အပြုံး
ဒီတစ်ခုက
လူတွေမှာပဲ ဖောဖောသီသီ သုံးခွင့်ရှိတာ
တစ်ချို့က
ဘာလို့ တွန့်တိုနှမျောနေကြပါလိမ့်
မိုအတက်ခံ
သေရာပါဖုံးအုပ်
လူ့တန်ဖိုးကို ကလော်ထုတ်နေကြပေါ့
ပြုံးရတဲ့ကိစ္စ
အဆုတ်တော့ကွာမကျပါဘူး
မိုနာလီဇာလည်း ပြုုံးခဲ့တယ်
မာသာထရီဇာလည်း ပြုုံးခဲ့တယ်
ဗိုလ်ချုပ်အောင်ဆန်းလည်း ပြုံးခဲ့တယ်
ငါလည်း
ပြုံးခဲ့တယ်
သေချာရဲ့လာလို့တော့
မမေးနဲ့
သူလိုကိုလို မရေမရာ။
ကိုစစ်
2 comments
အလင်းဆက်
January 10, 2015 at 8:04 am
အပြုံးဆိုလို့…ရွာထဲက..အပြုံး(မျှစ်မမ ဝင့်) ကို…ခေါ်တာလားလို့..
:k:
အပြုံးဆိုလို့…
ကျနော် အခုထိ…မပြုံးတတ်သေးဘူး ။
သင်နေတုန်း…
တတ်မြောက်တဲ့တနေ့တော့… လူတွေကို…
တစ်ကိုယ်လုံး ပြုံးပြ ပစ်မှာ..
:k:
ko six
May 1, 2016 at 8:20 am
ဟုတ်ကဲ့။
အာ့နေ့လေး ညန်ညန်ရောက်ပါဇေ