”ရွှေခေတ်မှာတောင် ရွှံ့စော်နံတယ်. . .
#ရွှေခေတ်မှာတောင် ရွှံ့စော်နံတယ်#
(A)
ခါးသက်ကြမ်းရှ …
ကိုယ့်လက်ထဲက ကံကြမ္မာများ တခွမ်းခွမ်း ကျကွဲတဲ့ညကပေါ့ကွယ်…
(B)
ဝှက်ဖဲတစ်ချပ်ကို ဝှက်သည်ထက်ဝှက်ရင်း….
နောက်ဆုံးမှာ… ကိုယ်ကိုယ်တိုင် ပျောက်ဆုံး…
ဟောဒီ – ခမ်းနားကြီးကျယ်လှပါသော အညတရလူသားရဲ့ မလှမပ-ညဆိုးများ…
ဘယ်ဆီမှာ အနားသတ်သွားပါသလဲ….
(C)
အမှောင်မိုက်ဆုံးတိမ်တိုက်မှာတောင် ငွေရောင် အနားကွပ်လေး ရှိသေးသတဲ့…
ဟေ့အေး… အဲဒါက ကြည့်သောသူနှင့်သာ ဆိုင်ပါတယ်….
ရွှေခေတ်မှာတောင် ရွှံ့စော်နံတဲ့သူ..
ငါလိုလူ ဤဇဗ္ဗူမှာ ထပ်မရှိနိုင်ဘူးရယ်လို့…
(D)
ဒီလိုပဲပေါ့ကွယ် …
ဖတ်ခဲ့ဖူးတဲ့ စာသားတစ်ပိုဒ်အတိုင်း …
ဘဝဆိုတာကိုက လက်ဖက်ရည်ခွက်ထဲ ကျသွားရတဲ့ ယင်ကောင်လို…
ရုန်းရင်းကန်ရင်း ချိုမြိန်လိုက်ရတာပါပဲ…
(E)
ဝင်္ကပါသာ ဆန်ပြီး ထွက်ကမ္ဘာမဆန်ပါသော … လမ်းတချို့မှာ …
စိတ်ရင်းသာ ကောင်းပြီး စိတ်အဖျားမကောင်းသော လူတချို့နဲ့ …
အနံ့သာစစ်ပြီး အရသာမစစ်သော ကော်ဖီများသောက်ရင်း… လျှောက်ခဲ့ရတဲ့နေ့က…
ကိုယ့်ခြေထောက်ဟာ ကိုယ့်ကို သစ္စာဖောက်တယ်လို့… ခံစားရ…
မလွန်ပါဘူးကွယ်…
ကိုယ့်အရိပ်ကတောင် ကိုယ့်ကို မနာလို – ”တို” ”ရှည်” ပြမှတော့….
(F)
ရွက်ဆုတ်ပြက္ခဒိန်လေးက မနက်ခင်းတိုင်းမှာ စကားတစ်ခွန်း ပြောတယ်…
”ဗြိ”တဲ့…
ကိုယ့်ကို မရည်ရွယ်ဘူးဆိုပေမဲ့…. ကိုယ့်မှာတော့ တစ်နေ့တခြား ”ရိ”လာတယ်… ။
မသိလိုက် မသိခင်နေကြည့်ချင်တုန်းမှာပဲ…
မြေကြီးထဲ ”အိ” ဝင်နေတဲ့ ကိုယ့်အခြေအနေကို ကိုယ်…
”သိ”လိုက်တယ်…
(G)
ထိတ်ထိတ်လန့်လန့်…
ကိုယ့်ဆီမှာ ကိုယ်မှ ရှိသေးရဲ့လားလို့…
ကိုယ့်တစ်ယောက်ထဲ ညာ ညှိကြည့်ရတော့တာပေါ့…
………………………………..
”လူနံပါတ် ၁၈၉၈ရ ၊ မောင်သူရ ”
….
….
….
ရှိလား…
ရှိလား…
….
….
….
….
(ဖြေသံ မကြားရ… )
….
….
….
….
(H)
(ကိုယ်ဟာ ကိုယ်နဲ့ နီးလွန်းသူမို့
ကိုယ့်အမေးကိုကိုယ် ချက်ချင်းမကြား ၊ ချက်ချင်း မဖြေနိုင်ခဲ့ဘူး။
ကိုယ့်ဘယ်ဘက်မျက်လုံးက ကိုယ့်ညာဘက်မျက်လုံးကို နီးကပ်လျက်နဲ့ လှမ်း မမြင်ရသလိုမျိုး…)
….
….
….
….
(အကြာကြီး ကြာပြီးလေသောအခါမှ…. တိုးတိတ်နွမ်းလျ …ဖြေဆိုသံတစ်စ..
ထွက်ကျလာလေရဲ့… )
….
….
….
….
”လူနံပါတ် ၁၈၉၈၇၊ မောင်သူရ – ရှိ”
….
….
….
….
(I)
တော်ပါသေးရဲ့ ….
ကိုယ်ရေးတဲ့ ကိုယ့်သမိုင်း… နောက်ဆုံးစာမျက်နှာ အောက်နားဆီမှာ…
ကိုယ့်နာမည်လေး စာနှစ်လုံးကို – ပြုံးပြုံးလေး စီရီ သီကုံးသွားနိုင်လိမ့်မယ်ဆိုပြီး…
မျှော်လင့်ခွင့် ရှိသေးလို့….
@@@@@@@@@
စာချစ်သူများအား ချစ်ခင်လေးစားလျက် …
မောင်သူရ @ Alinsett
၂၈ ၊ ဇူလိုင် ၊ ၂၀၁၅
ချစ်ခင်လေးစားလျက်. . .
Alin Z @ Maung Thura
18 comments
Ma Ma
August 1, 2015 at 10:41 am
အကြောင်းအရာရော အရေးအသားပါကာင်းတယ်။
စာရေးသူရဲ့ခံစားချက်ကို စာဖတ်သူစိတ်ထဲရောက်အောင် ဖွဲ့နွဲ့နိုင်ပါပေတယ်။ 🙂
Alinsett @ Maung Thura
August 1, 2015 at 4:23 pm
.ကောင်းတယ် ဆိုလို့
ကိုယ့်လက် ကိုယ် ရွှေချလိုက်ချင်ပြီ။
ရွှံ့စော်တော့ နည်းနည်း နံနေသေးတယ်ထင်
:k:
ဖတ်ရှု အားပေးသွားတဲ့ ချစ်သောအန်တီမမကိုလည်း ကျေးဇူးပါဗျားးး
YE YINT HLAING
August 1, 2015 at 10:50 am
ရုန်းရင်းကန်ရင်းချိုမြိန်လိုက်ရတာ…
ဗြိ ရိ အိ သိ …
ခံစားကြည့်သွားပါတယ်
အလင်းရယ်…
Alinsett @ Maung Thura
August 2, 2015 at 1:55 am
အဲ့ဒီ ဗြိ ရိ အိ သိ အပိုဒ်ကို အချိန်ခပ်ကြာကြာ ရေးခဲ့ရ။
.တွေးမိတာကို ချရေးဖို့ စကားလုံး ရှာရင်း နာရီအတော်ကြာာာာ
😆
မြစပဲရိုး
August 1, 2015 at 12:59 pm
လူ နံပါတ် ၁၂၉၀၁၃ – ပရဲဆင့် တီချာ
until ……. when? :-)))
Alinsett @ Maung Thura
August 2, 2015 at 1:59 am
”ရှိ”လား
”မရှိ”လား
အဲ့ဒီလူနံပါတ်ကို ကြည့်ပြီး ဘယ်လိုပါလိမ့်လို့ တွေးနေမိ
:k:
kai
August 1, 2015 at 4:32 pm
အားနဲ့မာန်နဲ့.. ရှိ လို့..အော်ထည့်လိုက်ပါကိုရင်ရယ်…
တချို့ကိစ္စတွေက.. လိုတာထက်တောင် အော်ရသေးတာ..။
ရှိရှိမရှိရှိ.. ရှိ..။
Alinsett @ Maung Thura
August 2, 2015 at 1:57 am
တစ်ခုခု ပေးမယ်ဆိုရင်တောင်
လှမ်းယူနိုင်မယ့်အင်အားလေး အရင်ပေးပါ လို့
ဆန္ဒပြုနေရတဲ့ ဘဝတွေ . . .
ဘယ်လို လုပ်မလဲ. . .
ကိုပေါက်(မန္တလေး)
August 2, 2015 at 9:37 pm
စိတ်ရင်းသာ ကောင်းပြီး စိတ်အဖျားမကောင်းသော လူတချို့နဲ့ …
အနံ့သာစစ်ပြီး အရသာမစစ်သော ကော်ဖီများသောက်ရင်း… လျှောက်ခဲ့ရတဲ့နေ့က…
ကိုယ့်ခြေထောက်ဟာ ကိုယ့်ကို သစ္စာဖောက်တယ်လို့… ခံစားရ…
မလွန်ပါဘူးကွယ်…
ကြိုက်တယ် ဒီအဖွဲ့လေးကို
Alinsett @ Maung Thura
August 3, 2015 at 7:09 am
လာရောက် ဖတ်ရှုသွားတဲ့ လေးပေါက်ကိုလည်း ဇူးဇူးပါခင်ဗျ။
======
ဒီပိုစ့်ထဲက comment တွေကို
စိတ်လိုလက်ရ ထိုင်ပြီး အချိန်ပေးကာ နီနီရဲစေရှာသူအားလည်း
ဇူးဇူးပါ
😆
ဦးကြောင်ကြီး
August 3, 2015 at 8:23 am
ဝှက်ဖဲ
မွက်သဲ
ကြက်ဘဲ
တက်ဆွဲ…
Alinsett @ Maung Thura
August 5, 2015 at 6:40 am
အာ့ ဘာဖျစ်သာလဲ
အောင် မိုးသူ
August 4, 2015 at 2:06 pm
ရွှေခေတ်မဟုတ်တော့ဘူးကွယ့် မောင်ဒညင်းရဲ့
Alinsett @ Maung Thura
August 5, 2015 at 6:39 am
အခုလောလောဆယ်တော့ ရွှံ့ခေတ် ဖြစ်နေပြီ
တစ်တိုင်းပြည်လုံးလည်း ရွှံ့စော်ကို နံလို့ နစ်လို့
😥
ဇီဇီခင်ဇော်
August 5, 2015 at 9:47 am
စိန်ခေတ်ကျတော့ ချေးစော်နံတယ်။
😥
Alinsett @ Maung Thura
August 5, 2015 at 7:49 pm
နှိုင်းပါနဲ့… .ချေး သိက္ခာတောင် ကျသေး…
manawphyulay
August 5, 2015 at 2:47 pm
လူနံပတ်တောင် မနည်းမှတ်ထားရမယ်…
Alinsett @ Maung Thura
August 5, 2015 at 7:52 pm
အဲ့လူနံပါတ်က… အမှန်….
:k: