Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အောက်ကျမခံတော့ဘူး စည်ပင်ကိုပြောပြီးပဲ အလောင်းပြန်ဖော်မယ်တဲ့…

alinsettOctober 26, 20141min3839

 

ko par gye

 

 

 

 

 

 

 

 

မွန်ပြည်နယ်တွင် အစိုး ရတပ်နှင့် DKBA တို့ကြားတိုက်ပွဲ များကိုသတင်းသွားယူခဲ့သည့် အလွတ်တန်းသတင်းထောက်ကိုပါကြီး ( ခ ) ဦးအောင်နိုင်မှာ

အောက်တိုဘာ ၄ ရက်ကတည်းကကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ကွယ်လွန် ပြီး

တစ်လနီးပါးအကြာမှ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ သည်။
ကွယ်လွန်ကြောင်းသတင်းထုတ်ပြန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်သန္တာက

UNDP က ချီးမြှင့်သည့် ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးလှုပ်ရှားသူများအတွက်

ပေးအပ်သော N Peace ဆုကို ဘန်ကောက်မြို့တွင် လက်ခံရယူနေချိန်လည်းဖြစ်သည်။

ကိုပါကြီး(ခ) ကိုအောင်နိုင် သေဆုံးမှုနှင့်ပတ်သက်၍ ဘန် ကောက်မြို့၌ ဆုယူအပြီး

အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ သို့ပြန်လည်ရောက်ရှိလာသည့်

၎င်း၏ကျန်ရစ်သူဇနီး ဒီမိုုကရေစီ နှင့်ငြိမ်းချမ်းရေးအမျိုးသမီးကွန် ရက်မှ ဒေါ်သန္တာနှင့်တွေ့ဆုံမေး မြန်းမှုများကိုဖော်ပြအပ်ပါသည်။

ကိုပါကြီးကွယ်လွန်ကြောင်းမသိ ရမီက လူပျောက်တိုင်ဖြစ်တဲ့အထိဖြစ်လာတဲ့အခြေအနေကို ရှင်းပြ ပါဦး။

သူ(ကိုပါကြီး)ပျောက်နေ တယ်လို့သတင်းတွေပါလာတော့ အောက်တိုဘာ ၁၈ ရက်မှာ

မော် လမြိုင်က မွန်အမျိုးသားပါတီနဲ့ ကျိုက်မရောကိုဆင်းသွားတယ်။

နယ်လုံဝန်ကြီးကတစ်ဆင့် ၂၀၈ တပ်ကဖမ်းသွားတယ်ဆိုတာသိ လို့ ၂၀၈ တပ်ကို ကျွန်မတို့က လိုက်တာ။ ၂၀၈ ရောက်တော့ တပ်က သူတို့ဗိုလ်ကြီးစန်းမင်း အောင်ဖမ်းတာပါ။

ဒါပေမဲ့ အခု တော့ ဘယ်မှာရှိလဲမသိဘူး။

ကျွန်တော့်အထက်မှာ အဆင့်တွေအများကြီးရှိတယ်လို့ပြန်ပြော တယ်။

နယ်လုံဝန်ကြီးကိုပြန်ပြော တော့ သူကလည်း သူသိတာ အကုန်ပဲလို့ပြောတယ်။

ဒီတော့ ကျိုက်မရောရဲစခန်းကိုသွားပြီး လူပျောက်သွားဖွင့်တယ်။

အမှု ဖွင့်ပြီးတော့ တိုင်းစစ်ဌာနချုပ်ကို ပြန်သွားတယ်။

စစ်ဆင်ရေး G1 နဲ့ သွားတွေ့တော့မရှိဘူး။

နေပြည် တော်သွားတယ်တဲ့။ နောက်ရက် ထပ်လာပါတဲ့။

နောက်ရက်ကျ တော့လည်း မလာသေးဘူးပြော တယ်။ ဒါကြောင့် သတင်းစာရှင်း လင်းပွဲလုပ်တာ။

ကိုပါကြီး သေဆုံးပြီလို့ သိပြီး နောက်ပိုင်းမှာ အစ်မရဲ့ဆန္ဒက ဘယ်လိုဖြစ်ချင်ပါသလဲ။

အလောင်းကိုပြန်ရချင် တယ်။ကျွန်မကတော့ လုပ်ထုံးလုပ်နည်း အတိုင်းပဲသွားမယ်။

သူတို့ဟာသူ တို့ ဥပဒေကိုလေးစားလိုက်နာ တာ၊ မလိုက်နာတာကတစ်ပိုင်း

ကျွန်မက သူတို့ဆီက အလောင်း ပြန်တောင်းရအောင် သူတို့က ခိုး ပြီးမြှုပ်တယ်။

ကျွန်မတို့ပြည်သူ တစ်ယောက်အနေနဲ့ Procedure အရ လူမြှုပ်နှံတာဟာ စည်ပင်နဲ့ ဆိုင်တယ်။

စည်ပင်နဲ့ပဲအလောင်း ဖော်မယ်။

သူတို့ပြောထားတဲ့နေ ရာက  ရွှေဝါချောင်ကျေးရွာ တောင်ဘက်မီတာ ၈၀ဝ အကွာ တဲ့။

အခု မွန်အမျိုးသားပါတီက တောက်လျှောက်ကူညီတယ်။

ကျိုက်မရော အင်န်အယ်လ်ဒီက လည်း တောက်လျှောက်ကူညီ တယ်။

သူတို့ပြောထားတဲ့နေရာ ကို ဒီလူတွေနဲ့ပဲကျွန်မသွားမယ်။

သူတို့ဘက်ကို  ကျွန်မထပ်ပြီး အောက်ကျမခံတော့ဘူး။

စည်ပင် ကိုပြောပြီးပဲ အလောင်းကိုဖော်မယ်။

သူတို့က မတရားသတ်တဲ့ သူ။ ဒါကြောင့်  သူတို့ဆီက အလောင်းကိုမတောင်းဘူး။

သူတို့ကိုမေးရမှာ အလောင်းဘယ်မှာမြှုပ်ထားလဲပဲ။

ကျန်တာ သူတို့နဲ့ကျွန်မ ဆွေးနွေးစရာမရှိတော့ ဘူး။

ဘာမှ ကျွန်မကိုလည်း ထောက်ပံ့စရာမလိုဘူး။

သူတို့ ထောက်ပံ့ကြေးငွေကိုလည်းတစ် ပြားမှ ကျွန်မ မယူဘူး။

ကျွန်မ မိသားစုကို သနားစရာလည်း မလိုဘူး (မျက်ရည်ကျလျက်)

တစ်ခုတော့ရှိတယ်။

သူ (ကိုပါကြီး)နဲ့အတူ ပါသွားတဲ့ ပစ္စည်းတွေ အကုန်ပြန်လိုချင် တယ်။

ဘာတစ်ခုမှ ကျွန်မ မထား ခဲ့နိုင်ဘူး။ အဲဒါကိုတော့ ကျွန်မ သူတို့ဆီက ပြန်တောင်းမယ်။

သူတို့ရိုက်လို့၊ သူတို့သေနတ်နဲ့ပစ် လို့ပျက်စီးနေပါစေ အဲဒီအဝတ် အစားကအစပြန်လိုချင်တယ်။

သူ့မှတ်ပုံတင်ပြန်ပေး။ သူ့ပိုက်ဆံ ဆိုလည်း တစ်ကျပ်တစ်ပြားက အစ အကုန်ပြန်ပေး။

ဒီည (အောက်တိုဘာ ၂၅)ကို မနော် (ဒေါ်နော်အုန်းလှ)နဲ့ မော်လမြိုင် ကိုသွားမယ်။

သွားလေသူအတွက် ရက်လည် တွေဘာတွေကိစ္စကိုကော ဘယ်လိုများစီစဉ်မှာပါလဲ

ကျွန်မဒါကိုလက်မခံနိုင် သေးဘူး။

ကျွန်မလက်ထဲကို အ လောင်းမရမချင်း ကျွန်မဘာမှ မလုပ်ချင်ဘူး။

ကျွန်မ မော်လမြိုင် ကပြန်လာမှ  လုပ်ရင်လည်း လ လည်ပဲဖြစ်ဖြစ် လုပ်မယ်။

သူတို့ဘက်က ကျွန်မကိုတောင်းပန်ချင် ရင် ကျွန်မတစ်ယောက်တည်းကို လာမတောင်းပန်နဲ့။

တစ်နိုင်ငံလုံး ကိုတောင်းပန်လိုက်။ တစ်နိုင်ငံ လုံးကိုသူတို့လိမ်တာ။

အကျဉ်း သားတစ်ယောက်ကို ဒီလိုမျိုးလုပ် ခွင့်ရှိလား။

ကာယကံရှင်က မကျေနပ်လို့တိုင် ရင်

တပ်တွင်းထုံးစံအရ စုံစမ်းစစ် ဆေးရေးခုံရုံးဖွဲ့စစ်ဆေးပေးနိုင် တယ်လို့ အစိုးရဘက်ကပြော ကြားမှုရှိပါတယ်။

အဲဒီတော့ အစ်မအနေနဲ့ တပ်ဘက်ကိုထပ်ပြီးသီးသန့်တိုင်ကြားဖို့ရှိပါသလား။

ကျွန်မက ပြည်သူလေ။ ကျွန်မယောက်ျားကလည်းပြည် သူလေ။

ကျွန်မတို့ ပြည်သူ့အရပ် ဘက်က ခုံရုံးကိုပဲလိုချင်တယ်။

အရပ်ဘက်ဥပဒေကိုပဲလိုချင် တယ်။ သူတို့စစ်သားကျူးလွန်တာ က သူတို့အပိုင်း။

ကျွန်မအရပ် ဘက်ရုံးပဲတိုင်မှာပဲ။ ဒါက စစ်တပ် တွင်းမှာ စစ်သားချင်းဖြစ်တဲ့ရာဇ ဝတ်မှုမဟုတ်ဘူး။

အရပ်သားကို စစ်သားကသတ်တဲ့ရာဇဝတ်မှု။ အရပ်ဘက်ရုံးမှာပဲ တရားစွဲမယ်။

ကိုပါကြီးကို သတင်းထောက် မဟုတ်ဘူးတို့၊

လက်နက်ကိုင် အဖွဲ့ကပြန်ကြားရေးတာဝန်ခံလို့ ပြောကြတယ်။

နောက် ယူဂျီလို့ လည်းပြောကြတယ်။ ကိုပါကြီးက ဘယ်လိုတာဝန်တစ်ရပ်နဲ့ဆိုတာ အစ်မပြောပေးပါဦး။

အဲဒါကို ကျွန်မသတင်းစာ ရှင်းလင်းပွဲလုပ်ကတည်းက ခေါင်းထဲမှာမရှိဘူး။

ပွဲမှာကျွန်မပြောပြီး သား။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလိုက်နာရမယ်။

ကာ ကွယ်ရမယ်လို့ အထပ်ထပ်ပြော ထားတဲ့ကာကွယ်ရေးဦးစီးချုပ် အောက်က တပ်ရင်းတပ်ဖွဲ့တွေ က ဒီဥပဒေကိုချိုးဖောက်နေတာ ကို ကျွန်မအဓိကပြောတယ်။

၂၀၀၈ ဖွဲ့စည်းပုံထဲမှာ နိုင်ငံသား တစ်ယောက်ရဲ့အခွင့်အရေးဆို တာပါတယ်။

နိုင်ငံသားတစ် ယောက်ဟာ အဲဒီအစီအရင်နဲ့ ဥပဒေပညာရဲ့အကာအကွယ်ကို ဘယ်နိုင်ငံသားမဆို ရယူပိုင်ခွင့်ရှိ တယ်။ ကျွန်မက ကိုပါကြီးကို သတင်းထောက်ဆိုတာကိုလည်း လက်ကိုင်မထားဘူး။

ယူဂျီဆိုတာ ကိုလည်းလက်ကိုင်မထားဘူး။ မဖြေရှင်းဘူး။

ဒါဘယ်သူတွေဖြေ ရှင်းနေတာလဲ ကျွန်မ မသိဘူး။ စိတ်လည်းမဝင်စားဘူး။

ကျွန်မ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့် အရေး ချိုးဖောက်ခံရတာကိုပဲ ဦးတည်ပြီးပြောတယ်။

ဒါပေမဲ့ အခုဆို DKBA ကထုတ်ပြန်လိုက် ပြီ။

သူတို့မှာ ပြန်ကြားရေးဌာန လည်းမရှိဘူး။

အစိုးရနဲ့အပစ်ရပ် ကတည်းက သူတို့တပ်စာရင်း MPC မှာရှိပြီးသား။

အဲဒီစာရင်းက တပ်အရာရှိထဲမှာလည်း  သူ (ကိုပါကြီး)မပါဘူး။ ဒီတော့ ကျန် တာစဉ်းစားကြည့်ပေါ့။

 

အစ်မနဲ့ကိုပါကြီးတို့ နောက်ဆုံး အဆက်အသွယ်ရှိခဲ့တာက ဘယ် အချိန်ပါလဲ။

အဲဒီတုန်းက အစ်မကို သူဘာပြောသွားခဲ့ပါသလဲ။

 

ကျွန်မတို့နောက်ဆုံးဖုန်း ပြောခဲ့တာ စက်တင်ဘာ ၂၂ ရက် နေ့။

အဲဒီရက်က ပြင်ဦးလွင်မှာ ကျွန်မက အမျိုးသမီး အစည်း အဝေးတစ်ခုတက်နေတာ။ သူဖုန်းဆက်တယ်။

လူချင်းမတွေ့လိုက် ဘူး။

ရန်ကုန်မှာလုပ်တဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို သူသတင်းလာ ယူတယ်လို့ပြောတယ်။

နေပြည် တော်ကိုဆက်ပြီး သတင်းသွားယူ မယ်လို့ပြောတယ်။

နေပြည်တော် ကနေမှ သူပြန်မယ်လို့ပြောသွား တာ။

တပ်ဘက်ကထုတ်ပြန်ချက်မှာ အစ်မနဲ့ကိုပါကြီးတို့က ကွဲကွာနေ တယ်လို့ ထည့်ထားပါတယ်။

အဲဒါလေးနဲ့ပတ်သက်လို့ ရှင်းပြ ပေးပါဦး။

ကွဲကွာနေတာမဟုတ်ဘူး။ ကျွန်မတို့ခွဲနေတာ။

ကျွန်မတို့ရဲ့ စီးပွားရေး၊ စားဝတ်နေရေး၊ ကလေးတွေရဲ့ပညာရေးတွေ ကြောင့်ခွဲနေတာ။

မြန်မာထုံးတမ်း စဉ်လာအရ ဥပဒေဘယ်လိုရှိရှိ တရားဝင်လက်မှတ်ရေးထိုးပြီးကွဲ မှပဲ တရားဝင်တာလေ။

ကျွန်မတို့ တရားဝင်လက်မှတ်ထိုးပြီးကွဲ ထားတာမရှိဘူး။

 

အခု ကိုပါကြီးရဲ့ပြောက်ကျား အကျႌဝတ်ထားတဲ့ပုံတွေ အွန်လိုင်းမှာတွေ့ရပါတယ်။ ပြီးတော့သူနဲ့ ပတ်သက်တဲ့ သတင်းတွေကို လည်း အမျိုးမျိုးပြောကြားနေကြ ပါတယ်။ အဲဒါကို အစ်မဘယ်လို များတုံ့ပြန်လိုပါသလဲ။

 

၂၀၁ဝ ကတည်းက ပုံပါ။ အဲဒီအချိန်တုန်းက ကျွန်မထောင် ထဲမှာမို့ အသေးစိတ်တော့မသိ ဘူး။

လူတွေက အခုကျွန်မကို လှမ်းပြောမှသိရတာ။

၂၀၁ဝ တုန်းက မြဝတီမှာတိုက်ပွဲတွေ အကြီးအကျယ်ဖြစ်တုန်းက စစ် ဘေးဒုက္ခသည်စခန်းမှာ

သူတို့ ရောက်နေတုန်းက ရိုက်ထားတဲ့ပုံ။

အဲဒါကိုယူသုံးထားကြတာ။

အဲဒီ ဓာတ်ပုံထဲမှာပါတဲ့လူတွေလည်း ဖြေရှင်းကြပါလိမ့်မယ်။

ကျွန်မ ဘာမှပြောစရာမရှိဘူး။ တစ်ခုတော့ရှိတယ်။

အဲဒီဓာတ်ပုံကို အခုသူတို့ဘယ်ကယူပြီး ဘယ်လို သုံးနေတာလဲ။

ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ။ ဒါမူပိုင်ခွင့်ဥပဒေကို ချိုးဖောက်နေတာပဲ။

တကယ်တော့ ကျွန်မက ပူဆွေးသောက ရောက်နေတဲ့သူ။

သေသွားတဲ့ သူအတွက်ရော၊

ကျွန်မမိသားစုနဲ့သားသမီးတွေ အတွက်ရော လူသားချင်းစာနာတဲ့အတွေးမျိုး

ဘယ်သူမှမတွေးနိုင်ဘူးလား။

တကယ် ကျွန်မအံ့ဩတယ်။

(ငိုလျက်)

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

ကိုပါကြီး၏ ဇနီး ဒေါ်သန္တာ
ကိုပါကြီး၏ ဇနီး ဒေါ်သန္တာ

 

 

 

 

 

 

 

 

 

 

http://www.7daydaily.com/story/23623#.VEx0_FeI9Dg

 

အဲ့ဒီ လင့်ခ်ထဲ သွားဖတ်ရာကနေ…

ဖတ်စေချင်လို့.. .Share လုပ်ဖို့  ယူလာတာဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်ခင်ဗျ။

 

 

 

 

 

 

9 comments

  • အလင်းဆက်

    October 26, 2014 at 11:13 am

    ကိုပါကြီးသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုမည်
    By
    ထွန်းခိုင်၊ အေးသူစံ
    On
    Sat, 2014-10-25 06:02
    Issue No.
    No.542 Saturday, October 25, 2014
    http://www.7daydaily.com/story/23556#.VEx7rFeI9Dg

    ကိုပါကြီး(ခ)ကိုအောင်နိုင်သေ ဆုံးမှုအတွက် လုံလောက်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေး ရန် မြန်မာအစိုးရနှင့်တပ်မတော် သို့ တောင်းဆိုသွားမည်ဖြစ် ကြောင်း ၎င်း၏မိသားစုဝင်များ နှင့် လုပ်ဖော်ကိုင်ဖက်များက ပြောကြားလိုက်သည်။

    လွန်ခဲ့သော တစ်လနီးပါး ကတည်းက မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက် သွားခဲ့သည့် ကိုပါကြီးသည် အောက်တို ဘာ ၄ ရက်၌ မြန်မာ့တပ်မတော် ကင်းစောင့်စစ်သည်ထံမှ လက် နက်လုယူထွက်ပြေးရန်ကြိုးစား ၍ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံး သွားကြောင်း အောက်တိုဘာ ၂၄ ရက်စွဲဖြင့် မြန်မာ့တပ်မတော်၏ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီး နောက် ယင်းကဲ့သို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။

    ကိုပါကြီးသေဆုံးမှုနှင့်ပတ် သက်၍ မြန်မာ့တပ်မတော်နှင့် ကိုပါကြီး၏လုပ်ဖော်ကိုင်ဖက်များအကြား နှစ်ဖက်ပြောဆိုမှုများမှာ ရှုပ်ထွေးလျက်ရှိသည်။

    ကိုပါကြီးမှာ အလွတ်တန်း သတင်းထောက်ဟုတ်၊ မဟုတ် သက်ဆိုင်ရာသတင်းဌာနတစ်ခုခု က အတည်မပြုခဲ့သော်လည်း တ ရားဥပဒေဘောင်အတွင်းနေထိုင် လုပ်ကိုင်နေသူနိုင်ငံသားတစ်ဦး ကို ဖမ်းဆီးပြီးဥပဒေမဲ့ ရိုက်နှက် စစ်ဆေးခဲ့ခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်ဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦး မြင့်ကျော်ကပြောကြားသည်။

    ကိုပါကြီးမှာ ကျိုက်မရော တွင်ဖြစ်ပွားနေသည့်တပ်မတော် နှင့် DKBAတပ်တို့ တိုက်ပွဲများအ ကြားသတင်းဓာတ်ပုံများလိုက်လံ ရယူနေသည့်သတင်းထောက်ဖြစ် ပြီး သတင်းလိုက်ရန် စက်တင်ဘာ လကုန်ခန့်က ထွက်ခွာသွားကြောင်း ၎င်း၏ ဇနီးဒေါ်သန္တာက သတင်းစာရှင်းလင်းပွဲ၌ ပြော ကြားထားသည်။

    ၎င်း၏ဇနီးဖြစ်သူက အောက်တိုဘာ ၁၉ ရက်တွင် မွန်ပြည်နယ်ကျိုက်မရောရဲစခန်းသို့ ကိုပါကြီးပျောက်ဆုံးကြောင်း အမှုဖွင့်တိုင်ကြားခဲ့သည်။ ထို့နောက် လေးရက်အကြာတွင် မြန်မာ့တပ်မတော်က ကိုပါကြီး သေဆုံးသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

    မြန်မာ့တပ်မတော်၏ ထုတ်ပြန်ချက်တွင် ကိုပါကြီးသည် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သည့် KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံဗိုလ်ကြီးအဆင့်ရှိသူဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။

    ‘‘သူက ပြည်ပသတင်းဌာန တွေကို သတင်းအများဆုံးပို့တာ ဖြစ်တယ်။အရင်ဒေါ်အောင်ဆန်း စုကြည်ကို လုံခြုံရေးယူပေးတဲ့ သုံးရောင်ခြယ်အဖွဲ့က အဖွဲ့ဝင်လည်းဖြစ်တယ်။ တကယ်လို့ဗျာ သူက လက်နက်ကိုင်အဖွဲ့ဖြစ်ပါ စေဦး။ သုံ့ပန်းအဖြစ်ပဲ ဆက်ဆံရ မှာ။ သုံ့ပန်းကိုသေတဲ့အထိညှဉ်း ပန်းနှိပ်စက်တာ စစ်ရာဇဝတ်မှုပဲ။ သူ့ဇနီးက ကျိုက်မရောတိုင်းစစ် ဌာနချုပ်ကို သွားမေးတုန်းက နယ် လုံဝန်ကြီးဆီကိုလွှဲတယ်။ နယ်လုံ ကလည်း မသိဘူးပြောလို့ ကျိုက် မရောရဲစခန်းမှာအမှုဖွင့်တယ်။အဲ ဒီအထိ ဘာမှမပြောဘဲ ဒေါ်သန္တာ က သတင်းစာရှင်းလင်းပွဲလုပ်ပြီး မှ တပ်ဘက်ကကြေညာချက်ထွက် လာတယ်။ ဗိုလ်ကြီးစန်းမင်း အောင်ဆိုတဲ့လူက ဖမ်းခေါ်တယ် လို့ဝန်ခံထားတယ်။ အဲဒါ သူတို့ ရှင်းကိုရှင်းရတော့မယ်’’ဟု တရား လွှတ်တော်ရှေ့နေဦးရောဘတ် စန်းအောင်ကပြောကြားသည်။

    ကိုပါကြီး သေဆုံးမှုသည် မြန်မာနိုင်ငံသား တစ်ဦးအား မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ လက်လွတ်စပယ် ဆောင်ရွက်ခြင်း သည် တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိပါးစေကြောင်း ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကလည်းဝေဖန်လိုက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်လည်း တောင်းဆိုလိုက်သည်။

    ကိုပါကြီးဖမ်းဆီးခံခဲ့ရ ကြောင်းသတင်းများ ထွက်ပေါ်နေချိန်တွင်လည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်၊ ဂျီတော့နှင့် skype အစရှိသည့်အကောင့်များအားလုံး မကြာခဏအသုံးပြုနေသည့်ပုံစံမျိုး မြင်တွေ့နေရ ကြောင်း ၎င်း ၏ မိတ်ဆွေများက ပြောသည်။

    ကိုပါကြီးဖြစ်စဉ်နှင့် ပတ် သက်၍ ကာယကံရှင်မိသားစုမှ ကျေနပ်မှုမရှိ၍ တိုင်ကြားပါက တပ်မတော်၏ လုပ်ထုံးလုပ်နည်း အရ စုံစမ်းစစ်ဆေးရေးခုံရုံးတင် ၍ ထပ်မံစစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးဟောင်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောကြား သည်။

    ‘‘အောင်နိုင်(ခေါ်) ဦးပါကြီးဖြစ်စဉ်နဲ့ ပတ်သက်လို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က မိသားစုတွေကို ဆက်သွယ်ပြီး အခြေအနေရှင်းပြဖို့ စီစဉ်နေပါပြီ။ လတ်တလော သိထားတဲ့ဖြစ်စဉ်ကတော့ သူ့ကို ရှေ့တန်းခေါ်သွားပြီး လက်နက်ဖော်ထုတ်တဲ့အခါ သုံးလက်ရတယ်။ နောက်ညဘက်မှာ ထွက်ပြေးဖို့ ကြိုးပမ်းတဲ့အတွက် ပစ် ခတ်ဖမ်းဆီးခံရပြီး သေဆုံးသွားတယ်လို့ သိရတယ်’’ဟု ဦးရဲထွဋ် ကပြောကြားသည်။

    မြန်မာ့တပ်မတော်၏ ထုတ် ပြန်ချက်တွင် စက်တင်ဘာ ၂၆ ရက်၌ KKO အဖွဲ့သည် မြို့တွင်း လက်နက်ကိုင်ဆောင်ဝင်ရောက် ခြင်းမပြုရန် သွားရောက်ပြော ကြားခဲ့သည့် ကျိုက်မရောမြို့နယ် မြေခံတပ်နှင့် ရဲတပ်ဖွဲ့တို့ပါဝင် သည့် ပူးပေါင်းအဖွဲ့ကို KKO က ရုတ်ချည်းလက်နက်များချိန် ရွယ်ကာ ထိန်းသိမ်းခဲ့ကြောင်း၊ အဆိုပါ မြန်မာ့တပ်မတော်၏ ပူးပေါင်းအဖွဲ့ပြန်လည်မရောက် ရှိခဲ့သဖြင့် နောက်မှထပ်မံလိုက်ပါ သွားသည့် လုံခြုံရေးတပ်စိတ်တစ် စိတ်ကို KKO တို့က လက်နက် ငယ်များဖြင့် စတင်ပစ်ခတ်ပြီး ထပ်မံထိန်းသိမ်းခဲ့ကြောင်း ထုတ် ပြန်ခဲ့သည်။

    ထို့နောက် KKO အဖွဲ့သည် သိမ်းဆည်းထားသည့် လက်နက် များယူဆောင်ကာ ကျိုက်မရော မြို့ အရှေ့ဘက်အတ္ထရံမြစ်ကို ဖြတ်ကူးပြီး အရှေ့ဘက်သို့ ဆက် လက်ထွက်ခွာသွားကြောင်း မြန်မာ့တပ်မတော်က ထုတ်ပြန်ခဲ့ သည်။ နယ်မြေအတွင်း လက်နက် ကိုင်တပ်ဖွဲ့များအကြား စစ်ရေး တင်းမာနေချိန်တွင် မြို့၏စက် လှေဆိပ်များကိုအဝင်အထွက် စစ်ဆေးနေစဉ် စက်တင်ဘာ ၃ဝ ရက် နံနက်က စက်လှေတစ်စီး ပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များ ပေကျံနေသည့် ကိုပါကြီးကို မသင်္ကာသဖြင့် အမှတ်(၂၀၈) ခြေမြန်တပ်ရင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    ကိုပါကြီးအား နယ်မြေခံအမှတ် (၂၀၈) ခြေမြန်တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးရာ ၎င်းသည်KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံဗိုလ်ကြီးအဆင့်ရှိ အောင်နိုင်ဖြစ်ကြောင်း၊ ကျိုက်မရောဖြစ်စဉ်တွင် ပါဝင်သော စောဝင်းဇော်အဖွဲ့ကို ရွှေဝါချောင်ကျေးရွာတွင် စောဆန်းအောင်နှင့်အတူ သွားရောက်တွေ့ဆုံရန်ပူးပေါင်းခဲ့သူဖြစ်ကြောင်းလည်း မြန်မာ့တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။

    ကိုပါကြီးသည် ကျိုက်မရောဖြစ်စဉ်တွင် KKO စောဆန်းအောင်အဖွဲ့သိမ်းဆည်းသွားခဲ့သော လက်နက်များ အနက်အချို့ကို စက်တင်ဘာ ၂၈ ရက်တွင် ရွှေဝါချောင်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားပြီးနောက် အနီးတစ်ဝိုက်တွင်ဝှက်၍ အသီးသီးဆုတ်ခွာသွားကြောင်း ထွက်ဆိုခဲ့သည်ဟု မြန်မာ့တပ်မတော်က ထုတ်ပြန်ခဲ့သည်။

    ကိုပါကြီးကို KKO စောဆန်းအောင်အဖွဲ့အား ပိတ်ဆို့ရှင်းလင်းနေသည့် လှုပ်ရှားစစ်ကြောင်းသို့ အောက်တိုဘာ ၄ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ယင်းနေ့ညနေတွင် သိမ်းဆည်းခံမြန်မာ့တပ်မတော်၏ လက်နက်သုံးလက်ကို ရွှေ ဝါချောင်ကျေးရွာအနီးတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ရေးသားထား သည်။

    ယင်းနေ့ည ရ နာရီ ၄၅ မိနစ် တွင် ကိုပါကြီး(ခ)ကိုအောင်နိုင် သည် အပေ့ါသွားရန်အကြောင်း ပြပြီး ရုတ်တရက်ကင်းစောင့်နေ သည့် ကင်းစောင့်စစ်သည်ကို တိုက်ခိုက်ကာ လက်နက်လုယူထွက်ပြေးရန်ကြိုးစားခဲ့ကြောင်း၊ ကင်းစောင့်စစ်သည်က ပစ်ခတ် ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ် ရာဖြင့် အသေဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့တပ်မတော် က သတင်းထုတ်ပြန်ခဲ့သည်။

    ကိုပါကြီးသေဆုံးကြောင်း သတင်းထုတ်ပြန်ချိန်တွင် ဒေါ်သန္တာမှာ UNDP မှ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများကိုရွေးချယ်ချီးမြှင့်သည့် N Peace Award ငြိမ်းချမ်းရေးဆုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ လက်ခံရယူနေချိန်ဆုပေးပွဲအခမ်းအနားတွင် ကိုပါကြီး ကွယ်လွန်ခြင်းအတွက် တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ကြသည်။

  • ဦးကြောင်ကြီး

    October 26, 2014 at 11:22 am

    ခွင့်လွှတ်ဖို့ သင်ပုန်းချေဖို့ ဘွားဒေါ်ဂျီးက စလို့ ပြောနေဂျတာပဲဗျ… လက်တွေ့မှာတော့ မတရားမှုတွေ ရပ်တန့်ဖို့ဝေးစွ ထိထိရောက်ရောက် စီမံချက် အတားအဆီးတွေတောင် လုပ်မပြနိုင်။ အတိတ်ကို မေ့စေလိုလျင် ပစ္စုပန် ကောင်းမှ ရမှာပေါ့။ ပြောတော့ တောင်းဆိုသူကပဲ တင်းမာသူ ပဋိပက္ခလိုလားသူ ဖြစ်ရသေး… ကိုယ်နဲ့မဆိုင် နေခဲ့ဂျလို့ မြန်တျန့်ပြည် ကမာ္ဘ့အနိမ့်ပါးဆုံးနိုင်ငံဖြစ်ရ စစ်ကျွန်ဘဝ ခံနေရတာ မမေ့ဂျနဲ့.. လခွီး ငါသာဆို အသပ်ခြင်း လဲပစ်လိုက်မဲ။

  • မမချွိ

    October 26, 2014 at 11:39 am

    ပြောင်းးလဲ နေပြီ လို့ ပြောတာ
    သေနတ်ပြောင်းးလဲတာကို ပြောတာကိုးးးး

    ကာချုပ် တို့ ဥသေးးစိမ် ခေါင်းးပေါ် အင်အင်းးးတက်ပါတာ များးပြီ။
    ရှေ့က ပြောင်းးလဲပါပြီ ဒီမိုCrazy လို့ အချိုသတ်ဖို့ ကြိုးးစားးနေတုန်းးး
    နောက်က သတ်မဒေါ်က ဖြုတ်ထုတ်သတ်လို့ ဟုတ်နေရောပဲ…!!!

    😥

  • မမချွိ

    October 26, 2014 at 11:49 am

    And agree with U Kyaung..
    ———–

    The world is a dangerous place to live; not because of the people who are evil, but because of the people who don’t do anything about it.

    Albert Einstein

  • မွသဲ ( 17082011 )

    October 26, 2014 at 7:18 pm

    စိတ်မကောင်းဘူးဟယ်။ နောက်ပြန်သွားတော့မယ်ဆိုတာ တကယ်ထင်တာပဲဟယ်။ ရင်လေးပါဘိ

    • မြစပဲရိုး

      October 26, 2014 at 8:44 pm

      သူတို့ အဘ တွေ ရဲ့ လုပ်ငန်းတွေ တန့်ပြီး စည်းစိမ်ပျက်မှာ ကိုတော့ ကြောက်ကြမှာမို့
      အတင်းတော့ နောက်ပြန် မသွားရဲ ပါဘူး ထင်ပါတယ် မွသဲ ရေ။
      ပြည်သူအများစု အတွက် ကတော့ ဒါထက်ဆိုးတာ မရှိတော့ပါဘူး။
      သူတို့ အဘ တွေသာ။ ပြည်ပ က စီးပွါးရေး ပြန်ပိတ် လိုက်လို့ အားလုံး ဂန့် ကုန်မှာ။
      အခုတောင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ရဲ့ သား မင်္ဂလာဆောင် ဓာတ်ပုံ တွေ နဲ့ အချွေအရံများ ပုံ မြင်ပြီး ဘာကြောင့် ဒီ အာဏာ ကို စွန့်ရမှာ အသေကြောက် နေလဲ ပိုပိုသိလာတယ်။

      • အလင်းဆက်

        October 27, 2014 at 6:43 am

        ပြည်သူတွေ ပေးအပ်ထားတဲ့ ရာထူး
        အာဏာကို အသုံးချပြီး
        ပြည်သူ ့ကောင်းရာကောင်းကျိုး မလုပ်
        ပြည်သူကို အနှောက်အယှက် ဖြစ်အောင်လုပ်နေသေးရင်
        ဘာလို့များ သူတို့ကို ဒီရာထူး ဒီအာဏာ ဒီလုပ်ပိုင်ခွင့် ဆက်ပေးနေမလဲ ?
        သူတို့က လုပ်ပိုင်ခွင့်ကို အသုံးချပြီး
        ယုတ်ပိုင်ခွင့် ရှိသယောင်ယောင်တွေ ဖြစ်လာရင်
        ကနော်တို့ ပြည်သူတွေ ဘက်ကလည်း
        ရွေးချယ်ပိုင်ခွင့် ရှိရမယ်။
        လာစမ်းဟဲ့ ၂၀၁၅
        လာစမ်းဟဲ့ တရားမျှတပြီး လှည့်ဖျားကောက်ကျစ်မှုမပါသော ရွေးချယ်ပွဲ

        😆

  • kyeemite

    October 27, 2014 at 9:58 am

    .ကိုပါကြီးအမျိုးသမီးကလည်း တော်တော်ထက်သားပဲ…
    .ထွက်ပြေးလို့ပစ်ဖမ်းတယ်ထား….သေရင်တော့ ကာယကံရှင်တွေကိုအကြောင်းကြားရမှာပေါ့
    .ကိုပါကြီးလို မထင်ပေါ်ပဲ အဲ့လိုသေခဲ့ဖျောက်ဖျက်ခံခဲ့ရသူတွေမနဲဘူး…

  • Wow

    October 27, 2014 at 4:01 pm

    တော်တော်ယုတ်မာတဲ့စစ်တပ် 👿

Leave a Reply