“နေဝင်စရယ်က ရောင်စုံခြယ်” (ဓါတ်ပုံပိုစ်)
“နေဝင်စရယ်က ရောင်စုံခြယ်” (ဓါတ်ပုံပိုစ်)
အခုရက်ကျနော်ရောက်နေတဲ့အရပ်မှာမိုးနေ့တိုင်းရွာပါတယ်။
တစ်ခါတစ်လေ တစ်နေကုန် တဖွဲဖွဲ။
တစ်ခါတစ်လေတော့လဲရွာလိုက်တိတ်လိုက်။
တစ်ခါတစ်လေ နေပွင့်လိုက်မိုးရွာလိုက်။
မိုးကိုလဲ မရွာစေချင်ပါဘူး။
ဒီအထက်ကရွာတဲ့မိုးကအောက်ဖက်ကလူကိုသွားဒုက္ခပေးမှာသေချာနေတာကိုး။
မိုးရွာတာက
အလုပ်ဖွင့်တဲ့ရက် မှာတော့ သိပ်ပြဿနာမရှိ။
အလုပ် လုပ်နေရင်းက အချိန်ကုန်မှန်းမသိကုန်သွားတတ်ပါတယ်။
အလုပ်ပိတ်ရက်မှာတော့ အိမ်ထဲမှာနေရတာပျင်းလာပါလေရော။
ပြီးခဲ့တဲ့ ဥပုဒ်နေ့ ကတော့ မိုးက ဖွဲဖွဲလေးကျလိုက်တိတ်လိုက်နဲ့။
ညနေပိုင်းတော့ မိုးရိပ်ရှိပေမယ့် မိုးကမရွာပါဘူး။
ဒါနဲ့ဘဲအညောင်းပြောဆိုပြီး မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ ကစားကွင်းဘက်ကို လမ်းလျှောက်ဘို့သွားခဲ့ပါတယ်။
ကျနော်နေတဲ့အိမ်နဲ့ဆိုရင်ဆယ်မိနစ်လောက်လောက်ဘဲဆိုင်ကယ်မောင်းရပါတယ်။
အဲဒီနေရာက သစ်တောပင်အစုလေးတွေနဲ့ အုတ်ခင်းလမ်းတဲ့ဆိုတော့ ညနေခင်းမှာလမ်းလျောက်လာသူတွေအများကြီးပါဘဲ။
အဘိုးအဘွားအရွယ်တွေရော
လူလတ်ပိုင်းရော
ကလေးတွေနဲ့မိသားစုတွေရော
လူငယ်လေးတွေရော စည်ကားလှပါတယ်။
အဝင်ဝမှာဆိုင်ကယ် ကားထားခဲ့ရပါတယ်။
ကိုယ်ဘာသာကိုသော့ခတ်။
အစောင့်ရဲတွေရှိပေမယ့် ယာဉ်အပ်ခမပေးရ။
အဲဒီ လမ်းလျောက်စရာနေရာနဲ့ကလေးကစားကွင်းနဲ့တွဲနေပါတယ်။
လာကစားတဲ့ကလေးတွေလဲအများကြီး။
အဲဒိနေ့က လမ်းလျောက်မယ်ရည်ရွယ်တော့ ကင်မရာပါမသွားပါဘူူး။
ကင်မရာမပါ မှ လှလိုက်တဲ့ နေဝင်ဆည်းဆာ။
ကဲ ကြည့်လိုက်စမ်းပါအုံး။
8 comments
အောင် မိုးသူ
August 11, 2015 at 9:54 am
တိမ်တောက်ရင် အရမ်းသဘောကျတာ
ကိုပေါက်(မန္တလေး)
August 12, 2015 at 6:46 pm
တိမ်တောက်ချိန်ကတော့ ကမ္ဘာလောကကြိးရဲ့အလှဆုံးအချိန်လို့ဆိုနို်င်ပါတယ်
Mike
August 12, 2015 at 3:31 pm
.နေညိုချိန်တိမ်တောက်တဲ့အခါ…တရုတ်ကြီးအနားမှာ..စာဥတို့သူငယ်ချင်းမတွေ အလုပ်ဆင်းလို့လာ…
:)) :)) :))
ကိုပေါက်(မန္တလေး)
August 12, 2015 at 6:52 pm
ကိုမိုက်ရေ
ပြီးခဲ့တဲ့ဝါဆိုလပြည့်နေက ရွှေလီတံတားပေါ်မှာ မြန်မာတွေ ရှမ်းတွေ အပြည့်ဘဲ။.
ဘုရားသွားကြတာ။
အဲဒီတော့ မှ ဒီ တရုပ်ပြည်နယ်စပ်မြို့လေးမှာ မြန်မာတွေအလုပ် လာလုပ်တယ် အများကြိးဆိုတာ သိလိုက်တယ်။
ဓါတ်ပုံရိုက်ချင်ပေမယ့် တံတားပေါ်လူရှုပ်တော့ ရပ်မရလို့မှတ်တမ်းမတင်လိုက်ရဘူး။
manawphyulay
August 12, 2015 at 4:39 pm
ညနေခင်း လေပြေထဲမှာ…. မင်း ဆံပင်တွေ ….
အဲ မှားလို့… နေဝင်ချိန် ငှက်ကလေးတွေအိပ်တန်းတက်ချိန်ကို အရမ်းသဘောအကျဆုံးပါပဲ….
ကိုပေါက်(မန္တလေး)
August 12, 2015 at 9:12 pm
နေဝင်ချိန်တွေဆိုကိုယ်လွမ်းမယ်
Alinsett @ Maung Thura
August 13, 2015 at 3:13 pm
သစ်ပင်တွေကို ရိုက်ပြတာ… ပိုစိတ်ဝင်စားမိ…
ကိုပေါက်(မန္တလေး)
August 14, 2015 at 11:34 am
သစ်ပင် တွေက လဲ တမျိုးလှ
လူတွေကလဲ တစ်မျိုးကြွ
တိမ်တွေက ပို လှ တယ်လို့ ထင်မိပါကြောင်း