“လှ သော ည နေ ခင်း “
ရွှေအိုရောင်
ညနေခင်း လေးမှာ
လှော်သူမဲ့ သော
လှေကလေးက တစင်း
မျောချင်ရာမျောနေတဲ့
ဗေဒါလေးက တသိုက်
မြင်မြင်ရာ ရိုက်နေတဲ့
ဓါတ်ဖမ်းသူက တစ်ယောက်
တွေးချင်ရာတွေး
ရေးချင်ရာ ရေး နေတဲ့
ကဗျာဆရာ က တစ်ဦး
အော် အားလုံးပေါင်း တော့
အလှ တစ်ခု ပေါ့။
ကိုပေါက်လက်ဆောင်အတွေးစဉ်
18-9-2014
Post Views: 353
13 comments
ဇီဇီ
September 19, 2014 at 7:43 am
ရွှေအိုရောင် နဲ့ အနက်
လှပတဲ့ တွဲစပ်မှု
ကိုပေါက်(မန္တလေး)
September 19, 2014 at 8:41 am
အဲသဟာ တောင်သမန်အင်းမှာသွားရိုက်ထားတာလေ
ခင် ခ
September 19, 2014 at 9:56 am
အင်း ဆည်းဆာ အလှ ဆိုပေမယ့် ဘဝဆည်းဆာ နေဝင်ချိန်ကိုတော့ မစောချင်ဘူးလေ။
kyeemite
September 19, 2014 at 10:15 am
.နေညိုချိန်တိမ်တောက်တဲ့အခါ♪♫
.တောင်သမန်ဘေးမှာ♪♫♪
.ကိုပေါက်တို့ သူငယ်ချင်းတို့တတွေ♪♫♪
.ရွှေဓါတ်ဖမ်းထွက်လာ♫♪♫
.မရောက်တာကြာပြီ ..မတွေ့တာကြာပြီ♪♫♪ သတိရလိုက်တာ…ဆြာပေါက်ရာ… :))
ကိုပေါက်(မန္တလေး)
September 19, 2014 at 12:22 pm
ရွာကလူတွေစု
သူကြီး ပါခေါ်
ဦးပိန်တံတားပေါ်မှာ
ည လေကန် ဝေဖန်
မယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်စမ်းပါ
Mr. MarGa
September 19, 2014 at 2:42 pm
ရွှေရည် လွှမ်းခြုံ
ထို ရွှေဘုံ ဝယ်…
kyeemite
September 19, 2014 at 2:52 pm
.ဟုတ်တယ်ကိုပေါက်ရေ…မလွယ်မှန်းသိပေမဲ့ ဦးပိန်တံတားပေါ် ရွာသူားတွေဆုံရရင် တော်တော်ကောင်းမယ်
manawphyulay
September 19, 2014 at 4:55 pm
အယ် လေးပေါက် လှေကို ကမ်းကပ်ထားလေ… ရေစီးနဲ့ မျောသွားဦးမယ်….
ကိုပေါက်(မန္တလေး)
September 20, 2014 at 11:20 am
မမျောဘူး ဗျာ တိုင် နဲ့ တွဲ ပြီး ကြိုးနဲ့ချည် ထားတာ
alinsett
September 21, 2014 at 12:45 pm
လှပါ့ဗျာ…
ထိုင်သာ ငေးနေချင်တော့တာပဲ
ကိုပေါက်(မန္တလေး)
September 22, 2014 at 7:57 am
လှတိုင်းသာထိုင်ငေးနေရင်အခုလိုဓါတ်ပုံရလိုက်မယ်မထင်ဘူး
Ma Ei
September 22, 2014 at 10:34 am
တစ်ကယ်လှတဲ့ ညနေကို
အမိဖမ်းထားလိုက်တာပေါ့လေ…
ကိုပေါက်(မန္တလေး)
September 22, 2014 at 2:18 pm
မ အိရေ ဒီပုံလေး က တောင်သမန်အင်းအရှေ့ဘက်ခြမ်းက နေပြီး နေဝင်ချိန်လေးကိုရိုက်ထားတာပါ
ဒီဘက်ခြမ်းက အရောက်အပေါက်နည်း ပါတယ်
အဲတော့မြင်ကွင်းရှင်းပါတယ်
အဲ့နေ့က အတော်လှ တဲ့ ပုံလေးတွေရခဲ့ပါတယ်
နောက်ရက် တင်ပေးပါမယ်