Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗေဒင်၊ ယတြာများနဲ့ ကျနော်…

alinsettFebruary 25, 20151min83331

 

Sule-Paya-view-from

 

 

 

 

 

 

 

 

 

 

 

 

 

 

 

##################################################

 

ဆူးလေဘုရားလမ်းပေါ်၊ မဟာဗန္ဓုလပန်းခြံဘေးက သစ်ပင်တန်းလေးများ စီစီရီရီ…
သစ်ပင်ကလေးများအောက်က အုတ်ခုံကလေးများပေါ်မှာ လမ်းဘေးဗေဒင်ဆရာများ ဟိုနားတစ်ယောက် သည်နားတစ်ယောက်. . .

သစ်တစ်ပင်အောက်မှာ ဗေဒင်ဆရာတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ခွန်းကြီးခွန်းငယ် စကားများနေကြတယ်. . .

အနားရောက်တော့မှ သူတို့ဟာ လင်မယားတော်စပ်မှန်း သိရတယ်။

ထုံးစံအတိုင်း အိမ်ရှင်မက အိမ်စရိတ်မလောက်ငလို့ ငွေအရှာအဖွေညံ့တဲ့ ဗေဒင်ဆရာ လင်ယောကျာ်းကို
ဆူပူဆောင့်အောင့်နေတာပါပဲ။

သိပ်မထူးဆန်းလှတဲ့ ဖြစ်ပျက်မှုပေမဲ့ ကျနော့်ရင်ထဲ ကလိကလိဖြစ်သွားတယ်။

အဲ့ဒါနဲ့ပဲ ကျနော် အဲဒီနား ရစ်သီရစ်သီလုပ်နေပြီး လင်မယား စကားစစ်ခင်းအပြီးမှာ ဗေဒင်ဆရာကြီးရှိတဲ့ အုတ်ခုံထောင့်စွန်းမှာ စွေ့ခနဲ ဝင်ထိုင်လိုက်တယ်။
(ဒီနေရာမှာ စွေ့ခနဲ ဝင်ထိုင်တယ် ဆိုတာကို နည်းနည်း ရှင်းပြရမယ်။ စွေ့ခနဲထိုင်တယ်ဆိုတာ ထိုင်လိုက်တဲ့အချိန်မှာ “စွေ့ခနဲ” လို့ အသံထွက်အောင် ပါးစပ်က ပြောပြီး ဝင်ထိုင်တာ မဟုတ်ပါဘူး။ ခပ်သွက်သွက်လေး ဝင်ထိုင်တာကို ပြောတာပါပဲ။)

ဗေဒင်ဆရာကြီးက ဝေ့ခနဲ ကျနော့်ကို လှည့်ကြည့်တယ်။

(ဒါလည်း ဗေဒင်ဆရာကြီး ပါးစပ်က “ဝေ့ခနဲ” လို့ မအော်ပါဘူး။ )

ကျနော်က ဗေဒင်ဆရာကြီးကို
ဟဲခနဲ ရယ်ပြလိုက်တယ်။ ( ကျနော် ရယ်ပြတဲ့ ဟဲခနဲကတော့ ‘ဟဲဟဲ’ လို့ အသံထွက်သွားတယ်။

ဗေဒင်ဆရာကြီးက မေးတယ်။
”ဗေဒင် မေးမလို့လား ကောင်လေး” တဲ့။

” ဟုတ်။ မေးချင်တယ်။”

” အော်. . .ကိုယ့်လူက ဘယ်ဆိုးလို့တုန်းကွ။ ဗေဒင်တွေ ဘာတွေ ယုံသားပဲ။ တချို့လူငယ် ယောကျာ်းလေးတွေဆို ဗေဒင် မယုံဘူးကွ”

တိန်။

သူ့ဘာသာသူ စွတ် ပြောနေတော့တာပဲ။

ဗေဒင် ယုံတဲ့သူက ဘယ်ဆိုးလို့လဲ ဆိုတော့ ဗေဒင် မယုံတဲ့သူတွေကပဲ ဆိုးနေသလိုလို. . .

ကျနော်လည်း အချိန်မီအောင် ဖြတ်ပြောလိုက်ရတယ်. . .

”ဟိုလေ . .  ကျနော် မေးချင်တယ်ဆိုတာက . . .ဗေဒင် မဟုတ်ပါဘူးဗျ။
ဆရာကြီးကို ဗေဒင်ပညာနဲ့ ပတ်သက်တာလေး နည်းနည်းမေးကြည့်ချင်လို့ပါ။
ဗဟုသုတ ရချင်လို့ဆိုပါတော့ဗျာ။
ကျနော် လက်ဖက်ရည်လည်း တိုက်ပါရစေ. . .”

”ဟေ. . .”

သူ . . .
.ဟေခနဲ. .

အံ့ခနဲ. . .

အားခနဲ . . .

သင့်ခနဲ. . . ဖြစ်သွားတုန်းမှာပဲ

မလှမ်းမကမ်းက ပလက်ဖောင်းဘေး ကပ်ရောင်းနေတဲ့ လက်ဖက်ရည်ဆိုင်လေးဘက် ကျနော် အော်ပြောလိုက်တယ်။

”ဟေ့ ညီလေး. . . ပရီမီယာ ပလိန်း နှစ်ခွက်”

(သိနေတယ်လေ။ ဒီလို လမ်းဘေးဆိုင်သေးသေးလေးမှာ ပလိန်းပဲ ရမှာ။ ဆိုင်ဖျော် လက်ဖက်ရည်တော့ ဘယ်ရလိမ့်မတုန်း။ )

.ဗေဒင်ဆရာကြီးက ကျနော့်လှုပ်ရှားမှုတွေကို လိုက်ကြည့်ပြီး နောက်ဆုံးမှာ သက်ပြင်းချလိုက်တယ်။

ကျနော်မေးသမျှကိုလည်း ပလိန်းတစ်ခွက်နဲ့တန်တဲ့အထိတော့ ဖြေပေးပါ့မယ်လေ. . .လို့ ဆုံးဖြတ်လိုက်တဲ့ပုံပဲ။

ပလိန်းနှစ်ခွက် ရောက်လာ/ ကိုယ့်ခွက်ကိုယ်ဆွဲယူပြီး. . . ဖောက်ထည့်   . . .

.မွှေနေတုန်းမှာပဲ

ကျနော် ဗေဒင်ဆရာကြီးကို စ. . . မေးလိုက်တယ်။

”ဆရာကြီးက ဗေဒင်ပညာရှင်ပေါ့နော်”

”အိမ်းးးး”

”နောက်ပြီး အရှေ့မှာ ချထားတဲ့ဆိုင်းဘုတ်လေးမှာ ရေးထားပုံအရဆို . . . .

ဆရာကြီးက နိမိတ်တွေကို ဟောပေးနိုင်တယ်ပေါ့နော်”

”အဲ. . .အိမ်းးး”

”ပြီးတော့ ကံအဆိုးတွေကိုလည်း ပြေပျောက်အောင် ယတြာတွေ ဘာညာသာလကာတွေ. . . စီရင်ပေးနိုင်တယ်ပေါ့နော်”

”. . . .” (ဗေဒင်ဆရာကြီး မျက်မှောင်ကြုံ့နေတယ်)

” ဟုတ်ကဲ့။ ကျနော် တွေးနေမိတာဗျာ။
ဒီနေ့ ဆရာကြီးကိုယ်တိုင် ဇနီးမယားနဲ့ စကားများ ရန်ဖြစ်မယ်ဆိုတဲ့ နိမိတ်ကိုကြိုမြင်မှာပဲလို့။ မဖြစ်အောင် ယတြာတွေဘာတွေ ဘာလို့များ ကြို ပြီး ချေမထားသလဲ. . . လို့. . .”

”ဟေ” (ဗေဒင်ဆရာကြီး မျက်နှာက ကော်ဖီပလိန်းလိုပဲ မည်းပြီး .အငွေ့တထောင်းထောင်းထသွားတယ်။ ပညာမာနဆိုတာကြီးက ဒေါသမီးပုံကို ဓါတ်ဆီလိုလောင်းချလိုက်သလို. . . ဝေါင်းခနဲ ထတောက်တော့မယ့်ဟန်)

”မင်းက. . .”

” ဟာ အခုမှ သတိရတယ်။
ကျနော် ဒီညနေ ယတြာ ချေရမှာဗျို့။ ဆူးလေ ဘုရားပေါ်မှာဗျ။
”ဆူး” ပါတဲ့လေတွေ မတိုက်ပါစေနဲ့ . . .ဆူးပါတဲ့လေတွေ မတိုက်ပါစေနဲ့ဆိုပြီး. . . သက်စေ့ရွတ်ရမှာဗျ။

မနေ့က ကျနော့် အသိဗေဒင်ဆရာက လုပ်ခိုင်းလိုက်တာ။
ဆရာကြီးနှယ် ကျနော့်နိမိတ်ကို ကြိုမြင်မှာပေ့ါ။ ဘာလို့ သတိမပေးသတုန်းဗျ။

.အေးလေ ဆရာကြီးလည်း ကော်ဖီသောက်နေရတော့ နိမိတ်အစား ကော်ဖီခွက်ကြီးပဲ မြင်မှာပေါ့။ ကဲကဲ လစ်ပြီဗျာ။”

ဗေဒင်ဆရာကြီး ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တယ်။

ကျနော်လည်း ပလိန်းဖိုး ဝင်ပေးလိုက်ရသေးတယ်။

”ရော့ ညီလေး ။ ပလိန်းနှစ်ခွက်ဖိုး။ တစ်ရာပိုတယ်။ အဲ့တစ်ရာနဲ့ ဟို ဗေဒင်ဆရာကြီးကို ဆေးလိပ်သွားပေးလိုက်။ ဆရာကြီးကိုလည်း ပြောလိုက်။
ခုန အစ်ကိုလေးက ယတြာချေသွားတာပါလို့. .. . ကြားလား. . .”

”ဂျာ. . .ဟုတ်တဲ့”

(”အော်. . .  ဒီ. . .တောက်ခလေးလေးက တညိုး …  အဂုထိ ဂျဂါးက မပီတေးဝူး”)

လှစ်ခနဲ. . . ပြေးထွက်. . . .

(ကျနော့်စိတ်ထဲက ပြောနေတာကတော့. . .

”ဘာမှ ယတြာချေတာမဟုတ်ဘူး။

လက်တွေ့ တစ်ခါမှ အကျိုးမပြုဖူးသေးတဲ့

အဲ့ဒီဗေဒင်တွေ ယတြာတွေကို. . . ဇွတ်မှိတ်ယုံပေးလို့လည်း မရသေးဘူး။

အခုဟာက . .. . . ဘီယာမူးစပ်စပ်နဲ့ စချင် နောက်ချင်လာလို့။ ဟီဟိ။” )

~~~~~~~~~~~

 

ချစ်ခင်လေးစာလျက်…

 

Maung Thura

21/02/2015/ 17:17:PM

 

 

31 comments

  • Mr. MarGa

    February 25, 2015 at 8:42 am

    နင့်စာဖတ်ရတာ ခေါင်းမူးတယ်
    ခုထိ ရေးဟန်က ဟိုလိုလို ဒီလိုလိုနဲ့
    ရှုပ် နေဒါဘဲ

    • အလင်းဆက်

      February 25, 2015 at 9:48 am

      .ခေါင်းမူစေသော ရေးဟန်ပေါ့နော်
      :k:

      ဝတ္ထုတိုကို ဝတ္ထုတိုလို ဖတ်ကြည့်ပေါ့ကွယ်
      ဝတ္ထုှတိုကြီး ဖတ်ပြီး တကယ့်အဖြစ်အပျက်လိုခံစားဖို့
      (သို့မဟုတ်) ပုံပြင်လို လေ့လာဖို့ ကြိုးစားမိတဲ့အခါ
      အဲ့ဒီလို ခေါင်းမူးတတ်တယ်ဟ

      ဒါ ဝတ္ထုတို
      ဒါ ဝတ္ထုတို

      :kwi:

      • Mr. MarGa

        February 25, 2015 at 10:28 am

        မဟုတ်ဘူးဟ
        ဟိုစာရေးဆရာ ရေးတဲ့ဟန် ဖြစ်လိုက်
        ဒီ စာရေးဆရာ ရေးတဲ့ဟန် ဖြစ်လိုက်နဲ့
        ငါ ခေါင်းမူးလို့

        • အလင်းဆက်

          February 25, 2015 at 12:19 pm

          ဟိုက်
          ရိပ်မိသလား

          ဘယ်သူ့ ရေးဟန်လဲငင့်

          :k:

        • ခင်ဇော်

          February 25, 2015 at 12:41 pm

          ဟိုတစ်ပုဒ်က ဂျူး
          ဒါက တာရာမင်းဝေ

        • Mr. MarGa

          February 25, 2015 at 12:48 pm

          ကဲ
          ဂျီးဒေါ် ဝင်ပြောသွားပြီ
          :a:

        • အလင်းဆက်

          February 25, 2015 at 2:25 pm

          ဟဲဟဲ ပေါ့ဗျာ..
          အင်းပေါ့ဗျာ…
          အဲပေါ့ဗျာ..

          :k:

  • Kaung Kin Pyar

    February 25, 2015 at 9:59 am

    နောက်ဆို သံခမောက် ဆောင်သွား…

  • naywoon ni

    February 25, 2015 at 10:01 am

    ဒါဟာ အချစ်​တဲ့လား အဲ့​ရောကုန်​ဘီ ဝတ္ထုတိုတဲ့လား ​အေး နီက ဝတ်​ထုဒို ဆိုလဲ ဝက်​ထုဒို​ပေါ့ ​ညော်​ ​နောက်​ဘီရာမူးရင်​ သူများလိုက်​မစနဲ့ ။ သူတို့က အုပ်​စုနဲ့ လိုက်​ရိုက်​ရင်​ ​ပြေး​နေရမယ်​ ။ 🙂

  • ဦးကြောင်ကြီး

    February 25, 2015 at 12:02 pm

    မနောက်ကောင်းဗူး.. ဟာသအဖြစ် ရေးတာ ဖြစ်ပါစေ

    • ကိုရင်စည်သူ

      February 25, 2015 at 12:06 pm

      စိတ်ကူူးယဉ်ပုံစံရေးပြီး နောက်ဒါပဲဖြစ်မှာဘာ.. အူးကြောင်..
      အဲ့လိုမှမဟုတ်ရင် ကိုယ့်ထက် အသက်ကြီးပြီး ရိုးသားစွာ လမ်းဘေးမှာလုပ်စားနေတဲ့ (ပညာတကယ်တတ်သည် မတတ်သည် အသာထား) အဖိုးကြီးတစ်ယောက်ကို
      ပလိန်းလေးတစ်ခွက်၊ ဆေးလိပ်လေး တစ်လိပ်ခေါ်တိုက်ပီး အရူးလုပ်သလိုတော့ ဗြဟ္မဆိုရ်တရား ခေါင်းပါးလောက်တာတော့ မဖြစ်နိုင်ပါဘူးနော့…

    • အလင်းဆက်

      February 25, 2015 at 12:23 pm

      ဦးကြောင်
      ကျနော် ဟာသဝတ္ထ္တု အမျိုးအစား
      .ရေးကို မရေးတတ်

      :k:

  • ကိုရင်စည်သူ

    February 25, 2015 at 12:02 pm

    ကျော်ဆူးလေးဘေးမှာ ဗေဒင်တွက်စားတုန်းက ခုစာရေးဆရာလေးမရှိလို့..
    တို့က အမြင့်လိုင်းတွေ… ဘီယာတိုက်မှ… လိုက်တာ… ။။

    • အလင်းဆက်

      February 25, 2015 at 2:18 pm

      ခွိ….

      ကျနော်ဆိုတဲ့ ချာတိတ်ကလည်း..
      ကျနော့်ကို ဗေဒင်ဟောပြမယ်ဆိုရင်..
      ဘီယာတိုက်ပါ့မယ်ဆိုမှ..ဗေဒင် ဟောတာ နားထောင်မယ့်သူ…
      အာ့ကြောင့် မဆုံဖြစ်တာနေမှာ..

      :k:

      :k:

  • Mike

    February 25, 2015 at 1:48 pm

    .နင့်လိုသွားလုပ်လို့တော့တခြားလူဆို ထိုးလွှတ်လိုက်မှာ..အဲ့ဆြာတော်တော်ညံ့လို့ :k:

    • အလင်းဆက်

      February 25, 2015 at 2:15 pm

      ဟုတ်ပါ့…
      တစ်ခုတော့ ရှိတယ်ဗျ…
      သူတို့မှာ …သိမ်ငယ်စိတ်တွေ ရှိနေတယ်.. ။
      ဘုရားစောင်းတန်းက ဗေဒင်ဆိုင်ခန်း ခမ်းခမ်းနားနားတွေမှာ…လုပ်စားနေတဲ့ ပညာရှင်တွေလောက်…
      သူတို့လို လမ်းဘေးဗေဒင်သမားတွေမှာ… မာန် မရှိရှာဘူးဗျ…

  • ကထူးဆန်း

    February 25, 2015 at 1:59 pm

    ကော်ကော် နဲ့ ဆေးလိပ် အလကား လာတိုက် အောင် မိန်းမ နဲ့ ဒါတ် ဆင် ဒါတ် ရိုက် လုပ်ထားတာပါဆိုရင် ဘူလိုလုပ်မလဲ ဂျာ .. :mrgreen:

    • အလင်းဆက်

      February 25, 2015 at 2:13 pm

      ဝါးးးးးးး မတူတဲ့ ထောင့်လေးက တွေးပြသွားတယ်…
      ဂွတ်တယ်ဗျားးးး

      ဝတ္ထုရဲ့ နောက်ဆက်တွဲအဖြစ်… အဲဒီ အချက်ကလေးကို…ဗေဒင်ဆရာဘက်က ပြောတဲ့အပြောအဖြစ်နဲ့
      ထည့်ပြလိုက်လို့ကတော့ ပိုဂ ွတ် သွားမယ်ထင့်…

      ကျေးကျေးဗျို့..

      😆

  • kai

    February 25, 2015 at 3:19 pm

    ခေးယော့သီအိုရီအရဆိုရင်တော့.. ကိုရင်အဲလိုတကယ်လုပ်လိုက်ရင်.. အကျိုးအကြောင်းပေါင်းထောင်သောင်းသိန်းသန်းကုဋေများစွာက.. ဗရမ်းဗတာထဲ..စနစ်တကျပြောင်းသွားမှာပါပဲ..။
    ယတြာခေါ်ချင်ခေါ်ပေါ့…။
    ယတြာမချေခင်ကနဲ့.. ချေပြီးချိန်မှာ.. ကိုယ့်အနာဂတ်ဟာ.. မတူတော့တာတော့သေချာတယ်..။

    တကယ်တော့…
    ကောင်းတာဖြစ်ချင်ရင်.. ကောင်းတာဖြစ်အောင်လုပ်ယူ(ယူ)ရမှာဖြစ်ပြီး.. လုပ်ယူရာမှာမှန်ကန်တိကျဖို့ကတော့.. ဓမ္မ.. တရားကိုသိပြီးလိုက်နာကျင့်သုံးရမှာပဲဖြစ်တယ်လို့… :k:

    • အလင်းဆက်

      February 25, 2015 at 3:26 pm

      ကောင်းတာဖြစ်ချင်ရင်.. ကောင်းတာဖြစ်အောင်လုပ်ယူ(ယူ)ရမှာဖြစ်ပြီး.. လုပ်ယူရာမှာမှန်ကန်တိကျဖို့ကတော့.. ဓမ္မ.. တရားကိုသိပြီးလိုက်နာကျင့်သုံးရမှာ ….

      အဲ့ဒါလေး ကြိုက်တယ်..

  • aye.kk

    February 25, 2015 at 6:52 pm

    ပြန်ပြောပြချင်မိလို့ပါ
    အရင်က ဘားလမ်းအောက်ဘလောက်မှာ
    နေခဲ့တော့ ဗန္ဓုုလပန်းခြံ ဘေးကအမြဲဖြတ်သွားနေကျနေရာလေးပေါ့နော် ။
    ဗေဒင်ဆိုတာကို ကိုယ်ကိုယ်တိုင်က လုံးဝမယုံကြည်ခဲ့ဘူး ၊ အဖေက မဟာယန ကိုးကွယ်တော့
    ဗေဒင်ဆိုတာ လုံးဝလက်သင့် မခံနိုင်အောင် ငယ်ငယ်လေးထဲက နားဝင်အောင် ရိုက်သွင်းထားခဲ့တာမို့ပါ ။
    ပန်းခြံရှေ့ကဖြတ်တိုင်း ဗေဒင်ဆရာတွေကို လှောင်ပြောင် စနောက်တာ မျိုး အမြဲလိုလို လုပ်ပြီး ဘရုတ်ကျခဲ့ဘူးတယ်။
    အသက် ၂၆ ဝန်းကျင်မှာ ဗေဒင် ကျန်းဂန်လိုက်စားတဲ့ တောထွက်ရဟန်း တစ်ပါးနဲ့ မမျှော်လင့်ဘဲတွေ့ခဲ့တယ် ။
    ခင်ကြီးပျော် မူရင်းကျမ်း အစစ်အမှန် ထုတ်ပြခဲ့တော့မှ ၊ ဗေဒင်ကျန်းဂန် အမှန်တကယ် ရှိတယ်ဆိုတာကို လက်ခံသွားခဲ့တယ်။
    ကိုယ်ကိုယ်တိုင်လည်း ဗေဒင်ကျန်းဂန် မှန်ကန်မှု ရှိမရှိ ဆိုတာနဲ ့ပတ်သက်ပြီး ၊ ဆရာတော် ခင်ကြီးပျော်ရဲ ့ မူရင်းကျန်းမှာ ဖော်ပြထားတာက မှန်ကန်မှု ရှိမှသာ လက်သင့်ခံဖို ့အတွက် လက်တွေ့ စမ်းသပ် စစ်ဆေးခံနိုင်တဲ့ ပညာရပ် ဖြစ်ကြောင်း ဖွင့်ဆိုထားပါတယ် ။
    လက်တွေ့ကျကျ ဟုတ်မဟုတ် ကိုယ်တိုင်လေ့လာကြည့်ခဲ့မိပါတယ် ။ မှန်ကန်မှုရှိတာ လက်တွေ့ကျကျ သိခဲ့ရတော့ အပျော်တန်း အဆင့် လေ့လာလိုက်စားမိတယ် ။
    အခုအသက်အရွယ်ရောက်တော့မှ လောကီပညာရပ်တွေက ကိုယ့်အနေနဲ့က အမှားသိ ဖြစ်နေတယ်ဆိုတာ လက်ခံပြီး နောက်ပိုင်း၊ ကိုယ့်အတွက်တော့ ဒီပညာရပ်တွေဟာ ဘာမှအသုံးမဝင် တော့ပါဘူး။။

    • အလင်းဆက်

      February 26, 2015 at 10:18 am

      ပညာရပ်အစစ်အမှန်ကို တက်သိနားလည်သူတွေဆိုရင်တော်…
      ဘရုတ် မကျရဲပေါင်ဗျား…

      :k:

  • Shwe Ei

    February 26, 2015 at 2:44 pm

    -လမ်းဘေး ဗေဒင်ကို မေးသူရှိသေးရဲ့လားတောင် သံသယဖစ်မိတယ်..
    -ကြားနေရတာတော်တော်များများက..နတ်မေး..သရဲမေး..ရှေ့ဖြစ်ဟော..တွေများသလားလို့
    -လက္ခဏာဟော သူခပ်ရှားရှားထဲကမှ..ခြေခဏာဟောသူရှိတာလဲ ကြားဖူးတယ်
    -ကိုယ့်အနာဂတ်ကို ဗေဒင်ဆရာလက်ထဲထဲ့ပီးး.ဟိုဟာလုပ်မှ အောင်မြင်မယ်..ဒီဟာလုပ်ရင် -ကျရှုံးမယ်လို့ ပြောလာတာတွေ..လက်မခံချင်ဝူး
    -အခုတလော..အက်(ဖ်)အမ်က စံဇာနီဘို ရဲ့ နေ့စဉ်ဟော ဗေဒင် နားထောင်ရတာတောင်..
    .နားကလောသလိုဖစ်နေတယ် 🙂

    • အလင်းဆက်

      February 26, 2015 at 9:30 pm

      မိန်းခလေးတွေထဲ နည်းနည်းရှားတဲ့ အမျိုးအစားထဲကပဲလိုစ့် ယူဆလိုက်ပီ

      😆

  • တောင်ပေါ်သား

    February 26, 2015 at 3:28 pm

    ဗေဒင် မမေးတဲ့အထဲမှာ ကျနော်ပါတယ် ၊
    မှားတာ မှန်တာထက် ကိုယ့်ကိုယ်ကို မယုံပဲ သူများပြောသမျှ
    လိုက်နာရမယ်ဆိုတာကြီးက ဂွကျတယ် ၊
    ပညာကို မစော်ကားဘူး
    ဒါပေမယ့် မယုံဘူး

    • kai

      February 26, 2015 at 4:45 pm

      လက္ခဏာ၊ ဗေဒင်… နက္ခတ်သမားတွေ.. အလုပ်အကိုင်အခွင့်အလန်းလျှော့ကုန်မှာပေါ့…။
      မြန်မာပြည်မယ်.. ဒီအလုပ်က.. တနှစ်တနှစ်.. လည်ပါတ်ငွေ… ဒေါ်လာသန်းချီပါတယ်..။
      မိသားစုထောင်..သောင်းကိုထမင်းကြွေးထားပါတယ်..။

      ယုံလိုက်..ယုံလိုက်..။
      .. ငွေပိုလေးများရှိရင်လည်း..အပျော်သွားမေးလိုက်…။
      ဟောတာထဲ.. ကောင်းမယ်ထင်တာလေးတွေယူလိုက်… မကောင်းမယ်ထင်တာလေးတွေပယ်လိုက်…။ :k:

  • aye.kk

    February 26, 2015 at 4:23 pm

    ရွှေအိပြောတာ အန်တီထောက်ခံတယ်။
    ကိုယ့်ကံကို ကိုယ်ဘဲပြုတာ ကိုယ့်သမိုင်းကို ကိုယ်ပဲရေးတာ ။
    ကံဆိုးကံဟောင်းကို ပယ်သတ်နိုင်တာ မဟာသတိပဌာန် ကျင့်မြတ်ဆေးပါ ၊ ဗေဒင်ပညာအရ အန်တီက စနေသမီး
    အခုအသက်က ၅၃ နှစ် ၊ အသက်ဆိုတဲ့ အာယုက ပြမိနေတယ် ၊ အနည်းဆုံး ဆေးရုံတက်ရကိန်း ရှိနေတယ်ဆိုတာ
    ကြိုတင်ဟောကိန်း ထုတ်နိုင်ပါတယ် ၊ ဒါပေမဲ့ အန်တီက ၅၂ နှစ် တစ်နှစ်နီးပါးလုံး တရားအားထုတ်ပါတယ် ။ အခုအန်တီ အသက်က ၅၃ပြည့်ဘို့ ရက်ပိုင်းသာ လိုပါတော့တယ် ၊ အခုထိ ကျန်းမာရေး ကေါင်းမွန်လျှက် ရှိနေပါတယ် ။ ဗေဒင်ဆိုတာ လက်ခံသင့် မသင့် စဉ်းစားကြည့်လို့ ရနိုင်ပါတယ် ၊ ကိုယ့်နှာခေါင်းပေါက်နဲ ့ ကိုယ်အသက်ရှူတာ အကေါင်းဆုံးပါ ။ သူများနှာခေါင်းပေါက်နဲ့ အငှားတောင်းပြီး အသက်ရှူရင် ကိုယ်ကျိုးနဲမှာဘဲ ။ ဗေဒင်ဆိုတာကို အားမကိုးစေချင်ပါဘူး ။ ဆိုလိုချင်တာပါ။ ဆရာတော် ခင်ကြီးပျော် ထားခဲ့တဲ့ ဗေဒင်ဆေးကျမ်း ပညာရပ်ဟာ သူတော်ကေါင်းတွေကို ကေါင်းကျိုးဖြစ်အောင် ဆောင်ရွက်ပေးဘို့အတွက် လောကီအကျိုးနဲ ့လောကုတ္တရာအကျိုး နှစ်ဖြာသော အကျိုးအတွက်ကို ရည်ရွယ်ပြီး ထားခဲ့ စီမံဆောင်ရွက်ခဲ့တာပါ ။ အနည်းဆုံးငါးပါးသီလ လုံခြုံအောင် မစောင့်ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်တွေလက်ထဲမှာ သုံးစွဲနေတာ အသုံးချနေတာ သေရင် အပါယ်ငရဲသွားမှာပါဘဲ ။ ကျမ်းလည်း မလေးပါဘူး ။ မဟာသတိပဌာန် ဆေးကိုမှီဝဲရင် ချမ်းသာသုခ အစစ်ခံစားရမှာ အမှန်ပါ ။။

    • အလင်းဆက်

      February 26, 2015 at 9:27 pm

      အတ္တာဟိ အတ္တာနော နာထော ဆ်ိုလား
      မိမိကိုယ်ကိုသာ ကိုးကွယ်ရာ

      😆

      ကဲ အဲ့စကားကို သဂျီးမင်းမှာ ပြောစရာတွေ ရှိရဲ့ မဟုတ်လား

      :k:

  • မြစပဲရိုး

    February 27, 2015 at 3:55 am

    အဲ့ဒီဗေဒင်တွေ ယတြာတွေ က ထိုင်ခုံမြဲ အောင် လုပ်ပေးနေတယ် ဆိုတာ ရော ယုံလား။
    မယုံလဲ
    နောက် တစ်ခါတော့ အဲလိုမျိုး သူများပညာ ကို မနောက်ပါနဲ့ ဆက်ဆက် ရယ်။

    • အလင်းဆက်

      February 27, 2015 at 10:36 am

      ယုံစရာပေါ့ အရီးရယ်
      ထိုင်ခုံမြဲအောင် ဗေဒင်စွဲတွေ လက်ကိုင်သုံးတဲ့ ဓါးတစ်လက်လည်း ဗေဒင်ပညာက ဖြစ်ခဲ့တာပေါ့။

      တလောကတောင် ကျောင်းသားသပိတ်တွေ ရန်ကုန်ထဲ ဝင်မလာအောင် ဗေဒင်နဲ့ ယတြာချေတယ်ကြားမိ
      :k:

      .ဗေဒင်ဆရာဆိုသူတွေ ပညာရပ် တကယ်တတ် မတတ်တော့ နောက်မှသိ
      .ဟောချက် မှန် မမှန်ကနောက်
      အရင်ဆုံးသူတို့ကို အသိအမှတ်ပြုရမှာတစ်ခုတော့ ရှိတယ်

      လူတစ်ယောက်ရဲ့ဘဝမှာ လွယ်လွယ်နဲ့ မမေ့နိုင်တဲ့စကားတွေကို သူတို့ပြောနိုင်ကြတာပဲ

      မင်းးနောက် ငါးနှစ်မှာ ဘာဖြစ်မယ် ညာဖြစ်မယ်လို့ ဟောချလိုက်တာနဲ့
      အဟောခံသူဟာ အဲ့ဒီ ငါးနှစ်လုံး
      အဲ့ဒီ ဗေဒင်ဆရာ့စကားက်ို စွဲနေအောင် မှတ်မိနေရော
      ယုံချင်သူဆို ယုံလောက်စရာ
      ဖြုံချင်သူဆို ဖြုံလောက်စရာာာ

      :k:

      .နောက်များဆိုရင်တော့
      .နောက်တီးနောက်တောက်
      .နောက်မနေတော့ပါဘူး အရီးရေ

      😆

Leave a Reply