Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အရူးအတွေး (အနိုင်အရှူံး)

uncle gyiMay 10, 20151min54510

 

ကျွန်တော်သူငယ်တန်းက၄တန်းအထိမူလတန်းကျောင်းတခုမှာ
၄တန်းအောင်တော့အထက်တန်းကျောင်းကိုပြောင်းရပါတယ်
အဲဒီကျောင်းမှာအတွေ့အကြုံလေးတခုပြောချင်ပါတယ်
အမှိုက်ပစ်တာကအစကျောင်းသားကြီးတွေကကျောင်းသားငယ်တွေကိုထိမ်းပါတယ်
တံတွေးရမ်းမထွေးရပါဖူး
ကျောင်းသားငယ်တွေကလည်းကျောင်းသားကြီးတွေကိုလေးစားရပါတယ်
ရတန်းတုန်းကအတန်းတူစီနီယာသူငယ်ချင်းတယောက်ရှိပါတယ်
စာမေးပွဲဖြေရင်စာရွက်တွေထထတောင်းပြီးဖြေတာအတော်အားကျမ်ိပါတယ်
ကိုယ်ကသူ့လိုစာရွက်ထထမတောင်းနိုင်ဖူးလေ
စာမေးပွဲအောင်စာရင်းထွက်တော့သူကျပါတယ်
ကိုယ်တွေကအောင်ခဲ့ပါတယ်
အခုပြန်တွေးမိတာသူကလိုရင်းရောက်အောင်တနည်း

မေးခွန်းဆိုလိုရင်းကိုမိအောင်မဖြေနိုင်တာ
ဒါကြောင့်စာရွက်တွေတထပ်ကြီးရေးဖြေပြီးမအောင်ခဲ့တာ

အခုမေလ၃ရက်နေ့က တကဘာလုံးကစောင့်စားကြည့်ခဲ့တဲ့လက်ဝှေ့ပွဲတိုက်ရိုက်ပြတုန်း
မကြည့်လိုက်ရပါဖူး ဖဘ မှာတက်လာကြတဲ့စာတွေကြည့်ပြီးပက် နိုင်သင့်တယ်ပြောသူနဲ့
မေဝယ်သာကိုအပြေးချံပီယံဆိုပြီးချီးကျူးသူနဲ့ဒိုင်တွေဘက်လိုက်တယ်ဆဲသူနဲ့
ပွထနေမှလက်ဝှေ့ပွဲကြီးပြီးသွားတယ်ဆိုတာသိလိုက်ရပါတယ်
ဒါနဲ့ပြန်ပြတဲ့ပွဲကိုစောင့်ကြည့်မိပါတယ်
တကယ်ဆိုနာမည်ကြီးသလောက်ပွဲကကြည့်မကောင်းခဲ့ပါဖူး
ပက် ကလိုက်ထိုးသလောက် မေဝယ်သာကပတ်ပြေးနေတာလည်းအမှန်ပါ
ဒါပေမဲ့ပက် ကမေဝယ်သာကိုချောင်ပိတ်ပြီးစိတ်ကြိုက်ကိုထိုးတာ
၁စက်ကန့်ကိုလက်သီး၂လုံးလောက်ဝင်အောင်ထိုးသွားတာ
မေဝယ်သာကလက်၂ဖက်နဲ့ပိတ်ကာသွားတာစံနစ်တကျနဲ့ထိချက်တွေမကောင်းတာအမှန်
်မေဝယ်သာကတချက်တချက်ထောက်လက်သီး ဖြတ်လက်သီးတွေသွင်းလိုက်တော့
ပက် မခုခံနိုင်တာလည်းအမှန်
တကယ်တော့လဲအောင်မထိုးနိုင်ရင်အမှတ်နဲ့အနိုင်ပေးတာ
မြန်မာလက်ဝှေ့လိုပူးတွဲသရေမရှိတဲ့အနောက်တိုင်လက်ဝှေ့မှာ
အမှတ်မယူနိုင်တာ အာရှကြိုက်စိတ်ကြိုက်ထိုးနိုင်ပေမဲ့
စည်းကမ်းအရအမှတ်မရခဲ့တော့ပက် ရှုံးခဲ့ရတာ
ကိုယ့်အာရှသားကိုအနိုင်ပေးချင်ပေမဲ့
ထိုးနိုင်တိုင်းအနိုင်မဟုတ်ပဲအရှုံးလည်းဖြစ်တယ်ဆိုတာ
လက်မခံချင်ပေမဲ့လက်ခံလိုက်ရပါတယ်
အနိုင်အရှုံးဆိုတာ

ကိုယ်နိုင်မယ်ထင်ပေမဲ့ရှုံးတတ်သလို

ကိုယ်ရှုံးမယ်ထင်ပေမဲ့နိုင်တတ်တာကြောင့်
သတ်မှတ်ချက်တခုမျှသာလို့ဆိုချင်ပါတယ်

10 comments

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 11, 2015 at 12:39 am

    သည်ရက်တွေ အင်မတန် လူပြောများတဲ့ ကိစ္စရပ်ပဲ ဗျို့…
    ခံစစ် ဆိုတာ ကြည့်လို့မလှပေမယ့် .. အောင်နိုင်ရေးပဓာန မှာတော့ အတော် အသုံးတည့်သားဗျ..
    စာမေးပွဲများလိုပေါ့ … ဂုဏ်ထူးမထွက်ချင်နေ မကျဖို့ အဓိက ဆိုတာလိုမျိုးပေါ့…
    ugly winning ဆိုပေမယ့် နည်းစနစ်ရှုထောင့်ကတော့ လက်ခံရမယ့် အဖြေပါပဲဗျာ…။

  • padonmar

    May 11, 2015 at 2:31 am

    လက်ဝှေ့ဆိုတာကြီး ဝါသနာမပါပေမယ့် ဖွဘုတ်ကနေ ဖတ်လိုက်ရသလောက်မှတ်ချက်တွေမှာ ထူးခြားတာကတော့ အာရှသားတွေ ရဲ့ မပြောရဲတဲ့ အားနည်းချက်ဆိုပြီး ပခုံးဒဏ်ရာရှိကြောင်းစောစောမပြော၊ ဆေးထိုးခွင့်မရ၊တရားစွဲခံရဆိုတာတွေ ဖတ်လိုက်ရတာ သင်ခန်းစာ ယူစရာပဲ မှတ်မိပါတယ်။
    နိုင်တိုင်းလည်း တကယ်နိုင်သလား ဆိုတာ စဉ်းစားစရာပါပဲ။

  • kai

    May 11, 2015 at 2:53 am

    လက်သီးတလုံးစာ လေးလက်မလောက် လက်ကပိုရှည်နေတဲ့ မေဝယ်သာက… ပတ်ပြေးရင်းထောက်သလောက်… လက်ကပိုရောက်နေတယ်လေ…
    ခံစစ်နည်းစနစ်မှန်တယ်ဆိုရမှာပေါ့…။

    ပတ်ကရောင်နဲ့ပွဲထပ်လုပ်ဦးမယ်လို့ထင်တယ်…
    မီလီယန်..ရာဂဏန်းဘစ်ဇနက်..။ :k:

  • မြစပဲရိုး

    May 11, 2015 at 2:55 am

    ဟန်ကျတာဘဲ အန်ကယ်ကြီး ရယ်။
    ဒီ လက်ဝှေ့က နေ စာတစ်ပုဒ် ရေးဖို့ စဉ်းစားနေတာ။
    အစချီ ဘယ်လိုချီရမယ် စဉ်းစားရင်း မစ နိုင်တာ။
    အခုတော့ ဒီမှာဘဲ ကျွန်မ တွေးလိုက်မိတာ ကို ချလိုက်ပါရစေ။

    ကျွန်မ “တုံး” တာလေး လဲ ပြောလိုက် ဦးမယ်။
    အဲဒီ မနက် ဖဘုတ် ပေါ်မှာ သိပ်အချိန်မရ လို့ ကမန်းကတန်း ကြည့်ရင်း Mayweather ဆိုပြီး တွေ့တော့
    ” အော် ကြည့်ရတာ မေက ရာသီ ပူ လို့ ညည်းကျတယ် ထင်တယ်” ဆိုပြီး ပြီးသွားရော။
    lol:-))
    ညဖက်ကျတော့ သူငယ်ချင်း ရဲ့ Status မှာ ရေးထားတာ ကြည့်ပြီး လက်ဝှေ့ပြိုင်ပွဲ လို့ သိရတာ။
    သူက ဘာရေးထားလဲ ဆိုတော့ “ဒါဟာ အာရှသား မို့ သက်သက် နှိမ် ပြီး အနိုင်မပေးတာ” လို့ ရေးထားတာ။
    တကယ်တော့ သူက သာမာန်မဟုတ်ဘူး။
    တကဲ့ နေရာကြီး တစ်ခု က အကောင်ကြီးကြီး ပါ။
    ကျွန်မလဲ မနေနိုင်တာနဲ့ မှတ်ချက် ပေးလိုက်သေးတယ်။
    “အာရှသားမို့ နှိမ် ရင် သူ့မှာ ဒီလို အဆင့်ထိတောင် ဘယ်လို ရောက်နိုင်ပါ့မလဲ” လို့။

    . အဲဒီချိန်မှာ မှ သတိထားလိုက် မိတာ သူ နဲ့ တင်မပြီး လူတော်တော်များများ ရဲ့ ပက်ကွီရို ကို ဘယ်လိုအားပေးကြောင်း Status တွေဘဲ။
    . နောက်ရှုံးတာ ကို အတော်လေးခံပြင်း နေကြပုံဘဲ။
    ပြီးခဲ့တဲ့ နှစ် မယ်ပြိုင်ပွဲ မှာတုန်း က မြန်မာမိန်းကလေး နဲ့ ဖိလစ်ပိုင်မလေး အင်တာနက် အတွက် ဆုမှာလား။ အကျိတ်အနယ် အမှတ်ပြိုင် နေတုန်း အဲဒီ ဖိလစ်ပိုင် တွေ ကို အွန်လိုင်းမှာ ဆဲ ဆို နေလိုက်ကြတာ။
    အခုကြတော့ ကိုယ့်မြန်မာလဲ မဟုတ် တဲ့ ဒီ ဖိလစ်ပိုင် ကို အသည်းအသန် ချစ်နေ ကြပြန်ရော။

    ဒီမှာတင် မြင်လိုက် မိတာ က ကျွန်မတို့ မြန်မာတွေ ရဲ့ အုပ်စု ဖွဲ့တတ်တဲ့ သဘောကိုဘဲ။
    . မြန်မာ နဲ့ တစ်ခြား ဆို မြန်မာ
    . နောက် အာရှ နဲ့ တစ်ခြား ဆို အာရှ
    အဲလိုသဘောမျိုး ပေါ့။
    ဒါတင်မပြီး မြန်မာရှုံး ရင် မြန်မာ မို့ နှိမ် တာ။
    အာရှ သား ရှုံး ရင် အာရှသားမို့ နှိမ်တာ။
    တစ်လောက ဆရာဝန် ကိစ္စ မှာလဲ မြန်မာ မို့ တမင် နှိမ်ပြီး လုပ်တာ ဆိုတဲ့ စွဲချက် တွေ လူတိုင်းပါးစပ်မှာဘဲ။
    ဒါမျိုး တွေ ပြောတတ်ကြတာ ရဲ့ အကြောင်းရင်း ကို စမ်းစစ်ကြည့် မိတယ်။

    ကျွန်မ ကိုယ်ပိုင် အမြင် ထင်တာကတော့
    ကျွန်မတို့ လူမျိုး တွေ ဟာ ကိုယ်တိုင် က ကိုယ့်ထက် နိမ့်ကျသူ ကို နှိမ်တတ် တဲ့ စိတ်၊
    ကိုယ့်လူမျိုး ကလွဲ ရင် တစ်ခြား နဲ့ မျှဝေတတ်မှု မရှိတဲ့ စိတ် အဲဒီ အခံ တွေ ရှိနေကြ လို့ များလားလို့။
    ဒီတော့ သူများ ကို လဲ ကိုယ့် မှာ ရှိတဲ့ စိတ် နဲ့ နှိုင်းကောင်းနှိုင်း နေတတ်မယ်။
    နောက်တစ်ခု က ကျွန်မ တို့ လူမျိုး တွေ မှာ မှန်ကန်တဲ့ တရားရေး တို့ ဥပဒေတို့ ဆုံးဖြတ်ချက် တို့ ကို မခံစားရရှာဘူး။
    တစ်ဖက်သတ် အားသာရာ ကို မျက်နှာလိုက် တတ် တဲ့ စရိုက် ယဉ်ကျေးမှု တွေ နဲ့ အသက်ရှင်နေကြရတာ ကလဲ
    ဒီလို စိတ်တွေ ကို မီးထိုးပေးနေတာလို့ ထင်တာပါဘဲ။

    . ပြောရရင်လဲ တစ်ခြားနိုင်ငံ မှာ ဒီ လို သူများ ကို နှိမ်တာ၊ မျက်နှာလိုက်တာ မရှိ မဟုတ် ရှိပါတယ်။
    ဘယ်နေရာ မှာမဆို စိတ်ဓာတ်မြင့်ပြီး ရင့်ကျက်သူ၊ စိတ်ဓာတ်နိမ့်ပြီး ကလေးဆန်သူ ရှိကြပါတယ်။
    ဒါပေမဲ့ စနစ် ကောင်း တဲ့ နေရာမှာတော့ ဒီလို စိတ်တွေ နဲ့ ထင်တိုင်း ကြဲပြီး အနိုင်ကျင့် ချင်တိုင်း ကျင့်ခွင့်မရဘူးပေါ့။
    ကံမကောင်းလို့ အဲလို ကြုံ ရင်လဲ အဲဒီလို နှိမ်သူ တွေ ကို ဒေါသနဲ့ တုန့်ပြန်မဲ့ အစား ကိုယ့်ကိုယ်ကို သူတို့ထက်သာအောင်၊ ယဉ်ကျေးအောင်၊ ရင့်ကျက်အောင် ကြိုးစားနေပြ လိုက်တာ က
    အကောင်းဆုံး တုန့်ပြန်နည်း လို့ ကျွန်မတော့ မှတ်တာပါဘဲ။

    ပို့စ် လိုရင်း ကနေ လွဲ လို့ စိတ်မရှိဘူး လို့ ကျွန်မ ယုံပါတယ်။
    ပို့စ်လေး အတွက် ကျေးဇူးပါ အန်ကယ်ကြီးရေ။
    :-))

  • ခင်ဇော်

    May 11, 2015 at 10:08 am

    လက်ဝှေ့ ကိစ္စသီးသန့်ပြောရရင်တော့
    မကြည့်ပေမဲ့ ဗမာ လက်ဝေ့ကို ပို သဘောကျတယ်။ ဟိဟိ။

    အနိုင် နဲ့ အရှုံးမှာတော့

    သိက္ခာမရှိတဲ့ အနိုင်ထက်
    သိက္ခာရှိတဲ့ အရှုံးက ပိုလက်ခံနိုင်ဖွယ်

    • Ma Ma

      May 11, 2015 at 5:39 pm

      (သိက္ခာမရှိတဲ့ အနိုင်ထက်
      သိက္ခာရှိတဲ့ အရှုံးက ပိုလက်ခံနိုင်ဖွယ်)
      အဲဒါလေး သဘောကျလို့။ 🙂

  • Alinsett @ Maung Thura

    May 11, 2015 at 12:20 pm

    လက်ဝှေ့ပွဲတော့ သိပ် စိတ်မပါလို့ မကြည့်ဖြစ်တာများတယ်..
    ရဲစခန်းက (ရံပုံငွေဆိုလား) ရဲတချို့ လက်ဝှေ့ပွဲလက်မှတ်တွေ လာရောင်းလည်း မဝယ်ဘူး ပြောလွှတ်တာပဲ..
    ဟုတ်တယ်.. ကိုယ်မှ မကြည့်ချင်တာ…
    လက်ဝှေ့ပွဲလက်မှတ်မို့လားဆိုတော့.. ဟုတ်ဘူး။
    ကိုယ် စိတ်ဝင်စားတဲ့ စာအုပ်တွေ … စစ်ယူနီဖောင်းနဲ့လူတွေ လာရောင်းလည်း..မဝယ်ဘူးပဲ..
    ဟုတ်တယ်လေ…
    ဘယ်ဝယ်မလဲ..
    ငါးရာလောက်တန်တဲ့ စာအုပ်အပေါစားတွေကို တစ်ထောင်တွေ ထော့င်ငါးရာတွေနဲ့ လာရောင်းတာကိုး..

    :k:

    အဲ… ၁ စက္ကန့်ကို လက်သီး ၂ ချက်ဝင်အောင် ထိုးတဲ့နည်းလေးတော့ ကျင့်ချင်မိ…

    ပလို့ဂျိ ..

    😆

  • uncle gyi

    May 12, 2015 at 12:08 am

    ugly winning တဲ့လားမောင်ဂီရယ်သုံးသွားလိုက်တာလှပ

    ထူးခြားတာကတော့ အာရှသားတွေ ရဲ့ မပြောရဲတဲ့ အားနည်းချက်
    အားနည်းချက်မဟုတ်ပါဖူးpadonmarရယ်ပြောမယ်ဆိုထိုးသွားတဲ့ထိုးချက်တွေကြည့်ရတာ
    ပွဲမှာထိခိုက်လောက်အောင်မမြင်လိုက်ဖူးလားလို့
    မပြောတာကသန်းတစ်ရာကြောင့်နေမှာပါလေ

    ခံစစ်နည်းစနစ်မှန်တယ်
    မေဝယ်သာကနဂိုလ်ကတည်းကခံစစ်အားသန်သူလို့မြင်ပါတယ်
    သူထိုးတဲ့ပွဲအတောများများခံစစ်အဓိက ကစားတယ်လို့မြင်ပါတယ်သူကြီး
    အခုလည်းပွဲကြီးဆိုတော့ခံစစ်ကိုပိုအားပြုသွားတယ်လို့မြင်ပါတယ်
    ဒါကြောင့်ပွဲကမမြိုင်ဖူးပြောရမယ်

    ” အော် ကြည့်ရတာ မေက ရာသီ ပူ လို့ ညည်းကျတယ် ထင်တယ်”
    မေဝယ်သာတော့အရီးစာတွေ့ရင်ထိုင်ငိုသွားလောက်မယ်ထင်တယ်နော်
    ဘယ်ယှဉ်ပြိုင်မှုဖြစ်ဖြစ်အနိုင်အရှုံးရှိတာသဘာဝပါ
    ရှုံးရင်လည်းမျက်ရည်မကျပဲအရှုံးကိုလက်ခံနိုင်ရပါမယ်
    အရှုံးထဲကသင်ခန်းစာယူနိုင်ရပါမယ်
    နိုင်ရင်လည်းပြုံးပြီးအောင်မြင်မှုကိုဂုဏ်ယူတတ်ရပါမယ်
    ပက်နဲ့မေဝယ်သာပွဲမှာ
    ဝိုင်းချီးကျူးနေကြတဲ့စာတွေဖတ်ပြီးရေးဖြစ်သွားတာအမှန်ပါ
    ဒါကြောင့်အရီးရဲ့စာကိုစိမ်းလိုက်ပါတယ်

    ဗမာ လက်ဝေ့ကို ပို သဘောကျတယ်
    ဗမာ့လက်ဝှေ့ကိုဦးလေးကခေါ်သွားလို့ငယ်တုန်းကကြည့်ရတာမှတ်မှတ်ရရပါ
    နောက်ရက်ညီတော်မောင်နဲ့ရန်ဖြစ်တော့ဒူးနဲ့တိုက်လိုက်တာညီကမထနိုင်တော့
    အမေကသူ့မတ်ကိုဆူလိုက်တာအမှတ်တရပါ ခင်ဇော်ရေ

    သိက္ခာရှိတဲ့ အရှုံးက ပိုလက်ခံနိုင်ဖွယ်
    ရှုံးသွားမှတော့အရှုံးကိုသိက္ခာရှိရှိလက်ခံတာအကောင်းဆုံးလို့မြင်ပါတယ်မမရေ

    ဘာပဲဖြစ်ဖြစ် ပတ်ကွီနိုင်တယ်
    ဟိုကဒိုင်တွေကမေဝယ်သာကိုအနိုင်ပေးပေမဲ့
    အာရှကပက်ကိုအနိုင်ပေးတာပေးသူရဲ့စိတ်ကအဓိကပါကိုမိုးရေ

    ငါးရာလောက်တန်တဲ့ စာအုပ်အပေါစားတွေကို တစ်ထောင်တွေ ထော့င်ငါးရာတွေနဲ့ လာရောင်းတာကိုး..
    အမှန်ကဒါတွေလုပ်နေရအောင်သူတို့ကိုလှည့်မကြည့်တဲ့သူတွေကိုအပြစ်ပြောမလား
    သူတို့ိုကိုကလွယ်လို့လုပ်စားနေတယ်လို့အပြစ်ပြောမလား
    ကိုသူရဘာပြောမလဲသိခငျ်သား

  • Mr. MarGa

    May 12, 2015 at 11:36 am

    ပွဲသွင်းတဲ့သူတွေနိုင်​တယ် :mrgreenn:
    ဖွဘုတ်​မှာ အဲ့နေ့က ပို့စ်တွေ ပလူကိုပျံနေတာပဲ
    ငြင်းကြ ခုန်ကြ မေဝယ်​သာကို ဆဲကြ နဲ့
    ဂယက်အတော်ထသဗျ
    ပွဲကို ကိုယ်​တိုင်လည်း မကြည့်ရ​သေးတာမို့ ဘာမှ သိပ် ပြောစရာမရှိပေမယ့်
    ပရိသတ် အတွက် ရသ တစ်​ခုခု ပေးသွားနိုင်​သလား ဆိုတာကို တွေးနေမိ
    အနိုင်​အရှုံးနဲ့ ပွဲရဲ့ ရသ မမျှမတ ဖြစ်​သွားတယ်​လို့ပဲ ထင်မိပါတယ် လို့

Leave a Reply