နားဦးတည့်ရာ နှစ်ဆယ် (Mi Mi Win Pe – The Memories still Linger on.. )
အိမ်ပြန်တိုင်း မပျက်မကွက် သွားရတဲ့ နေရာ လေး တစ်ခု ရှိပါရဲ့။
အဲဒီ မှာ အမှတ်အသား နေရာ ခြေရာလေး တွေ အများကြီး။
ဂျပ်ဆင် နား က စင်္ကြန်လမ်းတွေ၊
အာစီ ထဲ က ဘောလီဘောပွဲ တွေ၊
သစ်ပုတ်ပင်ကြီး နား က အုတ်ခုံ တန်း တွေ၊
အီကို ရှေ့က မြက်ခင်း စိမ်းစိမ်း တွေ၊
အဓိပတိလမ်း က ကံ့ကော်ပင် တွေ၊
တက္ကသိုလ် စာကြည့်တိုက် ရဲ့ လှေခါးထစ် တွေ၊
ဘွဲ့နှင်းသဘင် တစ်ဝိုက်က ဖြတ်လျှောက်နေကျ လမ်းလေး တွေ၊
အင်းလျား ဘေးက အကြော်ဆိုင်တွေ၊
ဘယ်တော့ မှ မမေ့မဲ့ အမှတ်တရ လေး တွေ ကို ကြည့်ပြီး
အတိတ် ကိုပြန် လွမ်း နေတတ်တဲ့ မိန်းမ တစ်ယောက်…
အရင်ကတော့ ဒီလို အဖွားကြီး ဖြစ်ချိန် လာလာပြီး ပြန်ကြည့်နေလိမ့်မယ်လို့ ဘယ်သိခဲ့ပါ့မလဲ။
အဲဒါတွေ နဲ့ နွယ်ပြီး ပါတ်သက် သက်ဆိုင်သူများ ထဲ က ရော
ဒီလို သတိရ နေဖူးလား ၊ ဒီလို လာလာချောင်းတတ်လား တစ်ခါတစ်ခါ တော့ သိချင်သား။
အများစု ကတော့ လက်ရှိ ဘဝ တိုက်ပွဲ တွေထဲ အတိတ် တွေ ကိုမေ့ချင်လဲ မေ့ နေလောက်ပြီ ထင်ရဲ့။
ကိုယ့် အဖြစ်ကို သိကြရင် မထင်ရဘူးပြောကြမလား။ ကြောင် နေပြီ ထင်ကြမလား။
ဒီလို သတိရဖို့ အချိန်မရှိပါဘူး လို့ ပြောကြမလား။
ကိုယ်က ဘဲ ထူးပြီး ခပ်ဂေါက်ဂေါက် ဖြစ်နေတာလဲ ဖြစ်နိုင်ပါတယ်လေ။
ဘာဘဲဖြစ်ဖြစ်
ငယ်ဘဝ ထဲမှာ ပြန်လှည့်လို့ ကြည့်ပျော် ခဲ့ တဲ့ အတိတ်လေးများ အတွက် ကျေးဇူးတင်ပါတယ် …..
ကျွန်မ ရဲ့ ချစ်စွာသော အမိတက္ကသိုလ်။ 🙂
ကန်ရေပြင် မြေနီလမ်း တို့နဲ့ဝေး
စွယ်တော် ခုံပြာတန်း တို့နဲ့ဝေး
ယုံပါကွာ အချစ်ဆုံး မင်း ကို
တို့တော့ သတိရနေမှာပါ …
အိမ်ပြန်ချိန် တို့ခွဲ တစ်လမ်းစီမို့
ပြန်လည် ဆုံဆည်း ကြနိုင်ဖို့
ကံ ကို မျှော်လင့်ရင်း အဝေးက
တို့ သတိရနေမှာပါ …
လိုက်ဘရီ လေးလဲ တို့ နဲ့ဝေး
အာစီ လေးလဲ သတိရမိတယ်
ရင်မှာလွမ်းလို့ကျတဲ့ မျက်ရည်
ဂျပ်ဆင်အိုလေး ဘယ်မမေ့ဘူး …
ကြင်နာသူတွေ ရဲ့ ကံ့ကော်တန်း
ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း
ရင်မှာ သံမှိုစွဲ နှလုံးအိမ်ထဲ
သတိရနေမှာပါ …
21 comments
မြစပဲရိုး
May 9, 2015 at 8:22 pm
သိုးဆောင်းလို ပေးချင်ပေမဲ့ ကဘာဆန်ဆန် လှလှလေး မပေးတတ်လို့။ တစ်ယောက်ယောက် ကူပါ။ 🙂
“တို့သတိရနေမှာပါ” ကို ဘယ်လို ခေါင်းစဉ်တတ်ရပါ့။
မီမီဝင်းဖေ – တို့သတိရနေမှာပါ
https://www.youtube.com/watch?v=kFPOGS2k9kA
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
May 9, 2015 at 10:03 pm
အဲ့ သီချင်း အရင်ဆိုတာ မီမီဝင်းဖေ မဟုတ်ဘူးလား လို့…
ထိပ်ဆုံး ဆိုခဲ့တာက …
အင်း း……
ကမာ္ဘကျော် အဆိုတော်ဂျီး လူထု အမေကြိုင် မဟုတ်လား ဟင်င်င်င်င်
ခုခိ ခုခိ
မြစပဲရိုး
May 9, 2015 at 10:37 pm
သိဝူး။
ရှိလဲ မင်းဘဲ အားပေး ပေရော့။ lol:-)))
ခင်ဇော်
May 9, 2015 at 8:45 pm
The Memories still Linger on ..!!!
မြစပဲရိုး
May 9, 2015 at 8:53 pm
ယူတယ် ကွယ်။ Thanks my dear!!!
ကျန်သူများ လဲ ထပ်လာပါဦး။ :-)))
kai
May 11, 2015 at 3:55 am
思い出がいっぱい
uncle gyi
May 9, 2015 at 10:03 pm
သစ်ပုတ်ပင်ကြီးကရှိသေးလို့လားအရီးရဲ့
မြစပဲရိုး
May 9, 2015 at 10:35 pm
ရှိသေးတယ် အန်ကယ်ကြီး။
နာဂစ် တုန်း က ပါသွားပြီထင်တာ။ အတော်ခိုင်တာဗျာ။ 🙂
အဲဒါ အခုမှ ရိုက်ခဲ့တာ။အရွက်တွေ တော့ ဝေမနေရှာဘူး။ ခြောက် နေတယ်။
ကူမားရ်
May 10, 2015 at 1:29 am
will keep on dream, a posteriori.
Alinsett @ Maung Thura
May 10, 2015 at 2:34 pm
အတိတ်တချို့က… ပြန်မတွေးချင်လောက်စရာတွေ…
အဲဒီထဲမှာမှ… ပြန်တွေးတိုင်း ကြည်နူးမိစရာ အတိတ်လှလှလေးတွေလည်း… ပြန်တွေးစရာ ရှိသေးတယ်ပေါ..
အားလုံးကို စွန့်လွှတ်ရရင်တောင် သတိရခြင်းကို ငါပိုင်တယ်ဆိုတဲ့ တာရာမင်းဝေ စာသားလေးလိုပေါ…
သတိရခြင်းဆိုတာ… သတိရတတ်သူတိုင်း ပိုင်ပါတယ်…
သူတို့လည်း သတိရနေမှာပါ…
😆
မြစပဲရိုး
May 10, 2015 at 3:27 pm
. ကျေးဇူးကြီးပါ မောင်ကလေးကူးမားရ်။
ကလေးနှစ်ယောက် နဲ့ အလုပ်များနေမှာမြင်မိနေပါတယ်။
အိမ်မက်များ လဲ အမြန်ဆုံး အပြင်ရောက်လာပါစေလို့ ဆုတောင်းပေးပါတယ်။
ဆက်ဆက်
တစ်ချို့ သတိရခြင်း တွေ က သတိရ နေရတာ တန်တယ်။
တစ်ချို့ကတော့ မတန်ဘူး။
မတန်တာ တွေ ကိုတော့ လွှင့်ပစ် လိုက်ရင် အကောင်းဆုံးပါဘဲ လို့ ထင်တာပါဘဲ။
တာရာမင်းဝေ ရဲ့ စကား လေး မျှပေးလို့ သင်းကျူးကြီး ပါ။
:-)))
padonmar
May 10, 2015 at 8:35 pm
မြန်မာ့ရုပ်မြင်သံကြားခေတ်ဦးပိုင်းက တင့်တင့်ထွန်းဆိုခဲ့တာ.
အောင် မိုးသူ
May 11, 2015 at 10:03 am
ကိုယ်မတက်ခဲ့ရပေမယ့် အဲ့သီချင်းလေးကြားတိုင်း ဆွေးဆွေးမြေ့မြေ့ ခံစားရတယ်။
တောင်ပေါ်သား
May 11, 2015 at 12:47 pm
( စောင့်နေကျ စာကြည့်တိုက် ) ဆိုတော့
ဘယ်သူ့ကိုစောင့်တာလဲဟင် ? 🙂
အရီး လေး
May 11, 2015 at 11:32 pm
ကျောင်းကြီးကိုတွေ့တိုင်း ပျော်ရွှင်ခဲ့ရတဲ့
တက္ကသိုလ် ကျောင်းသူ ဘဝကို လွမ်းတယ်
အဆောင်နေ ကျောင်းသူဘဝ ကို သတိရတယ်
ကျောင်းကြီးထဲရောက်ရင် တခဏတော့ ကိုယ့်ကိုယ်ကို
ကျောင်းသူအဖြစ် ခံစားလိုက်တယ်
“အလွမ်းဒဏ္ဌာရီ “လို့ပေးရင်ကောင်းမား
မြစပဲရိုး
May 11, 2015 at 11:41 pm
ဟား တို့ အရီးလေး လဲ ပြန်ပေါ်လာပြီ ကွ။
မှတ်ချက်လေး အတွက် ကျေးဇူးနော်။
ဘယ် အဆောင်မှာ နေခဲ့တာတုန်း။
ဒီလို လူဟောင်း တွေ ပြန်တွေ့ရတာ တကယ်ဘဲ ဝမ်းသာမိတယ်။
အမြဲတမ်း မဟုတ်ပေမဲ့ ခဏခဏတော့ အသံလေး တွေ ပြ ပေးနိုင်ကြရင် ကောင်းမှာ။
:))))
naywoon ni
May 12, 2015 at 12:10 am
အောက်ဆုံးကပုံ စာတပ်ပေးထားတာတော့ မိုက်စိ မှမိုက်စ် 🙂
မြစပဲရိုး
May 12, 2015 at 1:38 am
အစ်မဒုံ ပြောမှ ခပ်ရေးရေး သတိရသလိုဘဲ။ တင့်တင့် ထက် မီမီ ကိုဘဲ ပိုကြိုက်တယ်။
. မောင်အောင် ရေ – အရီး က ကျောင်းဆွေး လူဆွေး ဖြစ်ခဲ့တာမို့ သူများ တွေထက် ပိုပြီး လွမ်းနေတာလဲ နေမှာ။
ကိုမျိုး
စောင့်ရမဲ့ သူ ရှိတယ်လို့ သများကို အထင်ကြီး တယ်လား။ 😉
အဘနီ
အဲ့ဒါကြီး က တကယ် သံချေးတက် နေတာဗျ။
lol;-)))
Mike
May 12, 2015 at 10:12 am
.အမှတ်ရစရာတွေများလွန်းလို့ …ကျောင်းထဲမသွားဖြစ်ဘူး
.မှတ်မှတ်ရရ..စစ်ကိုင်းလမ်းက ကန့်ကော်ပင် ပေါ်တက်ဖူးခဲ့သေး..ဟေးဟေး
.တက်တော့သာ ကြို့ကုန်းမှာ..ရာဇူးထဲနေချိန်ကပိုများခဲ့သလိုပဲ 🙂
Mr. MarGa
May 12, 2015 at 11:49 am
သိဘူး
သတိလည်း မရဘူး
မောင်မာဃအတွက် သတိရစရာဆိုရင် မန္တလေး မတ္တရာလမ်းရယ် အတန်းဝက ငေးရင် လှမ်းမြင်နေရတဲ့ ရွှေဖောင်ဦးတောင်ရယ် computer lab ကို သွားတိုင်း ဖြတ်ရတဲ့ ခနော်နီ ခနော်နဲ့ တံတားလေးနဲ့ မြေလမ်းလေး(ဟိုအကောင်တွေလဲ ခဏခဏ ထွက်လာရဲ့)ရယ်ပဲ သတိရစရာရှိတယ်
:buu:
black chaw
May 12, 2015 at 12:39 pm
အဆင် မသင့် လှတဲ့ ကိုယ်မွေးရာ
စိတ်ညစ်စရာများပြည့်လို ့နေတယ်
အို ချမ်းမြေ့မှု ပေးစွမ်းနိုင် ရာ
ဒီနယ်မြေ လေး ရောက်တော့ကွယ်။
အခု အချိန်ထိလည်း ဒီလို ခံစားမှုမျိုး
ရဆဲပါဗျာ။