ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)က ပါမောက္ခချုပ်ရဲ့ လုပ်ရပ်
မေးလ်ထဲကို ပို့လာတာပါ။ ပို့ပေးတဲ့သူက တော်ရုံတန်ရုံ လျှောက်ပို့တတ်တဲ့သူမဟုတ်လို့ ယုံကြည်မိသလို အဲဒီ ပါမောက္ခချုပ်ဆိုပြီး ဒေါက်တာဘွဲ့ကိုမြန်မာပြည်ထဲ ဘယ်နားက ကောက်တပ်လိုက်မှန်းမသိတဲ့ သူအကြောင်းကောင်းကောင်းလည်းသိနေမိလို့ တင်လိုက်ပါတယ်။YECO/ YCEO ကိုတော့ ဘာအတိုကောက်မှန်းမသိပါ။ ထင်တာတော့ Yangon Eco ကိုပြောချင်နေတာနေမှာပါ။ ကျနော်တို့တုန်းကတော့ YIE ပါပဲ။ Yangon Institute of Economics ပါပဲ။
ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)တွင်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်ဖြစ်ပါသည်။
…..ငွေကြေးမပြည့်စုံသဖြင့်ငိုကြွေးနေသောမိသားစုတစ်စုအကြောင်းပါ။
ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) YECO တွင် ၂၉.၇.၂၀၁ဝ နေ ့တွင် မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပပါသည်။မိုးသည်းထန်စွာရွာသဖြင့်အနည်းငယ်သာစိုက်ပျိုးဖြစ်ပါသည်။ ၃၀.၇.၂၀၁ဝ နေ ့တွင်ပါမောက္ခချုပ်နှင့်ဝန်ထမ်းထုတွေ ့ဆုံပွဲတွင် ယခုတက္ကသိုလ်၏အကြီးဆုံးသော ပါမောက္ခ ချုပ် ဒေါက်တာကံဇော် သည် ၃၁.၇.၂၀၁၀(စနေနေ ့)နှင့် ၁.၈.၂၀၁ဝ (တနင်္ဂနွေ) နေ ့တွင် YCEO ရွာသာကြီးနယ်မြေဝန်ထမ်းအိမ်ရာတွင်နေထိုင်သော ဝန်ထမ်းအယောက်သုံးဆယ်အား
ကျန်ရှိသောသစ်ပင် ၂၀၀ဝ အား တစ်အိမ်ထောင်လျှင် အပင်ရှစ်ဆယ်နှုန်းဖြင့်စိုက်ပျိုးရန် မှာကြားခဲ့သည်။
ဝန်ထမ်းအိ်မ်ရာနေ မိသားစုများထဲတွင် နယ်မြေငှာနမှ အလုပ်သမားမှူး ၏ မိသားစုလည်းပါဝင်ခဲ့သည်။၁.၈.၂၀၁ဝ (တနင်္ဂနွေ) နေ ့ နံနက် ကိုးနာရီမိနစ်နှစ်ဆယ်တွင်အလုပ်သမားမှူး၏သားဖြစ်သူ မောင်…….. လယ်ကွင်းထဲတွင်သစ်ပင်စိုက်ပျိုးနေစဉ်တွင်မြွေကိုက်ခံခဲ့ရပါသည်။
ဦး………၏သားထိုမြွေကိုက်ခံရသူမောင်……….အားကျန်သောအပင်စိုက်နေသောဝန်ထမ်းများက ထမ်းပိုးကာဆေးရုံသို ့ပို ့ရန် ကျောင်းရှေ့တွင်ကားကြုံရရန် ၁နာရီခန် ့စောင့်ရပါသည်။ပထမကားတစ်စီးသည်လူမဆန်စွာသဖြင့်မတင်ခေါ်ဘဲထားခဲ့ပါသည်။ဒုတိယကားမှ စေတနာကောင်းစွာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးအထိလိုက်ပို ့ခဲ့သည်။ မောင်……၏မိသားစုတွင်ဆေးကုသရန်ငွေကြေးမပြည့်စုံခြင်းစီးပွားရေးတက္ကသိုလ်မှမထောက်ပံ့ခြင်းတို ့ကြောင့်ဆေးရုံတက်ရောက်ခဲ့ပြီးနောက်တစ်ရက်အကြာ ၂.၈.၂၀၁ဝ နံနက် ရှစ်နာရီခွဲတွင်ကွယ်လွန်ခဲ့ပါသည်။
၄.၈.၂၀၁ဝ တွင်ရေးဝေးသုသာန်တွင် သဂြိုလ်ခဲ့ရာ အခန်းငှားခ -ရေခဲတိုက်ထားခ-အလောင်းသယ်ယူခ-မီးသဂြိုလ်ခ ကျပ်ငွေခြောက်သောင်းကုန်ကျပါသည်။
ထိုကလေး၏အသုဘတွင် ရေဝေးသွားရန် YECO မှ ကားတစ်စီးသာပေးပါသည်။မလုံလောက်သဖြင့်ပြင်ပမှ ကားတစ်စီးလျှင် တစ်သောင်းခွဲကျပ်ဖြင့် ကားသုံးစီးထပ်မံငှားရမ်းရသဖြင့် လေးသောင်းခွဲ ကုန်ကျပါသည်။
၅.၈.၂၀၁ဝ တွင် YECO ပါမောက္ခချုပ် ဒေါက်တာ ကံဇော် က မောင်………အတွက်အသုဘကူငွေများကို သင်ကြားရေးနှင့်စီမံငှာန အရာရှိများက ကောက်ခံကာ ရငွေများကို သူ ၏ထံလာအပ်ရန်ပြောကြားခဲ့သည်။
ထိုကလေးအတွက်ကူငွေ သည် နှစ်သိန်းခွဲတိတိရရှိပါသည်။ ထိုငွေထဲမှ တက္ကသိုလ်မှ စိုက်ထားငွေ တစ်သိန်းငါးထောင် ကျပ်ကိုနှုတ်ယူခဲ့ပါသည်။ ကျန်ငွေတစ်သိန်းလေးသောင်းငါးထောင်ကျပ်ထဲမှရက်လည်ပြုလုပ်ရန်အတွက်
အလုပ်သမားမှူးဦး……..၏မိသားစုထံသို ့ ငါးသောင်းကျပ်တိတိသာပေးပါသည်။ ကျန်ငွေကိုထိုပါမောက္ခချုပ်မှယူထားပါသည်။(ဘာလုပ်ဖို ့လဲမသိပါ)
YECO ရွာသာကြီးတွင် မိုးရာသီသစ်ပင်စိုက်ပွဲပြုလုပ်ရာတွင် သားတစ်ယောက်ဆုံးရှုံးခဲ့သောငွေကြေးမပြည့်စုံသည့် အလုပ်သမားမှူးဦး……..မိသားစုသည် အသုဘကူငွေမှလည်းဖြတ်တောက်ခံရသည့်အတွက် ဒုက္ခ
ပင်လယ်ဝေနေကြပါသည်။ ငိုကြွေးရုံမှတစ်ပါးဘာမှမတတ်နိုင်တော့ပါ။ နစ်နာကြေး-ထောက်ပံ့ကြေးမရရှိသည့်အပြင် အသုဘကူငွေမှဖြတ်တောက်ခံရပါသည်။ထိုရန်ကုန် စီးပွါးရေးတက္ကသိုလ် ၏ပါမောက္ခချုပ်ဦးကံဇော် က ထိုမိသားစုနှင့် ကျောင်းမှ ဝန်ထမ်းများ အား ကျောင်းကနေ (ဘာမှမျှော်လင့်မနေနဲ ့ဆရာတွေ၊ အုပ်ချုပ်ရေး အရာရှိတွေကျောင်းမှာ ဝါဆိုသင်္ကန်းကပ်မယ်။အသုဘလိုက်ပို ့စရာမလိုဘူး) ဟု အမိန် ့ထုတ်ပြန်ခဲ့သည်။
10 comments
char too lan
August 23, 2010 at 4:16 am
ဪ..ပါမောက္ခချုပ်..ချုပ်..ချုပ်…ချုပ်ချက်ကကြောက်စရာ အသုဘကူငွေတောင်မချန်ချင်ဘူး ဒီလိုအကျင့်စာရိတ္တနဲ့ပါမောက္ခချုပ်လုပ်နေတာ ရှက်တတ်ရင်လဲသေသင့်ပီ
winne
August 23, 2010 at 4:34 am
ရေဆိုတာ မြင့်ရာကနေ နိမ့်ရာကို ဆင်းသလိုမျိုးဘဲ အကျင့်ဆိုတာ လည်း ဒီလိုဘဲနေမှာ။
ချုပ်ချုပ်နဲ့ ရန်ညိုးရှိလို့လား
Ba Gyi Taw
August 23, 2010 at 4:55 am
အမှန်တကယ် သူလုပ်ခဲ့တာ ဆိုရင် ဝဋ် ပြန်လည်မှာပေါ့ ။
cobra
August 23, 2010 at 6:29 am
ခွေးမသားတွေလုပ်ချင်တိုင်းလုပ်နေတယ်….။
Khin Thida Soe
August 23, 2010 at 6:53 am
အင်းးးးးးးးးးးးပညာရေးမှာလည်း ဒါမျိုးတွေ ရှိတယ်လား?
ဪ။။************
etone
August 23, 2010 at 7:59 am
ပညာတတ်တယောက်ဖြစ်ပြီးစိတ်ဓါတ်က နိမ့်ကျလှချည်လား ။ အင်းလေ …တကယ်တတ်တာက ပညာမှမဟုတ်ဘဲ သင်ညာကိုး။
ဝဋ်လည်ပါစေလို့ပဲ ဆုတောင်းပါတယ် ။
လူတယောက်လုံးဆုံးရှုံးသွားခဲ့ရတာတောင် အသုဘ ငွေဖြောင်ထားခဲ့တဲ့ ပါမောက္ခချုပ်ရဲ့ လုပ်ရပ်က သန့်ရှင်းရေးသမားလောက်တောင် အသုံးမကျပါဘူး ။ ဒီကိစ္စအမှန်သာဆိုရင် လူ့ အသိုင်းဝိုင်းက သိအောင်အားလုံး ကော်ပူးကူးပြီးမေးလ်ကနေ ဖြန့်ဝေသင့်တယ် ။
narziparty2009
August 23, 2010 at 9:45 am
တော်တော်ကိုယ်ချင်းစာတရာကင်းမဲ.တဲ.လူပါလား
တူသောအကျိုးပေးမှာမကြောက်ဘူးထင်တယ်။အဲလိုလုပ်လို.ရတဲ.ငွေတွေလက်ထဲကြာကြာခံပါစေဗျာ။
aung ba
August 23, 2010 at 5:55 pm
နောက်ဘဝကျရင်လူဘဝပြန်မရောက်ကျတော့မယ့် နေပြည်တော်ကစစ်ခွေးတွေ နားကန်းနေကျလား……
ဒ ီပါချူပ်ဆိုတဲ့ဘဲလဲခွေးအမျိူးအနွယ်ပဲနေမှာ
ဒါကြောင့်ဒီနေရာရတာပေါ့
စားပါစေ ဒီ အသုဘကူငွေတွေ
သံရည်ပူမြိုုရသလိုနေမှာပါ…..နားသာစွင့်ထားကျ
ဒီဘဲ ဘဝဘယ်လိုလာမလဲဆိုတာ……..
timothy
August 23, 2010 at 8:31 pm
In Burma, the chief general Than Shwe is murderer, genocidal, racial terminator, bandits and criminal against humanity. All the officers above the level of managing directors are split-image quality of Than Shwe. I do not surprise to hear this story in Burma. If I heard a general is giving his wealth to the poor in the community, I am sure it is a as story, not the real life situation.
Yin Nyine Nway
August 24, 2010 at 4:37 am
အင်း.. ဒီပုတ်ထဲက ဒီပဲတွေပါဘဲလား
စာနာစိတ်ကိုမရှိဘူး
သူ့ ရာထူးကိုမှမထောက်