Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆားလေး တပွင့်နှစ်ပွင့်

padonmarDecember 6, 20141min81334

ခုတလော ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း တရားတော်တွေ နာဖြစ်နေပါတယ်။

အပိုင်း ၅၅ မှာပါတဲ့ တရားလေးကို အလွန်သဘောကျမိပါတယ်။

ဆရာတော်လောင်းလျာ မောင်စိုးမင်း ငယ်စဉ်က ဘကြီးဖြစ်တဲ့ အိုးသူကြီးဘဘသောင်းနဲ့ အလှူ ထမင်းဟင်း လိုက်ချက်လေ့ရှိပါတယ်။

ဘဘသောင်းဟာ တရုတ်စာ၊ကုလားစာ၊ဗမာစာ စုံအောင်ချက်တတ်၊ဟင်းချက်အလွန်ကောင်းရုံသာမက မလေမလွင့်အောင်လည်း ချက်နိုင် စီမံနိုင်တယ်။ အလှူရှင်ရဲ့ စေတနာကိုလည်း အလွဲ သုံးစား ဘယ်တော့မှ မလုပ်တာကြောင့် အလှူရှင်တွေက အမြဲခေါ်ချက်ခိုင်းလေ့ရှိပါတယ်။

ဘဘသောင်းမှာ အဲသလို အရည်အချင်းကောင်းတွေရှိပေမယ့် အလှူလာစားတဲ့လူက ဒန်ပေါက်မစားလို့ ထမင်းဖြူလေးပေးပါဆိုရင် မစားနဲ့ ပြောလွှတ်တတ်ပါတယ်။

ဟင်းပေါ့လို့ ဆားလေး တပွင့်နှစ်ပွင့်ပေးပါဆိုရင် အဲဒီဟင်းခွက်ယူပြီး မြင်အောင် သွန်ပစ်တတ်ပါတယ်။

ဒါတွေကို မြင်ရတဲ့ ဆရာတော်လောင်းလေးက ထမင်းဖြူ ခိုးချက်ပေး၊ဆားဘူးလေး ဆောင်ထားပေးလုပ်ရပါတယ်။

သူ့ရင်ထဲမှာလည်း ငါသာ အိုးသူကြီးနေရာမှာ ဆိုရင် စားတဲ့သူတွေ စိတ်ချမ်းသာအောင် ဆားလေးတပွင့် နှစ်ပွင့်ကို တွန့်တိုမနေပဲ ပေးလိုက်မှာပဲ လို့ ဖြစ်မိပါတယ်။

အိုးသူကြီးဆိုတာလည်း ချက်နေချိန်သာ အိုးသူကြီး ဖြစ်ခွင့်ရတာပါ။ ချက်ပြုတ်ပြီးလို့ အလှူက ပြန်ပြီဆိုရင် သာမာန်လူပဲပေါ့။

အဲသလိုပဲ

ကိုယ်သာ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာမှာ နေခွင့်ရပြီး ကိုယ့်ဆီက အကူအညီလေး လိုချင်လို့ တောင်းလာမယ်ဆိုရင် အပန်းလည်း မကြီးဘူးဆိုရင် ပေးလိုက်ဖို့သင့်ပါတယ်တဲ့။

အထူးသဖြင့် ရာထူးဌာနန္တရ ရထားတဲ့လူတွေဟာ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်မိတ်ဆွေတွေရဲ့ တောင်းလာတဲ့ အကူအညီကို ဆားလေးတပွင့်နှစ်ပွင့်ခတ်ပေးလိုက်သလို ကူနိုင်သလောက် ကူပေးသင့်ပါတယ်လို့ ဆရာတော်က ဟောသွားပါတယ်။

……………………………

ကျမတို့မိသားစုလည်း ဆားတပွင့်နှစ်ပွင့် ခတ်ပေးခံရဖူးပါတယ်။

Export &Import တွေ ဖွင့်ပေးချိန်မှာ အကိုက ကုမ္ပဏီထောင်ပြီး နိုင်ငံခြားကို ပဲပို့တဲ့ အလုပ်စလုပ်ခဲ့ပါတယ်။ အစမှာ သူများဂိုဒေါင်မှာ ငှားပြီး အလုပ်လုပ်ရပါတယ်။

ရန်ကုန်တဖက်ကမ်း လှိုင်သာယာမှာ စက်မှုဇုံဖွင့်ပြီး အိုးအိမ်က မြေတွေ ရောင်းပေးနေတယ်ကြားတဲ့ အချိန်မှာ နေရာကောင်းတဲ့ ဇုံ(၁)က သူများတွေ ယူလို့ ကုန်သွားပါပြီ။

ဇုံ(၂) ဆက်ဖော်မယ်လို့ သိရတော့ အကိုက လမ်းဆုံကျတဲ့ ဒေါင့်ကွက်နေရာလေးကို မြေပုံပေါ်မှာ ကြည့်ပြီး ဝယ်ချင်ကြောင်း ပြောပါတယ်။ ကြီးကြပ်ကော်မတီက အခု မရောင်းပေးသေးဘူး။ဒါကို လိုချင်ရင် ညွှန်ချုပ်အမိန့်ပါမှရမယ်လို့ပြောပါတယ်။အဲဒီအချိန် အိုးအိမ် ညွှန်ချုပ်ဖြစ်နေတဲ့ကိုယ့်မြို့သား ဗိုလ်မှူးကြီးကို သွားတွေ့ ၊တမြို့ထဲသားဖြစ်ကြောင်း မိတ်ဆက်ပြီး ဇုံ(၂)ဖော်မယ်ဆိုရင်ဒီနေရာလေး ဝယ်ခွင့်ပေးပါလို့ သွားတောင်းခဲ့ရပါတယ်။ဗိုလ်မှူး ကြီးက ရှောရှောရှူရှူပဲ စာထုတ်ပေးလိုက်တဲ့အတွက် အလုပ်လုပ်ဖို့ နေရာကောင်းလေး တခုရခဲ့ပါတယ်။ဒီအတွက် တပြားတချပ်မှ လာဘ်တောင်းခြင်း၊လက်ဆောင်ပေးရခြင်း မရှိခဲ့ပါဘူး။

ဈေးတက်မယ်ထင်လို့ မြေဝယ်တာမဟုတ်ပဲ တကယ်လည်း အလုပ်လုပ်ဖို့ ရည်ရွယ်တာဖြစ်လို့ အဲဒီမြေကွက်မှာ ဂိုဒေါင်အမြန်ဆောက်ဖြစ်ပါတယ်။ဇကာချစက်ဆင်ပြီး ပဲဇကာချတဲ့ အလုပ်ကို အမြန်စဖြစ်လိုက်ပါတယ်။ဒါ့ကြောင့် သူများတွေထက်စောပြီး လှိုင်သာယာ စက်မှုဇုံကနေ ပထမဆုံး ကွန်တိန်နာတင်ဖို့ ဖြစ်လာပါတယ်။၁၉၉၄မှာ ဘုရင့်နောင်တံတားဖွင့်တော့ ကွန်တိန်နာကားအလွတ်ကို အဲဒီတံတားသစ်ကနေဖြတ်၊လှိုင်သာယာမှာ ဇကာချပြီးသားပဲအိတ်တွေတင်၊တံတားကို ဖြတ်ဖို့ အလာမှာ တံတားကြေးကောက်တဲ့ အဖွဲ့က ပေးမဖြတ်ပါဘူး။ကွန်တိန်နာဖြတ်ခွင့် ပေးမပေး မသိလို့ပါတဲ့။ကွန်တိန်နာ တစီးမှာ ပဲအိတ် ၄၈ဝ =၂၄တန်တင်ပါတယ်။အဲဒီအချိန် ကုန်ကားတွေလည်း ဒီလောက် အလေးချိန်နဲ့ဖြတ်နေပါတယ်။ကွန်တိန်နာ အလွတ်လည်း ဖြတ်တုန်းက ဘာမှမတားလိုက်ဘူး။စက်မှုဇုံ လုပ်ပြီး ကွန်တိန်နာ ဖြတ်ခွင့်မပေးရင် ဘာသွားလုပ်ရမှာလဲလို့ အဆင့်ဆင့်ရှင်းပြလည်း ပြောလို့မရပါဘူး။ဒီကွန်တိန်နာပေးမဖြတ်ရင် အလုပ်သမားတွေခေါ် ကားနဲ့ ခွဲသယ်၊ဟိုဖက်ကမ်းပို့၊ဟိုဖက်ကမ်းရောက်မှ ကွန်တိန်နာပေါ်ပြန်တင်၊အဲသလို လုပ်ရမယ့်ကိန်းဆိုက်နေပါတယ်။တခါအတွက်တော့ စားရိတ်အကုန်ခံပြီး ဖြေရှင်းလို့ရပေမယ့် နောင်အရှည်သဖြင့် ကိုယ်ရော အခြားကုမ္ပဏီတွေပါ အလုပ်လုပ်လို့ ဖြောင့်ဖြူးအောင် မူကိုရအောင် တိုက်မှဖြစ်ပါမယ်။

အဲဒီအချိန် ညနေစောင်းဖြစ်နေပါပြီ။အကိုက အဲဒီဗိုလ်မှူးကြီးကိုပဲ ဖုန်းဆက်ပြီး အကျိုးအကြောင်းရှင်းပြပါတယ်။အဲဒီအခါ အေး၊ဟုတ်တာပဲ။စက်မှုဇုံလုပ်ပြီး ကွန်တိန်နာ တံတားမဖြတ်ရဆိုလို့ ဘယ်ဖြစ်မလဲ ဆိုြ့ပီး တာဝန်ရှိသူတွေကို တံတားဖြတ်ခွင့်ပေးဖို့ ပြောလိုက်ပါတယ်။

အဲဒီကစပြီး အောင်ဇေယျတံတား ဖွင့်ပြီးတဲ့အထိ လှိုင်သာယာ စက်မှုဇုံက Export,Import လုပ်ငန်းတွေရဲ့ ကွန်တိန်နာတွေ ဘုရင့်နောင်တံတား ဖြတ်ပြီး အလုပ်ကို ချောချောမွေ့မွေ့ လုပ်ခွင့်ရခဲ့ပါတယ်။

ဒီလို ပြောပေးတဲ့အတွက် ဘာလက်ဆောင် ပဏ္ဏာမှ ပေးရခြင်း မရှိခဲ့ပါဘူး။

ကိုယ့်မြို့သားမို့ စောင့်ရှောက်တာအပြင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ဖက်က ရပ်တည်ပေးတာပါပဲ။

ကိုယ့်လိုပဲ ခုလို သူအိုးသူကြီး လုပ်ခွင့်ရချိန်မှာ ခတ်ပေးတဲ့ ဆားတပွင့်နှစ်ပွင့်နဲ့ စားကောင်းတဲ့ ဟင်းခွက်ကလေး တည်ခွင့်ရသူတွေ အများကြီး ရှိမှာပါပဲ။

နောင်လာမယ့် အိုးသူကြီးတွေလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ အကူအညီမျိုး ကိုယ့်ဆီတောင်းလာရင် ဆားလေး တပွင့်နှစ်ပွင့် ခတ်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ကိုယ်လည်း အိုးသူကြီးနေရာနေရရင် ဆားလေး တပွင့်နှစ်ပွင့် ခတ်ပေးနိုင်အောင် ကြိုးစားပါ့မယ်။

34 comments

  • မြစပဲရိုး

    December 6, 2014 at 4:30 am

    သများ သာ အိုးသူကြီးဖြစ် တပွင့်နှစ်ပွင့် တင်မက တစ်ဆုပ် နှစ်ဆုပ် ကို ထည့်ပေးလိုက်မှာ။ ဟိ။

    ကိုယ့် အစ်မ အတည်ရေးထားတာ ကို ဖျက်သလို ဖြစ်နေတော့ မလား။
    သို့ပေသည့် နောက်ဗျစီ။ :))

  • Ma Ma

    December 6, 2014 at 8:45 am

    ဆားတပွင့်နှစ်ပွင့်ကို မပေးနိုင်လောက်အောင် (ငါချက်ထားတဲ့ဟင်း ကောင်းတယ်ဆိုသလိုမျိုုး) ကိုယ့်ရဲ့မာန်မာနကို ခဝါချပေးဖို့ ဆိုတာကလည်း ထင်သလောက်မလွယ်……….. :eee:

  • padonmar

    December 6, 2014 at 9:17 am

    ကျမ အစက Closed group ထဲပဲ တင်မယ်စိတ်ကူးထားပြီး By name နဲ့ရေးထားမိတာ ပြန်ပြင်လိုက်ပါတယ်။ကျမပြောချင်တဲ့ Message ထဲမှာ လူတန်းစားတရပ်ကို တသမတ်ထဲ အဆိုးမြင်အကောင်းမြင် မဖြစ်စေချင်ပဲ ကောင်းတာလေးတွေ ယူတတ်ကြဖို့လည်း ပေးချင်ပါတယ်။ကောင်းတာဆိုရာမှာ ငါတယောက်တည်းအတွက် မဟုတ်ပဲ အများတွက်ကောင်းသလားဆိုတာမျိုး တွက်ကြစေချင်တာပါ။သူ့ကျေးဇူးကို အသိအမှတ်ပြုသောအားဖြင့်လည်း မှတ်တမ်းတင်တာပါ.

  • ဦးကြောင်ကြီး

    December 6, 2014 at 11:32 am

    အာတီဒုုံဂျီး ချက်တဲ့ဟင်းဂလဲ ပေါ့ရွှတ်နေဒါပဲ.. သွေးတိုးသမားအတွက်များ ချက်ထားလေရော့သလား.. —————————- ———————– ————————————— ————————– အဲလို အဲလို အာတီဒုံဂျီးနဲ့အနော့်ဂျားထဲ သွေးထိုးပေးသူ ရှိနေဒရယ်..။

  • kai

    December 6, 2014 at 4:53 pm

    Ma Ma says:
    ဆားတပွင့်နှစ်ပွင့်ကို မပေးနိုင်လောက်အောင် (ငါချက်ထားတဲ့ဟင်း ကောင်းတယ်ဆိုသလိုမျိုုး) ကိုယ့်ရဲ့မာန်မာနကို ခဝါချပေးဖို့ ဆိုတာကလည်း ထင်သလောက်မလွယ်………..

    အမတော်မမရဲ့ စာက.. လိုရင်းထိတယ်လို့ထင်မိတယ်..။
    ကျုပ်လည်း.. ဆရာတော် ဥပမာပြ…ဆိုလိုတာကို..ညွှန်းရာဖက် မလိုက်သွားပဲ.. အဲဒီဖက်ရောက်တာ…။

    ထားပါတော့…
    ဆရာတော်က.. တရားဟောနေတာကို..(ထမင်းဖြူတောင်းသလို).. ဒီတရား မကြိုက်ဖူး.. တခြားတရားဟောဆရာဆီ.. သွားနာမယ်ဆို..တာမျိုး…။
    (ဆားတောင်းသလို..) တရားနာသူက ဝင်ဖြည့်စွက်တာ.. ကြိုက်မလား.. သိချင်မိ…။ :k:

    ဟင်းချက်ပရိုက.. သူ့ဟင်းမကောင်းတဲ့ပုံစံထလုပ်ပြရင်တော့.. မစားနဲ့..ထမင်းဖြူတော့ထုတ်မပေးနိုင်ဘူး ပုံစံနဲ့တုံ့ပြန်တာ.. တကယ်တော့.. ပရိုက.. ပရိုအလုပ်လုပ်တာပဲလို့.. မြင်တာပဲ..
    ထုတ်ပေးလိုက်ရင်.. သူ့ပရိုဖက်ရှင်နယ်ကို.. သူများတွေအမြင်ထိခိုက်မယ်လေ….။

    အဲ..
    တရားနာတာမျိုး…။ စာသင်တဲ့ကျောင်းဆရာမျိုးကတော့.. စာသင်ပရိုက..တကာတွေ.. ကျောင်းသားတွေ.. မေးစမ်းပါ..မေးကြစမ်းပါ.။ ဖြေပြလိုက်မယ်က.. ပရို…။
    လောလောဆယ်ခေတ်မှာတော့.. ရွှေခုံထိုင်ဘယ်ဘုန်းကြီးမှမလုပ်…။
    အဲဒီကနေ.. အကျင့်က ပညာရေးစနစ်သွားခိုက်ပြီး.. ဘယ်ဆရာမှကလည်း.. ကျောင်းသာနဲ့အပြန်အလှန် မေးမြန်းဆွေးနွေးတာ.. မလုပ်…။
    ==================
    အဲဒီအတိုင်းပဲ…
    မြို့ပြထဲ.. တံတားဆောက်.. လမ်းဖောက်.. မြေဖေါ်.. မြို့ပြဖေါ်တာမှာ.. ဆိုင်ရာပရို.. အင်ဂျင်နီယာတွေ.. လူထုဆက်ဆံရေးသမား.. အုပ်ချုပ်ရေးသမားတွေက.. တာဝန်ယူမလုပ်ပဲ.. စစ်တိုက်ပရို.. စစ်သား(ဗိုလ်မှုးကြီး) က.. ဝပ်ပါနေတော့.. အရပ်ဖက်စနစ်ကမောက်ကမဖြစ်…
    မလိုအပ်ပဲ.. လုပ်အား.. အချိန်တွေဆုံးရှုံး…။ ကျေးဇူးတွေတင်ရ..။ တချို့.. လဘာဘ်တွေထိုးရ..။

    အမတော်ပဒုမ္မာ့စာဖတ်ပြီးတွေးမိနေတာတွေရေးချလိုက်တာ…
    ပါစင်နယ်ဝေဖန်လေကန်မဟုတ်..
    မတူတဲ့အတွေးနဲ့.. ကိုယ်ပိုင်စာတွေဖြစ်ပါတယ်..။
    ခွင့်လွှတ်ပါ့.. :k:

  • Iris

    December 6, 2014 at 6:44 pm

    သူကြီး​ပြောတာသဘာဝကျတယ်​။ ဒန်​​ပေါက်​​ကြွေးတာကို ထမင်​းစားချင်​တယ်​သွား​ပြောရင်​ ရိုင်​းတယ်​လို့ထင်​တယ်​။

    • padonmar

      December 6, 2014 at 7:22 pm

      Iris လေး
      အန်တီသာဆိုရင်လည်း ဒန်ပေါက်ကျွေးတာ ထမင်းဖြူပေးပါလို့ မတောင်းချင်ပါဘူး။
      အတတ်နိုင်ဆုံးလည်း မတောင်းမိအောင် နေမယ်။
      ဒါပေမယ့် ကိုယ်က သူများ ဆန္ဒတွေ ဖြည့်ဆည်းပေးချင်တဲ့ သူမျိုး (တော်ရုံ စိတ်မထားနိုင်ပါဘူး)အပေးနဲ့ ပျော်ချင်တဲ့သူမျိုး တွေကတော့
      ဘယ်သူ ဘာလိုတယ်ကြားမိရင် မနေနိုင်ကြဘူး။
      အဲလို လူမျိုးကလည်း လောကမှာ ရှားပါးနေတော့ သူတို့စိတ်ကို နားလည်မပေးနိုင်ကြဘူး။
      ကိုယ်တွေ့ကြုံဖူးမှပဲ သိနိုင်ကြမှာပါ။

  • padonmar

    December 6, 2014 at 7:14 pm

    သူကြီးရေ
    ကျောင်းဆရာတော့ မသိဘူး။
    ဆရာတော်တွေထဲ ပါမောက္ခချုပ်ဆရာတော် နဲ့ ဦးဆေကိန္ဒက အမေးအဖြေတွေ ရှိတယ်။
    ပါချုပ်ဆို အဲသလို မေးတာဖြေရပေးရတာကို ပိုကြိုက်တယ်တဲ့။
    တကယ် မရှင်းတာ သိချင်တာကို ပြောပေးရတဲ့အတွက် ပိုထိရောက်တယ်လို့ ပြောပါတယ်။
    ပဏ္ဍိတာရာမ ဆရာတော်ကြီးဆိုလည်း မေးရင် ဖြေပါတယ်။
    တဦးချင်းတဖွဲ့ချင်းတွေ့ရတဲ့အခါတွေမှာ မေးဖြေတွေနဲ့ ကျေလည်အောင် ဆွေးနွေးလို့ ရပါတယ်။
    သူကြီး မြန်မာပြည် ပြန်လာဖြစ်ရင် တွေ့ပေးချင်ပါတယ်။
    ………………….
    ဘာမှ မတတ်တဲ့ မိုးကျရွှေကိုယ်တွေကို အရပ်ဖက် စနစ်ထဲ ဆွဲသွင်းခဲ့တာကို ကျမလည်း မကြိုက်ပါဘူး။
    ဒါပေမယ့် မကြိုက်ဘူး ကုန်းအော်နေလည်း ပြီးခဲ့တာတွေ မလွန်ဆန်နိုင်ခဲ့တာတွေက ပြီးသွားပါပြီ။
    ကျမကတော့ ဘယ်သူ ဘယ်ယူနီဖောင်း ဝတ်ဝတ် အများအကျိုး တကယ် လုပ်တယ်ဆိုရင် လေးစားပါတယ်။
    တကယ် EQ အရည်အချင်းရှိတဲ့သူတွေဟာလည်း အပေါ်ယံ အဝတ်အစား ဘာပဲ ဝတ်ထားထား လူတွေပေါ် ဆက်ဆံပုံ ကောင်းနေမှာပါပဲ။
    ဒါလေးကို ပြောချင်တာပါ။

  • မြစပဲရိုး

    December 6, 2014 at 9:29 pm

    ပါစင်နယ် ဝေဖန်တာ မဟုတ်ပါဘူး။
    မတူတဲ့ အမြင်လဲ မဟုတ်ပါဘူး။
    တဲ့တိုး ရေးတဲ့ ကိုယ်ပိုင် စာပါ။ 😉

    တို့ သူကြီးမင်း ကြည့်ရတာ (အမှတ် မမှားရင် တစ်ခါက မောင်အံ ပြောဘူး သလို) ငယ်တုန်းက ဘုန်းကြီး တွေ အရိုက်များခံခဲ့ဘူးလားမသိ။
    အားလုံး ကို ဝါးလုံးရှည် နဲ့ အမြဲ ရမ်းသကိုး။
    ကျွန်မ ကတော့
    ဘုန်းကြီး ဖြစ်ပြီး လူထက်တောင် ကျင့်ဝတ် မရှိတဲ့ သူ လဲ တွေ့ဘူးတယ်။
    အင်မတန် စိတ်ဓာတ်ရေးရာမြင့်မြတ်ပြီး အမြဲ မျှ စဉ်းစားဖို့ ကို သွန်သင်တဲ့ ဘုန်းကြီး နဲ့လဲ တွေ့ဘူးတယ်။
    အခုလက်ရှိ သိကျွမ်း နေတဲ့ ဘုန်းကြီး နဲ့ သူကြီး ကို ပေးတွေ့ချင်တယ်။
    တရား ဆွေးနွေး တာများ ကြိုက်တာ ဘုဂလန့် မေး။
    ပြုံးပြီး ဖြေနိုင်တယ်။ ပညာရှိ ဖြေနည်းနော်။
    သူ့ဆီ လာတဲ့ ဧည့်ဘုန်းကြီး များ သက်တော်ကြီး ရင် အောက်က ထိုင်ပြီး အရိုအသေပေးတယ်။
    အောက်စ်ဖို့ တက္ကသိုလ် မှာ စာသင်တယ်။
    မြန်မာပြည် က သံဃာ့တက္ကသိုလ် မှာ စာသင်တယ်။
    ကျွန်မ နားက အေးသီးရစ် တောင် အင်မတန် လေးစားတယ်။
    ရှေးစွန်းဆွဲ ခရစ်ယာန် ဘုဂလန့် သူငယ်ချင်း တစ်ယောက် တောင် သူ ဟောတဲ့ တရား တွေ ကို ကြိုက်တယ်။
    အင်မတန် အောင်မြင် တယ် ခေါ်နိုင်ပေမဲ့ မာန်မာန လုံးဝ (လုံးဝ) ကို ကင်းတယ်။
    သူကြီး အနေ နဲ့ ဘုန်းကြီး မဟုတ် တဲ့ ဘုန်းကြီး များ ကို ရမ်းချင်သလို ရမ်းပါလေ။
    ဒါပေမဲ့ ဒီ ဆရာတော် လို ပရို စိတ် အပြည့် ရှိတဲ့ ဘုန်းကြီး တွေ အတွက် တော့ ရမ်းချင်သလို ရမ်း လို့ မရ ကြောင်း ပြောချင်ပါတယ်။
    အခု ဟာက ဘာနဲ့ တူ နေလဲ ဆိုတော့ သူကြီး က စားသောက်ဆိုင် အစုတ် မှာ ဘဲ စားဘူးခဲ့တာနဲ့ စားသောက်ဆိုင်တိုင်း မကောင်း ဘူး ပြောသလို ဖြစ်နေလို့။

    နောက်ပြီး ဒန်ပေါက် မှာ ထမင်းဖြူ မပေးတာ ပရိုစိတ် မဟုတ်ပါဘူး။
    သူသာ အိုးသူကြီး အစားအသောက် စီစဉ်ပေးသူ ပရို အစစ် ဆိုရင် လာစား တဲ့ သူ တွေ အဆင် ပြေ အောင် ကြိုးစား လုပ်ရမှာ သူ့တာဝန် ပါ။
    အစား စီစဉ်သူ ပရို တစ်ယောက်ဟာ
    ဒန်ပေါက် ကို လူတိုင်း မစားမှန်း လဲ သိသင့်တယ်။
    မစားသူ ရှိရင် ထမင်းဖြူ ပေးဖို့ ဟင်း တောင်ချက်ထားရဦးမှာ။
    ဆား ကိစ္စ ကတော့ အတော်လေး ညံ့ တဲ့ သူလို့ ပြောချင်ပါတယ်။
    စားသောက်ဆိုင် ဆိုတာ အသေး မပြော နဲ့ စတား တွေ တပ်ထားတဲ့ ပရို ထိပ်သီး စားသောက်ဆိုင် တွေမှာတောင် ဆား နဲ့ ငရုတ်ကောင်းဗူး တွေ ချထားတာ အလကား အလှပြထားတာ မဟုတ်ဘူးလေ သူကြီးမင်း ရဲ့။

    ခက်လယ်၊ ခက်လယ်။ ဒီ သူကြီးမင်း နဲ့တော့။
    ပြောရပေါင်းလဲ များပြီ။

    အစ်မ ဒုံ စာတော့ ကျွန်မ တို့ ငြင်းတာ နဲ့ လိုရင်း ချော်ပြီ ထင်ရဲ့။ Sorry … :))
    lol:-))))

    • kai

      December 7, 2014 at 9:38 am

      အမ်…
      သေပြီဆရာ..
      ရွာကအရီး၂ယောက်ပေါင်းလုပ်ကြံပါရောလား..။ :k:

      ဆိုတော့…
      ဒီလောက်များတဲ့ ထေရာတွေရဲ့ဝါဒ မှန်မှတော့.. မြန်မာပြည်က ကမ္ဘာ့နိုင်ငံတွေထဲ… အခုလိုနောက်ကတွက်ရင် ၁ဝထဲဝင်မနေပဲ.. ရှေ့ကတွက်၁ဝထဲဝင်မှာပေါ့..
      ခြုံပြော… ပေ၁သောင်းအမြင့်အမြင်နဲ့ပြောရရင်…
      အဆုံးသတ်ရလဒ်ဟာ..အဆုံးအဖြတ်…။

      လူတယောက်.. ဘယ်လောက်အောင်မြင်ကျရှုံးသလည်း.. သေတဲ့အခါ.. ဈာပနအခမ်းအနားနဲ့မှန်းကြည့်နိုင်သလို.. တိုင်းပြည်တခုဘယ်လောက်အောင်မြင်ကျရှုံးသလဲ.. နှစ် ၃၀-၂၀-၁ဝ စီဖြတ်ထားတဲ့.. အညွှန်းကိန်းတွေနဲ့ကြည့်…နိုင်ကြောင်း…။ ကြည့်သင့်ကြောင်း…။

      =
      ပါစင်နယ်အနေနဲ့ပြောရရင်.. တော်တဲ့ရဟန်းတွေလည်း.. များမယ်မှန်းသိပါကြောင်း…။
      ဒါပေမယ့်.. ဒါပေမယ့်ပေါ့လေ…။
      ဟိုလိုတော်ကြတယ်..။ ဒီလိုမြင့်မြတ်တယ်..။ ပြောတာတွေမှန်တယ်..။ လုပ်တာတွေပရိုဆန်တယ်..။ ဗြဟ္မစိုရ်တရားပြည့်ကြတယ်..။ အင်မတန်အေးချမ်းတယ်..။ အင်မတန်ရောင့်ရဲတယ်..။
      မည်သို့ဆိုစေ…။
      အဆုံးသတ်အဆုံးအဖြတ်မှာ.. တိုင်းပြည်ကို၁ဝနှစ်ပိုင်းပိုင်း.. အနှစ်၂ဝပိုင်းပိုင်း.. အနှစ်၅ဝပိုင်းပိုင်း.. အနှစ်၁၀ဝပိုင်းပိုင်း…။ အနှစ်၂၀ဝ ပိုင်းပိုင်း.. အနှစ်၅၀ဝ ပိုင်းပိုင်း…။
      နောက်ဆုံးမတော့..အခုမြန်မာပြည်ကြီးနဲ့ မြန်မာလူမျိုးများ မျက်မြင် မြင်ကြရတာပါပဲ..။

      အဆုံးသတ်နဲ့..အဆုံးအဖြတ်ချကြပါစို့..။

      • မြစပဲရိုး

        December 7, 2014 at 3:26 pm

        ဟေ့ သူကြီး
        အိပ်ပြီလား။
        စောစောထ ပြီး ဝင် ဖို့ပါဘဲ။
        ဆောင်းတွင်းမိုးရွာပြီး အိပ်ကောင်း သွားလို့။

        ဒီမယ် မောင်တော်လေး ရဲ့။
        လောလောဆယ်ရှိနေတဲ့ အစိမ်းရောင် တွေ အားလုံး ကို သာ နေရာမှန် ကိုပို့။
        ဒေါ်အောင်ဆန်းစုကြည် လို ( NLD လို့ ချည်း မဆိုလို) IQ & EQ ပြည့် တဲ့ လူ တွေ ကို ဆွဲထုတ်ပြီး အုပ်ချုပ်ရေး ထဲ ဝင်ခိုင်း။
        မြန်မာပြည် ဆင်းရဲတွင်း ကလွတ် မှာ မြေကြီး လက်ခပ် မလွဲ။
        လောင်းမလား။

        အဝါရောင် တွေ က နိုင်ငံရေး မှာ ဘာမှ မဆိုင်ပါ။
        အစွမ်းလဲ မရှိနိုင်ပါ။
        တစ်ချို့ကို အစိမ်းရောင်များ ရဲ့ လက်ကိုင်ဒုတ် လို အသုံးချ ခံနေရတာ။
        မြန်မာပြည် မှာ ချစားတဲ့ အုပ်ချုပ်သူ အစိမ်းရောင်များ ကြောင့် ပြည်ပျက်နေရတာ သိသိကြီး နဲ့ တစ်ခြား လွှဲချပြီး ဇွတ် မငြင်းပါနဲ့ သူကြီးမင်း ရယ်။

        ၂၀၁၅ မှာ တိုင်းပြည်ကို စေတနာ နဲ့ ပြုပြင်ပေးမဲ့ သူ တွေ လက်ထဲ အာဏာရ အောင် အဆုံးသတ် မှ အဆုံးအဖြတ် ချလို့ ရမဗျ။

        • kai

          December 7, 2014 at 4:44 pm

          အင်း..
          အမတော်ရေ..
          အဝါတို့အစွမ်း… နောင်၁ဝနှစ်ထဲ.. မျက်မြင်မြင်ရပါလိမ့်မယ်..။
          ကံကောင်းရင်.. ၅နှစ်လောက်နဲ့တင်.. နောင်တတွေနဲ့မြင်ရမယ်..။

          ဒီကမ္ဘာမှာ.. ဖြစ်ခဲ့သမျှ.. ဖြစ်နေသမျှစစ်ကြီးတွေ.. ကွန်ဖလစ်တွေရဲ့.. လက်သည်စစ်စစ်(လက်သည်စစ်စစ်)က.. ဘာသာရေးသာဖြစ်ပါကြောင်း…။ :k:

        • kai

          December 9, 2014 at 5:38 am

          အဟမ်း..
          ကျုပ်ကော်မန့်အပေါ်က.. အနီ၂ပါးနဲ့ စခန်းသွားရင်း.. နှမ်းကလေးတစေ့..နှစေ့ဖြူးလို့.. ထပ်ပြောပြလိုတာက.. ဆရာတော်က… ဥပမာပြုတာ.. ပြတာ..မှားတော့.. သူ့စာဥပမာဖတ်ပြီး.. ဒီအထဲတင်… အယူ၂မျိုးထွက်.. အုပ်စုကွဲထွက်တယ်လို့.. မြင်ပါတယ်..။

          ဘုန်းကြီးဟူသည်..သာသနာဝန်ထမ်းဟူသည်.. လောကီ.. လောကုတ္တရာ…လူမှုရေး.. အရာရာ(အရာရာ)ကျွမ်းကျင်သူပရိုများမဟုတ်..။
          အထူးသဖြင့်.. ပညာရေး၊ကျမ်းမာရေးနှင့် နိုင်ငံရေးတွင်.. ပရိုတန်းလုံးဝ(လုံးဝ) မဟုတ်..။

          အင်း.. အဲ.. ဒါပေမယ့်…
          မြန်မာတို့အပေါ်.. လွှမ်းမိုးထားတဲ့… အဝါတို့အစွမ်း…။ :i:

  • padonmar

    December 6, 2014 at 9:39 pm

    မချော်ပါဘူးမလတ်ရေ။
    အဲသလို ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းနေတဲ့ သဂျီးကို တက်ညီလက်ညီ ဝိုင်းနွှာပေးမှ ရွာပီသတော့မပေါ့။
    ဒီလို လက်မညီတော့လို့ ရွာက ပျင်းခြောက်ခြောက်ဖြစ်နေတာ။
    သဂျီးဖက်က ဝင်ပြီး ကျမကို ကန့်လန့်ပြောချင်လည်းပြော၊
    ကျမဖက်ကဝင်ပြီး သဂျီးကို အရေခွံ ဆုတ်ချင်လည်းဆုတ်(ကိုယ့်ဖက်ကို သာသာထိုးထိုးလေး)
    ဝင်ပါမယ့်သူတွေ မျှော်နေပါတယ်ဗျို့။

  • uncle gyi

    December 6, 2014 at 11:01 pm

    ကိုယ့်မြို့သူမြို့သားချင်းကူည်ိီ
    ယိုင်းပင်းတာချစ်စရာအလေ့ပါ
    ကုူညီနိုင်သူကကူညီလို့
    ဆားရပြီးဟင်းအရသာရှိသူကရှိသွားပေမဲ့
    ကူညီနိုင်သူမရှိလို့
    ဆားမရလို့ဟင်းအရသာပေါ့သွားသူတွေ
    ကအများကြီးပါ

  • padonmar

    December 7, 2014 at 8:27 am

    ဟုတ်ကဲ့အန်ကယ်ဂျီး
    ကိုယ့်မြို့သားချင်းဆိုတာ ပိုပြီး စောင့်ရှောက်သင့်တာပေါ့။
    ဒါပေမယ့် ပြုနိုင်ခဲကြပါတယ်။
    အကူအညီဆိုတာလည်း ကိုယ်ပေးနိုင်တဲ့ အတိုင်းအတာရှိမရှိလည်း ချင့်ချိန်ရပါတယ်။
    ပေးလို့ အကျိုး ရှိမရှိလည်း ကြည့်ရပါတယ်။
    မစဉ်းမစား ဘာဖြစ်ဖြစ်ကူ ပေးဖို့လို့တော့ မဆိုလိုပါဘူး။
    ပေးနိုင်တာလေးကိုတော့ နှုတ်၏စောင်မခြင်း လုပ်ပေးနိုင်ကြရင် အကောင်းဆုံးပေါ့နော။

  • ကိုယ်သာ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာမှာ နေခွင့်ရပြီး ကိုယ့်ဆီက အကူအညီလေး လိုချင်လို့ တောင်းလာမယ်ဆိုရင် အပန်းလည်း မကြီးဘူးဆိုရင် ပေးလိုက်ဖို့သင့်ပါတယ်..ဆိုတာလေး..
    တွေးမိနေတာတော့ ကြာပါပြီ။

    လောလောဆယ်တော့…
    စက်ဘီးလေး နင်းလာတဲ့ကျနော့်ကို…
    လမ်းလေးနည်းနည်းမှ..ဖယ်ပေးဖို့ ဝန်လေးကြတဲ့ ခပ်ရိုင်းရိုင်း ရပ်ကွက်ထဲမှာ….
    နေနေတယ်.. ။

    ကျနော်ဆိုရင်တော့…အနောက်မှာ ကလင်ကလင်တီးပြီးလမ်းတောင်းနေတဲ့ စက်ဘီး သွားဖို့အတွက်…
    လမ်းဘေးနည်းနည်း ကပ်လျှောက်ပေးလိုက်ဖို့…ဝန်မလေးစေရဘူး… ။

    🙁

    • padonmar

      December 7, 2014 at 11:58 pm

      ဆက်ဆက်ရေ
      အဲဒီ လမ်းမဖယ်ပေးချင်တဲ့လူကို မှတ်ထားပြီး သူ့ကို ကိုယ်က လမ်းဖယ်ပေးရမယ့် အလှည့်ကြုံလာတာနဲ့ ပြုံးပြပြီး သိသိသာသာ လမ်းဖယ်ပေးလိုက်ပါ။
      သူ့ကို လက်စားချေနည်းက သူနောင်တရလောက်အောင် ကောင်းပေးလိုက်တာပါပဲ။
      ကြိုးစားကြည့်ပါနော်။

      • ဦးကြောင်ကြီး

        December 8, 2014 at 1:22 am

        အာတီဒုံဂျီး ရှေ့က ကြွပါ ခင်ညာ… (ကိုယ်ကိုရို့၍ လမ်းဘေးကပ်ကာ ပြောသီ)

  • weiwei

    December 7, 2014 at 8:10 pm

    တိုက်ဆိုင်တာက အခုတလော ဆရာတော့်ရဲ့ ဘဝဖြောင့်ကြောင်းတရားတော်တွေကို နှစ်သက်လို့ နေ့တိုင်းနားထောင်ဖြစ်နေပါတယ် …

    ဆားတစ်ပွင့်နှစ်ပွင့်တောင်းတဲ့ကိစ္စအတွက်ကတော့ အပေါ့အငံဆိုတာ စားသုံးသူရဲ့ အခွင့်အရေးမို့လို့ ပေးသင့်တယ်လို့ပဲ မြင်ပါတယ် .. ဒါကတစ်ပိုင်း …

    အန်တီဒုံပြောချင်တဲ့ တခြားအပိုင်းအတွက်တော့ စောဒကတက်ချင်တာလေးနဲနဲရှိတယ် .. ဒါကလဲ အကြောင်းရှိလို့ပါ ..
    ကျွန်မသိတဲ့ဝန်ကြီးတစ်ယောက်က သူ့မြို့နယ်မှာ သူက အကူအညီတွေအရမ်းပေးတယ်ပေါ့ … ဘွဲ့ရပြီးသူတိုင်း သူ့ဆီမှာ အလုပ်လာတောင်းရင် သူ့ဝန်ကြီးဌာနလက်အောက်က အဖွဲ့အစည်းတွေကို ခွဲတမ်းနဲ့အလုပ်ခန့်ခိုင်းတယ် … သူတို့တွေ အလုပ်အလွယ်တကူရကြတယ် .. သိတဲ့အတိုင်း အခုခေတ်မှာ အလုပ်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူးဆိုတော့ အလုပ်ရသူတွေဘက်ကကြည့်ရင် ဝန်ကြီးက သိပ်ကောင်းတာပဲပေါ့ .. ဒါပေမယ့် လက်အောက်က ဌာနတွေအနေနဲ့ကျတော့ သူတို့လဲ သူတို့ခန့်ပေးချင်တဲ့ သူတို့ဆီကဝန်ထမ်းတွေရဲ့ မျိုးဆက်သစ်တွေရှိနေတဲ့အခါမှာ ဝန်ကြီးကို ဦးစားပေးရတော့ သူတို့လူတွေကို ခန့်လို့မရတော့ဘူးပေါ့ .. အဲဒါက တစ်ချက် ….

    နောက်ထပ်အချက်တွေ အများကြီးရှိသေးပေမယ့် မပြောတော့ပါဘူးလေ …

  • padonmar

    December 7, 2014 at 11:55 pm

    ဟုတ်တယ်ဝေ
    တရားတွေဟာ နာလိုက်ရင် ဟုတ်ပါလားလို့ သဘောကျစရာချည်းပဲ။
    လက်တွေ့လူ့လောကမှာတော့ ရှုဒေါင့်တွေက အမျိုးမျိုးပဲ။
    ဆားလေးပေးတာမို့ အကုန်အကျမများလို့ ကန့်ကွက်စရာမရှိထင်ပေမယ့်
    စားတဲ့သူအဆင်ပြေအောင် ဟင်းအပိုချက်ထားတယ်ပြောရင် မကြိုက်တဲ့ဖက်ကလည်း ရှိနိုင်တယ်။
    ပေးသူ ယူသူ တိုက်ရိုက်ကြားမှာတော့ အဆင်ပြေကြဖို့ စိတ်ထားတတ်ဖို့ လိုပါတယ်။
    ဘေးလူဆိုတာကတော့ အမြင်တွေက အမျိုးမျိုးကိုး။
    မြန်မာတပြည်လုံးကလူတွေ ဒီတနေ့တွက် ၁ဝဒေါ်လာစီပေးပါမယ်လို့ လှူရင်တောင်မှ ငွေတိုးချေးတဲ့လူက သူအတိုးမချေးရလို့ ကြိုက်မယ်မထင်။

  • Mr. MarGa

    December 8, 2014 at 10:18 am

    ဘဝဖြောင့်ကြောင်းက ကျနော့်ရဲ့ မနက်ခင်းနှိုးစက်သံပါ (အရင်က)
    အမှတ်မမှားရင် အဲဒါ စာအုပ်ထွက်သလားပဲဗျ

  • Yae Myae Tha Ninn

    December 8, 2014 at 10:50 am

    အန်တီဒုံရဲ့ ပို့စ်လေး သဘောကျပါတယ်… သို့သော် အဲဒါ အိုးသူကြီးလောက်မှပဲ ကောင်းမယ် ထင်တာပဲဗျ… ဘာလို့ဆို အနော်က အင်မတန်ကူညီတတ်တယ်.. သို့သော် ကြာလာတော့ သူ့ကိုက ပြောရင် ရပါတယ် ဆိုပြီး… ဈေးပေါသလို ဖြစ်လာတယ်.. အဲဒါလေး အကြံပေးပါဦး… 🙂

    • padonmar

      December 8, 2014 at 9:17 pm

      နင်းနင်းရေ
      ကိုယ်က ကိုယ်တတ်နိုင် သမျှ ကူမယ်။
      အပေးနဲ့ပျော်မယ်လို့ ခံယူလိုက်ရင် သူများက ဈေးပေါတယ် ထင်မှာလည်း မစိုးရိမ်တော့ပါဘူး။
      ကူနိုင်ရက်နဲ့ မကူလိုက်မိရင်တောင် ကိုယ့်လိပ်ပြာမလုံဖြစ်လာမယ်။
      ယောနိသော မနသိကာရ ဆိုတာ အဲဒါပါပဲ။
      (မနိုင်ဝန်တော့ မထမ်းနဲ့ပေါ့၊အရာရာမှာ တသမတ်တည်း ယူလို့ မရတာတွေတော့ ရှိပါတယ်)

      • Yae Myae Tha Ninn

        December 10, 2014 at 11:18 am

        အဲဒါတော့ အမှန်ပဲ… ကူနိုင်ရက် နဲ့ မကူမိရင်… သူတို့ ပင်ပန်းနေရင် ငါ ကူရင် အလွယ်လေးကိုပဲ လို့ တွေးမိတယ်.. တခါတလေ စိတ်ကို တင်းပြီး မသိဘူး.. မလုပ်တတ်ဘူး… မကူနိုင်ဘူး.. လုပ်ကြည့်တယ်.. မရဘူးဗျ… စိတ်က သိပ်မခိုင်ဘူး.. ကူမိပြန်တယ်… ကိုယ့်လို မခက်ခဲ စေချင်တာ အမှန်ပဲ… 🙂

  • kyeemite

    December 8, 2014 at 11:57 am

    နောက်ပြီး ဒန်ပေါက် မှာ ထမင်းဖြူ မပေးတာ ပရိုစိတ် မဟုတ်ပါဘူး။
    သူသာ အိုးသူကြီး အစားအသောက် စီစဉ်ပေးသူ ပရို အစစ် ဆိုရင် လာစား တဲ့ သူ တွေ အဆင် ပြေ အောင် ကြိုးစား လုပ်ရမှာ သူ့တာဝန် ပါ။
    အစား စီစဉ်သူ ပရို တစ်ယောက်ဟာ
    ဒန်ပေါက် ကို လူတိုင်း မစားမှန်း လဲ သိသင့်တယ်။
    မစားသူ ရှိရင် ထမင်းဖြူ ပေးဖို့ ဟင်း တောင်ချက်ထားရဦးမှာ။
    ဆား ကိစ္စ ကတော့ အတော်လေး ညံ့ တဲ့ သူလို့ ပြောချင်ပါတယ်။
    စားသောက်ဆိုင် ဆိုတာ အသေး မပြော နဲ့ စတား တွေ တပ်ထားတဲ့ ပရို ထိပ်သီး စားသောက်ဆိုင် တွေမှာတောင် ဆား နဲ့ ငရုတ်ကောင်းဗူး တွေ ချထားတာ အလကား အလှပြထားတာ မဟုတ်ဘူးလေ သူကြီးမင်း ရဲ့။

    အရီးမုတ်ဆိတ်ပြောတာ သဘာဝကျ၏
    :boss:

  • ခင်ဇော်

    December 8, 2014 at 3:29 pm

    ဖတ်ပြီး သဘောကျတာ။
    ဟိ။ :mrgreenn:
    ရှက်ရှက်နဲ့ ပြောရရင် သများက ခါတရံ အဲဒီ ဆား တောင်းတာ မကြိုက်တဲ့ လူဂျီးလိုပဲ မာန်တက်တတ်တယ်ရယ်။
    ကိုယ်လုပ်တာကို မကောင်းပြောတယ် ထင်ရင် (မကောင်းပြောတာ မဟုတ်ရင်တောင်မှ) အကုန်ပြန် ဖျက်စီးချင်တာမျိုးးး။
    👿

    အဲဒီ အစား ….
    လိုအပ်သူ အတွက် ဆားတစ်ပွင့်၂ ပွင့် ကိစ္စလေးဖတ်လိုက်ရတာ အတော် တန်ဖိုးရှိတယ်။

    :chit:

  • kai

    December 8, 2014 at 4:54 pm

    ဖြစ်သင့်ဖြစ်ထိုက်တဲ့ အကူအညီမျိုး ကိုယ့်ဆီတောင်းလာရင် ဆားလေး တပွင့်နှစ်ပွင့် ခတ်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

    ကိုယ်လုပ်ပေးနိုင်တဲ့အခွင့်အရေးရှိချိန်မှာ.. လုပ်ပေးဖို့တော့ ဝန်လုံးဝလေးမှာမဟုတ်ပါဘူးဆိုတာ.. လာရေးတာ…
    တော်ကြာ.. ကျုပ်ကိုအမြင်လွဲနေမှာစိုးလို့..။
    အဲ..
    …. ပရိုအလုပ်ကို.. ဝါသနာရှင်အဆင့်က.. ဒါမကြိုက်.. ဟိုဟာ.. ဆိုရင်တော့..
    ဝါသနာရှင်နဲ့လိုက်ညှိပြီး လုပ်နေမှာမဟုတ်..။ ဆာယိုနာရ.. :k:

    မြင်သာအောင်ပြောရရင်.. ဆရာဝန်ဆီသွားပြီး.. ဆရာဝန်ပေးတဲ့ဆေးမယူ.. ဘာဆေးလေးသာပေးပါဆိုပြီးတောင်းတဲ့လူနာမျိုးဆို.. မောင်းထုတ်သင့်သည်.. ထင်..။ …လို့… :k:

  • padonmar

    December 8, 2014 at 9:11 pm

    ဒါလေးက ကိုယ့်မြို့သားကို စောင့်ရှောက်ခဲ့တဲ့ ယူနီဖောင်းဝတ်နောက်တယောက်အကြောင်း ဂရုထဲက သွား မ လာတာပါ။
    ဒီလို ကူညီတာမျိုးဆိုရင်ကော ဘယ်လို မြင်ကြမလဲ။

    Zawmin Lwin
    September 4
    ကျွန်တော် နိုင်ငံရေး အယူအဆတွေနဲ.ပတ်သက်လို. သိပ်ရေးလေ.မရှိပါဘူး ။ ခုကတော. နည်းနည်းဆက်စပ်တာလေးတစ်ခုပဲ ပြောချင်တာပါ ။ လက်ရှိကျွန်တော်တို. ဆီမှာကြုံရတဲ့ ပြဿနာ တစ်ခုက Reject for Third Group ပါ ။ လူတစ်ယောက်ဟာ ဘက်တစ်ဖက်ကို ယုံကြည်ရင်ယုံကြည် ၊ မယုံကြည်သူဆိုရင် သူ.ရဲ.ဆန်.ကျင်ဘက် အင်အားစုလို.သတ်မှတ်တဲ့ပြဿနာပါ ။ ယုံကြည်ချက် ခိုင်မာရမယ်ဆိုတာ ဆိုရှယ်လစ် ၊ ကွန်မြူ နစ်ခောတ်ရဲ. အယူအဆဟောင်းလို.နားလည်ထားပြီး လက်ရှိခောတ်ဟာ ပြောင်းလဲမှုကို မှန်ကန်ရဲဝံ.စွာသုံးသပ်နိုင်စွမ်းရှိရမှာဖြစ်ပြီး ကိုယ်တိုင်ကပြောင်းလွယ် ၊ ပြင်လွယ်ရှိရမှာဖြစ်တယ်လို. ရင်.ကျက်ဒီမိုကရေစီ အယူအဆအချို.ကဆိုပါတယ် ။ဒါဟာလည်း တစ်ချိန်မှာတော. အဆင်ပြေသွားမှာပါ ။ ကျွန်တော်တို.ကတော. ဘယ်သူဆိုတာကို မကြည်.ပဲ ဘာလုပ်တယ် ၊ ဘာ.ကြောင်. လုပ်တယ် ၊ ဘာတွေ လုပ်ခဲ့တယ် ဆိုတာနဲ.ပဲ ကြည်.မိလေ.ရှိပါတယ် ။ တစ်ခုရှိတာကတော. Third Group တွေ နာမည်တပ်ခံရလေ.ရှိတဲ့ လော်ဘီ ( ဟိုဘက်ကကျတော. ဒီဘက်လော်ဘီ ၊ ဒီဘက်ကကျတော. ဟိုဘက်လော်ဘီပေါ.ဗျာ ) ဟုတ်ကဲ့ ကြိုက်သလိုတပ်နိုင်ပါတယ်လို. …..

    ခုဒီနာရေး ပါလာတဲ့ သူဟာ မြို.လေးနဲ.ပတ်သက်လို. အတိုင်းအတာ တစ်ခုအထိ ဇာတိသား ၊ ဇာတိဖွား ပီသခဲ့သူပါ ။ ဝါးခယ်မသားစိတ်ဓါတ် ရှိခဲ့သူလို.ပြောရင်လည်း ရပါတယ် ။ သူ.ကြောင်. မြို.လေးရဲ. ၁၉၈၈ နိုင်ငံရေး ကြိုးပမ်းမှုဟာ ကြေကွဲစရာတွေ ၊ နာကြဉ်းစရာတွေ ဆိုးဆိုးဝါးဝါးမကြုံတွေ.ခဲ့ရတာလို.ပြောလို.ရပါတယ် ။ ဘာ.ကြောင်.လဲ စိတ်ဝင်စားရင်တော. သိမှီသူတွေ ထဲက အတွင်းကျကျ လေ.လာထားသူများထံ မေးမြန်းကြည်.နိုင်ပါတယ်ဗျာ ။
    …………………………………………………..
    Aye Aye Myint 8.8.88တုံးက ဝါးခယ်မမှာလည်း အဲဒီနေ့ပဲ စပြီး ဆန္ဒပြကြတယ်။ စစချင်း အောင်သိန်းကြည်တို့ မျက်နှာဖုံးပြီး ဒို့အရေးစအော်ကြတယ်။ပထမတော့ ကြောက်လို့ လူသိပ်မလိုက်ကြဘူး၊နောက်ရက်တွေကျ အန္တရာယ်မရှိလောက်မှန်းသိတဲ့အခါ လူတော်တော်များများ ဆန္ဒပြလှည့်တဲ့ထဲပါလာကြတယ်။ ဝန်ထမ်းတွေလည်း ကိုယ့်ဌာန ဆိုင်းဘုတ်နဲ့ ဝင်လှည့်ကြတယ်။ အဲဒီအချိန် တာဝန်ယူထားတဲ့ တပ်က ဗိုလ်မှူးမောင်ဌေးတပ်ပါ။ စစ်သားတွေ လက်နက်နဲ့ စောင့်နေကြပေမယ့် ပစ်တာခတ်တာ မလုပ်ခဲ့ကြပါဘူး။အဲဒီအချိန် မြောင်းမြမှာ တာဝန်ယူထားတဲ့ တပ်က ပစ်လို့ လူထုနဲ့ ပြဿ နာ ဖြစ်ခဲ့ပါတယ်။ အရေးအခင်းပြီး တပ်က အုပ်ချုပ်နေတဲ့ အချိန် ဗိုလ်မှူးမောင်ဌေးက မြို့လူထုနဲ့ ရွှေခယ်သီရိခန်းမထဲ တွေ့ဆုံ ရှင်းလင်းပွဲလုပ်ပါတယ်။(ကျမလည်း သွားတက်ခဲ့တယ်၊) အဲဒီပွဲမှာ သူက ကျနော့်မြို့ကို ကျနော်ချစ်ပါတယ်။ဒါကြောင့် အထက်က ပစ်မိန့်ပေးထားပေမယ့် ကျနော့်တပ်ကို မပစ်ရလို့ကို မှာထားပါတယ်၊ဒါနဲ့တောင် ကျနော်တို့ကို အလွဲမြင်ကြတယ် လို့ ပြောရင်း မျက်ရည်ကျပါတယ်။(သူ့တပ်ဖြစ်လို့ ဝါးခယ်မမှာ ဆန္ဒပြတဲ့ လူထု ဘေးရန်မဖြစ်ခဲ့တာ အမှန်ပါ)
    …………………………………..
    Shwekhal Thu ပြောပြရအုံးမယ်
    ၈၈ အရေးအခင်းတုံးကတို့ကပုသိမ်မှာပေါ့။ကျောင်းသားဟောင်းများသမဂ္ဂရဲ့ဒုဥက္ကဌ
    ဥက္ကဌကဒေါက်တာမောင်မောင်မြင့်။အခုနော်ဝေးVOAအသံလွှင့်ဌာနမှာတာဝန်ထမ်းဆောင်နေတယ်
    ထားပါတော့******အရေးအခင်းလည်းပြီရောခေါ်ပြီးအစစ်ခံရမဲ့စာရင်းထဲမှာနံမည်ပါနေကြောင်းသတင်းရတော့ပုသိမ်အသည်ကြီးစခန်းအကူအညီနဲ့အကြံအဖန်လုပ်ပြီးဝါးခယ်မကိုရောက်အောင်ပြန်ခဲ့တယ်
    အင်း*****တရက်လောက်ဘဲဝါးခယ်မမှာနေလိုက်ရတယ်
    ဗိုလ်မှူးချင်စိုးလက်ထက်ပုသိမ်ကိုပြန်အပို့ခံရတယ်။အရှင်းဆုံးပြောရရင်အဖမ်းခံရတယ်ပေါ့
    ပုသိမ်ရောက်တော့တဝတရုံးပေါ်မှာထောက်လှမ်းရေမှးကဗိုလ်မှူးဝင်းမြင့်နဲ့စကားပြောနေတုံးဗိုလ်မှူးကြီးမောင်ဌေးရောက်လာတယ်
    ဒီကောင်မလေးကကျနော်တို့မြို့ကဦးလေးသိန်းရဲ့သမီးပါ
    မိကောင်းဖခင်သားသမီးတွေပါ။လူကောင်းတွေပါ။ကျနော်တို့ညီမရဲ့သူငယ်ချင်းပါလို့ကူပြောပေးခဲ့ပါတယ်
    ရေးရင်းနဲ့အမြ(ဂွိဂွိတို့အမေ)ကိုဇော်တို့။ခင်ချို(ဝင်းမောင်အကိုကြီး)တို့ကိုသတိရတယ်
    ဆက်ပြောလိုက်အုံးမယ်
    ဒါပေမဲ့တောင်ပေါ်ကတူးချင်း(ချင်းသေနတ်ကိုင်တပ်)မှာထားပြီးအစစ်အဆေးခံရတယ်
    အမှန်အတိုင်းပြောရရင်
    အဲဒီတော့မှအနားရပြီး။ကြိုဖမ်းထားတဲ့သူငယ်ချင်းတွေနဲ့ပျော်စရာကြီးပါ
    အဲဒီရောက်မှကိုယ့်မြို့မှာတခါမှမတွေ့ဘူးတဲ့သီဟိုရွက်ကိုမြင်ဘူးပြီးတို့စားလို့ရမှန်းသိခဲ့တာ
    နောက်ပိုင်းမှာတော့ဒီအတွေ့အကြုံကိုအခြေခံပြီး
    သီဟိုရွှက်နုချိန်******ဆိုတဲ့ဝတ္တုတိုတပိုဒ်ရေးဖြစ်ခဲ့ပါတယ်
    နုတ်၏စောင်မခြင်းနဲ့ကူညီခဲ့ဘူးတဲ့ဗိုလ်မှူးကြီးမောင်ဌေးကိုမကွယ်လွန်မီကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်
    အခု**ကူညီတတ်တဲ့ဗိုလ်မှူးကြီးကောင်းရာသုဂတိရောက်ပါစေလို့ဆုတောင်းပါတယ်

  • လုံမလေးမွန်မွန်

    December 8, 2014 at 11:56 pm

    ဗိုလ်​ချုပ်​က​တော့ သူဝန်​ကြီးချုပ်​ဖြစ်​တဲ့​နေ့မှာပဲ သူ့ပီ​အေကို မင်​းအမျိုးငါ့အမျိုး ဘာအကူအညီပဲ​တောင်​း​တောင်​း မ​ပေးနဲ့လို့ မှာခဲ့တယ်​လို့ မှတ်​ထားဖူးတယ်​..

    ကန့်လန်​့တိုက်​တာ မဟုတ်​ပါဘူး အန်​တီ​ရေ..စာဖတ်​ရင်​း စိတ်​ထဲမှာ သတိရသွားလို့..

  • CharTooLan

    December 9, 2014 at 3:02 pm

    ဆိုတော့ကာ….
    ကန့်လန့်ကလို့မရဘူးဘော့
    အာ့ဆို ပျံဘီ
    သဂျီးရဲ့ဆေးခန်း ခဏဝင်သွားဒယ်ဗျို့~~~~~
    ဒက်ဂလောက်.. ဒက်ဂလောက်.. :boss:

  • Ma Ei

    December 10, 2014 at 10:27 am

    .အမရဲ့စာထဲမှာ ဘိုးလုပ်ပြီး မြင်သာအောင်ပြပေးထားတဲ့ စာသားလေးတွေ အရမ်းကောင်းပါတယ်…
    .ကိုယ်ကျရာနေရာမှာ ရသလောက် အနေအထားနဲ့ ဆားလေးတစ်ပွင့်နှစ်ပွင့် ခတ်ပေးဖြစ်နေကျပါ…
    .ဒါပေမယ့် ကိုယ်တိုင်တော့ ဆားတစ်ပွင့်နှစ်ပွင့်လောက်တောင်းဖို့ ခက်သူပါ…

  • La Yeik

    December 10, 2014 at 3:50 pm

    ပေါ့ရွှတ်ရွှတ် ဖြစ်နေတဲ့ ဟင်းတစ်ခွက် အတွက်တော့ ဆားတစ်ပွင့်နှစ်ပွင့် ဖြစ်ချင်ပေမဲ့ စေတနာ ကို ဝေဒနာ အဖြစ် ပုံပြောင်းမဲ့ လူတွေတော့ တော်တော်ကြောက်တယ်…

  • Zaw Lwin

    December 11, 2014 at 2:11 pm

    အလှူ တွေ မှာ ဒန်ပေါက် မစားတဲ့ (မတည့်တဲ့) သူတွေ အတွက်
    တခြား အစီအစဉ် တွေ လုပ်ထား ပေးလေ့ ရှိပါ တယ်။
    ဒါဟာ မြန်မာတွေ ရဲ့ ချစ်စရာ ဓလေ့ ပါ။

    ပြီးတော့ ဒန်ပေါက် ပဲ ဖြစ်ဖြစ်၊ တခြား ဟင်းနဲ ့ ပဲ ဖြစ်ဖြစ် ၊
    အရံ ဟင်းတွေ ပါတတ် တော့ ဆား ထပ်တောင်း တာကို တော့
    လက် မခံ ချင် ပါဘူး။

    မိမိ နယ်သားဖြစ် လို ့ အခွင့် အရေး ပေးတာ ဟာ
    ဒါ လာဘ် စား မှု တစ် မျိုးပါ ဘဲ။

Leave a Reply