ပိန္နဲသီးဟင်းခါးပူပူလေး
အခုလိုမိုးရာသီမှာ၊မိုးအေးတဲ့အချိန်မှာ၊ပိန္နဲသီးဟင်းခါးပူပူလေးကို၊
ကျွန်မအနေနဲ ့မကြခဏဆိုသလိုချက်စားဖြစ်ပါတယ်။
ပါဝင်တဲ့ပစ္စည်းများက-
၁။ပိန္နဲသီး(အစိမ်း)
၂။စွယ်တော်ရွက်ညွှန့်
၃။ဆူးပုတ်ရွက်
၄။ပုဇွန်
၅။ကြက်သွန်ဖြူ
၆။ငြုပ်ကေါင်းမှုန့်
၇။ဆန်နှစ်ရည်
၈။ဆား,ငါးငံပြာရည်,ငါးငပိရည်ကြို(အနည်းငယ်)၊ဟင်းခပ်မှုန့်။
ဒီဘက်ဒေသမှာ၊ပိန္နဲသီးပေါ်ချိန်မှာ၊ပိန္နဲသီးအစိမ်း(အခွံနွှာပြီးသား)ဈေးမှာရောင်းချကြပါတယ်။
ရာသီစာလည်းဖြစ်ပါတယ်။ဟင်းခပ်အဖြစ်၊ပုဇွန်တွေလည်းပေါချိန်မို့၊ဝယ်ယူရတာဈေးသက်သာတဲ့အပြင်၊
အကုန်အကျနည်းတာမို့၊ကျွန်မအနေနဲ ့ကဟင်းရည်သောက်ဆမ်းအဖြစ်၊ ချက်စားဖြစ်ပါတယ်။
ပါဝင်တဲ့၊အသီးအရွက်တွေ အားလုံးကို၊ရေဆေးသန့်စင်ပါတယ်။
ကြက်သွန်ဖြူမညက်တညက်ထောင်းထားပါတယ်၊ဆန်အနည်းငယ်ခန့်ကို ရေနွေးနဲ ့စိမ်ထားပါတယ်။
ဆန်ပွလာပြီဆိုရင်တော့၊ငရုတ်ဆုံမှာညက်မှုန့်အောင်ထောင်းပြီး၊ရေနဲ့ဖျော်ပြီး၊ဆန်နှစ်ရည်လုပ်ပါတယ်။
ပုဇွန်ကိုရေဆေးသန့်စင်ပြီး၊ခေါင်းအမြီးချွေ၊ပုဇွန်ကိုအခွံနွှာပြီး၊မညက်တညက်ထောင်းပါတယ်။
ကျွန်မအနေနဲ့ကတော့၊ပုဇွန်ကိုအချိန်တိုအတွင်းမှာအလွယ်ကျက်မြန်အောင်နဲ ့အချိုရည်(အမြန်)
ထွက်လာစေဘို့အတွက်ပြုလုပ်တာပါ။
ချက်မဲ့အိုးထဲမှာ၊ပိန္နဲသီး(အစိမ်း)ကို၊ရေမြုပ်ယုံထည့်ပြီး၊ရေမခမ်းအောင်တည်ထားပါတယ်။
ပိန္နဲသီးပြုတ်သားရလာတဲ့အချိန်၊ငါးပိရည်ကြို(အနည်းငယ်)ထည့်ပြီး၊ရေထပ်ထည့်ပြီး၊ဆူအောင်ပြန်ပြီး
တည်ထားပါတယ်။
ဟင်းရည်အိုးဆူလာရင်၊ဆန်နှစ်ရည်လောင်းထည့်
ယောက်ချိုဇွန်းနဲ့သမအောင်မွှေပြီး၊ဟင်းရည်ဆူလာတဲ့အထိပြန်တည်ထားပါတယ်။
ဟင်းရည်ဆူလာတဲ့အချိန်၊မညက်တညက်ထောင်းထားတဲ့ပုဇွန်နဲ့ကြက်သွန်ဖြူတို့ကို
အတူတူရောပြီးထည့်ပါတယ်၊တဆက်တည်းမှာဘဲ၊ဆား,ငါးငံပြာရည်၊ဟင်းခပ်မှုန့်တို့ထပ်ထည့်ပါတယ်။
အပေါ့အငံအရသာကိုတော့၊မိမိနှစ်သက်သလို၊မြည်းကြည့်ပြီး၊ခဏပြန်တည်ထားပါတယ်။
ဟင်းရည်အိုးချခါနီးလောက်မှာ၊စွယ်တော်ရွက်ညွှန့်၊ဆူးပုတ်ရွက်ထည့်ပြီး၊ငြပ်ကေါင်းမှုန့်မွှေးနေအောင်ထည့်ပြီး
တာနဲ ့မီးဖိုကနေ(ချက်ခြင်း)ချပါတယ်။ပိန္နဲသီးဟင်းခါးရည်ကိုတော့ပူပူလေးတုန်းမှာဘဲ၊
ဟင်းရည်သောက်ဆမ်းအဖြစ်သုံးဆောင်ပါတယ်။
ကျွန်မအနေနဲ့ကကြိုက်နှစ်သက်လို့၊ခုလိုမိုးရာသီ၊မိုးအေးတဲ့အချိန်မှာ၊မကြာခဏချက်စားဖြစ်ပါတယ်။
မကြာခဏချက်စားဖြစ်တဲ့အကြောင်းအရင်းကလည်း၊ပိန္နဲသီးမှာအာဟာရဓတ်တွေပေါကြွယ်လှပြီး
ကျန်းမာရေးအရလည်း စားသုံးသင့်လို ့ပါ။
အခုလိုမိုးရာသီမှာမိုးအေးအေးနဲ ့ပိန္နဲဟင်းခါးပူပူလေးက ဒီဒေသနဲ့လိုက်ဖက်လွန်းတဲ့
ရာသီစာအဖြစ် ကျွန်မအနေနဲ ့နှစ်သက်မိတာမို့၊ပြန်လည်မျှဝေလိုက်ပါတယ်။။။။။။။။။။။
“အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ရွှင်လန်းကြပါစေ”
15 comments
Ma Ei
August 4, 2015 at 2:10 pm
အမအေး
စားချင်စရာလေးမို့ ချက်နည်းလေးမှတ်ထားလိုက်ပါပြီ
ပိန္နဲသီးကို ပြုတ်သုပ်၊ပြုတ်တို့ တာလောက်ဘဲ စားဘူးတာပါ
ခုလို သောက်ဆမ်း ဟင်းချိုလေးကို အရွက်လေးတွေခပ်ချက်ထားတာဆိုတော့
တစ်ကယ်ကို စားသချင့်ဖွယ်လေးပါဘဲ ..
ဦးကျောက်ခဲ
August 4, 2015 at 2:30 pm
ပိန္နဲသီးကို သောက်ဆမ်း ချက်မစားဖူးဘူး ကြက်/ဝက်ရိုးနဲ့ဆို ကောင်းမယ်ထင်ရဲ့…
ကျောင်းသားဘဝ ကွင်းဆင်းတုန်းက ဝက်သားနဲ့တူတယ်ဆိုပြီး ဆီပြန်ချက်စားတယ်…
အားကျတယ် … ဒီမှာ လတ်လတ်ဆတ်ဆတ်ဟင်းရွက် အညွန့် ဈေးမပေါဘူး…
ဆယ်ဘတ်စေ့လောက် တစ်စည်းကို ဘတ်-၂ဝ လောက်ပေးရတယ်… 🙁
အောင် မိုးသူ
August 4, 2015 at 2:43 pm
စားကောင်းလိုက်မယ့်ဖြစ်ခြင်း ချက်စားကြည့်ဦးမှ။
ဟေသီ
August 4, 2015 at 2:47 pm
ပိန္နဲသီးကို တို့စားတာရော၊ ချက်စားတာရော ကြိုက်တယ်။ အခုလို ချက်ထားပြန်တော့လည်း စားကောင်းမယ့်ပုံမျိုး၊ စွယ်တော်ညွှန့် ပါ ပါတာ တွေ့ရပြန်တော့ အထူးအဆန်း ဖြစ်မိပြန်ရော။ တစ်ရက်လောက်တော့ ချက်စားကြည့်အုံးမယ် …..
aye.kk
August 4, 2015 at 3:27 pm
မအိရေ
ကျေးဇူးနော်။
တူတော်မောင်ကျောက်စ်ရေ
အန်တီတို့ဆီမှာကCBကြက်,CBဝက်တွေဆိုတော့ မစားဖြစ်တာပါ။
အိမ်ကြက်ကလည်းဈေးကြီး၊အိမ်မွေးဝက်ကလည်းရှာဝယ်ရတာက မလွယ်ကူလို့ပါ။
ပုဇွန်တွေက ဈေးချိုတော့ ချက်စားဖြစ်တာ။
ဒီမှာအရွက်တွေက လတ်ဆတ်ပြီး ဈေးပေါတယ်၊။
အောင်မိုးသူရေ
ဟင်းခါးချက်တာမို့ ၊ မိုးအေးအေးနဲ ့ပူပူလေးသောက်ရတာ ကေါင်းတယ်ကွယ်။
ဟေသီရေ။
ဒီဘက်ဒေသမှာ အန်တီရောက်ခါစက စွယ်တော်ရွက်ညွှန် ့တွေကို ဒေသခံတွေစားသုံးကြတာ
တွေ့ရတော့ အရမ်းအံ့ဩမိတယ်။
အန်တီတို့နေထိုင်ခဲ့တဲ့ မွန်ပြည်နယ်မှာက စွယ်တော်ရွက်ကို ချက်စားကြတာ မတွေ့ဘူးလို့ပါ။
အမ်တီလည်း ဒီဒေသကိုရောက်မှ ဒေသခံတွေ စားကြတာ မြင်ရလို့ ချက်စားကြည့်မိရင်း စားဖြစ်သွားတာပါ။
ပိန္နဲသီး(အစိမ်း)နဲ ့ချက်သောက်ကြည့်မှ အရသာ ကေါင်းမှန်းသိရတယ်။ ချက်စားကြည့်ကြည့်ပါနော်။။
မြစပဲရိုး
August 5, 2015 at 2:47 am
အစ်မအေး
ဒီမှာတော့ အစိမ်းတော့ မရှိ။
စည်သွပ်ဗူး တွေ တော့ တရုတ်ဆိုင်သွားရင်ရတယ်။
တစ်ခါမှ ဝယ်မချက်ကြည့်ဖူးဘူး။
အစ်မညွန်းလိုက်တော့ တစ်ခါလောက် ဝယ်ချက်ကြည့်လိုက်မယ်။
ပုံထဲ က စားချင်စရာဘဲ အစ်မရေ။
ကျေးဇူးပါ။
:-))
Alinsett @ Maung Thura
August 5, 2015 at 7:37 am
ပိန်းနဲသီးကို ဝက်သားနဲ့ ချက်တာတော့ အရမ်းကြိုက်
အဲ အသီးမှည့်ကို စားရတာ ပိုကြိုက်
တထိုင်တည်းနဲ့ အမွှာ ၂ဝ လောက်ကို စားဖူးတယ်။
မြင်ရင် မစားရ မနေနိုင်
ပိန်းနဲသီးဝိုင်တို့ဘာတို့ ရှိလားမသိ
.သောက်ချင်တယ်။ ပိန်းနဲသီးအနံ့က ချိုအီနေတော့ ရေမွှေးလည်း ရှိရင်ကောင်းမယ်
:k:
ဇီဇီခင်ဇော်
August 5, 2015 at 8:01 am
ဟင်းချက်စားလို့ ရတဲ့ ပိန္နဲသီး ကို ရွှေညောင်မှာနေတုန်းက ပဲ စားဖူးတယ်။
အရမ်းချိုတယ်။
ကာလသားချက်လေးး
ခုလိုလေးတော့ မစားဖူးဘူးးးး
တီ အေး ရေးတာ စားချင်စရာလေး လေးးးး
aye.kk
August 5, 2015 at 9:23 am
မလတ်ရေ
ကျေးဇူးပါ။
အလင်းဆက်ရေ
တူမောင်ပြောတော့မှ၊ငိုချင်ရက်လက်တို့ဆိုသလိုပါဘဲ။
မိဘတွေနဲ့နေစဉ်တုန်းကအိမ်ခြံနောက်မှာ၊ပိန္နဲသီး(အိမ်မာ/အိမ်ပျော့)၂-မျိုးလုံးစိုက်ထားတာ။
မျိုးကလည်းအလွန်ကေါင်းတာကိုမှရွေးချယ်ပြီး၊အဖေကစိုက်ပျိုးထားတော့
ချိုအီမွှေးပျံ့နေတဲ့ပိန္နဲသီးတွေကိုကြီးပျင်းတဲ့အထိစားသုံးခဲ့ရတယ်။အမေချက်တဲ့ပိန္နဲသီး(အစိမ်း)
နဲ ့ချက်ထားတဲ့ပိန္နဲတာလပေါဟင်း(ကရင်တွေစားသုံးတာ)ကို၊နှစ်စဉ်ချက်ကျွေးတာမေ့မရနိုင်ဘူး။
ပိန္နဲသီးမှာအာဟာရဓတ်တွေအပြည့်အစုံပါဝင်တာ၊အရင်ကမသိခဲ့ဘူး။
အခုအင်တာနက်ခေတ်ရောက်လာမှ၊ကျန်းမာရေးနဲ ့ပတ်သက်တဲ့အာဟာရဓတ်စာတွေရေး
ထားတာဖတ်မိတော့မှ၊အံ့အားသင့်မိတယ်။ဓါတ်ပေါင်း-အမျိုးပေါင်းများစွာစုံလင်နေ
အောင်ပါဝင်နေမှန်းသိရတယ်။
အန်တီတို့အသက်အရွယ်အရလည်း၊ကိုယ်ခန္ဓာထဲကအရိုးအဆစ်တွေကဟော်မုန်းဓတ်တွေပြောင်း
လည်းလာလို့အရိုးကြွတ်ဆတ်ရောဂါ၊အရိုးပါးရောဂါတွေကဝင်ရောက်လာပြီဆိုတော့ကါ၊
ပိန္နဲသီးကိုစားသုံးပေးခြင်းအားဖြင့်၊ပိန္နဲသီးမှာပါဝင်တဲ့မဂ္ဂနီဆီယမ်ဓါတ်ပေါကြွယ်ဝပြီး
ခန္ဓာကိုယ်ထဲမှာရှိနေတဲ့အရိုးအဆစ်တွေကယ်လ်စီယမ်စုပ်ယူခြင်းအားပေးတဲ့အတွက်အရိုးများကို
ကျန်းမာသန်စွမ်းစေနိုင်ကြောင်းဖတ်ရှုလေ့လာရတော့မကြာခဏချက်စားဖြစ်တယ်။။
အန်တီတို့အသက်အရွယ်အရ၊အင်မတန်မှစားသုံးဘို့အတွက်၊သင့်လျော်တဲ့ဟင်းလျာတစ်ခွက်ပါဘဲ။
ပိန္နဲသီးဝိုင်တော့လုပ်မရဘူးထင်တယ်။ရေမွှေးဆိုအနံ ့စူးရှမယ်ထင်။
ဇီဇီရေ
ချက်စားကြည့်စေချင်ပါတယ်၊ဒါပေမယ့်အစာအိမ်ရောဂါရှိသူတွေအတွက်
အစာအိမ်ဝေဒနာရှိရင်တော့စားသုံးဘို့မသင့်လျော်ဘူးလို့သိရပါတယ်။
ပိန္နဲသီးကကြေညက်ခဲတဲ့အစာဖြစ်နေလို့ပါ၊အန်တီကအစာအိမ်ရောဂါမရှိပါ။
ဒါပေမယ့်ပိန္နဲ(အစိမ်း)ကိုပြုတ်သားရတဲ့(နှူးအိတဲ့အထိ)ပြုတ်ပြီးမှချက်စားတာအကေါင်းဆုံးပါ။။။
Foolish Girl
August 5, 2015 at 10:36 am
စားချင်စရာလေး ပိန္နဲသီးတော့ချက်စားလို့ရမှန်းသိပေမယ့် စွယ်တော်ရွက်နုကို စားလို့ရမှန်းခုမှသိတယ် 🙂
Mike
August 5, 2015 at 10:49 am
.ကြိုက်တဲ့အစားထဲ ပိန္နဲသီးလည်းပါတယ်…အိမ်မှာတော့ အမဲသားနဲ့ချက်စားလေ့ရှိတယ်
.ဟင်းချိုလည်းကောင်းမဲ့ပုံပါပဲ..ကျေးဇူးပါ အန်တီအေးေ၇
aye.kk
August 5, 2015 at 12:19 pm
Foolish Girl
အစားစာတွေစားသုံးကြတာ၊ဒေသအလိုက်မတူကြဘူး၊
အန်တီတို့မိဘတွေလက်ထက်က စွယ်တော်ပင်တွေကို
အိမ်ရှေ့ပန်းခြံထဲမှာစိုက်ထားတယ်၊စွယ်တော်ရွက်အညွှန့်ကိုစားလို့ရမှန်းမသိခဲ့ဘူး။
ဒီဘက်ဒေသရှမ်းလူမျိုးတွေစားသုံးကြတာတွေ့ရမှချက်စားဖြစ်တယ်။။။
Mike
ကျေးဇူးပါ၊အမဲသားတော့သားတွေကသိတ်ကြိုက်တာမို့၊
အန်တီလည်း၊ပိန္နဲသီးကို၊အမဲသားနဲ ့ချက်ကျွေးကြည့်ဦးမယ်။
manawphyulay
August 5, 2015 at 2:09 pm
ဒီလိုမျိုးတော့ တစ်ခါမှ မစားဖူးသေးဘူး။ ပြုတ်တို့တာတို့ သုတ်တာတို့ပဲ စားဖူးတယ်။ မှတ်ထားလိုက်ဦးမယ်နော်။
Ma Ma
August 7, 2015 at 9:23 am
ပိန္နဲသီးဟင်းကို ကောင်းတယ်လို့ ပြောကြတုန်းက မယုံဘူး။
တကယ်စားရတော့မှ ကောင်းမှန်းသိပြီး ကြိုက်သွားတယ်။
ပိန္နဲသီးဟင်းကို ကောင်းမှန်းသိမှ အခုဟင်းကိုတွေ့တော့ သွားရည်တမြားမြာကျသွားတယ်။ :a:
aye.kk
August 7, 2015 at 10:13 am
မနောရေ
ချက်စားကြည့်နော်
ကရင်တာလပေါဟင်းကဒညင်းသီးနဲ့
ဟင်းရည်သောက်ဆမ်းချက်လည်း၊သောက်လို့ကေါင်းတယ်။။
မမရေ..
ပိန္နဲပင်နဲ့ကြီးလာတော့
ပိန္နဲသီးတာလပေါဟင်းရည်သောက်ဆမ်းချက်လို့ရတာကိုတော့သိတယ်။
မိဘတွေကချက်ကျွေးဘူးလို့ပါ။
ဟင်းအနေနဲ့မချက်ကျွေးခဲ့တော့၊ဟင်းအဖြစ်ချက်စားလို့ရမှန်းမသိဘူး။
ဒီဘက်ဒေသရောက်လာပြန်တော့၊ပိန္နဲသီးအစိမ်းကို
စွယ်တော်ညွန့်,ဆူးပုတ်တို့နဲ့ဒေသခံတွေက ဟင်းရည်သောက်ဆမ်းစားသုံးကြပြန်တော့၊။
ချက်စားလို့ရတာသိပြန်တော့၊ချက်စားကြည့်မိတယ်၊အာဟာရဓတ်တွေပေါကြွယ်ဝတာ
ဖတ်မိပြန်တော့၊မကြာခဏဟင်းရည်သောက်ဆမ်းစားဖြစ်ပြန်တယ်၊သောက်လို့ကေါင်းတယ်။