ညန်မာ့ ရုပ်ရှင် ကျေးဇူးရှင်
ကဲစပြီ
အိမ်ရှေ့ လမ်းရဲ့ဟိုဘက်ခြမ်း ကန်ထရိုက်တိုက်မှာ ဖျာသယ်မလေးတေနေတယ်
ခွေးလေးတွေ မွေးထားတယ်
သူရို့အခန်းမျျှာ အထိန်းတော် နဲ့ချာတိတ်ငချွတ်တွေလည်းရှိတယ်
ည ဆယ့်တစ် ဆယ့်နှစ်ဆို တက္ကစီနဲ့ အလျှို လျှို အော်ဒါလိုက်ကြတယ်
တံခါးမပိတ်သွားလေ့ရှိတယ်
ဝရံတာထွက်တဲ့ သံပန်း နဲ့မီး ပိတ်လေ့မရှိ
လူရှိနေယောင်ဆောင်ထားတတ်တယ်
မနက် သုံးလေးနာရီ ပြန်လာလေ့ရှိတယ်
မွေးထားတဲ့ ခွေးပုလေးတွေက သူတို့မရှိတဲ့အချိန်ဆို ဝရံတာထွက်ဟောင်လေ့ရှိတယ်
ဆာလို့သော်လည်းကောင်း ကြောက်လို့သော်လည်းကောင်းပေါ့
ဒင်းတို့ အသံကြောင့် အိပ်ရေးပျက်တဲ့ မိမိဂီ ဝရံတာထွက် စိကရက်သောက်ရင်း ဒါတွေသိလာရတယ်
တနေ့က ဖားသား အိမ်မှာအလှူရှိလို့ နယ်ကနေခနလာတယ်
ညကျ ခွေးဟောင်သံကြောင့်အိပ်မရဘူး
ကားရွေ့ရင်း ခွေးတွေမြင်တော့ ကျုပ်တို့ဘက်ကိူ လှည့်ကြိမ်းတယ်
မင်းတို့ကောင်တွေ ရယက မတိုင်ကြဘူးလားပေါ့
သည်လောက်ဆူညံနေတာ
မိမိဂီ ဇာတ်စုံရှင်းပြလိုက်တယ်
မှတ်မှတ်ရရ ည ဆယ့်နှစ်နာရီလောက်ကြီး
ဘိုးတော်က သိပ်ကြေနပ်ပုံမရ
မအိပ်သေးတဲ့ ကျန်ကိုယ်တော် တခွန်းဝင်ပြောတယ်
ဘိုးဘိုးကြီးက ဘာသိလို့လဲ
သည်အချိန် ရယက က အကုန် ကေတီဗီ ရောက်နေပြီ တဲ့
ဒီစကားကို ကျုပ်လည်းသင်မထား
အိမ်က ဘယ်သူကမှလည်းမသင်
ဘိုးတော်ကတော့ ငို၍ရီ၍မရသော မျက်နှာနဲ့
နင်ပြီးသကာလ APK အေးပါကွာ လို့ဖြေတယ်
ဟူးးး
အနည်းဆုံးတော့ ကျုပ်တို့ အဆူအပူခံရတာ လွတ်သွားတယ်
နောက်နေ့မနက် စဉ်းစားခန်းဝင်တယ်
ဒီကောင် ဒီတော်ကီကို ဘယ်ကရသလဲပေါ့
ဖြစ်ချင်တော့ ငတိက တီဗီကြည့်နေတယ်
သူကြိုက်တဲ့ ကာတွန်းကားတွေ မလာတဲ့အချိန်
သူလိုင်းပြောင်းပြီး စိတ်ဝင်တစားကြည့်နေတယ်
သာမန် ဗမာသောက်ပေါကားတကားပဲ
မိမိဂီ ခေါင်းထဲတချက် လက်ကနဲဖြစ်သွားတယ်
ကလေးတွေက ဗမာကားကြိုက်တတ်ကြတယ် ကာတွန်းကားပြီးရင်ပေါ့
အနုပညာအဆင့်အတန်းသူတို့နားမလည်ဘူး
သူတို့နားလည်တာက ဘာသာစကားပဲ
နားလညိလွယ်တာ ကြည့်ကြတယ်ဆိုပါတော့
အဲ့သည်မှာ သွားသတိထားမိတာကေ
ဟာသကားတွေမယ် မိန်းမမသိအောင် ခိုးပီးပွေးတာတို့
လူကြီးလူကောင်းဟန်ဆောင်ပီး မဟုတ်တာလုပ်တာတို့ ဆိုရင် ဗန့်ခေါ်မလား ဂျိတ်လုံးခေါ်မလား
ကေတီဗီ သွားတယ် မာဆတ်သွားတယ် ဆိုပီးဒေါက်ဖြုတ်တဲ့ ဟာသကို လှိုင်လှိုင်ကြီး သုံးတာရယ်
သဘောပေါက်လိုက်ပါပြီ
ဖျာသယ်မမွေးထားတဲ့ခွေးအသံကြောင့် အိပ်မရတဲ့ညမှာ ဖားသားအဆူအပြောအောက်က ကျန်ကိုယ်တော်ကယ်တင်ပေးခဲ့တဲ့ ကိစ္စရပ်မှာ
ညန်မာ့ ညန်မာ့ရုပ်ရှင်ရဲ့ ကျေးဇူးတွေ တပုံတပင်ပါလားရယ်လို့ပေါ့
ကဲ ပြီးပြီ
16 comments
ဦးကျောက်ခဲ
April 20, 2015 at 1:19 pm
ဟမ် … ကျန်ကိုယ်တော် မကောင်းတာတွေ အတုမြင်အတတ်သင်ကုန်ပါ့မယ်…
ဟီ ဟိ… ခီများရော … ဖျာသွားမဝယ်ဘူးလား… အား ဟိ
:k:
ခင်ဇော်
April 20, 2015 at 1:27 pm
သင်ဖြူးလား ပလပ်စတစ်လားး
:k:
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
April 20, 2015 at 1:54 pm
ဒင်းတို့အပေါ်ထပ်က ခြေသလုံးလှဒဲ့ ကချင်မလေးတေအကြောင်း ကြုံမှဆက်ရေးပါ့မယ်ဗျာ
Mr. MarGa
April 20, 2015 at 1:57 pm
အင်း….
ဘယ်ကဘယ်လို အပေါ်ထပ်ကိုရောက်သွားပြန်တာတုန်း 🙂
လုံမလေးမွန်မွန်
April 20, 2015 at 2:09 pm
ဟိ…. ကျန်ကိုယ်တော် မှတ်ဉာဏ်ကောင်းချက်… 🙂
Alinn Z
April 20, 2015 at 3:43 pm
ဖျာသယ်မလေးကို မေးပေးပါ ဖျာအသစ်ကလေးတွေ ရောက်တတ်လား
ဘယ်ဆိုဒ်က ဘယ်ဈေး စသည်ဖျင့်. . .
kai
April 20, 2015 at 4:36 pm
လေဒီခိုင်လွန်ခဲ့တဲ့.. ၉နှစ်လောက်ကရေးဖူးတဲ့.. သင်္ကြန်သက်တံ့ဆိုတဲ့..ဝတ္တုတိုထဲမှာတော့… ၁ဝတန်းမအောင်တဲ့… ဖျာသယ်မလေးတလဝင်ငွေဟာ.. ဆရာဝန်မလေးတလဝင်ငွေထက်သာနေသမို့.. မြန်မာပြည် အဆင်မြင့်ပညာရေးကို.. မေးခွန်းထုတ်ထားသဗျ..။
အခုရော.. :k:
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
April 20, 2015 at 4:53 pm
လွန်ခဲ့တဲ့ ၉နှစ်ဆိုတော့ ၂၀၀၅ ၂၀၀၆လောက်ပေါ့
ဟုတ်ကဲ့ gsm sim card သိန်း၂၀ကျော်သေးတဲ့ကာလခည
အဲ့ဒါ
စင်တင်ရှိတဲ့ စားသောက်ဆိုင်တွေရဲ့ စူပါတန်းဝင်သူကလေးတွေရဲ့တလဝင်ငွေမို့ သူရို့ တယောက်တလုံးပေါပေါသုံးနိုင်ခဲ့ကြကြောင်း မှတ်သားဖူးခဲ့သလိုလိုရယ်ပါ
🙂
Ma Ma
April 20, 2015 at 6:10 pm
ကျန်ကိုယ်တော်လေးသိတာ ဘာဆန်းလဲ။
သူ့အဖေ သွားနေကျမို့ နေမှာပေ့ါ။ :k:
naywoon ni
April 20, 2015 at 7:52 pm
ငင် ဘိုဖြစ်တာရဲ မနေ့က ဒီပို့စ်မတွေ့ဘာဘူး ။ ညက်ဆိလယ်အောင်ရုတ်နဲ့ မိမိဂီ 🙂
မြစပဲရိုး
April 20, 2015 at 11:15 pm
မင်း ပါပါး ကြီး လဲ ကလေး ပြောလိုက် တဲ့ အဓိပ္ပါယ်ကို အသေအချာ နားလည်မယ် မထင်ပါဘူး ဟယ်။
အချစ်တော် လေး က ပြောလိုက်တာမို့ ငြိမ်သွားတာ နေမှာ။
မယုံရင် ဇာတ်လမ်း ကို ပြန်ရစ် ပြီး ကျန်ကိုယ်တော်လေး ပြောတာ ကို မင်း ပြောကြည့်ပါလား။
ဖနောက် နဲ့ ပေါက် ခံရ/ မရ။ 😉
. လောင်းမား။
lol:-))))))
kotun winlatt
April 21, 2015 at 4:28 am
ခြေသလုံးလှတဲ့ ကချင်မလေးတွေအကြောင်းးး ရေးအုန်းးမဒဲ့ ဖတ်ရချည်သေးးရဲ့ ဟေဟေးးး
black chaw
April 21, 2015 at 8:26 pm
ပြောရင် ယုံမှာမဟုတ်ဘူး။
အစက နေ အဆုံးအထိ ဖတ်မိသွားပါတယ်။
သုမောင် ရေးသလို မျိုးလို ့ တင် စားရင်
မြောက်နေမှာစိုးလို ့ မ ပြောတော့ပါဘူးရယ်။
ကျန်ကိုယ်တော်လေး ရဲ ့ စကားလေးတစ်ခွန်းကို
ဗဟိုပြုပြီး ရေးထားလိုက်တာ
ဘာမှမယ်မယ် ရရ မပါပဲ
မယ်မယ် ရရ ဖြစ်သွားတယ်လို ့
မှတ်ချက်ပေးသွားပါတယ်ဗျာ။
အောင် မိုးသူ
April 22, 2015 at 10:00 am
ညန်မာ့ညန်မာ့ရုပ်ရှင် လူမျိုး ဂုဏ်အင် သုခုမတွင် ပေါ်လွင်ခဲ့ပေ း))
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
April 22, 2015 at 10:28 am
ညန်မာ့ ညန်မာ့ရုပ်ရှင်
အံ့ဩကုန်ပင် စက်အစုတ်နဲ့ပင်
ရုံပေါ်အရောက်တင်
♪ ♪
Mike
April 22, 2015 at 1:47 pm
.ဖျာသယ်လေးတွေနဲ့နီးတော့ ဖျာလိုချင်အဆင်ပြေသပေါ့ ကိုယ်တော်…
.ကလေးတွေတတ်ပုံများတော့…တစ်ရက်က နယ်ကသူငယ်ချင်းသားအဖကို တလိတ်ဆန်ရုံလိုက်ပို့သဗျ
.သူ့သားက နှစ်တန်းပဲရှိသေး…ရုံအနှံ့ ပါတ်ပြီး ခဏနားတော့ ကိုယ်တော်လေးကလွှတ်ကနည်းညည်းတယ်
“အဘရာ..ဒီလိုသာလျှောက်နေရရင် ညနေ မာဆတ် သွားရမဲ့ပုံပေါ်တယ်” တဲ့…ကျုပ်ဆိုရီလိုက်ရတာ
.သူ့အဖေတောင်အံ့တွေဩလို့…မေးကြည့်တော့..သားတော်မောင်က လူရွှင်တော်တွေပျက်တာလေ .အဘရာတဲ့…ကောင်းရော :k: