စည်း
စည်း
ငါတို့ဟာ
ငါတို့တားထားခဲ့တဲ့စည်းဝိုင်းထဲမှာပဲ
ငါတို့ကိုယ်တိုင်ပိတ်မိနေခဲ့ ။
အဲ့ဒိစည်းကိုမကျော်နဲ့
အဲ့ဒါ ထမင်းရည်ပူစည်း
ငါတို့လိုက်နာခဲ့တာလည်းကြာပေါ့
စည်းဆိုတဲ့ အမှတ်အသားတောင်ပျောက်လုလု ။
ကနေ့
ငါတို့လိုအပ်ချက်တွေကို
ငါတို့မဖြည့်ဆီးနိုင်ဘူး
ဒီစည်းကိုမကျော်ပဲနဲ့ ။
ကနေ့
ငါတို့ရဲ့ဆန္ဒမပြည့်ဝမှုတွေနဲ့
ဆာလောင်မွတ်သိပ်မှုတွေကို
ငါတို့စည်းဝိုင်းထဲမှာ
အာသာပြေလောက်ရုံတောင်ရှာမတွေ့တော့ဘူး ။
လိုအပ်ချက်တွေဖြည့်ဆီးဖို့
ဆာလောင်မှုတွေဖြေဖျောက်ဖို့
ငါတို့ကိုယ်တိုင်တားထားတဲ့စည်း
ငါတို့ကိုယ်တိုင် ဖျက်ပြီး
စည်းအပြင်ကိုထွက်ဖို့လိုပြီ ။
အစဉ်အလာဓလေ့ ထုံးစံကိုသိမ်းထားဖို့
ပြတိုက်တစ်ခုဆောက်ပေးပြီး
ငါတို့ စည်းကိုဖောက်ထွက်ကြရအောင်
ကဲ ဘယ်သူလိုက်ကြမလဲ ¿¿¿။
ကဲ ဘယ်သူက ဦးဆောင်မလဲ ¿¿¿ ။
နေဝန်းနီ
10:41PM
2015 Mar 22
4 comments
Mike
March 23, 2015 at 9:47 am
.ကျုပ်လိုက်မယ်..ခီများဦးဆောင် :))
တောင်ပေါ်သား
March 23, 2015 at 1:37 pm
အနော်လည်း လိုက်မယ်
အဘနီ ရှေ့ကတက် 🙂
uncle gyi
March 23, 2015 at 10:24 pm
အလွန်ကောင်းအလွန်တော်တဲ့ခေါင်းဆောင်
ရှိချိန်တောင်ပြည်သူတွေကဖောက်မထွက်တာ
ဘယ်တော့ဖောက်ထွက်နိုင်မှာတုန်းကိုနီရေ
Alinsett@Maung Thura
March 24, 2015 at 5:12 pm
စည်းလား…
အဲ့ဒီထက်…. ပို တင်းကျပ်တာတွေတောင် ဖောက်ထွက်နေတာ…
😆