မပြောဖြစ်လိုက်သော စကားလေးတစ်ခွန်း
မပြောဖြစ်လိုက်သော စကားလေးတစ်ခွန်း
ရင်ထဲမှာမင်းရှိပေမယ့် ချစ်ခြင်းစကားလေးတစ်ခွန်း
ပြောဖို့မဝံ့မရဲဖြစ်ဖူးတယ်
လွမ်းရမှာသိပ်ကြောက်ပေမယ့် အနားမင်းမရောက်လာမှာ
စိုးထိတ်ဖူးတယ်
တစ်ပါးမှာနေပျော်ရင် ကျေနပ်ပေမယ့် ငါ့စိတ်ကခုထိ
ဝေခွဲမရသေးဘူးလေ
အချစ်ကိုဖြတ်ကောင်းရချင်ရမယ် သံယောဇဉ်ကိုဘာနဲ့
နှိုင်းဆရမလဲ
ခုတော့ ငါ့ရင်မှာဖြစ်တည်နေတဲ့မင်းလေးကို ကိုအဝေးကနေဆုတောင်းပေးနေပါတယ် မြတ်နိုးမိတဲ့အလင်္ကာလေး အမြဲကာရံလှပါစေသား
ကာရံ ၁ဝ ့၅ ့၂၀၁၄
6 comments
Alinsett @ Maung Thura
May 10, 2015 at 1:30 pm
.တခါတရံတော့လည်း….မော်ဒန် ဆန်ခွင့် ပြု ကြည့်ပါလား…
:k:
ကာရံ
May 10, 2015 at 1:33 pm
ဘယ်လို ဘယ်လိုရယ်
မြစပဲရိုး
May 10, 2015 at 4:46 pm
“ရင်မှာဖြစ်တည်နေ”မှတော့ အဝေးမှာ ဖြစ်ပါတော့မလား ကာရံ ရဲ့။ :-))
uncle gyi
May 10, 2015 at 9:22 pm
ဒါကြောင့်ပြောတာနေမှာ
ပြောချင်လုပ်ချင်တာတွေပြောပါလုပ်ပါ
နောင်အခါနောင်တရတာတွေက
အမှားနောင်တ ထက်
မပြောလိုက်ရမလုပ်လိုက်ရနောင်တကပိုများသတဲ့
ကာရံ
May 10, 2015 at 9:23 pm
မဖြစ်မှန်းသိပေမယ့် ချစ်ခွင့်မရတော့လည်း
အောင် မိုးသူ
May 11, 2015 at 10:05 am
အဝေးကဆိုကတည်းက……………..