Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Mandalay Gazette သို့…..

verylovemanFebruary 20, 20152min69124

Mandalay Gazette သို့ပေးစာ

=====================

ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ရေကန်အသင့် ကြာအသင့်၊ ခူးခပ်ပြီးသား အသင့်စားနိုင်မဲ့ ဘုန်းကြီးပွဲတစ်ပွဲလို့ ထင်မြင်မိပါတယ်

ဝါသနာကိုအရင်းတည်လို့ တတ်သလောက်မှတ်သလောက် ပညာလေးနဲ့ ရေးထား မှတ်ထားတဲ့ စာ၊ ကဗျာလေးတွေကို Note Pad နဲ့သာ ဖြေသိမ့်ခဲ့ရတဲ့ ညတွေလဲ များလှပေါ့။ ရောင်းစားဖို့လဲ မရောင်းချင်၊ (ဘယ်သူမှလဲ ဝယ်မယ်မထင်) အလကား ပေးပစ်ဖို့ကလဲနှမြော၊ သိမ်းထားပြန်တော့လဲ အကျိုးမရှိ၊ ဖော်ပြဖို့အတွက် နေရာရှာကြည့်တော့……၊

မထင်မှတ်ပဲ သူနဲ့ဆုံခဲ့တယ် ထူးခြားတဲ့ အကြံဉာဏ်ကောင်းတွေနဲ့အတူ ဖန်တီးထားပြီး အတိုင်းတာတစ်ခုထိ ပြည့်စုံစွာ တည်ဆောက်ထားတဲ့ ရွာကလေးတစ်ရွာကို အလည်ရောက်ခဲ့တဲ့ တစ်ပတ်ဆိုသော ကာလအတွင်းမှာတော့……၊

တစ်ရက်မှာ အနည်းဆုံး နှစ်ကြိမ်တော့ မကြည့်ရ မနေနိုင်အောင် ဆွဲဆောင်မှူတွေ ရှိနေခဲ့တယ်လေ ဘာကြောင့်လဲဆိုတဲ့ အရင်းခံကတော့ ဝါသနာတူတွေ စုစည်းထားတဲ့ စာပေ၊ ကဗျာ ဒီရွာကလေးဟာ ရင်ဖွင့်စရာ၊ ဖော်ကြူးစရာ၊ အကြံပြုစရာ၊ တင်ပြစရာတွေ စတဲ့ ကဏ္ဍပေါင်းစုံ ရောပြွန်းလို့နေတော့ ကျေနပ်စရာအတိပေါ့ 

အခုဆိုရင် Note pad ထဲက စာပိုဒ်အတိုအထွာလေးတွေလဲ အသက်ဝင်လာသလို မတောက်တစ်ခေါက် ကဗျာလေးတွေလဲ ရှင်သန်ခွင့်ရခဲ့ပြီပေါ့ ရှိသမျှ ဦးနှောက်ထဲက အရည်အချင်းတွေ ဖျစ်ညှစ်လို့ မတောက်တခေါက် စာကဗျာလေးတွေ အများအပြား 

ထပ်မံဖြစ်ပေါ်လာစေဖို့နဲ့ အများရဲ့အမြင်အမျိုးမျိုးမှာ ဖော်ကြူးထားတဲ့ စာကဗျာလေးတွေကိုလဲ လေ့လာခွင့်ရရင်း ကိုယ်ပိုင်အတွေးအခေါ်တွေ ရင့်ကျက်၊ အရည်အသွေးတွေ တိုးတက်ခဲ့ပါပြီ

အနယ်နယ်အရပ်ရပ်မှ ဝါသနာတူ မိတ်ဆွေအပေါင်းသင်းများနဲ့ အချိန်ကာလ အတိုင်းတာတစ်ခုအတွင်းမှာ လေလှိုင်းပေါ်ကနေ ခင်မင်ခွင့်ရတဲ့အတွက်လဲ ဘဝတစ်ခုမှာ များစွာအကျိုးရှိစေတယ်လေ

လက်ရှိမှာ Top (10) စာရင်းဝင် မောင်နှမများ ဖြစ်ကြသော……..

(1)Anzartone

(2)MaMa

(3)naywoonni

(4)kopauk mandalay

(5)weiwei

(6)kyeemite

(7)SP

(8)Khin Latt

(9)padonmar

(10)blackchaw တို့ အတွက်လဲ ဂုဏ်ယူပါတယ်

အခမဲ့ရခဲ့တဲ့ အကောင့်ကို တန်ဖိုးထားလို့ လွယ်ကူစွာ ရရှိခဲ့ပေမဲ့ အကျိုးရှိရှိ အသုံးချရင်း ရွာသူရွာသားတွေ စုစုစည်းစည်းနဲ့ မိမိတို့ ဝါသနာတွေကို ထုတ်ဖော်ခွင့်ပေးခဲ့တဲ့အတွက် admin ဆိုသော ပုဂ္ဂိုလ်များကိုလဲ ကျေးဇူးတင်ပါတယ်

Point ကိုဒုတိယနေရာမှာထားလို့ ဝါသနာကို ဦးစားပေး ဖော်ပြခွင့်ရတဲ့ ဒီရွာကလေးမှာ (၇) ရက်မက၊(၇)နှစ်မကလို့ နှစ်ပေါင်းများစွာတိုင် ရေးသားရင်း အသင်းသားတစ်ယောက်အဖြစ် ဆက်လက်ပါဝင်နေပါဦးမည်ဟု ကတိပေးရင်း……. 

M.G သူကြီးမင်းများအားလုံး ကျန်းမာချမ်းသာပြီး ဘဝဆက်တိုင်း ဉာဏ်ပညာများ ကြီးမြတ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်

VLMan

24 comments

  • တောင်ပေါ်သား

    February 20, 2015 at 3:24 pm

    ကောင်းပါပြီဗျာ

    ရွာပျော်ကြီးဖြစ်ပါစေ 🙂

  • အလင်းဆက်

    February 20, 2015 at 3:30 pm

    အဲ… သူကြီးမင်းများ…ဆိုတော့…ဒီရွာထဲ..သူကြီး ဘယ်နယောက်များ ရှိနေတာပါလိမ့်…

    :k:

    ကြာကြာနေပါ…
    .ကျော်ကျော်နေပါ…
    .ကျယ်ကျယ်သာအော်ပါ…
    ကြူကြူပါအောင်တော့ ငိုမပြေးရဘူးနော်…

    ဒီရွာက..အရေထူအောင်တော့ သင်ယူတတ်မြောက်နိုင်တယ်..(ထင့်)

    :k:

    • veryloveman

      February 20, 2015 at 3:42 pm

      ကျွန်တော့ရှေ့က အကိုအမတွေအားလုံးဟာ သူကြီးတွေပါ အလင်းဆက်ရေ့
      ကြာကြာလဲနေမယ်
      ကျော်ကျော်နဲ့တော့မနေပါ
      ကျယ်ကျယ်တော့အော်ပါမည်
      ကြူကြူပါအောင်တော့ ငိုမပြေးပါ
      အရည်ထူအောင်လဲ ကြိုးစားပါမည်ခင်ဗျာ
      ကျေးဇူးပါအလင်းဆက်
      :)))

    • Kaung Kin Pyar

      February 20, 2015 at 4:34 pm

      .ငါ နင့်ကို ကျိကျိနေတာ ကြာပြီ….
      .ရွာသူားအသစ်တွေဝင်တိုင်း နင်ဒီအလုံးကြီးနဲ့ ခြိမ်းခြောက်နေတယ်…. (ဒီအလုံး = အရေထူ)
      .ဟုတ်ပါတယ်….( အရေထူဖို့ လိုကြောင်းနဲ့…ခံစားမလွယ်အောင်ပါ သင်ယူပါလို့ ထပ်ပြောဗျဇီ…။ နီနီစိမ်းစိမ်းလဲ မခံစားနဲ့၊ ကိုယ်နဲ့ သဘောမညီလို့ ကလော်လဲ မခံစားနဲ့….နောက်တော့ ဒါတွေကတောင် ပျော်စရာကောင်းသွားအူးမယ်…)
      :mrgreen:

      • အလင်းဆက်

        February 20, 2015 at 4:38 pm

        ဟဲဟဲ အဲ့အရေထူဖို့ဆိုတာကြီး ပြောပြောနေလို့
        အသစ်ထဲက ဘသူကျန်နေလဲ
        တော်တော်များများက အရေမထူချင်သမို့
        .ပျောက်ခြင်းခြင်း လှလှ ပျောက်ကုန်ရော့ မဟုတ်လား။
        အိုဘယ့် အရေထူခြင်း အနုပညာ

        :k:

        • Mr. MarGa

          February 20, 2015 at 4:58 pm

          အရေထူပါ အရေထူပါလို့ ပြောပြောနေတဲ့ နင့်ကို
          အရေထူအောင် ငါတို့တွေ ခဏခဏ နားချခဲ့ရတာလေးလည်း ထည့်ပြောပါဦးဟဲ့
          :mrgreenn:

        • အလင်းဆက်

          February 20, 2015 at 6:08 pm

          ဟဲဟဲ
          အတိတ်အတွက်တော့ မင့်တို့ကို ကျေးဇူးတင်တယ်ကွဲ့

          ပျစ်စုတ်ပန်အတွက်တော့ ကိုယ့် ကိုယ်ကို ကျေးဇူးတင်တယ်

          အဟွတ်

          :k:

        • Kaung Kin Pyar

          February 20, 2015 at 5:02 pm

          .နောက်တစ်ခါ နားမချနဲ့…
          .နားရင်း…ချ
          :k:

        • အလင်းဆက်

          February 20, 2015 at 6:13 pm

          အခုများတော့ ကိုယ်က သူများကိုတောင် ပြန်ချရမယ့်အနေအထားနဲ့
          နားချတာ ပြောပါတယ်

          စမ်းကျိမလား။
          ဘယ်သူ ပို အရေထူသလဲလို့

          :k:

          အခုတလော ပျင်းနေလို့

          :k:

  • kai

    February 20, 2015 at 4:15 pm

    ဒီရွာထဲမယ်..ဒီနေ့ဒီအချိန်အထိ.. ပို့စ်ပေါင်း..30,953 နဲ့ကော်မန့်ပေါင်း.. 357,808 ရှိသဗျ..။
    ဖတ်ပြီးလိုတာယူ.. မလိုတာပယ်…။ သိချင်တာဆွေးနွေး.. ၊ကိုယ့်မတူတဲ့အတွေးနဲ့ကိုယ်ပိုင်စာတွေချရေး..
    ပျော်အောင်သာနေပါလေ..။ :k:

  • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

    February 20, 2015 at 5:08 pm

    ရွာထဲလာရင်​​တော့ အ​ပေါ်က ဘဲဖင်​​ကောက်​ပြာပြာ​လေးနဲ့ ​ကြောင်​ ဖား ကြီး ​တွေကိုသတိထားကွယ်​့
    🙂

    • အလင်းဆက်

      February 20, 2015 at 6:16 pm

      .ကြောင်ဖားကြီး ဆိုတာ
      .ကြောင်ရယ်. . . ဖားရယ်ကို ပြောတာ မဟက်လား။

      :k:

      သတိထား သတိထား

      :kwi:

  • padonmar

    February 20, 2015 at 9:33 pm

    .ပျော်သလိုနေပါကွယ်။
    .တွေ့ဆုံပွဲလုပ်ရင်လည်း လာပါကွယ်။

  • ဝင့်ပြုံးမြင့်

    February 21, 2015 at 1:54 am

    .ဟုတ်ပါ့ သိပ်ချစ်တတ်သူရေ၊ ဒီရွာက လူအိုရုံကြီးဆိုတော့ လူသစ်လက်တက်လေးတွေ လာရင် ပျော်စရာ ကောင်းပါလေရော။ ဒီရွာရဲ့ လူမိုက်တွေကိုကော သိလား။ အမ မပါဘူးလို့ ပြောတာပါ ဟီး။

  • မြစပဲရိုး

    February 21, 2015 at 2:36 am

    kai says: { ဒီရွာထဲမယ်..ဒီနေ့ဒီအချိန်အထိ.. ပို့စ်ပေါင်း..30,953}

    ၂၀၀၆ ဧပြီလ ကထဲ က စတာမို့ ၉နှစ်သား ဖြစ်တော့မယ်။
    တစ်နှစ် ကို ၃၆၅ ရက်။
    ကိုးနှစ် ဆိုတော့ ၃၂၈၅ ရက်။
    အဲဒါကို ပိုစ့်ပေါင်း ၃၀၉၅၃ ဆိုတော့ တစ်နေ့ ပျမ်းမျှ ၁ဝပုဒ် နှုန်း။
    အရင် သမိုင်းဟောင်း မှာ ဖြစ်ခဲ့မှာပါ။
    အခုတော့ တစ်နေ့ ၄ပုဒ် ၅ပုဒ်က အများဆုံး စံချိန်ဖြစ်နေပြီ။

    ယနေ့ပို့စ် ဆြာလဲ သူ့တာဝန် ကို မေ့ထားနေရော။

    မောင်ချစ် ရေ
    စိတ်ထဲရှိရာ ချတာရေး။
    အသံ မထွက်ဘဲ အားပေးသူတွေ အများကြီးရှိပါတယ်။ :))

    • Nyo Win

      February 21, 2015 at 9:22 am

      “အသံ မထွက်ဘဲ အားပေးသူတွေ အများကြီးရှိပါတယ်။ ”
      မှန်ပ အရီး……….. 🙂

  • ခင်ဇော်

    February 21, 2015 at 12:44 pm

    အဲဒီ တော့ပတန်း ၁ဝ ယောက်ဟာ ဒီရွာရဲ့ မျက်နှာဖုံးတွေပေါ့ကွယ်။

    ပိုက်ဆံပဲ ချေးချင်ချေးချင်
    ရွာမှာ မကျေနပ်တာတွေပဲ တိုင်ချင်တောချင်
    အပေါက်ဆိုးတဲ့ သူဂျီးကို ဘာပဲ ပြောချင်ပြောချင်

    သူတို့ ဖြေရှင်းပေးတယ် ကွဲ့။
    အဟွတ်။
    :k:

    ဟိ။
    မမ ကတော့ ဒီရွာမှာ
    စိတ်သဘောထား အကောင်းဆုံး
    အပြောအဆို အညင်သာဆုံးး
    စကားပြောအနူးညံ့ဆုံး ရွာသူ တစ်ဦးပေါ့ကွယ်။
    :mrgreenn:
    မှတ်ထားနော်။ အဟိ အဟိ

    • အလင်းဆက်

      February 21, 2015 at 2:04 pm

      အကြမ်းပညာရှင်လို့…နာမည်ထွက်နေတာလေးတစ်ခုပဲ…

      အဟီဟိ ဟီ

      :k:

  • Ma Ma

    February 21, 2015 at 5:55 pm

    အားရစရာပဲ။

    တွေးဖော် တွေးဖက်
    ရေးဖော် ရေးဖက်တွေ တိုးလာတာကို
    လှိုက်လှဲဝမ်းသာ ကြိုဆိုပါ၏ 🙂

    ဒီရွာရဲ့ အားသာချက်ကတော့ ဒီမိုကရေစီ အပြည့်အဝ ရထားတာပဲ။
    ူသူ့အမြင် ကိုယ့်အမြင် တူတူ မတူတူ စိတ်ရှိသလို တင်ပြနိုင်တယ်။
    စိတ်မဆိုးကြေးးးး 🙂

    သဘောထားမတူရင် သဂျီးကိုလည်း သည်းမခံနဲ့။ :k:

    ပြိုင်သာငြင်းးးး
    ဒါမှဒီရွာသားပီသမှာ :a:

  • ဦးကြောင်ကြီး

    February 23, 2015 at 9:12 am

    ဒီရွာမှာ ကင်းကောင်ပြာဆိုုဒါ ငါ့စော်ပဲ။။ မင်းသိထားဖို့ပါ…

    • Kaung Kin Pyar

      February 23, 2015 at 10:25 am

      .အူးကြောင်ကို တံကျင်လျိုပြီး ကင်စားပစ်မဲ….
      :byee:

  • Mike

    February 23, 2015 at 9:34 am

    .ရွာမှာပျော်နေပြီဆိုလို့ ဝမ်းသာပါဂျောင်း..ဆက်ရေးသမျှ အားပေး ဆွေးနွေးသွားပါ့မယ်ဗျ

  • manawphyulay

    March 3, 2015 at 10:34 am

    အင်း ပိုပြီး အားကျအောင် ပြောရရင်တော့ တော့တန်းထဲမှာ ဘယ်နှကြိမ်မြောက်မှန်း မသိတော့တာတွေ ထပ်ပါလာသေးတယ်ဆိုတာ ပြောလိုက်ပါရစေ…

    ဒီမှာကတော့ ပြန်ချစ်လိုက် ရန်ဖြစ်လိုက်နဲ့ ရွာလေးကတော့ စည်ကားမြဲပါပဲ….

    မနောတောင် စိတ်သာရောက်တာ လူက မရောက်ဖြစ်တာ အတော်ကြာပါ့…

    သတိရတိုင်း ရွာပြင်ကတော့ ကြည့်ဖြစ်နေပါတယ်…

    ချစ်စရာ့ရွာလေးမှာ အမြဲပျော်ရွှင်နိုင်ပါစေနော်…

Leave a Reply