Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရူပါလန်းဆေး နဲ့ စူပါဆန်းဒေး…

ကုိ ထြဋ္October 20, 20142min99324

ရေတွေက မသန့်ဘူး ညီလေး

အနည်တွေပါတယ်

ကိုယ်တို့ အရက်သောက်ကြမယ်…

အရက်ဆိုတာ ပိုးသတ်ထားတဲ့ အရည်တမျိုးပဲ

သူ့အရောင်အဆင်းက

Sexy အရမ်းကျတယ် ပြီးတော့

သူ့ထုပ်ပိုးမှူတိုင်းမှာ

ဂုဏ်သိက္ခာကြီးတယ်…

သူ့အနံ့အသက်က

သစ်မွှေးဆီတွေကနေ

ချက်လုပ်ထားခဲ့တာဆိုတော့

တခါရပြီးတိုင်း နောက်တခါ တမ်းတမိနေတယ်…

ဟန်ဆောင်မှုတွေကိုလည်း

သူက ချွတ်ချပေးတယ်

အဲဒါကြောင့် မရိုးသားတဲ့သူတွေ

မသောက်ရဲတဲ့ သစ္စာရေတမျိုးပဲ…

နောက်တနေ့ ဘာဖြစ်မယ်ကြိုမသိရတဲ့

လောကကြီးအတွက် ခွန်အားသစ်မွေးပြီး

သွေးသစ်တွေ လောင်းပေးတဲ့ အားဆေးဆိုလဲ မမှားဘူး…

ခင်မင်မှုကို တံတားထိုး

ရင်ဘတ်ချင်းနီးစေပြီး အနုပညာ ဈာန်ကြွစေတဲ့

သိဒ္ဓိပေါက်တန်ခိုး တမျိုးပဲ…

ဒါကြောင့် အရက်က သိပ်ကောင်းတယ် ညီလေး

တချို့လူတွေနဲ့ မတန်ပါဘူး….

– ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ ဦးကြီးမိုက်ကဗျာကို ဂုဏ်ပြုပြီး… ပြီးခဲ့သော စနေက တွေ့ဆုံပွဲ ကို  အမှတ်ရလျက် ထပ်မံတွေ့ရှိသည်များကို ဖြည့်စွက်ပြီး တင်ပြလိုက်ပါတယ်… 🙂 🙂 🙂

24 comments

  • တောင်ပေါ်သား

    October 20, 2014 at 1:14 pm

    အိမ်မှာ သမီးငယ်က အဖေ ကျနော့်ကို အမိန့်ထုတ်ထားတယ် ၊

    စနေညနေကလွဲပြီး ကျန်တဲ့နေ့ အပြင်မှာ မသောက်ရ ၊

    ဂရင်းအပြာ ၃၄၀ဝ သူပေးတယ် ၊ လေးရက်စာ တဲ့ ၊

    အမြည်း သူလုပ်ပေးတယ် ၊ သူ့အဖေကို အတော်ချစ်ရှာတယ်ထင်ပါ့ ၊

    အဖေက ဘော်ဒါတွေနဲ့ထိုင်နေရင် တော်တော်နဲ့ အိမ်ပေါ်မတက်လို့ တဲ့ ၊ 🙂

    • Yae Myae Tha Ninn

      October 20, 2014 at 3:01 pm

      ကိုတောင်ပေါ်သားရေ… ဂရင်းအပြာက အဝင်ကောင်းတယ်ဗျ… ရွှေနဲ့ အမည်းကို စွန့်ပစ်ထားတာ ကြာပေါ့… ခုလက်ရှိတော့ ကျွန်တော်က High Class ပဲ… 🙂

      • တောင်ပေါ်သား

        October 20, 2014 at 3:09 pm

        ဟိုက်ကလပ်စ်ကော ရွုင်ရယ်လ်ကလပ်ကော သောက်ဖူးတယ် ၊

        ဘာလို့လည်းမသိ ၊ သိပ်မကြိုက် ၊

        အကြိုက်ဆုံးက ဟိုက်ကော်မရှင်နာ ၊ ဒါပေမယ့် အင်တွေကလည်း ဒု နဲ့ ဒေးဗျ ၊

        အရင်ရွှေပတ်ကလည်း ခုမစွံ ၊ ဆိုတော့ အပြာလေးပဲ မြဲနေသေးတယ် ၊

        • Yae Myae Tha Ninn

          October 20, 2014 at 3:42 pm

          High Class က ကန်တော့နော်… ရှူ း ရှူ း ပေါက်ရင် နံဘူး… ကံစမ်းမဲက ပုံမှန် ၂၀ဝ ၅၀ဝ ပေါက်တော့ နည်းနည်း တွက်ချေကိုက်တယ်… အပြာကတော့ ဈေး နည်းနည်း ပြင်းလို့… Royal Club ကတော့ ချိုတယ်.. ဘီလိုလဲ မသိ… ဟိ… အပြာလေး လမ်းကြုံရင် လာမော့လို့ ရလား ငင်… 🙂

  • မမချွိ

    October 20, 2014 at 1:55 pm

    ရူပါ လန်းတယ် ဘူပြောတုန်းးး
    သောက်ပါ များတဲ့ ရူပါတွေ လန်းတယ် မယ်??
    ဘယ်တုန်းကမှ မထင်စဖူးးးး

    :mrgreen:

    • Yae Myae Tha Ninn

      October 20, 2014 at 3:05 pm

      ကျွန်တော့်ကို မမြင်ဖူးလို့ပါ… အရင်က ပိန်ကပ်ကပ်နဲ့ ခုဆို စိုစိုပြေပြေလေး… 🙂

  • kyeemite

    October 20, 2014 at 2:29 pm

    .အရက်သမားတွေပြောလေ့ရှိတဲ့နောက်တဲပစကားတွေပါကေဇီရေ
    .ရူပါကတော့ ဖေါ၊ ချော၊ ပီးရင်ရှောတာပဲ ခိခိ :k:

  • Yae Myae Tha Ninn

    October 20, 2014 at 3:07 pm

    အာ… ဦးမိုက်ကလဲ… တကယ့် အမှန်စကားတွေကို ဘာလို့ လျှော့ပြောနေတာလဲ… 😀

  • မြစပဲရိုး

    October 20, 2014 at 3:23 pm

    မရိုးသားတဲ့ လူတွေ မသောက်ရဲ တာ အကြောင်း မဟုတ်
    ရိုးသားတဲ့ လူတွေ သောက်ပြီး မရိုးသားတဲ့ သူ အဖြစ် ပြောင်းသွားတာ ကတော့ ဝမ်းနည်းစရာဘဲ ကိုထွဋ်ရဲ့။

    • မမချွိ

      October 20, 2014 at 3:31 pm

      အဟီးးး
      မနေနိုင်လို့ တစ်ခု ဝင်ပြောလိုက်ပါဦးမယ်။
      အေးတယ် ဆိုတဲ့ လူတစ်ယောက် အရက်သောက်ပြီးမှ သွေးဆိုးရင် အဲဒီလူက တစ်ကယ်အေးတာမဟုတ်ဘူးးး
      လူတွေမှာ Hidden Charactor တွေက အရက်မူးမှ ပေါ်လာတာမျိုးရှိတယ် လို့ လက်ခံထားတယ်။
      တစ်ချို့က ရန်လိုတယ်။
      တစ်ချို့က ဘူးတယ်
      တစ်ချို့ က ရူးတယ်။
      တစ်ချို့က အရမ်းစကားများလာတယ်။
      တစ်ချို့က ငြိမ်သွားတယ်။
      သူတို့ စရိုက်မှန်ကို အရက်မူးတဲ့ အချိန်မှာ တွေ့ရတာပဲ။ စိတ်ဝင်စားစရာ ကောင်းတယ်။
      ညင်းညင်းညင်းးးး

      :re:

      • တောင်ပေါ်သား

        October 20, 2014 at 3:37 pm

        တားတားက များသွားရင် သီချင်းဆိုချင်လာတယ် ဟီး ဟီး 🙂

        • Yae Myae Tha Ninn

          October 20, 2014 at 3:53 pm

          ဒါဆိုရင် ကိုတောင်ပေါ်သားရေ… ကျွန်တော့ဆီ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်.. သောက်ရင်း ဆိုကြမယ်လေ… ဂီတာတီးပေးမယ်… 🙂

      • Yae Myae Tha Ninn

        October 20, 2014 at 3:52 pm

        ဒါတော့ ဟုတ်တယ်.. ဇီဇီ.. အရက်မူးရင် ကျွဲခိုးပေါ်တယ်တဲ့.. ဒါပေသိ လူတိုင်း ဟုတ်ဘူး.. ကျွန်တော်ကတော့ မူးလာရင် သီအိုရီတွေချ ပြ… မိဘကို သိတတ်ဖို့ ကလေးတွေဆို ဆုံးမ တတ်တာ အကျင့်ပဲ… 🙂

        • မမချွိ

          October 20, 2014 at 4:02 pm

          အေ့!!
          ကလေးတို့ လိမ်လိမ်မာမာနေ ကြားသလား (အေ့!!!)
          မိဘ စကား (အေ့!) နားထောင် ဟတ်လားး (အေ့!!)
          မိဘကို သိတတ် ကွ (အေ့!) ဟုတ်ပလားးး

          အမေ ကလည်းဗျာ (အေ့!!) အရက်ဖိုးလေး ထုတ်ပေးတာ (အေ့!!) ဂလောက် ကြာနေရသလား (အေ့!!)
          တွန့်တို ရန်ကောဗျာ (အေ့!)

          ~~~~~
          အဲလို ဆုံးမတာမျိုးမြန်းလားးး

          :k:

    • Yae Myae Tha Ninn

      October 20, 2014 at 3:44 pm

      ဟဲ… ဒါတော့ ဗီဇ ပေါ် မူတည်တာပဲ ဗျ.. အရီးရ.. အဲလို လူတွေပဲ.. အရက်ရဲ့ သိက္ခာချတာ … 😛

      • တောင်ပေါ်သား

        October 20, 2014 at 3:59 pm

        ကျုပ်က ပန်းနွယ်ကစိမ်း ဆိုချင်တာ ၊

        ခီညားက ဂစ်တာနဲ့ဆိုတော့ ဟုတ်သေးဘူးနော့ ၊ 🙂

        • Yae Myae Tha Ninn

          October 20, 2014 at 4:11 pm

          ရတယ်.. အခွေပဲ ယူခဲ့.. စက်ရော မိုက်ရော စပီကာရော… အားလုံး အဆင်သင့်ပဲ.. ကိုတောင်ပေါ်သားရေ… 🙂

  • kyeemite

    October 20, 2014 at 4:02 pm

    :re: အသစ်တွေ့လို့စမ်းကျိတာ

    • Yae Myae Tha Ninn

      October 20, 2014 at 4:14 pm

      ဘာကိုလဲ.. ဦးမိုက်.. apk အိုကေလို့လား… icon တွေ အသစ်ရတာလား… 🙂

  • Yae Myae Tha Ninn

    October 20, 2014 at 4:16 pm

    အဲလို မဟုတ်ပါဘူး.. ဇီဇီရယ်.. ဘယ်လောက်မူးမူးပါ… အသံ မပျက်ပါ… သီချင်းဆိုရင် လျှာခင်လေး ပွင့်သွားလို့… ပိုတောင် ကောင်းသေးတယ်.. 🙂

  • Mr. MarGa

    October 20, 2014 at 4:31 pm

    စနေနေ့က ဆုံတာ စူပါဆန်းဒေးနဲ့ ဘာ ဆိုင်သတုန်း :a:

  • Yae Myae Tha Ninn

    October 20, 2014 at 5:02 pm

    မနက်ဖြန်ဟာ စူပါ ဆန်းဒေး ဖြစ်လို့.. ဒီနေ့ အကွဲသောက်တာလေ… 🙂

  • အလင်းဆက်

    October 21, 2014 at 7:56 am

    ဟေ့လူ
    ခီညားရဲ့ကဂျာဂျီးဂ
    အယက်မူးနေတဲ့ကဂျာဂျီးဂျ
    ဂေ့ အေ့
    !!!!!!

    :k:

  • Yae Myae Tha Ninn

    October 21, 2014 at 8:37 am

    မဟုတ်ပါဘူး… ရင်ဘတ်က ပွင့်အန်ကျလာတာပါ… အောက်က ၂ ပိုဒ် ပြောပါတယ်… ကိုယ်မမူးတတ်တာ.. ဆက်ဆက် သိပါတယ်… 🙂

Leave a Reply