သစ်ရွက်သီချင်း
လွန်ခဲ့တဲ့နှစ်က သီချင်းပဲဆက်ဆိုတယ်
ငါးပါးသီလကို စောင့်ထိန်းခဲ့တာ
ကမ္ဘာဦးကတည်းက
အရောင်ပြောင်းတယ်
ဗီဇမပြောင်းဘူး
သူလည်း
လူတွေနဲ့ပေါင်းမိတော့
အမှိုက်ကို
သန့်သန့်ရှင်းရှင်း
မစွန့်တော့ဘူး
ငါ
မင်းနဲ့ပြောင်းပြန်အချိုးကို
တပ်မက်နေတာ
ရှိစေတော့
အသွားအပြန်အတွက်
ဓားလှံတွေနဲ့ နှုတ်ကြရုံ။
ကိုစစ်
5 comments
အောင် မိုးသူ
May 28, 2015 at 9:21 am
အသွားအပြန်အတွက်
ဓားလှံတွေနဲ့ နှုတ်ကြရုံ။
Alinsett @ Maung Thura
May 28, 2015 at 2:29 pm
ဓါးလှံတွေကို နှုတ်ကြပြီပဲ. . .
.အေးလေ. . .
သူတို့က မလွဲဘူးဆိုရင်တောင်
ငါတို့ကလည်း မပြိုလဲသင့်ဘူး. . .
ထုတ်မသုံးရဲတဲ့ သတိ္တတွေကို တနေရာရာမှာ စု ပုံပြီး
ကုန်းရုန်းထကြ
တစ် နှစ် သုံး ရယ်လို့ အားမာန်အပြည့်နဲ့ အော်ဟစ်မြည်တမ်းကြ. . .
Mike
May 28, 2015 at 3:32 pm
.သိပ်နားမလည်ပဲဖတ်သွားပါတယ်ဗျာ
မြစပဲရိုး
May 28, 2015 at 11:03 pm
ကမ္ဘာဦးကတည်းက အရောင်ပြောင်း က ပုတ်သင်ညို ပေါ့။
ပုတ်သင်ညို နှစ်ကောင် မှာ တစ်ကောင်က စိမ်းချိန် တစ်ကောင်က နီ တော့ ဒါး ဆွဲ လှံဆွဲ ချ တော့မဲ့ ပွဲ ပေါ့ ကကြီးမိုက် ရာ။
ပုံ
. ရွာ့ ပြင်ညာသျှဉ်
. မြစာကလေး lol:-))).
မြစပဲရိုး
May 28, 2015 at 11:06 pm
နောက်တာ – နွေရာသီ မို့ သစ်ရွက်ကြွေ ချိန် လမ်းပေါ် အမှိုက်ပွလို့
စည်ပင်လာမကြုံး တာ ကို
စိတ်နာနာ နဲ့ ကိုဆစ် ရဲ့ ရင်တွင်းဖျစ်။
ဝုတ်လား? :-))