ်လို့ ပြောပါတယ်။
12.9.2014 မှာ ကျမ သွားကြည့်ပါတယ်။ ကျမတော့ ဖုတ်ဝင်တာမဟုတ်။အသိရှိနေတဲ့ လူနာလို့ပဲမြင်ပါတယ်။
ဘယ်ဖက်လက်လှုပ်လို့ရတယ်။ မျက်စိဖွင့်တယ်။မျက်တောင်ခပ်တယ်။ အသံကြားရင် ကြည့်တယ်။တံတွေးမြိုတယ်။သွေးပေါင် 100/70, နှလုံးခုန်တာ 100/min,လက်မောင်းနဲ့ ခြေထောက်က ဖောယောင်နေတယ်။(ကျမစိတ်ထင် ဆေးရုံမှာကတည်းက ကျောက်ကပ်ပျက်တယ်ဆိုပြီး proteinပါတာတွေ ရှောင်ခိုင်းတယ်။ Ensure တိုက်တာ ရပ်ခိုင်းတယ်။ ၂လကျော် Protein မပါတော့ Hypo-proteinaemia ဖြစ်ပြီး ဖောလာတာလည်း ဖြစ်ချင်ဖြစ်မယ်။ Bed sore အိပ်ရာနာလည်း ရနေပြီ။ကြာပြီကိုး။
Glasgow Coma Scale မှာ
Visual Response = Eyes open randomly.(4)
Verbal Ability = Silence.(1)
= Normal conversation.(5)
Motor Skills= Complicated movement in response to pain.(5)
= Moves on command.(6)
ကျမရောက်တုံးတွေ့တာက မျက်စိအလိုလိုဖွင့်ပိတ်တယ်။ စကားမပြောဘူး။လက်တွေလှုပ်တယ်။မျက်မှောင်ကြုံ့တယ်။ တံတွေးမြိုတယ်။=10 မှတ်
အိမ်သားတွေပြောသလို လိုက်မလားမေးတာ ဖြေတယ်၊ခေါင်းငြိမ့်ခေါင်းခါတယ်ဆို 15မှတ်တောင်ဖြစ်နေပြီ။
Brain Death ရပြီးသားလူနာ ဒီလိုမျိုး ပြန်ကောင်းနိုင်သလားဆိုတာ ကျမတော့ အတွေ့အကြုံမရှိဘူး။
လေဖြတ်ထားတဲ့လူနာ Coma ဝင်နေတာ ၁လ- ၂လ နေပြီးမှ သေတာတော့တွေ့ဖူးပါတယ်။ဒါပေမယ့် ဒီလောက်ထိ အသိဝင်လာတာတော့ မမြင်ဖူးဘူး။
(ဖြစ်စက US မှာ Residency ဆင်းနေတဲ့ တူမကိုမေးကြည့်တော့ သူတို့ဆီမှာ Brain Dead ရပြီဆိုရင် မိသားစုခေါ်ပြော၊သဘောတူရင် Withdrawal of care စောင့်ရှောက်မှုတွေ ရပ် ၊အစာရေစာဖြတ်၊စက်မတပ်တော့ရင် ၂-၃ရက်ဆို သေသွားရောလို့ပြောပါတယ်။ ဒီလို အသက်ပြင်းတဲ့ လူနာမျိုးဆိုရင် သူတို့ ဘယ်လို လုပ်ကြမလဲ သိချင်လိုက်တာ။သိသူတွေ ကျမကို ပြောပေးကြပါ။)
ထူးဆန်းတာကလည်း အစာနဲ့ရေဖြတ်ထားတာ ၅ရက်ကို မသေတာပါပဲ။ အောက်ဆီဂျင်လည်း မပေးထားပေမယ့် နေနိုင်နေတယ်။ ရေက နောက်ဆုံးတနေ့မှာ 160 စီစီပဲ ထည့်လိုက်တယ်တဲ့။ ခုတော့ ကျမ Ensure ပြန်တိုက်ခိုင်းထားတယ်။ နှာခေါင်းပိုက်ကိုလည်း သူ့ယောကျင်္ားက ဖြုတ်လိုက်မိတယ်။ ရေကို ဒီတိုင်းမြိုနိုင်တာတွေ့လို့တဲ့။ဇွန်းနဲ့ နဲနဲစီ တိုက်ခိုင်းထားတယ်။ သားသမီး ၃ယောက်နဲ့ ယောကျင်္ားက အလုပ်လုပ်နေရတာ။အခု ဒီလူနာဆေးရုံတက်ကတည်းက သမီးက အလုပ်ထွက်ပြုစုနေရတယ်။ ဝင်ငွေလျော့တဲ့အပြင် စိတ်ရောလူပါ ပင်ပန်းဆိုတော့ သူတို့လည်းညည်းတာပေါ့။ ဒါကြောင့်လည်း လေဖြတ်တဲ့ အဖိုးကြီး အဖွားကြီး လူနာကို လမ်းဘေးပစ်ထားတဲ့ ဇာတ်လမ်းတွေ ဖြစ်လာတာ၊ဖုတ်ဝင်တဲ့ ဇာတ်လမ်းတွေ ဖြစ်လာတာလို့ မြင်ပါတယ်။ကျမ တော့ လူနာကိုရော သူတို့မိသားစုကိုရော သနားမိတာပဲ။ သူတို့ကို ဖြောင်းဖျပြီး အသက်ရှင်သရွေ့တော့ ပြုစုပါ၊တိုက်ရတဲ့ အာဟာရဖိုး ကျမပေးပါမယ်လို့ ပြောထားရတယ်။
ဆေးရုံတော့ ပြန်မတင်တော့ပါ။
လူနာလည်း ဆင်းရဲ၊လူနာရှင်လည်း စိတ်ရော ကိုယ်ရော ဒုက္ခရောက်ရတာ၊ကိုယ့်အလှည့်ကျ အဲသလို လူနာ အဖြစ် အသက်မရှင်ရပါစေနဲ့လို့ ပဲ ဆုတောင်းရတာပဲ။ သူ့သားကတော့ အမေက သူတို့သိကတည်းက ဘယ်သူ့အပေါ်မှ နှိပ်စက်တာ မရှိဖူးပါဘူးတဲ့။ ဘဝများစွာ သံသရာဆိုတာ မပြောနိုင်တော့ ကံကြမ္မာတွေကလည်း ဆန်းကြယ်တော့တာပါပဲ။
လူတချို့အတွက် အသက်ကို ငွေနဲ့စက်ပြီးလုနေတာတောင် သေမင်းက ရက်စက်နိုင်သလို
လူတချို့အတွက်တော့ ထမင်းအသက် ခုနစ်ရက်၊ရေအသက် တမနက်ဆိုတာတွေ ကို ပြက်ရယ်ပြုပြီး အန်တုနေနိုင်နေသလိုပဲ။
အသက်တချောင်းရဲ့ တန်ဖိုးတွေကလည်း အစားစားပါပဲ။
26 comments
padonmar
September 14, 2014 at 10:29 pm
ဒီစာကတော့ စိတ်ပင်ပန်းမိတာတွေကို ကိုယ့်မိသားစုထဲ လာရင်ဖွင့်မိတာပါ။
တိုင်တည်တာ ဆိုပါတော့။
မျက်နှာစာအုပ်ထဲမရောက်တဲ့သူတွေကိုလည်း သိအောင်တိုင်တည်ချင်လို့ ဒီထဲလာပို့တာပါ။
ရွာရှောင်နေဆဲကာလမို့ ကွန်မန့်တွေ မပြန်နိုင်တာ ကြိုတောင်းပန်ပါတယ်။
ခင် ခ
September 14, 2014 at 11:30 pm
ခန္ဓာတစ်ခုအပေါ် တက်မက်စွဲလန်းမှု သံဃောဇဉ်စိတ်ကလည်းပြောရခက်တဲ့ထဲပါမယ်ထင်တယ်လေ။
kai
September 15, 2014 at 4:24 am
အမေ့တုံးကတော့.. ကင်ဆာမို့.. မရတော့ဖူးဆို..ဆေးရုံက.. Hospice လက်ထဲအပ်လိုက်တယ်ဗျ..
ဆေးရုံကနေအိမ်ကိုခေါ်လာပြီး.. သူတို့ရဲ့ ရီမုတ်နဲ့စာင့်ရှောက်မှုအောက်ထားတယ်ပေါ့..
နပ်စ်ရော..ဆရာဝန်ရော. ဖုံးဆက်.ခေါ်ရင်လာပါတယ်..။
အောက်စီဂျင်..။ ဆေး..။ ကုတင်ပါ အိမ်လာထားပေးထားသဗျ…။
ကြည့်ရတာတော့..ဆုံးသွားတဲ့အထိ အချိန်ဘယ်လောက်ကြာကြာ ကြည့်ရှုစောင့်ရှောက်မယ့်သဘောပဲ..။
ကြာလေ..သူတို့အတွက် ကျမ်းမာရေးအာမခံကပေးတဲ့ငွေပိုရလေမို့.. ကြာအောင်လုပ်နိုင်ရင်လုပ်မှာပေါ့…။
ဆုံးသွားပြီဆိုဖုံးဆက်တော့.. နပ်စ်မတယောက်လွှတ်ပြီး စမ်းသပ်တယ်..။ ဆိုင်ရာဘာသာတရားအလိုက်.. တရားဟော.. ဘာညာတွေလုပ်ပေးတယ်..။
အမေ့ဆုံးတုံးကဆို.. နပ်စ်က..ငိုတောင်ငိုပြသွားသေးတယ်..။
နောက်တရက်နေတော့.. ကုတင်လာပြန်သိမ်းပြီးသန့်ရှင်းရေးပါလုပ်သွားတာပဲ..။
ပြောရရင်.. မြန်မာပြည်က.. ဦးကျော်သူတို့ရဲ့ရှေ့က.. တဆင့်ပေါ့..။
လူသားတွေ စားဝတ်နေရေးရဲ့နောက်ဆုံးပိတ်အလုပ်မို့.. လုပ်သင့်လှတယ်ထင်…။
( အရီးပဒုမ္မာမေးခွန်းကို.. ဆရာဝန်ဝါရင့်တွေဆီမေးကြည့်ပေးမယ်..။ )
Hospice
From Wikipedia, the free encyclopedia
This article is about a type of medical/psychological care. For the Antlers album, see Hospice (The Antlers album).
Hospice care is a type of care and philosophy of care that focuses on the palliation of a chronically ill, terminally ill or seriously ill patient’s pain and symptoms, and attending to their emotional and spiritual needs. In Western society, the concept of hospice has been evolving in Europe since the 11th century. Then, and for centuries thereafter in Roman Catholic tradition, hospices were places of hospitality for the sick, wounded, or dying, as well as those for travelers and pilgrims. The modern concept of hospice includes palliative care for the incurably ill given in such institutions as hospitals or nursing homes, but also care provided to those who would rather spend their last months and days of life in their own homes. It began to emerge in the 17th century[where?], but many of the foundational principles by which modern hospice services operate were pioneered in the 1950s by Dame Cicely Saunders. Within the United States the term is largely defined by the practices of the Medicare system and other health insurance providers, which make hospice care available, either in an inpatient facility or at the patient’s home, to patients with a terminal prognosis who are medically certified to have less than six months to live. Outside the United States, the term hospice tends to be primarily associated with the particular buildings or institutions that specialize in such care (although so-called “hospice at home” services may also be available).[citation needed] Outside the United States such institutions may similarly provide care mostly in an end-of-life setting, but they may also be available for patients with other specific palliative care needs. Hospice care also involves assistance for patients’ families to help them cope with what is happening and provide care and support to keep the patient at home.[1] Although the movement has met with some resistance, hospice has rapidly expanded through the United Kingdom, the United States and elsewhere.
ဇီဇီ ခင်ဇော် (15102012)
September 15, 2014 at 6:04 am
Aunty Don,
Can I donate some for her, please??
kai
September 15, 2014 at 6:42 am
အင်း..ကျုပ်လည်းလှူရကောင်းမလားတွေးနေတာ…။
အဖေါ်ရပြီဗျ..။
အရီးဒုံရဲ့မှတ်ချက်မှာ.. ယဉ်ကျေးမှုတော်လှန်ရေးအငွေ့အသက်ရသမို့.. သာဓုခေါ်ရင်း.. လေအားဖြင့် ဒေါ်လာ၅ဝလှူပါတယ်..။ အရီးဒုံစိုက်ထားပေးစေလို..။ :k:
padonmar
September 15, 2014 at 8:17 pm
ကေဇီလေးရော သူကြီးရော
ဝမ်းမြောက်ဝမ်းသာနဲ့ စိုက်ထားပေးပါ့မယ်။
ကျေးဇူးလည်း တင်ပါတယ်။
အန်တီမမကလည်း ဒီမိသားစုကို သနားလို့ ငွေ ၁သိန်းရယ်၊Ensure,Wet Tissue, Diaper တွေ ပေးထားပါတယ်။
………
ကျမတို့ဆီမှာ ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းရယ်၊ဒေါ်သန်းမြင့်အောင်ရဲ့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာရယ်၊သန်လျင်သဘာဝတရားရိပ်သာရယ် က နေဝင်ချိန်လူနာတွေအတွက်တော့ အားထားရာပါပဲ။
ဒါပေမယ့် အဲဒီနေရာတွေမှာလည်း လက်ခံနိုင်တဲ့ လူဦးရေ၊လုပ်ပေးနိုင်တဲ့ ဝန်ဆောင်မှု (အားလုံးက အခမဲ့ဆိုတော့ အလှူငွေပေါ်ရပ်တည်နေကြရတာ)
သတ်မှတ်တဲ့ ဘောင်ဝင်မှု နေရာလိုက်ပြီး ကွာပါသေးတယ်။
ဒါ့အပြင် မြန်မာပြည်မှာ ကိုယ့်မိဘကို တော်ရုံနဲ့ ဘိုးဘွားရိပ်သာပို့ဖို့ မစဉ်းစားကြဘူး။
ပို့ဖို့လည်း ရှက်ကြတယ်။
ငွေရှိသူတွေတွက် မထောင်းတာပေမယ့် ဝင်ငွေမကောင်းသူတွေအတွက်တော့ ကြိတ်မှိတ်ခံကြရတဲ့ ဒုက္ခတခုပါပဲ။
သူကြီးပြောတဲ့ Hospice facility လူတိုင်းရဖို့ တော်တော်ဝေးနေပါသေးတယ်။
ဦးလှထွန်းတောင် လူကန့်သတ်လက်ခံရတယ်။
ကိုကျော်သူတို့လို တကယ်လည်း ရှေ့ဆောင်နိုင်ပြီး လူယုံကြည်မှုရတဲ့ နာရေးကူညီမှု အသင်းက(တကယ်တော့ သူတို့လုပ်နေတာ သေရေးကူညီမှု ရယ်၊ကျန်းမာရေးကူညီမှုရယ်ပါ)ဦးဆောင်ပြီး တကယ့် နာရေးတွေ ကူညီပေးနိုင်ကြရင် သိပ်ကောင်းမှာပါပဲ။
Dream ပေါ့။တချိန်ချိန်တော့ တကယ်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
kai
September 15, 2014 at 11:41 pm
လူကြုံကို ကိုရင်အလင်းဆက်ကဆင့်.. အကုန်အပ်လိုက်မယ်ဖြစ်ကြောင်းနဲ့….အခုလိုအခမဲ့ကူလီထမ်းခြင်းအကျိုး.. သဘော ဆောင်သူများကို… သာဓုထပ်ခေါ်ပါကြောင်း…။
ဇီဇီ ခင်ဇော် (15102012)
September 15, 2014 at 7:06 am
ဒီ တဂျီးး
မနေ့ တည်းးက မအိပ်သေးးဘူးးးထင်
အမှောင့် ပယောဂ မြန်းးလားးး
အပ မှီ တာမြန်းးလားးးး
:k:
kai
September 15, 2014 at 7:18 am
ပြောဖူးသားပဲ.. အိပ်တာက.. ရှင်တဲ့အချိန်တွေလျှော့ကုန်ပါတယ်… လို့..။
တရက်.. ၂နာရီခိုးရင်.. တနှစ် နာရီ၇၃၀၊
၁ဝနှစ်နာရီ ၇၃၀၊
တရက် ၂၄နာရီမို့.. ၁ဝနှစ်မှာ ရက်၃၀၄ရက်အမြတ်ထွက်…။
လူ့သက်တမ်း.. အနှစ်၈ဝမှာ.. ရနှစ်လောက်အမြတ်ထွက်..။
နည်းလား.. :k:
နောက်တာနော..
လူငယ်တွေလိုက်မလုပ်နဲ့..။
တကယ်က.. အချိန်မှန်အချိန်ပြည့်မအိပ်ရင်.. ဦးနှောက်ကလည်း.. ပုံမှန်မလုပ်…။ :i:
pooch
September 15, 2014 at 1:17 pm
ဟုတ်တယ် အိပ်ရေးမဝရင် အလုပ်မှာ တော်တော် အထိနာတယ် ;'(
အသက်တချောင်းထွက်ဖို့ တချို့တွေအတွက် ခဲယဉ်းတယ်ဆိုပေမဲ့
အိမ်က ဦးကြီးက မြန်လွန်းလို့ ပြုစုပေးချင်တာတောင် ခွင့်မရလိုက်ဖူး ကံကံရဲ့ အကျိုးတရားပေါ့
ဖြေလို့လည်း မပြေသေဘူး ခုထိ
ဒီနှစ်ထဲ ဘဝနဲ့ချီပြီး အထိနာထားတဲ့ လောကဓံပေါ့
ဦးကြောင်ကြီး
September 15, 2014 at 7:20 am
အသက်တချောင်း
လက်ပံတောင်း
မနက်အကောင်း
ညဖယောင်း…
alinsett
September 15, 2014 at 7:54 am
ပိုစ့်အောက်ဆုံးမှာရှိနေတဲ့ အန်တီဒုံရဲ့ မှတ်ချက်လေးမှာ
ကျနော် တွေးစရာတချို ့ရသွားတယ်။
kai
September 15, 2014 at 8:17 am
Top 10 Most Expensive Medical Procedures
By Claire Bradley | March 18, 2010
1. Intestine Transplant
Cost: $1,121,800
2. Heart Transplant
Cost: $787,700
3. Bone Marrow Transplant
Cost: $676,800 Allogeneic ($300,400 for Autologous)
4. Lung Transplant
Cost: $657,800 double ($450,400 for single)
5. Liver Transplant
Cost: $523,400
6. Open Heart Surgery
Cost: $324,000
7. Pancreas Transplant
Cost: $275,500
8. Kidney Transplant
Cost: $259,000
9. Tracheotomy
Cost: $205,000
10. Destruction of Lesion of Retina
Cost: $153,000
alinsett
September 15, 2014 at 4:08 pm
Very expensive !!!!!!
ကိုပေါက်(မန္တလေး)
September 15, 2014 at 1:18 pm
မမာ ရေ
ဒီပိုစ်ကို ဖတ်ရင်း အတွေး တစ်ခု ရ သွားတယ်
သက်ဆိုးရှည်တယ်ဆိုတဲ့ စကား က သတိရ ဆင်ခြင်စရာပါ
သေချင်ပေမယ့် မသေ နိုင် ဖြစ်နေရခြင်း က လည်း ဝဋ်ဆင်းရဲတစ်မျုးိပါဘဲနော်
ဒါကြောင့် ရှေးလူတွေက အသေဖြောင့်အောင် ရှင်တုန်းမှာနေပါလို့ ဆိုတာ
အစွဲ တစ်ခု ရှိနေသူများ က ချက်ခြင်း မသေ တတ်ပါဘူး တဲ့
ကျနော်ကြားဘူးသလောက်လေးပါ
kyeemite
September 15, 2014 at 1:18 pm
.တစ်ခါတစ်ခါလောကကြီးမှာထူးဆန်းတာတွေတွေ့ရတတ်ပါတယ်…ခုလိုမျိုးလူနာကိစ္စပေါ့
.ဒါပေမဲ့ သိသာမသိရှိမယ် သေချာတဲ့အကြောင်းတော့ရှိမှာပါ
.ခုတော့ သက်တောင့်သက်သာရှိပါစေလို့သာဆုတောင်းပေးရတော့မှာပဲ :p:
naywoon ni
September 15, 2014 at 7:13 pm
လူဆိုတာတော်ရုံနဲ့ သေဖို့ခက်တယ်တဲ့ ထီးစိုင်သီချင်ထဲမှာပါတာပဲ ္လွလွယ်ချင်တဲ့လူကြတော့လည်း လွယ်လွယ်လေး ဘဲ အဲ့သဟာ ကြောင့် လူတစ်ချို့ကပြောတာ ကံ ကံ၏ အကျိုး ဆိုလား ¿ 🙂
padonmar
September 15, 2014 at 8:21 pm
ကိုခင်ခ၊မယ်ပုလေး၊ကြောင်ကြောင်၊ကိုပေါက်၊ဦးမိုက်၊အဘနီ၊ဒညင်းဝက်၊
ဝင်ဆွေးနွေးပေးတာ ကျေးဇူးပါ။
အနတ္တ=အစိုးမရ (ကိုယ်ဖြစ်ချင်တိုင်းလည်း မဖြစ်ရ)တရားကို သတိရမိပါတယ်။
aye.kk
September 15, 2014 at 8:54 pm
အသက်တစ်ချောင်းထွက်ဖို့
မလွယ်ပါ
ကိ််ုယ်ပြုထားတဲ့ကံကောင်းမှုကံကမြင့်မား
နေရင်အသက်ရှင်သန်ခွင့်ရ
ပါတယ် ဝေဒနာခံစားနေရတာ
ဝဋ်ကြွေးမကုန်သေးလို့ပါ
padonmar
September 15, 2014 at 9:08 pm
လူနာက အရည်လောက်ပဲ ထည့်ပေးရတာ အသက်ရှင်နေသရွေ့တော့ ဒါနပြုတယ်လို့ စိတ်ထားပြီး အာဟာရ လှူပေးလိုက်ပါမယ်။သူ့မိသားစုကလည်း မငြိုငြင်ကြပါဘူး။ဖုတ်ဝင်တယ်ထင်ပြီး ကြောက်ကြလို့သာ အစာဖြတ်မိတာ။အခုတော့ သေချာပြန်ပြုစုနေကြပါတယ်။နှာခေါင်းပိုက်ပြန်သွင်းကြည့်ဖို့လည်း ကြိုးစားကြည့်မယ်။ ဘယ်လောက်ကြိုးစားကြိုးစား တချိန်မှာတော့ သေမှာပဲ ဆိုတာလည်း စိတ်ထဲ ကြို ပြင်ဆင်ခိုင်းထားပါတယ်။ ရသလောက်ပေါ့။
padonmar
September 15, 2014 at 9:18 pm
တင်ပါးတွေမှာ bedsore မရအောင် ဘောကွင်းခံပြီး ထားထားတယ်။ ခေါင်းက မခံမိတော့ အနာဖြစ်တာပေါ့။
အခုတော့ ခေါင်းကိုပါ ခံခိုင်းထားတယ်။
Air Mattress သုံးဖို့ကျတော့ လှိုင်သာယာမှာ မီးက မမှန်ဘူး။
အနာကို Bioplacenta လိမ်း ၊ကိုယ်ကို တြိရတနအလှဆီ တို့ Lotion တို့လိမ်းခိုင်းထားရတယ်။ ရေရှည်တွက်မှန်းပြီး သိပ်ဈေးမကြီးမှာတွေပဲ သုံးခိုင်းထားရတယ်။
မြစပဲရိုး
September 17, 2014 at 11:48 pm
အစ်မဒုံ ရယ်
လူမမာ ကိုကြည့်ပြီး စိတ်ထဲ မကောင်းလိုက်တာ။
၆၂ ဆိုတာ အရမ်းကြီး တယ် မခေါ်နိုင်သေးဘူး။
ကျွန်မ အဖွား ကတော့ ၈၈ မှာ သေနတ်သံ တွေကြား လေဖြတ် ပြီး ကိုမာ ဝင်သွားတာ။
လုံးဝ သတိပြန်မဝင်တော့ဘူး။
အိမ်မှာဘဲ သူနာပြု နေ့ည ခေါ်ပြီး bedsore မရအောင် နှစ်နာရီ တစ်ခါလှည့် ပေးနေရတော့တာ။
ပိုက်ကနေပြီး အဟာရ ထည့်။
ဆီးပိုက်ကနေ ဆီးထုတ်။
ဝမ်းလဲ သွားတယ်။
သူ့ဘေးမှာ တရားစာ တွေ ဖွင့်ပေး ပေးထားတယ်။
အဲဒီချိန် အဖေ နဲ့ အမေက နယ်စပ်မြို့မှာ။
ဘယ်လိုမှ ပြန်လာလို့ မရ။
အဲဒါ သုံးလ လောက်ကြာ အခြေအနေတွေ အေးမှ အမေ ပြန်လာနိုင်တယ်။
အမေ လာပြီး နှစ်ရက်လောက် ကြာတော့ တစ်ညနေ အဖွားနားမှာ ဘုရားစာရွတ်ပေးနေရင်း အသက်ရှုမထုတ်တော့ ဘူး။
နောက်တော့ ဆုံး သွားတယ်။
အမေ့ ကိုစောင့်နေတာ ပြောကြတယ်။
ဟုတ်မဟုတ်တော့ ဘယ်လို သက်သေပြနိုင်ပါ့။
ဒါပေမဲ့ တစ်ချို့ အကြောင်းတွေ က အရမ်း ထူးဆန်းပါတယ်။
နောက် အဖေ့ အမေ ကတော့ အကောင်းကြီး ကနေ မနက်လင်းတော့ အိပ်ရာထဲ မှာ ငြိမ်ငြိမ် ဆုံးနေတော့တာ။
တွေးမိသေး။
အမေ့ အမေ က လိုလေသေးမရှိ ပြုစုတဲ့ သမီး အပျိုကြီး တွေ နဲ့ ဖူးဖူးမှုတ် အခြွေအရန် အများကြီး ထဲ နေရတာ။
အဖေ့ အမေကတော့ သားနှစ်ယောက် ဘဲ အနီးကပ် သမီးမရှိ။
သူ့ဟာသူ အားကိုးပြီး နေနေတော့တာ။
နီးရာ မြေး တွေ ကိုတောင် သူက ပြန်စောင့်ရှောက် နေရ သေး။
အဲဒီ လို စိတ်ဓာတ် တွေ ကလဲ သေရေး၊ နေရေးမှာ စွက်ဖက်မှု ရှိလား။ မသိ။
ကျွန်မ လဲ သူများကို မှီခိုပြီး နာ နေရမှာ ကြောက်ပါရဲ့။
တကယ်တော့ ဘယ်သူမှလဲ အဲလိုမျိုး လိုချင်မှာမဟုတ်ပါဘူး။
ဒီတော့ အသက်ရှင် အသိရှိ နေချိန်လေး
” ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ ”
တရားကျင့်သောသူကို တရားက ပြန်ပြီး စောင့်ရှောက်တယ်ဆိုတဲ့ စကား အရ
တရားအစစ်အမှန် ကိုဘဲ အားကိုးစရာရှိမယ်လို့ ထင်ပါတယ် အစ်မရေ။
padonmar
September 25, 2014 at 9:43 pm
သူကြီးအလှူ ဒေါ်လှ ၅ဝ တွက် ငွေ ၅သောင်း လူနာရှင်ကို ပေးပြီးကြောင်း၊ပေးရင်းနဲ့ ဦးပါရဲ့ ကျိန်စာ ၅သိန်းဇာတ်လမ်း ပြန်ပြောပြပြီး လူနာအတွက်ဆေးဖိုး+အာဟာရဖိုးပေးတာ အခြားအသုံးမလွဲဖို့ မှာလိုက်ပါတယ်။
အသိတယောက်ကလည်း ဖွဘုတ်မှာ တင်ထားတာတွေ့လိုက်ရတော့ သနားလို့ နာမည်မပြောပါနဲ့ဆိုပြီး ငွေ ၅သောင်းကူသွားပါတယ်။
US ကလာတဲ့ ဆရာဝန် သူငယ်ချင်းတယောက် ကတော့
Brain death ရတာ totally death မဟုတ်လို့ဖြစ်မယ်လို့ မှတ်ချက်ချပါတယ်။
၅ရက်လောက် အစာရေစာ မပါပဲ အသက်ရှင်နေတာကိုတော့ energyသိပ်မလိုအောင် လူရဲ့ metabolism ဇီဝဖြစ်ပျက်မှုတွေ အရမ်းနှေးသွားတာကြောင့် မသေတာဖြစ်မယ်တဲ့။
သူ့အတွေ့အကြုံအရတော့ မေ့နေတာ ၂လလောက်နေမှ သေသွားတဲ့ လူနာတွေ့ဖူးပါသတဲ့။
အခု ကျမရဲ့ လူနာကတော့ Ensure နဲ့ ဆန်ပြုတ်တိုက်တာကို ပါးစပ်ဟခိုင်းရင် ဟဟပေးပြီး စားနေပါပြီ။
ဖုတ်ဝင်တယ်ဆိုပြီး ပစ်ထားလိုက်ရင် မိသားစုက ဒုက္ခသိပ်မခံရပဲ သေသွားမှာပေမယ့် အခုလို ပြုစုရတာ (အမေဆိုတာ နောက်ထား)လူသားတယောက်အတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးမိတာဖြစ်လို့ တာဝန်ကျေတယ်လို့ ခံစားရပါတယ်။
kai
September 26, 2014 at 2:54 pm
ကျေးဇူးတင်ပါတယ်.. အရီးဒုံရေ..
သာဓုခေါ်ပါတယ်..။
ဇုံဘီတွေ ခေတ်စားနေတဲ့ခေတ်မှာ.. ဇုံဘီမဟုတ်ကြောင်း.. သက်သေပြလိုက်နိုင်တာပဲလို့..မှတ်ပါတယ်..။
ပြန်ပြောနိုင်စရာ.. သက်သေပြစရာတခုအဖြစ်.. ကျန်ရစ်သွားမယ်လို့.. မျှော်လင့်မိပါကြောင်း….။
kyeemite
September 26, 2014 at 9:41 am
“လူသားတယောက်အတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးမိတာဖြစ်လို့ တာဝန်ကျေတယ်လို့ ခံစားရပါတယ်။”
.အာတီဒုံဆောင်ရွက်ပေးခဲ့တာတွေအတွက် အရမ်းကိုဂုဏ်ယူမိပါတယ်
manawphyulay
September 26, 2014 at 4:36 pm
လူတစ်ဦးရဲ့ ဘဝ တစ်ခုနဲ့ တစ်ခုကြားမှာ ကိုယ်ပြုသော ကံတွေ ပါနေတယ်လို့ ယူဆထားမိပါတယ်။ သူ့ရဲ့ ဒီဘဝ ရေစက် ကျန်ရှိနေသေးတာရယ်… ဒါတွေ ဖတ်မိရင်း သတိတရားတစ်ခုရသွားမိ်ပါတယ်။
ကံ ကံ၏အကျိုးနှင့် ဘဝမှာ နေဖို့ထက် သေဖို့ ခက်တယ်ဆိုတာရယ်ပါ…
အဘွားဆုံးတုန်းက အသက် ၉၉ နှစ်ရှိပါပြီ။ သူရဲ့ သက်တမ်းတစ်လျှောက်မှာ သူများကို ဘယ်တုန်းကမှ ဒုက္ခမပေးခဲူ့းပါဘူး။ သေတာတောင် အိပ်နေတဲ့အတိုင်းပါပဲ။ သူကျတော့ သက်တမ်းကုန်သွားတာလို့ မနော ယူဆမိပါတယ်။ သေသာ သွားတယ် သူ့အဝတ် လျှောာက်မပေးခဲ့ရသလို အိမ်သာအိုးတောင် သူ့ကုတင်နား မထားပေးရဘူး။ ဘဝ ကုသိုလ်ကံတွေလို့ ခံစားမိပါတယ်။ နောက်အဘွားက အရင်က မျက်စိမှုန်ပါတယ်။ နောက်တဖြည်းဖြည်း ပြန်မြင်လာတာကို တွေ့ရှိရပြီး ဆံပင်တွေလည်း ဖြူရာကနေ ပြန်မဲလာပါတယ်။ အံ့ဩစရာတွေကို နောက်ပိုင်းမှာ တွေ့ရှိဖို့ ယခု လူ့သက်တမ်းမှာ ခက်ခဲသွားပါပြီ။