Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘီဘီ နှင့် သူ၏ …

မြစပဲရိုးJuly 29, 20153min52512

ဒီ တစ်ခါ အလှည့်ကျ ဖျော်ဖြေ မဲ့ သူ က ဘီဘီ ပါ။
British Beef အတိုကောက်ပေါ့။ နာမည်ကျော် ကိုဘေး အမဲသားတော့ မဟုတ်ဘူး။
အတုံး လေးတွေ တုံးထားပြီး သား အထုတ် ကို ဝယ်တာပါ။
တစ်ထုတ် ကို ၄၀ဝဂရမ် နဲ့ ၃ထုတ် ဝယ်ပြီး ချက်ပါတယ်။
အဲဒါဆို နှစ်နပ် ခွဲ စာလောက် စားလို့ ရပါတယ်။
အမဲသားဟင်းချက်ရင် ပဲထမင်း နဲ့ တွဲစားတာများပါတယ်။
ပဲ က ပဲနီလေး ကို သုံးပါတယ်။
Rice cooker  ထဲ မှာ ထမင်း ၅ဗူး ပဲ ၃ဗူး အချိုး နဲ့  ရောပြီး ချက်လိုက်တာပါ။
ကရဝေးရွက် နဲ့ သစ်ဂျပိုး အခေါက် နဲနဲ လဲ ထည့်လိုက်ပါတယ်။
သကြား တစ်ဇွန်း နဲ့ ဆားနဲနဲ လဲ ထည့်ပါတယ်။
ထမင်းတည်ပြီးလို့ ရေဆူချိန် ထောပတ် ထည့် မွှေ လိုက်တာပါဘဲ။
ရှု  “စား” တော်မူကြပါ။ :-)))

BB01
ဘီဘီ နဲ့ အတူ ပါဝင် အသုံးတော်ခံမဲ့ အရာများ Curry sauce၊ Cumin seed၊ ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ ကြက်သွန်နီ/ဖြူ။ ကရဝေး၊ သစ်ဂျပိုးခေါက်
BB02
ဒါက မုန်လာဥ နဲ့ ရောပြီး အလှဆင်ဖို့ celery (တရုတ်နံနံ အရင့်စား လိုမျိုး၊ မြန်မာလို ဘယ်လိုခေါ်လဲ မသိ)
BB03
ကြက်သွန်နီ ကို ကြော်ပြီးရင် အသား နဲ့ အမွှေးအကြိုင် တွေ ရောထည့် လိုက်တယ်။ အချိန်ရရင်တော့ ဒိန်လေး ဘာလေး နဲ့ အချိန်ယူ နှပ်ထားပေါ့။
BB04
ငရုတ်သီး အရောင်တင်မှုန့် များ ရင် စပ်မှာမို့ အရောင် ကတော့ သိပ်မလှဘူး။
BB05
ပြီးရင် Curry Sauce လောင်းထည့်ပြီး မွှေပါတယ်။ နံနံပင်ထည့်ပါတယ်။
BB06
ဆန် နဲ့ ပဲနီလေး
BB07
ရေဆူချိန် ထောပတ်ထည့်မွှေပါတယ်။
BB08
ကျက်ရင် စပျစ်ခြောက်ထည့်၊သီဟိုစေ့လှော်ရှိရင်လဲ ထည့်ပါတယ်။ အဲဒီတုန်းက မရှိလို့ မထည့်ခဲ့ပါ။ ဥနီတို့ တို့ လှီးပြီး အလှဆင်ပါတယ်။ အမှန်တော့ ဓာတ်ပုံရိုက်ဖို့ နဲနဲ စိတ်ရှည်ရှည်ထားပြီး ပြင်တာပါ။ လက်တွေ့တွင် ဤသို့မဟုတ်။ lol:-))
BB09
အမဲသားဟင်း နဲ့ သံပုရာသီး သနပ်။( သံပုရာသီး သနပ် ကြည့်ရတာ သိပ်ပြီး မဟန်ဘူး၊ ကြည့်ရတာ တစ်ညိုးဘဲ) lol:-))

 

12 comments

  • ဇီဇီခင်ဇော်

    July 29, 2015 at 6:10 am

    ဟားးးဟားးး
    အမြင်တော့ အတော်လှတယ်…
    အရသာလည်းး ကောင်းးမယ်လို့ ယုံကြည်တယ်…

    ကျနော် က ထောပတ်ကို အရင် ဆီသတ်ပြီးးမှ ဆန်နဲ့ ပဲ ဖည့် မွှေ
    ပြီးးမှ ရေထည့်တယ် …

    :mrgreenn:

  • Ma Ei

    July 29, 2015 at 9:45 am

    အိမ်မှာတော့ ထောပတ်ထမင်းချက်ရင် ထုံးစံအတိုင်းချက် ကျက်ခါနီးမှ
    ရယ်ဒီမိတ် ထောပတ်ထမင်းချက်စရာအထုပ်တွေဖေါက်ထည့်(ရယ်ဒီမိတ်ထုပ်မှာပါတဲ့ အဆာပလာကနည်းလို့)
    သီဟိုဠ်စေ့၊စပျစ်သီးခြောက်၊ ကျောက်ဖယုံယို အတုံးပိစိလေးတွေထပ်ထည်မွှေပြီး ပြန်ချက်လိုက်တာဆိုတော့
    ဒီထက် အီးဇီးကွတ်တာတော့ ရှိမယ်မထင်… 🙂

  • BB ဆိုတော့ အဟွာမှတ်လို့.. ဟီး…
    သများက အမဲသားမစားဝူး.. အာ့မိုးတွေ ချက်စားချင်တာ.. တစ်ယောက်တည်းဆိုတော့ မတန်ဘူးရယ်.. အဖော်စပ်ရအောင်ကလည်း ဟိုတစ်ယောက်က စိတ်မဝင်စား…

    အရီးဆီပဲ လာစားတော့မယ်.. 😀

    • kai

      July 29, 2015 at 2:33 pm

      ယူပြီးကြရင်.. ကလေးကိုတော့.. အမဲသား(ပြန်)ကျွေးပါကွယ်..
      လောလောဆယ်တော့.. အမဲသားအစား. ခွေးဂတုန်းနဲ့ချက်ပေါ့…။

      ကြက်သွန်ဖြူလျှော့ပြီး.. အနီပိုထည့်လိုက်..။ :k:

    • အမဲသား ကြိုက်တယ်..ဒါမယ့် စားကာနီး သူတို့ကို မြင်လာတာနဲ့ မစားတော့တာ…
      ဒါမယ့် ဆိတ်သားတော့ စားသေးတယ်.. ဆိတ်သားလည်း အားဖြစ်တယ်ဟုတ်.. 🙂

  • တောင်ပေါ်သား

    July 29, 2015 at 1:27 pm

    ထောပတ် မလိုင် နွားနို့ အဲ့ဒါတွေ အနံ့တောင် မခံနိူင်

    အရသာက ကောင်းမယ့်ပုံပဲ ၊ ဒါပေမယ့် ခွဲတမ်းက နဲသဗျာ ၊ 🙂

    ဒါနဲ့ အရီးဟင်းတွေမှာ နံနံပင်က နေရာတကာပဲနော်

  • မြစပဲရိုး

    July 29, 2015 at 9:33 pm

    ဝင်ရောက် ရှုစား ကြတဲ့ အားလုံးဘဲ ကျေးဇူးကြီးပါရှင့်။ :-))

    လာစားလုံမ ပိုပြီးချက်ထားတာ။ သူကြီး ပြောတဲ့ ” ခွေးဂတုန်း” ဆိုတာ နားအလည်ဝူး။ 🙄

    • kai

      July 30, 2015 at 1:49 am

      ဆိတ်ကိုပြောတာလို့.. မှတ်မိတာပဲ..။ :k:

      • Ma Ma

        July 30, 2015 at 10:50 am

        ဆိတ်ကတုံးသားဆိုတာတော့ ခွေးသားကိုပြောတာပဲ။

        ရှု့စားတော်မူပြီး ချက်စားတော်မူချင်လာပြီ။ 😆

      • Mike

        July 30, 2015 at 3:40 pm

        .“ ခွေးဂတုန်း” မကြားဖူးပါဘူးဗျာ…ဆိတ်ကတုန်း ပါ..ခွေးသားကိုပြောတာ :k:

  • Alinsett @ Maung Thura

    July 30, 2015 at 4:26 am

    အမဲသားကို ကြိုက်လို့
    .ဖြတ်ကြည့်တာ မရ။
    .ပြန်ပြန်စားမိတာပဲ။
    အခုတော့ မြွေသားတို့ ကြွက်သား ကြောင်သား ခွေးသားကလွဲရင် ကျန်တာ အတော်များများ မရှောင်ရေးချမရှောင်

  • ဟေသီ

    July 30, 2015 at 3:23 pm

    အမဲသားတော့ မစား၍ အရသာ မမှန်းနိုင်ပေမယ့် အမြင်မှာတော့ အတော်စားကောင်းမယ့် ရုပ် အဲ ပုံ.. ပဲထမင်းက တီးချင်စရာ ပုံတွေကြည့်ရင်း တံတွေးမျိုချသွားသည်… ဂလု….

Leave a Reply