Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သွားမယ်၊ ဝါးမယ်၊ အကြော်စုံစားမယ်၊ ရေနွေးကြမ်းသောက်မယ်….

ကုိ ထြဋ္October 15, 20142min84739

ဒီ အစီအစဉ်လေးက ကျွန်တော် တင်သမျှပို့စ်တွေထဲမယ် အဆင်ပြေသလို ရှိတဲ့ ပို့စ်လေးထင်ပါတယ်… ဟီး…

အဲလိုလေးလဲ ရှိဦးမှ… တခါတခါ အားကို ရှိချင်ဘူး…

ဒီဆိုင်လေးက ရွှေဟင်္သာတ ဆိုင်လေးရဲ့ မျက်စောင်းထိုးမှာဗျ… မိုးရာသီတုန်းက ခပ်ကုပ်ကုပ်လေး ဆိုပေမယ့် မနေ့က သွားစားတော့ ဆိုင်က ကြီးသားဗျ…

တကယ်တော့ ရွှေဟင်္သာတ ဆိုင်ကလဲ အရင်က ဒီဆိုင်လို လမ်းဘေးဆိုင်လေးပဲ… နောက်မှ အားပေးတဲ့ ပရိသတ်များလို့ ဆိုင်နဲ့ ကနားနဲ့ ဖြစ်သွားတာ…

အစီအစဉ် တခုနဲ့ တခု ခြားသွားတာ ခွင့်လွှတ်ကြပါနော်… တကယ်တော့ တဂျီး စပွန်ဆာ မပေးသေးလို့ စောင့်နေတာ…

အခုတော့ ပေးပလားဆိုတော့… နိုးပါ…. မနေနိုင်လို့ ကိုယ်ဘာသာ ဝယ်စား၊ ရိုက်ပြီး ပို့စ်တင်ရတာပါ…. 😛

ရောက်တာတော့ ဒီဆိုင်လေးကို ခဏခဏ ရောက်ဖြစ်ပါတယ်… ညနေတိုင်း ဆိုင်မှာ စားဖြစ်တော့ ပတ်ချာရမ်းလိုက်ရင် ဒီဆိုင်ကို ပြန်ပြန်ကျပါတယ်…

ဈေးလဲ တော်တယ်လေ… ဗိုက်လဲ ဝ ပါတယ်… ကျွန်တော် တင်ပေးတယ်ဆိုတာလဲ တကယ်တော့ တန်ကောင်း ဗိုက်ပြည့်ဖို့ အတွက်ပါ…

ဆိုင်ကို ရောက်ရင် ဗိုက်ကဆာတော့ အရင် စားဖြစ်တယ်.. ပြီးမှ အယ်… မေ့သွားပြိဆိုတော့ ပုံက ပျက်နေပြီ… ဒါနဲ့ မတင်ဖြစ်တာလဲ ပါပါတယ်…

ကဲ… အပြောလေးတွေ လျှော့ပြီး… စားလိုက်ကြစို့… 🙂

 

ဆိုင်မှာ ဈေး အကြီးဆုံး က ၇၀ဝ ကျပ်ပဲ… ခေါက်ဆွဲသုပ် တို့ ဘာတို့လိုက ၃၀ဝ ကျပ်… အကြော်စုံသုပ် တို့ ပုဇွန်ခွက်ကြော်သုပ်တို့က ၇၀ဝ ကျပ်….

 

 

P1280264

ဒါလေးက ပုဇွန်ခွက်ကြော်သုပ် ဖို့ လုပ်ထားတဲ့ ဘယ်လိုပြောမလဲ အပုံပေါ့… အဲမှာမှ ခွက်နဲ့ ချင်ပြီး  သုပ်ပေးတာ… 🙂

P1280263

ဒါကတော့ ခုနက အကြော်အမှုန်တွေ နဲ့ ပုဇွန် အကောင်လိုက်ပါ ပါတဲ့ ပုံ… အပေါ်မှ တစွန်းတစ မြင်ရတာက ချင်တဲ့ ခွက်… 😀

P1280265

ဒါက အကြော်မစုံ တစုံ ၅၀ဝ ဖိုး… အောက်မှာ မန်းလေး ပဲကြော် တခု၊ ကြက်သွန်ကြော်က ပေါင်း ၂ ခု၊ ပဲကပ်ကြော်က တခု၊ ဘရာကြော်က ၂ခု…

ဘူးသီးကြော်ကျတော့ ပွဲလိုက်ရတာမို့ မထည့်ပေးလိုက်တော့တာ… ပြီးတော့ အကြော်စုံ သုပ်ကျတော့ … သွားယူတဲ့ အကြော်လောက်မများပဲ ဈေး များနေလို့ .. အခုလို ရွေး ဝယ်စားရတာ… 🙂

P1280266

ဒါက အချဉ်ရည်၊ ဆလပ်ပေါတဲ့ ရာသီဆို ဆလပ်ပါပါတယ်.. ခုတော့ ဂေါ်ဖီပဲ… အချဉ်ရည်ကတော့ မန်ကျည်းအနှစ် နဲ့ လုပ်ထားတာ အရမ်းကြိုက်ပါတယ်…

P1280267

ဒါက အကြော်စုံကို အဝေး ပုံ ထပ်ရိုက်ထားတာပါ…

P1280268

ဒါက ခေါက်ဆွဲသုပ် ၃၀ဝ ကျပ်… တန်ပါတယ်… ထမင်းဖြူ  ၂၀ဝ ကတော့ နည်းနည်းများလို့… ဗိုက်မ ဝ ရင် အသုပ်ပဲ ထပ်စားပါတယ်…

ချဉ်ငံစပ်လို့သာ ပြောလိုက်… အရမ်းကြီး မစပ် ပဲ… စားကောင်းပါတယ်… အစပ်အဟပ်တည့်လို့ မိန်းကလေးတွေ စားပြီးရင် စားချင်မှာ သေချာပါတယ်… 🙂

မှတ်ချက်.. နည်းနည်းတော့ နည်းတယ်… ဟီး…

P1280269

ဟင်းချိုပါ… ပြည်ပန်းညိုပါ… တော်တော်ကို ရှားတယ်လို့ ထင်မိပါတယ်.. တော်ရုံဆို ဂေါ်ဖီပြုတ်… ဒါမှမဟုတ်ရင် ပဲပင်ပေါက်ပြုတ် ဟင်းချို….

ခုကတော့ ပြည်ပန်းညို ဟင်းချိုပါ.. ဆားက မဖျက်ထားတော့ တော်တော်ကို ချိုပြီး သောက်ကောင်းပါတယ်… ပုံမှန် ၃ ခွက်တောင်းသောက်လို့ မှတ်မိနေပါတယ်.. ဟဲ…

P1280272

ဒါကတော့ ဒီဆိုင်ရဲ့ နာမည်ကျော် ပုဇွန်ခွက်ကြော်သုပ်ပါ… ဘေးက ရေနွေးကြမ်းကလဲ တကယ်ကို အပူ အနေတော်နဲ့ အဖန် အခါး မျှတ ပါပေတယ်…

အကြော်စုံ ဆိုသည့် အမျိုးက ထိုသို့ ရေနွေးကြမ်း နဲ့မှ သောက်ကောင်းပေတာကိုးဗျ…

 

ကဲ … ဒါဆိုရင်တော့ ဒီတပတ် သွားစားမယ် ဆိုင်လေးကတော့ ဗဟိုလမ်းမပေါ်က… ရှမ်းလမ်း ဆီဆိုင်မျက်စောင်းထိုး… က … ကောင်း အကြော်စုံ ဆိုင်လေးဖြစ်ပါတယ်…

ဖယ်ရီလေးနဲ့ သွားတော့ အဲဆိုင်တည့်တည့်မှာပဲ… ရပ်တော့ ကွက်တိပေါ့…

ထုံးစံအတိုင်းလေးပဲ မှာပါမယ်… ခေါက်ဆွဲသုပ် တပွဲ… ထမင်းဖြူ  တပွဲရယ်… အကြော်စုံကတော့ ကိုယ်ဘာသာ ရွေးလဲ ရတယ်ဗျ… ၅၀ဝ ဖိုးလောက် မဒမ်က သွားရွေးတယ်…

မကြာပါဘူး… မှာထားတာတွေ လာချတယ်…ပါလာတဲ့ ခွက်တွေ ပလုံးတွေကို နေရာချပြီးတာနဲ့ စားဖို့ စ ပြင်ပါပြိဗျာ…

အရင်ဆုံး ထမင်းပန်းကန်ကို သူ့ဘက်ထား အကြော်ပန်းကန်ကို  ကျွန်တော့်ဘက်ထား အချဉ်ပန်းကန်ကို အလယ်အပေါ်မှာထား… ခေါက်ဆွဲသုပ်ကို အလယ်မှာထားလိုက်ပါတယ်…

မဒမ်က ပဲကပ်ကြော်လေးကို ဖဲ့ ဦးချပါတယ်.. ဒါနဲ့ အချဉ်လေးကို တို့ ပါးစပ်ထဲ ခဏ ထည့် ဝါးရင်း ထမင်းကို တဇွန်း ထည့် စားလိုက်ပါတယ်… တော်တော်ကို အဆင်ပြေပါတယ်…

အကြော်က ဘယ်လို ကြော်လဲ မသိဘူး.. ကြွပ်နေတုန်းပဲ ဗျ… ဂျလွတ် ဂျလွတ် ၂ ချက်ပဲ မြည်ပြီး ထမင်းရောသွားပါတယ်… အဲအချိန်မှာပဲ အချဉ်ရည်ရဲ့ တော်သင့်မျှတတဲ့ အရသာက လျှာကို လာထိပါတယ်…

ပုံမှန်ဆို အရည်ဆမ်းစား မဟုတ်ရင် ဟင်းအနှစ်မပါရင် မစားတတ်သူကြီး… မငြီးပါဘူး… စားကောင်းနေပါတယ်… ဟင်းချိုလေးကိုလဲ တဇွန်း ခပ်သောက်… ရှလွတ်… ထိုလောက် အသံမမြည်ပါ…

နည်းနည်း ပူတော့ ဖူး…   ပြီးမှ  ရွှတ်   ဆိုပြီး သောက်လိုက်တာပါ… အာ.. တော်တော် နေသာထိုင်သာရှိသွားတယ်… ဓာတ်ပုံ ရိုက်နေတုန်း ဗိုက်က ကကြုတ် ကကြုတ် မြည်နေတာ…

မဒမ်ကလဲ စိတ်မရှည်ချင်ဘူးလေ… မကြိုက်မချင်းရိုက်နေတာကိုး… 🙂 ရုံးကလာကတည်းက အူ လိမ့်နေတဲ့ စုံတွဲ…

ကိုယ်စားတော့ သူ့ကို လဲ ကြည့်လိုက်တယ်… ရှေးနည်းမဆွပဲ… ပြီးတော့ တယောက်မျက်နှာ တယောက်ကြည့်ပြီး.. ကျွန်တော်က ခေါက်ဆွဲသုပ်ကို သူ့ကို ပြန်ဦးချလိုက်ပါတယ်…

ပြီးတာနဲ့ ဝါးတူလေးနဲ့ ရှလွတ်ဆိုပြီး ဆွဲစားပါတယ်… မသီးအောင် ဂရုစိုက်ရသေးတယ်… ငရုတ်သီး အစပ်နဲ့ သီးရင် မစားသာဘူး…

ပြီးတာ နဲ့ ထမင်းလေးကို ၁ ဇွန်း ၂ ဇွန်း ခပ်စားလိုက်ပါတယ်… ဒုတိယ အဇွန်းကတော့ အချဉ် နည်းနည်း ဆမ်းလိုက်တယ်… ခေါက်ဆွဲသုပ်နဲ့ အလုပ် ဝေးသွားတာကိုး…

ဟင်းချိုကို ရွှတ်ကနဲ ရွှတ်ကနဲ… ၂ ဇွန်း ၃ ဇွန်း  ခပ်သောက်လိုက်ပါတယ်… ချန်ရသေးတယ်ဗျ… မဒမ် အတွက်… ဟီး…

မဟုတ်ရင် အသုပ်က အရာ မရွင်းဘဲ ဟင်းချိုကုန်သွားမှာကိုး…  ဒါပေမဲ့ သူသောက်ပြီးတော့ ကုန်ပြိဗျ… ခွက်ကသေးတာလဲ ပါတယ်… သောက်ကောင်းအောင် သူတို့ချက်တာလဲ မှားတယ်… 😀

ဒီတော့ နောက်ထပ် ထပ်တောင်းလိုက်တယ်… ကြားထဲတော့ အဆက်မပြတ်အောင် ရေနွေးဌဲ့ ထားပြီး … သောက်လိုက် စားလိုက်ပေါ့…

အကြော်လေးတွေ စားလိုက်… ဂေါ်ဖီလေးတွေ တို့ လိုက်… ရေနွေးကြမ်းလေး သောက်လိုက်… ထမင်းတော့ အရင်ကုန်အောင် ဖြိုလိုက်တယ်… ဟင်းချို ထပ်တောင်းတယ်…

အကြော်လေးတွေ မကုန် တကုန်… ထမင်းလဲ အကုန်နားနီးမှာ…  မင်းသားကြီး ပုဇွန်ခွက်ကြော် သုပ်ကို မှာလိုက်တယ်… အစားပိတ်ပေါ့… 🙂

တကယ်ပါ… အကြော်စုံတွေ တွေ့ဖူးပေးမယ့် ပုဇွန်ခွက်ကြော်သုပ်က ရှားသလားလို့… ပြီးရင် ကြွပ်တာ… စားရတဲ့ အရသာ အကုန် အဆင်ပြေမှ ဗျ…

ဒါကို ဟင်းချို မကောင်းရင် လဲ သိပ်မထူးဘူးရယ်… အခုကတော့ အားလုံး ကွက်တိပဲ… ထမင်းတို့ ခေါက်ဆွဲသုပ်တို့ အကြော်စုံမှာလဲ ဘယာကြော်လောက်ပဲ ကျန်တဲ့ အချိန် ပုဇွန်ခွက်ကြော်သုပ် ရောက်လာပါတယ်..

ဟင်းချိုကိုလဲ နောက်ဆုံး အကြိမ် ထပ်တောင်းပါတယ်… ရေနွေးလဲ ထပ်ထည့်ခိုင်းပြီး… တဖြည်းဖြည်းချင်း မျှင်းပြီး စားပါတော့တယ်… ရေနွေး တကျိုက် ကျိုက် လိုက်…

ဟင်းချိုကို လဲ မျက်နှာ မငယ်စေရ… နည်းနည်း ခပ်သောက်လောက်… အစ လိုလဲ ဗိုက်မဆာတော့ သလို… ထပ်တောင်းရင် လဲ ရိုက်လွှတ်တော့မှာကိုး…

အစ ပိုင်းတုန်းကတော့ မဒမ်လဲ ရှက်တော့ မသောက်ရဘူး… ပြန်ရင် မသောက်လိုက်ရလို့.. ကျွန်တော် ပွားတာ မခံနိုင်လို့… နောက် သူပါ အရေခွံထူလာတယ်…

အရှေ့ပိုင်း ကိုယ် ၂ လှည့် ဆို နောက်ဆုံး တခေါက် ဟင်းချို တောင်း တာ သူဖြစ်လာတယ်… ခိ… ဖူး…. ဟူး… တကယ်ကို အဲလို အသံထွက်တာပါ…

ရေတွေ အကြော်တွေ အချဉ်တွေ ထမင်းတွေနဲ့ ဆိုတော့ ဗိုက်ပြည့်သွားပြိကိုး… ရင်ခေါင်းထိပါ ပြည့်သွားတာဗျ… ကဲ… ကဲ… ဆရာရေ ရှင်းမယ် ဆိုတော့…

အားလုံး ပေါင်းမှ ၁၅၀ဝ တဲ့ဗျာ… ၂ ယောက်ကို ရင်ခေါင်းထိ ပြည့်အောင် စား တာတောင်င်င်…. ဟဲ… တကယ်တော့ မထူးဆန်းတော့ ပါဘူး…

ရွှေဟသာင်္တဆို တခါစား ၂၅၀၀  ၃၀၀ဝ လောက်မှ ဗိုက်ပြည့်တာလေ… အခုတော့ ချွေတာရေးလဲ ပါတာပေါ့… အပြင်စားလဲ စား.. စရိတ်လဲ ကျဉ်းချင်ရင် တော့ ဒီဆိုင်လေးကို ကြွခဲ့ဖို့ ဖိတ်ကြားပါတယ်…

ကျွန်တော်တို့ လင်မယားနဲ့ တွေ့လို့ … ဂဇက်က ဘယ်သူ ဘယ်ဝါ ပါ ပြောရင် ရေနွေးကြမ်း နဲ့ တည်ခင်းပါ့မယ်… ဟဲ.. နောက်တာ… အကြော်စုံလေးနဲ့ ဧည့်ခံပါ့မယ်….လို့….

ပြောကြားရင်းးးးးးးးးးးးးး ဒီတပတ် သွားမယ်၊ ဝါးမယ်၊ မြိုမယ်၊ ဆို့မယ် ကဏ္ဍလေးက နှုတ်ဆက်လိုက်ပါတယ်…

နောက် ဘယ်အချိန်မှန်း မသိတဲ့ အချိန်မှာ တခေါက် ဆုံဦးမှာမို့ စောင့်မျှော် ကလော်တုတ် နပန်းကျင်းဖို့ အဆင်သင့်ပြင်ထားကြဖို့ ကြိုတင် တောင်းပန်ထားပါတယ်…. 🙂 🙂 🙂

39 comments

  • ကေဇီ

    October 15, 2014 at 2:27 pm

    ပလတ်စတစ် ပုလင်းးတွေ ထည့်ကြော်ရင်
    ပျော့ မသွားးပဲ ကြွပ်နေတုန်းးဆိုလားးး
    :a:
    နာ အရမ်းး ကြိုက်တဲ့ အစားးးအသောက်ဟ
    စားးးချင်တာ
    :a:

    • ခင် ခ

      October 15, 2014 at 2:32 pm

      ဟိုတလောက အဲဒီကိစ္စ ဟိုးလေးတကြော်ကြော်ဖြစ်လိုက်သေးတယ်နော်။
      ပလတ်စတစ်တွေနဲ့ အကြော်စုံဆိုပြီးတော့လေ။
      မန်းမှာတော့ ညနေခင်းဆို အကြော်ဆိုင်လေးတွေ စုံလို့ လဘက်ရည်ဆိုင်တွေမှာတောင် ရသဗျ။
      ပူပူလေးနဲ့ ကောင်းတယ်လို့။

      • Yae Myae Tha Ninn

        October 15, 2014 at 3:52 pm

        ကိုခ ရေ.. မန်းလေးကို လာလည်ဦးမှာနော်… အဲခါ ကျရင်တော့ ထွက်မပြေးနဲ့… ဟီး… 🙂

    • Yae Myae Tha Ninn

      October 15, 2014 at 3:50 pm

      တိုးတိုး အာလူးကြော်က အဲလိုလို့ နာမည်ကြီးသွားသေးတယ်… တကယ်တော့ တရက်တွင်း ပျော့မသွားအောင်က နည်းရှိမှာပါ… မွနေတာ ဗျ… ကြော်ထားတာက… မြန်မာပြည် ပြန်လာရင် လိုက်ကျွေးမယ်လေ… မိန်းမနဲ့ လဲ မိတ်ဆက်ပေးမယ်.. 🙂

  • kyeemite

    October 15, 2014 at 2:34 pm

    .ကိုထွဋ်ရဲ့ ဒီတပတ် သွားမယ်၊ ဝါးမယ်၊ မြိုမယ်၊ ဆို့မယ် ကဏ္ဍလေးကြိုက်သဗျို့
    .အိမ်မှာထမင်းနဲ့ဟင်းချည်းစားနေရတာ တစ်ခါတလေအဲ့လိုလေးစားရတာမိန်တယ်ဗျ
    .ခင်ဗျားတင်ပြပုံလေးကလည်းသွက်တော့ ဖတ်ရင်း ပါးစပ်ပါလှုပ်လာတယ်…
    .ကျုပ်တို့ဆင်ရေတွင်းထိပ်မှာလည်းရှိပါ့..လဘက်ထမင်းနယ်တို့ လဘက်သုပ်နဲ့ထမင်းဖြူတို့ရောင်းနေတဲ့ဆိုင်
    .ညနေညနေဆို လူတွေတိုးကြိတ်လို့… :))

    • Yae Myae Tha Ninn

      October 15, 2014 at 3:55 pm

      ကျွန်တော်တို့နဲ့ ပြောင်းပြန်ပေါ့… ဦးကြီးမိုက်က… အခုဆို အိမ်မှာ တလှည့်စားဖို့ ခြေဦးလှည့်နေတယ်.. အပြင်စာကလဲ ဝေးဝေး မသွားနိုင်ဘူး.. ပြန်ရင် ဟင်းချက်ရသေးတာကိုး… ဒါတွေပဲ စားတော့ ပျင်းလာပြီဗျ… 🙂

  • တောင်ပေါ်သား

    October 15, 2014 at 2:48 pm

    ပုဇွန်ခွက်ကြော်တော့ ကြိုက်တယ် ၊

    ဒါပေမယ့် လူက စမ်းချောင်းဘက် ဦးမလှည့်နိူင်တာ ခက်တယ်ဗျာ ၊

  • Yae Myae Tha Ninn

    October 15, 2014 at 3:57 pm

    ဟုတ်တယ်ဗျ… ကြိုက်တယ်… ဒါပေမဲ့ အဲလိုဆိုင် သိပ်မရှိသလားပဲ… ရောင်းလဲ စားအားမရှိရင် ရှုံးမှာစိုးလို့.. အစားများတာပဲ ကြော်ကြတော့တယ်… ကိုတောင်ပေါ်သားရေ… 😀

  • မ " တတ် ပါ့ "

    October 15, 2014 at 4:40 pm

    ဗိုက်ဆာနေတဲ့အချိန်ဆိုတော့ ကြည့်ရင်းသာသွားရည်ယိုလိုက်ရပါတော့တယ်…။

  • Yae Myae Tha Ninn

    October 15, 2014 at 4:42 pm

    လာခဲ့ပါ… မ တတ်ပါ့ ရယ်… ကျွေးပါတယ်ဗျ… ဒီနေ့တော့ ဟုတ်ဘူး.. နော်… ဒီနေ့ ဂွဈေးက ပသျှူး ထမင်းကြော်နဲ့ ညဈေးက မြောင်းမြ သိဂီင်္စန်းမှာ မုန့်ဟင်းခါး စားမှာ… 🙂

  • မြစပဲရိုး

    October 15, 2014 at 5:31 pm

    ပုဇွန်ခွက်ကြော် ဆို အရင်က တက္ကသိုလ် ဓမ္မာရုံရှေ့ နဲ့ ဘီအီးဒီ ကန်တင်း က နာမည်ကြီး ပေါ့။
    မင်း ရဲ့ အသုတ်နဲ့ အကြော် တွေ မြင်ပြီး စားချင်လာပြီ။
    အတော်အရေးကောင်းဟဲ့။ :))

    • Yae Myae Tha Ninn

      October 16, 2014 at 8:58 am

      ဟုတ်… အရီး… အရေးကောင်းတာ ဟုတ်ဘူး… စားတုန်းက သေချာ မှတ်ပြီး.. စားတာ.. ဒါကို ပြန်ပြီး ချရေးတာ… 🙂

  • Mr. MarGa

    October 15, 2014 at 6:00 pm

    ပုံကို အမှတ်လျှော့တယ်ဗျာ
    (ကြံ ဖန် လျှော့ထားတာ)
    ပုံက အစာ စားချင်စိတ်ကို ဆွဲဆောင်ဖို့ နည်းနည်း လိုသေးတယ်
    အဲ့လာ အဲ့လာ

    • မြစပဲရိုး

      October 15, 2014 at 6:14 pm

      အရီး ကတော့ သူ့ပုံထဲ ကလောက်တောင် အဖြစ်မရှိ သူမို့ မြင်ရုံ နဲ့ သွားရည်ကျ လို့။
      ဖိုးသိကြား ကတော့ ဟင်းချက်ကောင်း အပြင်အဆင်ကောင်း ကို လက်ဝယ် ပိုင်ထားတယ်လား။ (အစ်ကြည့် ခြင်း) lol:-))

      • Mr. MarGa

        October 15, 2014 at 6:45 pm

        အရီးရဲ့
        ဖဘမှာ ကျောက်စ်+နှင်း မောင်နှံက ချက်သမျှဟင်းတွေကို ဒါ့ပုံ ရိုက်ရိုက်တင်ပြီး နှိပ်စက် (အဲလေ) မျှဝေတာမို့
        အဲ့ပုံတွေ မျက်စိထဲ စွဲနေလို့ပါ ဗျာ :mrgreenn:

      • Yae Myae Tha Ninn

        October 16, 2014 at 9:21 am

        အရီး… ဘူလဲ ပြောပြပါလား… တချို့ ဇာတ်လမ်းတွေဆို မသိရဘူး.. သူများပြောမှ ကြားရတာ.. 🙂

    • Yae Myae Tha Ninn

      October 16, 2014 at 8:59 am

      အော်… ဖိုးသကြားရယ်.. ဒါတောင် မနည်း ရိုက်ရတာ.. မဒမ်က ဗိုက်ဆာနေပြီလေ… 🙂

  • ဂျက်စပဲရိုး

    October 15, 2014 at 6:45 pm

    ပုစွန်ခွက်ကြော် မန်းလေးပဲကြော် ပဲကပ်ကြော် ဗယာကြော် တွေ အားကြီး စားချင်
    အသုပ်တွေကိုကတော့ ကျနော်က ဟင်းသီးဟင်းရွက်၊ အသီး အနှံ မစား တော့ တယ် ရင်ထဲ မထိ
    (ဒါတောင် ခေါက်ဆွဲသုပ် ချဉ်ငန်စပ် ဆိုတာလေး သွားရည် ယို သွားသေးတယ်)

    • Yae Myae Tha Ninn

      October 16, 2014 at 9:00 am

      ရတယ်.. ဂျက်.. အဲနေ့က လာစားတဲ့ သူတွေမှာ အရွက်မပါဘဲ သုပ်ခိုင်းတာ … ရတယ်… လာခဲ့လေ… လာရင် လိုက်ကျွေးမယ် အဲကိုပါ… တရက်အနေနဲ့လေ… 🙂

  • ဆုမြတ်မိုး

    October 16, 2014 at 7:46 am

    စားချင်စရာ….စာရေးကလည်းကောင်းတော့ သွားရည်တွေအတောင့်လိုက်ကျကုန်ပြီ း(

    • Yae Myae Tha Ninn

      October 16, 2014 at 9:02 am

      လာခဲ့ပါ… ဆုမြတ်မိုး… ဖိတ်ခေါ်ပါတယ်.. ရောက်ရင် ကျွေးပါ့မယ်ဗျ… 🙂

  • လာစီဖူ

    October 16, 2014 at 8:30 am

    အိမ်နဲ့နီးတယ် ရန်ကုန်ပြန်ရောက်ရင် သွားဆွဲအုံးမယ် …
    မတော်တဆ ကင်းစုံတွဲနဲ့ဆုံဖြစ်ရင် စာပါset အတိုင်း ဧည့်ခံမှ ကျေနပ်မယ်.. ဒါဗြဲ.. 🙂

  • အလင်းဆက်

    October 16, 2014 at 9:11 am

    အဟမ်းးးး
    ကိုယ်တော် ရေမြေ့
    ဒီဆိုင်တွေ ဟိုဆိုင်တွေ လျှောက်သွား စားပြီး
    ရိုက်တင်ပြဖို့အတွက်တော့
    တဂျီးက စပွန်ဆာ မပေးလောက်ဘူး။
    မျှော်မနေနဲ့။
    အကြံတခု ပေးရ ရင် . . .
    ဒီလိုဆိုင်တွေ သွားပြီး
    ဒါမျိုးတွေ အကုန်အကျခံတင်ပေး ရေးပြပေးရတဲ့အတွက်
    စပွန်ဆာ တောင်းရမှာက အဲ့ဒီဆိုင်တွေကိုပဲဗျ။

    ကိုရေမြေ့ တင်ပြလိုက်လို့ အဲ့ဆိုင်တွေကို ကြော်ငြာပေးသလိုဖြစ်ပြီး လူသိပိုများသွားတာလေ
    ဒီတော့
    အဲ့ဆိုင်တွေက ပေးသင့်တယ် ထင်တယ်။

    :k:

    အကြော်တွေ အသုပ်တွေတော့ သိပ်မကြိုက်။

    စကားစပ်ပြီးပြောရရင်
    ကရင်ပြည်နယ်ထဲမှာ စားခဲ့ရတဲ့ ယိုးဒယားသင်္ဘောသီးထောင်းလေးကို သတိရလိုက်တာ
    ရှလွတ်။

    အင်းးးးး စက်ဝိုင်း လေးကွက်ထဲမှာ ဘယ်အကွက်ထဲရောက်နေပြီလဲ

    :kwi:

    • Yae Myae Tha Ninn

      October 16, 2014 at 9:25 am

      သိသားပဲ.. ဆက်ဆက်ရယ်… မပေးမှန်း… ဆိုင်တွေကလဲ ပေးမယ် ဝေးသေး… ဓာတ်ပုံရိုက်တာတောင် သိပ်မကြိုက်ချင်ဘူး… မနည်းရှင်းပြရတယ်… 🙂

  • Yae Myae Tha Ninn

    October 16, 2014 at 9:12 am

    လာတာက လာပါ.. လာစီဖူရဲ့… ဧည့်လဲ ခံပါတယ်… ဒါပေမဲ့ ကင်း စုံတွဲဆိုတာက ဘာလဲ… 🙂

    • လာစီဖူ

      October 16, 2014 at 11:27 am

      ဘယ်နှတန်းကမြန်မာစာမှာလား သမိုင်းမှာလားမသိ သင်ဖူးတယ်လေ  “…ရေမြေ့သနင်း ပြည့်ရှင်မင်းအားလည်းကောင်း…” ဆိုပြီး… ရေမြေ့သနင်းဆိုရှည်လို့ အတိုကြိုက်ပြီး king လို့ခေါ်တာဗျိုး… 🙁

      • Yae Myae Tha Ninn

        October 16, 2014 at 11:43 am

        ဟီး… သိပါဘူး… ကင်းကင်းရှင်းရှင်း နေစေချင်လို့… ကင်းခိုင်းတာလားလို့… 🙂
        ချောတီးနော်… ချောတီး… 😀 လူစီဖာရေ…

  • manawphyulay

    October 16, 2014 at 10:05 am

    အဲဒီနားကို တစ်ခါတလေ ရောက်ပေမယ့် တစ်ခါမှ မစားဖူးသေးဘူး။ ဒီတစ်ခါတော့ ရောက်အောင်ကို ကောင်းအကြော်ဆိုင်ကို သွားမယ်။ဆိုင်နာမည်ကိုလည်း မှတ်လည်း မှတ်ထားလိုက်ပြီ။

    • Yae Myae Tha Ninn

      October 16, 2014 at 10:18 am

      ဟုတ်.. လာမယ်ဆို.. ကြိုပြော… ငါတို့လမ်းက လူတွေပြတ်တယ်… အာ.. သီချင်းတွေ မှားဆိုကုန်ပြီ… 🙂
      ဖုန်းကြိုဆက်လိုက်လေ… ရှောင်လို့ ရအောင်… ဟီး… ၁ ပတ် ၁ ရက်တော့ ကလန်ဒါကျတယ်ဗျ… လာခဲ့ပါ.. ဧည့်ခံပါ့မယ်.. မနောရေ… 🙂 မဒမ်ကိုလဲ ကြွားရတာပေါ့… 🙂

  • ဦးကျောက်ခဲ

    October 16, 2014 at 11:55 am

    အကြော်စုံသုပ်ထဲမှာ အကြိုက်ဆုံးက ပုဇွန်ခွက်ကြော်နဲ့ ပုဇွန်စာရွက်ကြော်…
    ငယ်ငယ်တုန်းက ၃၈လမ်း အလယ်ဘလောက်က တရုတ်မညီအမလက်ရာနဲ့…
    ဗဟန်း ဝင်္ကပါလမ်း ကန်တော်ကြီးဘက်ထိပ်ကဆိုင်တွေမှာ ခြေရာချင်းထပ်ပေါ့…
    အခုများ ဆီကြော်ကြောက်လို့ရှောင် ၊ ကောင်းတာလည်းမတွေ့လို့ မစားရတာကြာပေါ့…
    လမ်းကြုံရင် မြည်းစမ်းချင်ပါရဲ့ … အခုတော့ ကျလုသွားရည်ကို သိမ်းသွားပါကြောင်း…
    :k:

    • Yae Myae Tha Ninn

      October 16, 2014 at 12:20 pm

      ဟုတ်… ဦးကျောက်… ကျွန်တော်က အကြော်ဆို တော်တော်များများ ကြိုက်တယ်… ပြောင်းဖူးကြော်ရယ်… ဘယာကြော်ကို အရွက်စုံနဲ့ ကြော်တာတို့…. ဌက်ပျောကြော်ကို ပူပူလောလောလေးတို့… အရမ်းကြိုက်ပါ ခင်ဗျာ… လာမန့်တာ ကျေးဇူးဗျာ… 🙂

  • ဦးကြောင်ကြီး

    October 16, 2014 at 12:01 pm

    အကြော်စုံ
    ဂဒေါ်ပုံ
    မညှော်ယုံ
    ကျနော်ဖြုံ..

  • Yae Myae Tha Ninn

    October 16, 2014 at 12:21 pm

    ဦးကြောင်လဲ လာမန့်တာပဲ… ဟီး… လူစုံတက်စုံဆိုတော့ နောက်တဆိုင် တင်ဖို့ အားရှိသွားပြီဗျာ… 🙂

  • Ma Ma

    October 17, 2014 at 8:02 pm

    အဲဒီနားကဖြတ်သွားရင်းနဲ့ အဲဒီအကြော်ဆိုင်ကိုတွေ့တယ်။
    အစုံရှိမှန်းမသိလို့ မစားဖြစ်ဘူး။
    မနက်ဖန်သွားစားမယ်။
    ကျေးဇူးးးးး 🙂

  • Yae Myae Tha Ninn

    October 18, 2014 at 8:46 am

    အစုံဆိုပေမယ့်… ဘူးသီး ငါးပေါင်းကြော်တော့ မရှိဘူးဗျ… ဘယာကြော်ကလဲ အရွက်စုံ နဲ့ မဟုတ်ဘူးဗျ… သို့သော် ကောင်းပါတယ်… လက်ရှိတော့ အဲနားမှာ… 🙂

  • kyeemite

    October 18, 2014 at 11:00 am

    .ဟိုးအပေါ်က ဘွားဒေါ်ဂျီး အရီးမုတ်ဆိတ်ပြောတဲ့ တက္ကသိုလ် ဓမ္မာရုံရှေ့ နဲ့ ဘီအီးဒီ ကန်တင်း က
    .ပုဇွန်ခွက်ကြော် စားဖူးတယ်…သတိရတယ်ဗျာ…ရှလွတ် :))

  • Yae Myae Tha Ninn

    October 18, 2014 at 11:05 am

    တားတို့က မှီဘူးလေ… ဦးကြီးမိုက်ရယ်… အဲအကြောင်းလေးလဲ ပြောပြ .. ညနေရောက်ရင်… 🙂

  • padonmar

    October 18, 2014 at 8:17 pm

    ကြိုက်တယ်။ အရေးရော၊အစားရော။
    အန်တီမမကို လိုက်ကြွေးခိုင်းမယ်။

  • Yae Myae Tha Ninn

    November 4, 2014 at 12:23 pm

    ဆောရီး.. အန်ဒီဒုံ… ကျွန်တော်လဲ စာကြမ်းပိုးက ရွေးထားလို့ ပြန်ဖတ်ကြည့်မှ တွေ့တာ.. Reply မပြန်မိတာ ဆောရီးပါနော်… 🙂

Leave a Reply