Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Diary of A Taxi Driver (တက္ကဆီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း- ခင်စောတင့်)

ဆုျမတ္မိုးFebruary 2, 20151min52012

အရင်တစ်ရက်က ဆရာမခင်စောတင့် ဘာသာပြန်တဲ့ တက္ကဆီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း ဆိုတဲ့စာအုပ်လေးကိုဖတ် ဖြစ်ပါတယ် ။ ဒီစာအုပ်လေးဟာ singapore က ဒေါက်တာဘွဲ့ရ သိပ္ပံပညာရှင်တစ်ယောက်ဟာ စီးပွားရေးဂယက်အတွင်းမှာ အလုပ်ပြုတ်ပြီး taxi မောင်းရတဲ့အကြောင်းလေးပါ ။ စာရေးသူ blogger Cai Mingjie ဟာ သူ့ရဲ့ taxi မောင်းရင်းကြုံရတဲ့နေ့စဉ်ဘဝကို blog မှာရေးရင်းကနေ နောက်ဆုံးစာအုပ်အဖြစ်ပုံနှိပ်ထုတ်ဝေခံရတဲ့အထိ သူ့ရဲ့ စာတွေက အောင်မြင်ခဲ့တာပါ ။ ဒီနေရာမှာ ကျမက သူ့ဘဝ ၊ သူ့ blog ပေါ်က daily entry ထက် သူ့ရဲ့ အပြောင်းအလဲကိုလက်ခံနိုင်တဲ့စိတ်ကိုလေးစားအားကျမိတာပါ ။

ရပ်နေသောအရာဝတ္တု၏ ရပ်မြဲရပ်နေလိုသော သဘော ၊ ရွေ့လျားနေသောအရာဝတ္တု၏ ရွေ့လျားမြဲ ရွေ့လျားနေလိုသော သဘောကို အီနားရှား (inertia) လို့ခေါ်တယ်လို့ ကျမတို့ ငယ်ငယ်တုန်းက သင်ယူမှတ်သားခဲ့ဖူးပါတယ်။ ပြေးစက်ပေါ်မှာပြေးနေတုန်း ရုတ်တရက်ရပ်လိုက်တဲ့ အချိန် ၊ အချိန်အတော်ကြာအောင် ကား ၊ လှေ ပေါ်မှာရှိနေပြီးမှ ရုတ်တရက်ရပ်လိုက်တဲ့အချိန်မှာ ခံစားရတဲ့အရာတွေက အီးနားရှားပေါ့…။ ပြေးခြင်း ၊ ကားစီးခြင်း စတဲ့ အခြေအနေသေးသေးမွှားမွှားလေးတွေမှာတောင် ပြောင်းလဲသွားတဲ့ အခြေအနေ ၊ ပတ်ဝန်းကျင်ကိုလက်ခံနိုင်ဖို့ နေသားတကျဖြစ်ဖို့အချိန်အတန်ကြာအောင်ယူရပါတယ်။ လူတစ်ယောက်ဘဝ တစ်နေရာကနေ တခြားတစ်နေရာကိုရုတ်တရက်ပြောင်းသွားမယ်ဆိုရင်ကော ။ ပြောင်းလဲသွားတဲ့အခြေအနေနဲ့အတူ လိုတစ်မျိုးမလိုတစ်မျိူးပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်တွေပါ ရောလာတဲ့အခါ တော်ရုံခိုင်မာတဲ့စိတ်ဓာတ်မျိူးနဲ့တောင် အပြောင်းအလဲကိုလက်ခံနိုင်ဖို့မလွယ်ကူပါဘူး ။

Cai Mingjie ရဲ့ ဘဝအကြောင်းကိုကြည့်ရရင် သူဟာ တရုတ်ပြည်မှာမွေးဖွားခဲ့တဲ့ တရုတ်လူမျိူးတစ်ယောက် ၊ နောက်ပိုင်းမှ Singaporean အနေနဲ့ citizenship ပြောင်းပြီး singapore မှာနေထိုင်တဲ့သူပါ ။ ဒေါက်တာဘွဲ့ကို Stanford University ကနေ molecular biology  နဲ့ရထားတဲ့လူတစ်ယောက် ၊ လုပ်သက် ၁၆ နှစ်ကျော်ရှိတဲ့သုတေသနပညာရှင် (ပါမောက္ခ ၊ သိပ္ပံပညာရှင်)တစ်ယောက်ပါ ။ ကမာ္ဘ့စီးပွားပျက်ကပ်ကြောင့် မေ ၂၀၀၈ မှာ စာချုပ်ကိုအဆုံးသတ်ကာ အလုပ်ဖြုတ်ခံရပါတယ် ။ အစိုးရအလုပ်တွေမှာရော တခြားကုပဏ်တွေမှာ အလုပ်တွေလျှောက်ခဲ့ပေမယ့် အဆင်မပြေတာကြောင့်ရယ် ၊ စီးပွားပျက်ကပ်ကြောင့်ရယ် အလုပ်တွေမရခဲ့ပါဘူး ။ နောက်ပြီး မိသားစုကိုပစ်ထားလို့မရတဲ့အတွက် တခြားနိုင်ငံမှာအလုပ်လုပ်ဖို့အဆင်မပြေတဲ့သူမို့ နောက်ဆုံး ၂၀၀၈ နိုဝင်ဘာမှ taxi စမောင်းခဲ့ပါတယ်။
သူ့ရဲ့နေ့စဉ်အဖြစ်အပျက်လေးတွေကို A Singapore Taxi Driver’s Diary ဆိုတဲ့ခေါင်းစဉ်နဲ့ blog ရေးခဲ့ပါတယ်။ Follower တွေ fan တွေရဲ့ စိတ်ဝင်စားမှုကိုရခဲ့ပြီး 2010 မှာ A Singapore Taxi Driver’s Diary စာအုပ်ကိုထုတ်ဝေခဲ့ပါတယ် ။ အဲဒီစာအုပ်ကိုပဲ ဆရာမခင်စောတင့်က ‘တက္ကဆီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း’ ဆိုပြီးမြန်မာဘာသာပြန်ထုတ်ဝေခဲ့ပါတယ်။

စင်ကာပူလိုနိုင်ငံမျိူးမှာ ဒေါက်တာဘွဲ့ကိုရဖို့ဆိုတာ တော်တော်ခဲယဉ်းပြီး ခက်ခဲပင်ပန်းတဲ့အလုပ်တစ်ခုပါ ။ ဒေါက်တာဘွဲ့ရဖို့ မာစတာ
ဆက်တက်ရပါတယ် ။ မာစတာကို ထူးထူးချွန်ချွန်အောင်မြင်ပြီး ကျောင်းက ရွေးချယ်မှ ဒေါက်တာဆက်တက်ခွင့်ရှိပါတယ် ။ များပြားလှတဲ့
ဘာသာရပ်တွေကိုလေ့လာသင်ယူ research လုပ် ၊ report တွေရေး ၊ publication တွေလုပ်ပြီးမှ ဒေါက်တာဘွဲ့ကို ခက်ခက်ခဲခဲရကြပါတယ်။ Cai Mingjie မှာ သူ့ရဲ့သက်ဆိုင်ရာနယ်ပယ်မှာ ဒေါက်တာဘွဲ့ကိုရပြီး လုပ်သက် ၁၆ နှစ်ကျော်ရှိပြီးသူ့ရဲ့
သုတေသနလုပ်ငန်းတွေအောင်မြင်ပြီးတဲ့အခါကျမှ အခုလိုမျိူး စီးပွားပျက်ကပ်ဖြစ်ပြီး သူ့ရဲ့ နှစ်ပေါင်းများစွာရင်းနှီးထားတဲ့ အချိန်တွေ ၊ ငွေတွေ ၊ ပညာတွေကို စွန့်ခွာပြီး သာမန်စာမတတ်တဲ့သူတွေတောင်လုပ်တဲ့အလုပ်ကို သူဘာလို့ရွေးချယ်လိုက်သလဲဆိုတာ
စာအုပ်ထဲမှာအတိအကျမပြောထားပါဘူး ။ ဒီလောက်ပညာတွေတတ်ထားတဲ့လူတစ်ယောက်ဟာ ဘာလို့ taxi driver အလုပ်ကိုလုပ်ရလဲလို့မေးစရာရှိပါတယ် ။

လူနေမှုစရိတ်မြင့်မားတဲ့စင်ကာပူနိုင်ငံမှာ ကြီးငယ်မဟူ အလုပ်မလုပ်ရင် ဘဝရပ်တည်ဖို့မလွယ်ကူပါဘူး ။ အလုပ်မရှိရင်
အကြွေးနဲ့ဝယ်ထားတဲ့အိမ်ခန်းခတွေ ၊ ကားခတွေ မပေးနိုင်ဘူး ၊ သားသမီးပညာရေးအတွက်လည်းမပံ့ပိုးနိုင်ဘူး ၊ စားဝတ်နေရေးအတွက် အဆင်မပြေဘူး ဆိုတော့ ရွေးချယ်ခွင့်မရှိတော့ဘူးဆိုတဲ့အခြေအနေမှာ သူ taxi driver အလုပ်ကိုရွေးချယ်လိုက်ခြင်းဖြစ်ပါလိမ့်မယ် ။အလုပ်မရှိတဲ့လူကိုအသာထား အလုပ်ရှိတဲ့လူတောင်မှ လက်ရှိနေရာလေးကို မနည်းရအောင်တွယ်ကပ်နေရတဲ့အချိန်မှာ  ပညာတွေအများကြီးတတ်ထားတဲ့ ၊  လစာတွေအများကြီးရနေတဲ့လူတစ်ယောက်အတွက် over education ဆိုပြီး အလုပ်ခန့်စရာနေရာမရှိပါဘူး။ဒီတော့ အလုပ်တွေကြိုးစားရှာပြီးမရတဲ့အခါ သူ့ရဲ့ lab အခန်းကြီးကိုလည်း ခဏမေ့ထား ၊ phd တက်နေတဲ့ သူ့တပည့်တပန်းတွေကိုလည်းခဏမေ့ထားပြီး ပညာမာန၊ လစာထောင်ချီသောင်းချီရခဲ့တဲ့ ရွှေရောင်အတိတ်ကိုခဏထားပြီး တစ်နေ့လုံးအလုပ်လုပ်မှ ဒေါ်လာ ၃ဝ နဲ့ ၅ဝ ကြားမှာရတဲ့ taxi driver ဘဝကိုသူလုပ်ခဲ့ပါတယ် ။ သူလုပ်နိုင်ခဲ့ပါတယ်။

လူတွေဟာ ဥစ္စာပစ္စည်းတွေရှိလာတာနဲ့အမျှ မာနဆိုတာက ဥစ္စာတိုးသလို တရိပ်ရိပ်လိုက်တိုးလာခဲ့ပါတယ် ။ ဥစ္စာမရှိပြန်တော့လည်း
ဆင်းရဲသားမာနဆိုတာတမျိူး ၊ ပညာတတ်တော့ ပညာမာနဆိုတာက တဖုံနဲ့ မာနတွေအမျိူးစုံရှိတတ်ကြပါတယ် ။ ကျမဆိုရင်လည်း ရထားတဲ့ ဘွဲ့ပေါက်စနလေးပေမယ့် ငါက ကွန်ပျူတာတက္ကသိုလ်က ဘွဲ့ရ ၊ ငါ အောက်ခြေသိမ်းမလုပ်နိုင်ဘူးဆိုတဲ့ မာနကလေးရှိတတ်ပါတယ် ။ အလုပ်ထဲမှာ မလုပ်ချင်တဲ့အလုပ်တွေကိုလုပ်ရတဲ့အခါ ငါ့ကိုဒါမျိူးတွေကိုခိုင်းရမလားဆိုတဲ့ အလိုမကျစိတ်တွေ့ရှိခဲ့ပါတယ် ။ ကျမတတ်တဲ့ ပညာဟာ Cai Mingjie တတ်တဲ့ပညာနဲ့ယှဉ်ရင် ဆင်နဲ့ဆိတ်လောက်ကွာပေမယ့် ခုနေ ပိုက်ဆံအရမ်းလိုလို့ taxi မောင်းမလားဆို ကျမခါးခါးသီးသီးငြင်းဆန်မိမှာပါ ။ ပညာတတ်မို့ ပညာတတ်ဆန်တဲ့အလုပ်ကိုပဲလုပ်မယ်ဆိုတဲ့ တစ်ယူသန် စိတ်ဓာတ်မျိူးကို မစို့မပို့ပညာမာနလေးရယ်နဲ့အတူ ပိုင်ဆိုင်ပါတယ်။ သူ့လိုရောက်ရှိနေတဲ့အခြေအနေတစ်ခုမှာ သဟဇာတဖြစ်အောင်နေဖို့ဆိုတဲ့ စိတ်ဓာတ်မျိူးကို ကျမမမွေးဖွားနိုင်သေးပါဘူး ။

အကျီလက်ရှည်ဝတ်ထားတဲ့ taxi driver ဒေါက်တာ Cai Mingjie မှာ taxi ပေါ်ကိုတက်လာတဲ့ အဖြူ ၊ အမဲ ၊ အညို အသားအရောင်ပေါင်းစုံ နဲ့ကြုံရသလို အင်္ဂလိပ် ၊ တရုတ် ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ ထိုင်း စတဲ့လူမျိူးပေါင်းစုံ နဲ့တွေ့ရပါတယ်။ ပညာတတ် ၊ ကျောင်းသူ ၊ အိမ်ဖော် ၊ ပြည်တန်ဆာ စတဲ့ အလုပ်အကိုင်ပေါင်းစုံ နဲ့ လူတွေကိုတွေ့ရပါတယ်။ ဒေါသကြီးသူ ၊ သဘောထားကြီးသူ ၊ စိတ်ညစ်နေသူ ၊ မာကျောက်နိုင်လာတဲ့သူ ၊ အရက်မူးနေတဲ့သူတွေကိုတွေ့ရသလို ၊ သူ့လောက်စာမတတ်တဲ့သူ ၊ သူထက်စာတတ်တဲ့သူတွေကိုလည်းတွေ့ရပေမယ့် သူက ဘယ်သူ့ကိုမဆို customer ဆိုတဲ့စိတ်ထားနဲ့ဆက်ဆံခဲ့ပါတယ် ။ မအောင်မြင်ခဲ့တဲ့ အလုပ်ရှာဖွေရေးအတွက်သူ မညည်းညူခဲ့သလို ၊ အထွတ်အထိပ်ရောက်ခဲ့သူ သူ့ပညာရေးအတွက်လည်း မာနတခွဲသားနဲ့ customer တွေကိုမဆက်ဆံခဲ့ပါဘူး ။ စကားပြောချင်မယ့်ပုံကိုတွေ့ရင်
အလိုက်အထိုက်ပြောပြီး ၊ စကားမပြောချင်တဲ့သူကို နှုတ်ပိတ်နေကာ ၊ ရန်စတဲ့သူကိုလည်း ငါပါမောက္ခဟောင်းကွ ဆိုပြီး
ဒေါသတကြီးနဲ့မတုန့်ပြန်ခဲ့ပါဘူး ။ သူ့ကို လိမ်ဖို့ကြိုးစားရင်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကိုပြောပြသလို ၊ သူ့အပေါ် tip
ပေးတဲ့သူကြီးငယ်မဟူကိုလည်း သူကျေးဇူးတင်တတ်ခဲ့ပါတယ် ။ သူလမ်းမှားတာကို နားလည်ပေးတဲ့ ဖိလစ်ပိုင်အမျိူးသားကိုကျေးဇူးတင်သလို သူ့အပေါ်လူလည်ကျတဲ့ နိုင်ငံကြီးသားတွေကိုလည်း သူရပိုင်ခွင့်ရှိတာကို ပြန်တောင်းပါတယ် ။ သူ့လို ရုန်းကန်နေတဲ့ တစ်လ ဒေါ်လာငါးရာသာရတဲ့ မြန်မာလူမျိူးတစ်ယောက်ကိုလည်း taxi ခလျော့ပေးသလို ၊ အင်္ဂလိပ်လူမျိူးတစ်ယောက် ပစ္စည်းကျန်ခဲ့လို့ ပြန်လာပေးတဲ့အချိန် ၊ အချိန်ကုန် ဆီကုန်ခံပြီး ပစ္စည်းလာပြန်ပေးခကိုလည်း ပြန်တောင်းတတ်ပါတယ် ။

ဒေါက်တာ Cai Mingjie ရဲ့ ဘဝဟာ ဇာတ်လမ်းတစ်ပုဒ်သာဆိုရင် သူ့ရဲ့ taxi မောင်းရတဲ့ ဘဝလှည့်ကွက်လေးဟာ climax လို့ပြောလို့ရသလို ၊ သူ့ရဲ့လူသားဆန်မှု ၊ နားလည်မှု ၊ ကိုယ်ချင်းစာစိတ်ကို လှစ်ဟမြင်နိုင်တဲ့ အခန်းတစ်ခုဖြစ်ပါတယ် ။ တကယ်တော့ “တက္ကဆီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း” ဆိုတဲ့စာအုပ်လေးဟာ အချိန်နာရီပိုင်းမျှသာပေးရတဲ့စာအုပ်ပါးလေးတစ်အုပ်ပါ ။ ဒါပေမယ့် အဲဒီစာအုပ်ပါးလေးမှာပဲ သူဖော်မပြထားတဲ့ ပညာတတ်တစ်ယောက်ရဲ့ အပြောင်းအလဲကိုလက်ခံနိုင်စွမ်း ၊ လူတစ်ယောက်ရဲ့ လူသားဆန်မှု ၊ taxi driver တစ်ယောက်ရဲ့ ဘဝမှတ်တမ်း ၊ စင်ကာပူရဲ့လူနေမှု တွေအပြင် ခေတ်ကာလကိုပါထင်ဟပ်နိုင်စွမ်းရှိပါတယ်။ဘဝမှာအကျိူးအကြောင်းမညီညွတ်လို့ ရွေးချယ်ရာလမ်းကြောင်းကသွေဖယ်ခဲ့ရင်လည်းစိတ်ဓာတ်မကျဘဲ လမ်းမှန်တစ်ခုကိုအကောင်းဆုံးရွေးချယ်ကာ ရောက်ရာအရပ်မှာ လူသားဆန်ဆန်ပျော်ပျော်ရွှင်ရွှင်နေဖို့ အဲဒီစာအုပ်လေးက သင်ပြပေးပါတယ်။ တကယ်လို့အချိန်တစ်နာရီကျော်လောက်ရမယ်ဆိုရင် ဆရာမခင်စောတင့်ဘာသာပြန်တဲ့ “တက္ကဆီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း” ဆိုတဲ့စာအုပ်လေးကိုဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့် ။

12 comments

  • YUYA MON

    February 2, 2015 at 11:45 am

    THANKS FOR YOUR ADVICE…..I WILL

  • kai

    February 2, 2015 at 4:14 pm

    စာအုပ်အညွှန်းပေါ့…။
    2008 global recession ကို.. ကမ္ဘာ့စီးပွားပျက်ကပ်လို့..သုံးလိုက်တာ..သတိထားမိတယ်..။
    recession ကို စီးပွားပျက်ကပ်လို့..စာအုပ်ထဲသုံးထားသလားသိချင်…။

    Stanford University ဆိုတာ.. ယူအက်စ်ကလား…ဆိုတာလည်းသိချင်…
    စင်္ကာပူမှာလည်းအဲဒီနာမယ်မျိုးနဲ့ရှိသလားလည်း.. သိချင်..။

    ဘာပဲဖြစ်ဖြစ်.. ဖတ်ချင်၏။
    အကြောင်းက.. ငယ်ငယ်ကဖတ်ဖူးတဲ့.. တက်ခ်စီသမားတယောက်.. “မောင်ဖိုးထူးဘဝအတွေ့အကြုံများ”စာအုပ်ကိုကြိုက်လို့ပါ..။
    ကြိုက်လွန်းလို့.. သူ့တို့လိုအတွေ့အကြုံရအောင်.. တက်ခ်စီဆွဲစားမလို့.. တွေးတွေးနေမိ… :k:

  • ဆုမြတ်မိုး

    February 3, 2015 at 7:21 am

    စာအုပ်ထဲမှာ စီးပွားရေးကပ်လို့သုံးထားပါတယ် ။ ကျမလျှမ်းပြီးရေးလိုက်တာ စီးပွားပျက်ကပ်ဖြစ်သွားတာ.. ။ edit လုပ်လို့မရတဲ့ အတွက်…. ပြန်ပြင်ပေးပါဦးရှင့် ။ အမှားပြင်ပေးတာ ကျေးဇူးပါနော် ။ စင်ကာပူမှာ Stanford University ရှိမရှိမသိဘူးရှင့် .. ပြီးတော့ wiki မှာပါ Stanford ကနေ Phd ရတယ်ဆိုတာပဲပါတဲ့အတွက် ဘယ်ကလဲဆိုတော့ ကျမ မသိပါဘူးရှင့် ။ စာအုပ်အညွှန်းလို့ယူဆနိုင်လို့ အက်ဆေးလို့လည်းယူဆနိုင်ပါတယ် ။ စိတ်ထဲမှာရေးချချင်လာတဲ့အရာကို ရင်ဘတ်နဲ့ရေးလိုက်ရုံပါ ။ အမှားပြင်ပေးတာတွေအတွက် ကျေးဇူးပါလို့ ။

    • kai

      February 3, 2015 at 3:22 pm

      The Great Depression (1929-39) ကို ကမ္ဘာ့စီးပွားပျက်ကပ်လို့သုံးကြတယ်မှတ်မိတယ်..။
      Recession က.. ပျက်ကပ်လောက်တော့မရောက်တာမို့.. အသုံးအနှုံး မေးကြည့်တာပါ…။

      အမှားရယ်လို့တော့မဟုတ်..
      ရေးချင်တာရေး.. ရေးချင်တာရေးသာရေး.. :k:

  • Mike

    February 3, 2015 at 9:52 am

    .ကျုပ်ကလည်း ကုမ်ပဏီ အလုပ်ထွက်ပြီး တက်စ်စီမောင်းသေးတယ်ဗျ…မှတ်မှတ်ရရ ၂၀၀၈ နာဂစ်အလွန်လေး မှာပဲ…တစ်နေ့တော့ရေးအုံးမယ်လို့တွေးထားတာ လက်ကမရောက်ဖြစ်ဘူး… :dd:

  • ခင်ဇော်

    February 3, 2015 at 9:59 am

    တက်ကစီ ဒရိုင်ဘာအနေနဲ့ ရေးထားတဲ့ ဝတ္ထု တစ်အုပ်ဖတ်ဖူးတယ်။
    မာန် (တောင်လုံးပြန့်) ရဲ့ လုံးချင်းဝတ္ထုပဲ။
    အရေးသွက်လို့။
    ဆု ပြောတဲ့ စာအုပ်တော့ မဖတ်ဖူးဘူးး
    ရှာလိုက်မယ်နော်။
    ကျေးဇူးး

    🙂

  • pooch

    February 3, 2015 at 1:41 pm

    တကယ်တမ်းလေ မသေခင်ထိ ရှေ့ဆက်လျှောက်ရမဲ့ လမ်းမှန်သမျှက ဘယ်တော့မှ ပုံသေရှိလေ့မရှိဘူး
    အနည်းနဲ့ အများ အပြောင်းအလဲကတော့ ရှိနေတာပဲ
    အဲ့ အပြောင်းအလဲ အချိုးအကွေ့ကို လက်သင့်ခံနိုင် လက်သင့်ခံတတ်တဲ့ ရင်ဆိုင်နို်င်တဲ့ စိတ်မျိုး ရှိတဲ့သူတွေသာ ဘဝမှာ ပျော်ရွှင်ရတာ

    လိုက်လျောညီထွေ မနေတတ်ရင် စိတ်ကျပြီး ဘဝဆုံးရောပဲ
    သူဘဝကို ရင်ဆို်င်တဲ့နည်းလမ်းကတော့ ရိုးရှင်းပြီး လက်တွေ့ကျတယ်

  • Ma Ma

    February 3, 2015 at 2:06 pm

    စာကလည်း ကောင်း၊ ညွှန်းတဲ့သူကလည်း တော် ဆိုတော့…
    စာညွှန်းလေး ဖတ်ရတာနဲ့တင် အတော် အရသာရှိတယ်။

    “တက္ကဆီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း” ဆိုတဲ့ ခေါင်းစဉ်ကို ကြည့်ပြီး ဘာများထူးမှာမို့လဲလို့ ထင်မိတယ်။

    ဒီစာကို ဖတ်ပြီး Cai Mingjie ဆိုတဲ့ လူသားဆန်တဲ့ လူသားတစ်ယောက်ရဲ့ ပြုမူချက်တွေကို ခံစားမိတယ်၊ လေးစားမိတယ်။

    မူရင်းစာကို ဖတ်ဖို့ဆိုတာက စာဖတ်ပျင်းတာက တကြောင်း၊ အီး စာ မကျွမ်းတာက တကြောင်း။

    ရွာထဲက ဘာသာပြန်ဆရာလေး မောင်ဘလှိုင်ကို အားကိုးပါရစေ။ 🙂

  • Ma Ma

    February 4, 2015 at 9:32 am

    စာဖတ်ပြီး ဇာတ်ထဲမျောသွားလို့ ဆရာမဒေါ်ခင်စောတင့် ဘာသာပြန်တယ်ဆိုတာ မေ့သွားတယ်။
    စာအုပ်ဝယ်ဖို့ အင်မတန်ဝန်လေးပေမယ့် ဒီစာအုပ်ကတော့ သိမ်းထားသင့်တဲ့အမျိုးအစားမို့ ရအောင် ရှာဝယ်ပြီး ဖတ်အုံးမယ်။
    တခြားသူတွေကိုလည် သိစေချင် ဖတ်စေချင်လို့ ဖဘမှာ ရှဲပါရစေ။ 🙂

  • Shwe Ei

    February 4, 2015 at 10:29 am

    -ဝယ်ဖတ်ရမဲ့ စာအုပ်စာရင်း တိုးလာဘီ…စာညွှန်းအတွက်ကျေးဇူးပါ 🙂

  • မြစပဲရိုး

    February 8, 2015 at 2:17 am

    စားကျက်ပြောင်း ကာလ မှာရော အိမ်တွင်း ကလေးထိန်း ကာလ ပါ ၆ နှစ်လောက် အိမ်တွင်းပုန်း ဖြစ်ခဲ့တာ။
    နောက် ကလေး လဲ ကျောင်းတက်ရော ဘာ Professional အလုပ် ကို မှ လျှောက်မရလို့
    မက်ဒေါနယ်လ် မှာ စားပွဲသုတ် ကြမ်းတိုက် တဲ့ အလုပ် ကို ပျော်ပျော်ကြီး ကို လုပ်ခဲ့ဖူးတာ။
    ပိုက်ဆံ အရမ်းလို လို့ မဟုတ်ပေမဲ့ အိမ်မှာ ဘာမှ မလုပ်ဘဲ ထိုင်နေ ရတာ ဘယ်လိုမှ မပျော်ဘူး။
    သမာအာဇီဝ အလုပ် တစ်ခုခု မှာ အကျိုးရှိရှိ လုပ်တာမို့ ဂုဏ်ရှိတယ်ထင်ပါတယ်။
    ရှက်စရာ လို့ ကို မထင်ပါ။

    ဒီလို အလုပ် က ကိုယ့်ပန်းတိုင် လိုချင်တာ မဟုတ်ဘူးလို့ သိရင် ကိုယ်လိုရာ ကို ရောက်ဖို့ ကြိုးစားလိုက်ရင် ပိုမြင့်တာ ရမှာပါဘဲ။
    အရေးကြီးတာက အရင်က ကိုယ့်ဘဝ က ဘာဘဲဖြစ်ဖြစ်၊ လက်ရှိ မှာ ဖြစ်နေတာ ကို အကောင်းဆုံး ကြိုးစားဖို့ဘဲ လိုတာပါ။

    မျှဝေပေးတဲ့ စာအုပ်လေး အတွက် ကျေးဇူးပါ ဆုရေ။ :))

Leave a Reply