Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖွတ်ပါတီ ဇွတ်လာပြီ Fut

ဖွတ်ပါတီတွင်း ဖြုတ်ထုတ်သတ်ပွဲမှာ အုတ်ကထ အူးရွှေမန်း ခံလိုက်ရတာ သိဂ ျပီနော ်။ သမဒဘပြောင်ကို တခ ျိန်လုံး နားရွက်တံတွေးဆွတ်နေသူ ဒီတခ ျီ ငြိမ်သွားတာ အကြံကုန် ဂဠု န်ဆားခ ျက်တယ် ထင်သလား။ ဟုတ်ဖူးဗ ျို့ ဘိုသမ်းရွှေဂ ျီး အမိ်န့်နဲ့ စော ်မှန်းသိလို့ ဝပ်သွားတာ။ အခု ပါတီတွင်း အာဏှာသိမ်းပွဲက လာဘ်ရှိ နိုင်ငံရေး၊ အနာကပ် နိုင်ငံရေးမြင်ဂွင်းကို မီးမောင်းထိုးပြတယ်။ ဘပြောင် သူ့အစိုးမရအဖွဲ့တခုထဲ အားကိုးနဲ့ က ျယ်ရဲမလား… ဝေးပါသေး။ ရှင်းပါတယ် ဖက်စစ်တပ် နောက်ခံနဲ့ ဆော ်တာ။ ဒါဆို ကာခ ျုပ် မအလဆိုတဲ့ သပ်တဝှာက ကင်းမိတ်ကာလား.. လဖွတ်.. ဘိုသမ်းရွှေ မပါဘဲ မလှုပ်ရဲဘူးဗ ျို့..။ ဒါဆို အူးရွှေမန်း စွာစွာ စွာစွာ ဘာလို့ လုပ်သလဲ။ ဘိုးသမ်းရွှေ ရူးဂ ျင်ယောင် ဆောင်နေလို့ဖြစ်မဲ။

ပါတီဌာနခ ျုပ်ကို စစ်တပ်၊ ရဲ အင်အား၂၀ဝကေ ျာ်နဲ့ ဝိုင်းပီး အာဏှာသိမ်းတာမို့ အဲဒီတခ ျက်နဲ့ဒင် အုပဒေ ညှိစွန်းပြီ။ နောက်ပီး ညီလာဂံ မခေါ်ပဲ တဖက်သတ် အပြောင်းအလဲလုပ်တာမို့ ဒီအခ ျက်တွေ ရွေးဂေါက်ပွဲကော ်မရှင်ဆီ တင်ပြပီး အရေးယူခိုင်းလို့ရတယ်။ တရားလည်း စွဲလို့ရတယ်။ ဘောင်အတွင်းက သွားမည်၊ ဘပြောင်တို့ကိုလည်း ပြန်ခ ျမည်ဆိုလ ျင် ပြောတာ။ နိုင်ဖို့တော ့မရှိ…။ ကိုယ့်ဖက်က ပြန်ဖွလိုလ ျင် လုပ်နိုင်တဲ့ နည်းလမ်းဖြစ်၏။ ဟိုကလည်း သိလို့ မင်းလှုပ်ရင် မင်းတို့မိသားစု စီးပွားရေး ဖ ျက်ဆီးပစ်မည်၊ ပုဒ်ထီးပုဒ်မ မ ျိုးစုံတပ် ဖမ်းပစ်မည် လေသံပစ်ထားပါသည်။ ဗိုခင်ညွှန့်တုံးက ခံရပြီးပီ။ သူ့မတိုင်ခင်ကလည်း မ ျက်မှန်ကြီးတင်ဦး နာခဲ့ပီးပြီ။ အူးရွှေမန်းလည်း ဒီခွင်ထဲက မလွတ်ဆိုလ ျင်တော့ … ရှင်းပါသည် တပ်တွင်းပုန်ကန်မှု တခုသာ အပြောင်းအလဲ ဖော ်ဆောင်နိုင်မည်။

လွှတ်တော ်တွင်းမှနေ ဒီမိုကရေစီရရေး ဆိတ်ကူးယဉ်ဇာတ်လမ်း ပြည်ဖုံးကား အခ ျခံလိုက်ရတဲ့ သဘောပါပဲ။ ပါတီဒွင်း ဆိုပေမဲ့ ဒီခ ျုပ် အာဏှာရပါပီဒဲ့.. တခ ျိန်မှာ ဒီလိုပဲ လာပါလိပ်မြည်း။ ပါတီပ ျက်ဆီးနေလို့ ငါတို့ အီးစီအသစ်ဖွဲ့ ကယ်ရပါတယ် ဗြောင်လုပ်အုံးမှာ။ ကိုယ့်ဒေသဂ ျီးတွေမှာ အစိုးရဖွဲ့ရေး ကြစည်နေတဲ့ တိုင်းရင်းသားပါတီမ ျားလည်း ငုတ်တုပ်မေ့ကုန်ရောပေါ့။ အာဏှာ သေနတ်ပြောင်းဝမှာ ရှိသည်ဆိုတဲ့ နိုင်ငံမှာ လွှတ်တော ်တွင်း နိုင်ငံရေးဆိုသူမ ျား အမှား ဝန်ခံသင့်ပြီ။ ဒီခ ျုပ်နဲ့ ဒီမိုကရက်များနိုင်လို့ လွှတ်တော ်မှနေ ခြေဥ ပြင်ပါပြီတဲ့..။ လိုအပ်တဲ့မဲ ရဖို့ အခြေအနေကောင်းပါပီတဲ့.. ရှေ့ဆက်ဖို့ ဖြစ်နိုင်မည် ထင်သလား။ ဒါ အကောင်းဆုံး မေ ျှာ်လင့်ပီး ပြောတာနော ်။ ခုပုံနဲ့ဆို ရွေးဂေါက်ပွဲ ဖြစ်ဖို့တောင်မလွယ်၊ ရှေ့နှစ်ထဲ ရွှေ့ပါလိပ်မြည်း။ လှုပ်တော ့ရော တရားနည်းလမ်းကြမည်ထင်သလား။ ဖွတ်၂၅% အနည်းဆုံး နိုင်အောင် နည်းမ ျိုးစုံ ကြံမှာမို့ ဒီမိုခေါင်းဆောင် ဘွားဒေါ်အနေနဲ့ ရသလောက် ဝင်တိုးယူ ဖြစ်လာမှ မီးစင်ကြည့်ကမည်ဆိုတဲ့ ကစားကွက် ပြောင်းသင့်ပီဖြစ်ပါဂေ ျာင်း အီနေရာမှ ဆော ်ဩလိုက်ရပါသီ။ ဒူ ဝေ ဝေ….

ဒီမိုကြောင်ကြီး… ငါကွ

24 comments

  • ဇီဇီခင်ဇော်

    August 14, 2015 at 11:29 am

    ဝေးးးးး
    လက်မည်းကြီး ပြန်လာပြီဟေ။
    ရွှီး ဖြောင်းဖြောင်းဖြောင်းးးး

    အဘ အဟွာမ များ ဝမ်းသာကြစေကုန်.!!

  • ဟေသီ

    August 14, 2015 at 12:24 pm

    သူတို့ ပါတီတွင်း အာဏာသိမ်းတာ ပြည်သူ့ဝန်ထမ်းတွေက ဘာကိစ္စပါသတုန်းးး။ အရှက်မရှိ ခေါ်သုံးတာက မုန်းစရာ။ ဒီအချက်ကို ကြည့်ပြီးတော့ ပြောနိုင်တာက နာတို့ချင်းတောင် ဒီလောက်ဆို နီတို့အလှည့်ဆို သဘောပေါက် ဆိုပြီး ပြောတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်လေ။ ကိုယ့်တွေက ကလေးဆိုတော့ သိပ်လည်း မသိပါဘူး ကွယ်။ လူကြီးတွေ လုပ်ချင်တာလုပ်ပေါ့ သူတို့ချင်း ခုံ အလုလွန်ပြီး ချော်ကျလို့ ခါးကျိုးလည်း ကိုယ်တွေနဲ့ ဆိုင်တာမှ မဟုတ်တာ။

  • Alinsett @ Maung Thura

    August 14, 2015 at 12:50 pm

    .ပြည်သူတွေဆီကနေသာ သွားသင့်တဲ့ အာဏာ
    သူတို့ဘာသာသူတို့ ဇွတ်ယူ ဇွတ်ဖယ် ဇွတ်သိမ်း ဇွတ်လုပ်
    ထူးပါဘူးးးး
    သူတို့ဆီက အာဏာကို ပြည်သူားတွေက ဇွတ် ပြန်သိမ်းဖို့သာ ကြံသင့်တော့ပါကြောင်းးး

  • kai

    August 14, 2015 at 1:07 pm

    သူတို့ပါတီတွင်း.. အာဏာလုကြတာ..လူထုကအနေသာကြီး…
    လက်ခုပ်ထိုင်တီးနေယုံ…
    အဲ…
    အချိန်တန်မဲပေးချိန်ရောက်ရင်တော့… မြို့နေတောနေလူထုက..
    ဒီချုပ်ကိုအကုန်..မဲပုံပေးကြ…။

    တိုင်းရင်းသားများလည်း.. တိုင်းရင်းသားပါတီ… အမျိုးသားရေးပါတီ.. ဘာမှယောင်ဝါးနေစရာမလို..
    တိုင်းရင်းသားပါတီတွေ.. ဆိုင်ရာဒေသတွေမှာ.. ၁၀၀% အနိုင်ရလည်းဘာဘာ.. ဘာမှလုပ်မရ..။
    ဖယ်ဒရယ်လည်းဖြစ်မလာ.. ပြည်နယ်ဒေသကြီးဝန်ကြီးချုပ်လည်း.. သမ္မတတိုက်ရိုက်ရွေးမှာသာဖြစ်..။
    ဒီချုပ်ကိုသာ.. မဲပုံပေးကြ…။

    ပြည်ခိုင်ဖြိုးပါတီဝင်များကလည်း.. ပြည်ခိုင်ဖြိုးအနိုင်ရလျှင်.. ဘာဘာ…ဘာမှလုပ်မရ..
    အကုန် ဘောင်းဘီချွတ်စ.. တပ်ထွက်များက.. ခုံနေရာကောင်းမှန်သမျှသိမ်းလိမ့်မည်..
    ဒီချုပ်ကိုသာ.. မဲပုံပေးကြ…။

    တပ်မတော်သားများကလည်း.. ပြည်ခိုင်ဖြိုးအနိုင်ရလျှင်.. ဘာဘာ…ဘာမှလုပ်မရ..
    သင်တို့ခေါင်းဆောင်.. စစ်သားကြီးများ.. အချိန်တန်.. ဘောင်းဘီကျွတ်..ပုဆိုးဝတ်.. ခုံတွင်ထိုင်.. လက်ညိုးထောင်ခေါင်းညှိတ်ဘဝရောက်လိမ့်မည်…။
    ပြည်တွင်းစစ်ကြီးတချိမ်းချိမ်းတွင်.. စခန်းသွားရင်း.. မိန်းမများမုဆိုးမဖြစ်လိမ့်မည်..။
    ဒီချုပ်ကိုသာ.. မဲပုံပေးကြ…။

  • Wow

    August 14, 2015 at 1:34 pm

    စားခွက်လု ခွက်စောင်းခုတ်တဲ့ထဲ အောင်တောင်းကြီးတော့ မပါနိုင်တော့ဝူး

    • kai

      August 14, 2015 at 1:44 pm

      အဲဒီအောင်တောင်းကြီးကို.. လူ့ဘဝက.. တစုတဖွဲ့ကအပြီးဖယ်ပစ်လိုက်တာလို့.. ဆိုရင်ကော… :k:
      တွေးဖို့ပါ…။
      အတွေးတွေထဲ.. S2 ကြီးကိုပြေးပြေးမြင်နေ..။

      • Wow

        August 14, 2015 at 2:12 pm

        အချင်းချင်း အကုန်သေအောင် ချလဲ အေးရော… စေတနာပါ.. အေးချေးနေစေချင်ရို့ :mrgreen:

  • အောင် မိုးသူ

    August 14, 2015 at 1:49 pm

    ပြည်သူတွေအုပ်လိုက် တက်ပြီး သူတို့ကိုသတ်……… ပြည်သူတွေဖြစ်စေချင်တဲ့ သမ္မတကို တင်မြောက်လိုက်ရင် ကောင်းမလား။ ငိငိ။

  • မင်း ခန့် ကျော်

    August 14, 2015 at 3:02 pm

    ဒါတတိုင်းပြည်လုံးကို
    ခြိမ်းခြောက်တာပါ။

    • kai

      August 15, 2015 at 8:49 am

      အာဏာကို အချိန်မရွေးသိမ်းနိုင်ကြောင်းပေါ့…။
      မထူးပါဘူး..
      အရင်ကတည်းက.. သူတို့ပေးလို့.. ပေးသလောက်… ရထားတဲ့ဟာကိုး… နော… ။ :k:

      • မင်း ခန့် ကျော်

        August 15, 2015 at 9:17 am

        ဦးကြောင် ရဲ့ တပ်တွင်းပုန်ကန်ရေး မပေါ်ပေါက်သရွေ့ တိုင်းပြည်
        ဘယ်မျှရွေ့မည်မထင်။
        အလိုက်သင့်မျောပေါင်း ရသလောက်နဲ့ကျေနပ်။
        လူသေမှ အမွေရမဲ့တိုင်းပြည်မျိုး။
        ဒါတောင်သူ့ခလေးတွေ အမွေလုတိုက်ပွဲပြီးမှ :mrgreen:

        • kai

          August 15, 2015 at 9:32 am

          တပ်တွင်းပုန်ကန်မှုဖြစ်ရင်.. ဒီလိုခေတ်မှာဆို.. တိုင်းပြည်ပျက်မယ်…။
          ပြည်ထောင်စုပြိုကွဲမယ်..။

          တပ်က.. လက်ရှိဘိုချုပ်ကြီးတွေကို.. ဘောင်းဘီချွတ်ပြီးတာနဲ့.. ပြည်ခိုင်ဖြိုးသွား..
          နိုင်ငံရေးလုပ်စေဆိုပြီး.. ပြည်ခိုင်ဖြိုးကို.. တပ်ပါတီလိုလို.. ပုံစံဖမ်းတာတာ… သိပ်တော့မဟုတ်..။
          . တပ်ထွက်တွေအတွက်..ဒီချုပ်က. လမ်းကြောင်းဖွင့်ထားသင့်တာပေါ့…။

          ဆိုတော့…
          တပ်ကို အင်စတီကျုးရှင်းတခုအဖြစ် အသိအမှတ်ပြု.. ဒီချုပ်တွင် နေရာပေးသင့်..။
          Win-Win…

          တပြိုင်ထဲပဲ… ဘာသာရေးခေါင်းဆောင်တွေကို.. နိုင်ငံရေးကနေစည်းခြားသင့်..
          ဘာသာရေးကို.. တိုင်းပြည်အင်စတီကျုးရှင်းအဖြစ်က.. ဆွဲချသင့်…။
          =================
          အောက်မှာ.. ဘာသာရေးရဲ့.. နိုင်ငံရေးအပေါ်လွှမ်းမိုးဝင်ရှုပ်နေတဲ့.. အလယ်ခတ်ဥရောပစတိုင်.. နိုင်ငံရေး..။

          Hla Swe added 8 new photos.
          3 hrs ·

          ထီးလင်းနယ် ကံသာ ကျောက်စာရေး ငှက်ပြင်း ကျူ သာ ဆင်စွယ် အကုန်ရောက်တယ် ဒရက်ဂွန်ပါဝါက လမ်းလုပ်တာ တဖက် ၃ ပေစီလမ်းပခုံးကိုလုပ်မသွားဘူး စက်တွေချန်ခဲ့တော့ ပြန်လာလုပ်မယ်လို့ထင်ရတယ် လာမလုပ်လို့တော့ဘယ်ရလိမ့်မလဲ ရွာဆရာတော်များကို တတ်နိုင်တာလေးကပ်လှူ သူတို့မိန့်တာ အရေးတယူဆောင်ရွက်ပေးရမယ်လေ ဆရာတော်တွေက ဩဇာညောင်းတယ် ကျျနာ်က မဲ ကိစ္စဘာမှမပြောဘူး စန်းမြို့ ရွာဆရာတော်ကမိန့်တယ် သူ့ရွာမှာ ဒကာကြီးမနိုင်ရင် လည်ဖြတ် တဲ့ ရက်စက်တယ် ။

  • မြစပဲရိုး

    August 14, 2015 at 9:31 pm

    ဒီအချိန်မှာ ဘာကို မှ မယုံတော့ပါ။
    ဝှက်ဖဲ တွေ မျိုးစုံ သွေးရူးသွေးတန်း နဲ့ ထုတ်နေတာ တော့ ကြောက်စရာဘဲ။
    သူတို့ကို သနားဖို့ တော့ အကောင်းသား။

    .မြောက်ကိုရီးယား ဆို တိုင်းပြည်ကို နဂိုထဲ က တံခါး ဖွင့် ထားမပေးတော့ အထဲ မှာ ထင်တိုင်း လိမ် နေလို့ တယ်။
    လူနဲစုလောက် အစိုးရ ပြောတာ မဟုတ်တာတွေမှန်း သိလို့ ဘဲ ကြွ ဖို့ သိတာ။
    ကျန်တဲ့ ပြည်သူလူထု က ကမ္ဘာမှာ သူတို့ နိုင်ငံ ကအချမ်းသာဆုံး ဆိုတာကို ယုံ။
    အိမ်တိုင်း မှာ တီဗီ၊ ရေဒီယို မရှိ။ အင်တာနက်မရှိ။ နိုင်ငံတော် သတင်းဘဲ နားထောင်။
    လူတစ်ယောက် ကို တစ်ယောက်(လင်မယားချင်းတောင်) က နိုင်ငံတော် အကြီးအကဲ တွေ ကို သစ္စာမဖောက်အောင်စောင့်ကြည့်။
    အစိုးရကောင်းကြောင်း လော်ဘီတရား တွေ ကို လှည့်ဟောတာ နားထောင်။ ပေး တဲ့ ရာရှင် ကိုသာစား။
    လူတန်းစားကလဲ အားလုံးနီးပါး တူနေရော။ ခေါင်းဆောင်ဘုတ်အုပ် လေး တို့ လူနည်းနည်းလေးဘဲ သာမာန်ထက်ပိုမယ်။ ဒီတော့ ဘယ်သူ့ ဘယ်သူ မှ မနာလိုစရာ၊ ပြိုင်စရာလဲ မလိုတော့။
    ဘယ်လောက် ဟန်ကျ လိုက်သလဲ။

    .ရွှေပြည်မှာတော့ တံခါး ကလဲ ပြန်ပိတ်လို့ မရတော့။
    ချမ်းသာသူ၊ သုံးနိုင်သူ တွေ ကလဲ ဟိုဟိုဒီဒီ သူ့ဂွင် နဲ့ သူ မှို လိုပေါက်ပြီး လူတန်းစား အလွှာ မျိုးစုံ ဖြစ်နေပြီ။
    ဒီအချိန် အာဏာသိမ်းလိုက်ပြန်လဲ အပြင်နဲ့ ချိတ်ထားတဲ့ စီးပွါးရေးဂွင် တွေ အားလုံး ပျက်ချိန် လူထုဒုက္ခ ရောက်မှာ နဲနဲ (နဂိုထဲ က မွဲပြီးသားကိုး) သူတို့ အခြေပျက်မှာ များများ ဖြစ်မှာ။
    ဒီအတိုင်း လွှတ် လိုက်ပြန်လဲ လူတော်တော်များများ က မျက်စိပွင့် နေတော့ သူတို့ ရဲ့ ချီးဘရိန်းအကြံ တွေ မဖြစ်။
    ခက်တော့ခက်နေရှာပြီ။
    အခုလဲ ကိုရွှေမန်း ပြသနာ က လုပ်ဇာတ်တောင် ဖြစ်နေမလားဘဲ။
    မသိတော့ပြီ။ 🙄

    ဒါကို အပြင်က နေသော ဆရာကြီးများ ရဲ့ ဟိုလိုလုပ်ပါလား၊ ဒီလို လုပ်ပါလား တွေက လဲ ဟာသ တစ်ပုဒ်။
    အတိုက်အခံ လိုက်လို့ဖို့ က လွယ်ပါတယ်။ တကယ် အကောင်အထည်ဖော် တဲ့ သူ ကသာ ခက်တာ။
    ကိုယ့်ဟာကို တောင် ရောက်တဲ့နေရာမှာ နေရာလေးတစ်ခု ကို အထက်တန်းကျကျ အဆင့်မြင့်မြင့် ယူမပြ နိုင်ဘဲ အထဲ က လုပ်နေသူ တစ်ယောက် ကို ဝင်ဝင်ပြီး ထောက်ပြ မနေချင်ပါနဲ့။
    . ဒေါ်အောင်ဆန်းစုကြည် နေရာမှာ ဆို သူလောက် ဘယ်သူမှ ခံနိုင် မှာမဟုတ်ဘူး။
    ဒီလောက် စဉ်းစားဆင်ခြင်ဉာဏ် ရှိသူမို့ သာ ဒီလို ခံနိုင်ရည် ရှိနေတာပါ။

    ဘာဘဲဖြစ်ဖြစ် အခုချိန်မှာ “မှတပါးအခြား မရှိပြီ”..
    . ဒေါ်အောင်ဆန်းစုကြည် စကား ကို သာ နားထောင်ပြီး သူ့နောက် လိုက်ဖို့ဘဲ ရှိတယ်။
    သူဘာလုပ်သင့်တယ် ဆိုတာ သူ့ဟာသူ သိမှာပါ။
    သူ့ကိုတော့ အကြွင်းမဲ့ ယုံကြည်ပါတယ်။
    ဒီတစ်ခါမှာလွဲ ရင် တစ်သက်စာ လို့ သာ မှတ်ကြပေတော့။

  • kai

    August 15, 2015 at 2:09 pm

    The Voice Weekly
    August 12 at 9:52pm ·

    ရွေးကောက်ပွဲဝင်ရန် တပ်မတော်က အမည်စာရင်း တင်သွင်းသူ ၁၄၃ ဦးတွင် ၅၉ ဦးသာ ကြံ့ခိုင်ရေးပါတီ လက်ခံ
    ——————————-

    နေပြည်တော်၊ ဩဂုတ် ၁၂

    ၂၀၁၅ ရွေးကောက်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် တပ်မတော်က ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၁၄၃ ဦးတွင် ၅၉ ဦးကိုသာ လက်ခံရွေးချယ်ထားကြောင်း ကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူများက ပြောကြားသည်။

    နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဗဟိုဌာနချုပ်တွင် ဩဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်သည့် ကြံ့ခိုင်ရေးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    တပ်မတော်သားမှ အငြိမ်းစားယူလာသည့် ကိုယ်စားလှယ်လောင်းများကို ၎င်းတို့၏ ဇာတိမြေ သို့မဟုတ် တာဝန်ထမ်းဆောင်ဖူးသည့် နယ်မြေများတွင် ရွေးကောက်ခံအဖြစ် ယှဉ်ပြိုင်ရန် နေရာချထားကြောင်း ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။

    ယင်းရွေးချယ်လိုက်သော ကိုယ်စားလှယ်လောင်း ၅၉ ဦးကို အမျိုးသားလွှတ်တော် ရ ဦး၊ ပြည်သူ့လွှတ်တော် ၁၉ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ၃၃ ဦး သတ်မှတ်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဆိုသည်။

    ကြံ့ခိုင်ရေးပါတီသည် မဲဆန္ဒနယ် ၁၁၇၉ နယ်မှ ၁၁၄ရ နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး လက်ရှိအစိုးရအဖွဲ့မှလည်း ဝန်ကြီး၊ ဒုဝန်ကြီးဟောင်းများ အပါအဝင် ကိုယ်စားလှယ်လောင်း ၅ဝ ဦးကို ရွေးချယ်ထားကြောင်း ၎င်းက ရှင်းပြသည်။

    ကြံ့ခိုင်ရေးပါတီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၇၂ ဦး ပါဝင်မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည့် အရေအတွက် အနိုင်ရရှိမည်ဟု မျှော်မှန်းထားကြောင်း ယင်းပါတီ အတွင်းရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။

    အဆိုပါ ပါတီက ကိုယ်စားလှယ်လောင်းများအတွက် ပါတီရန်ပုံငွေနှင့် ၎င်းတို့၏ ကိုယ်ပိုင်ငွေကို မျှသုံးရန် ညွန်ကြားထားပြီး တစ်ဦးချင်းစီအတွက် ကျပ်သိန်း ၁၀ဝ ပြည့်မီအောင် သုံးစွဲနိုင်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

    လက်ရှိတွင် ကြံ့ခိုင်ရေးပါတီဝင် ဖြစ်သော သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းသည် တစ်သီးပုဂ္ဂလ ဝင်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်း တင်သွင်းထားသော်လည်း ပါတီသို့ နုတ်ထွက်စာ မတင်သေးကြောင်း ၎င်းက ဆိုသည်။

    ကြံ့ခိုင်ရေးပါတီမှာ မဲဆန္ဒနယ်အပြည့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခြင်းမှာ တိုင်းရင်းသားပါတီ အချို့နှင့် မိတ်ဖက်တိုင်းရင်းသားပါတီဝင်များ ပြိုင်မည့်နေရာများကို ချန်လှပ်ထားခဲ့၍ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

    • kai

      August 15, 2015 at 2:14 pm

      အဲဒီအပေါ်ကသတင်းက.. အခု.. ပါတီတွင်းအာဏာသိမ်းမှုဖြစ်စဉ်ရဲ့အရေးကြီးတဲ့ Key တခုလို့ထင်တယ်..။
      တပ်က.. ၁၄၃ဦးထွက်လာပြီး.. ပါတီထဲဝင်တာမှာ.. ၅၉ဦးပဲလက်ခံတယ်ဆိုတာက.. စစ်သားတွေကို.. မြောက်သစ်ကိုင်းလွတ်ဖြစ်အောင်လုပ်လိုက်သလိုမို့.. .. ယူဆရမယ်။
      ကြားထဲ.. ဖဲကြိုးနက် ကန်င်ပိန်းကြောင့်.. အစိုးရဝန်ထမ်းယန္တယားထဲလည်း တပ်ထွက်တွေ.. မိုကျရွှေကိုလုပ်.. နေရာဝင်ယူလို့မရဆိုတဲ့ သဘောတွေမြင်နေရတော့ကာ.. တပ်က.. ဝင်ကြမ်းတော့တာပဲလို့….။

      • မင်း ခန့် ကျော်

        August 15, 2015 at 2:41 pm

        အတပ်တော့မပြောရဲဘူးသူဂျီးရေ။
        ခုထိ ကျတော်မြင်နေတာက
        မျဉ်းသုံးကြောင်း။
        အလယ်ကအစိမ်း ဘေးနှစ်ဘက်ကအနီ။
        အနီမျဉ်းတွေကိုမကျော်သရွေ့ ok.
        ဒီလမ်းကြောင်းက ခုထိ သွားနေတုံး / စဲ
        အစိမ်းဝတ်ဒီမိုစနစ် လို့။
        nld မှာ ဘာလမ်းကြောင်းပဲဖွင့်ဖွင့်
        ဘာမူပဲသုံးသုံး အနီရောင်မျဉ်းကိုမကျော်ဖို့ပဲ။
        မြန်မာပြည်လမ်းကြောင်းမှန်ဖို့တနည်းက
        တရုပ်ကို ခွါထုတ်နိုင်မဲ့ နည်းလမ်းတခု။
        တရုပ်သာအနားမှာ မရှိရင် ———-
        မြန်မာပြည်ထူးခြားလိမ့်မယ်လို့လဲ
        မျော်လင့်ပါတယ်။

        • kai

          August 15, 2015 at 4:33 pm

          အိမ်နီးချင်းကို ရွေးချယ်လို့မရဘူးဗျ..။
          ကမ္ဘာဒုတိယ စီးပွားအင်အားကြီးဖြစ်လာတဲ့.. စိန့်ပြည်ကို.. ကန်ထုတ်ဖို့ထက်.. ဆွဲစေ့ယူသုံးတာကသာ မဟာဗျူဟာအမှန်လို့ထင်မိတယ်..။

          ခွာထုတ်နိုင်တဲ့တနည်းပဲရှိတယ်..
          မြန်မာပြည်ကို ၂ပိုင်းဖြတ်ပြီး.. (ကိုရီးယားလို။ ဗီယက်နမ်လို) တောင်မြန်မာ။ မြောက်မြန်မာလုပ်ဖို့ပါပဲ..။

          တကယ်တော့..
          မြန်မာ့အခြေအနေမျိုးက.. နူုကလီးယားလိုလက်နက်ကိုင်ထားနိုင်မှ… ကျယ်လို့ရမယ်ဖြစ်ကြောင်း…။ :k:

  • ခင်ခ

    August 16, 2015 at 9:45 am

    ငါးနှစ်တစ်ခါ ပေါ်ပေါက်မှာ
    မင်းလည်း မင်းလောင်း ဂျေးထဲအောင်း
    စားကျက်လုပွဲ အကွဲအပြဲ
    အာဏာရှင်ရဲ့ လုပ်နည်းအမြဲ။

  • စိတ်ကူးမယဉ်ဘဲ ပြောရရင်

    မြန်မာပြည်အနေအထားက တရုပ်နဲ့ ဆန့်ကျင့်ဘက်လုပ်လို့မရသေပါ
    အဝတ်အထည်
    ယာဉ်ကား
    စက်ကိရိယာ
    လျှပ်စစ် လူသုံးကုန်ပစ္စည်း
    ဖုန်းဟန်းဆက်
    ယုတ်စွအဆုံး ကလေး ကစား စရာ အထိ
    တရုပ်က ဝင်လာတာကိုဘဲ သုံးနေကြရတာပါ။
    ပစ္စည်းကွာလတီ အရည်အသွေး အကောင်းကြိးမဟုတ်ပေမယ်လည်း
    သင့်တင့်တဲ့ဈေးနဲ့ဆိုတော့ လူတိုင်းသုံးနိုင်ပါတယ်

    ဒီဘက်က ထွက်တဲ့ ပဲ နှမ်း ဆန်စပါး လဲ သူတို့ ဘက် က ပြန်ဝယ်တာကို ဘဲ ရောင်းနေရာတာပါ
    အထူသဖြင့် နိုင်ငံတကာဝိုင်းဝန်းပြီး ပိတ်ဆိုု့တာ ခံ ရ ချိန် မှာ နှမ်း ထွက်လက် က တရုတ် ဘဲ ရှိလို့
    အသက်ရျုချောင်ခဲ့ရ ပါတယ်။
    သစ်ခိုး ခုတ်တဲ့ ကိစ္စကေ တာ့ ကိုယ့် ရဲ့ အတွင်းလူမ ပါ ဘဲ ဖြစ်မလာပါဘူး။.
    အိမ်ရှင်တံခါး ဖွင့် ပေးလို့ အိမ်ထဲ ဝင်ပြီး ရိုက်သွားတာကတော့ ရိုက်တဲ့သူအပြစ်မဟုတ်။
    အားလုံးက စီးပွားရေးအရ ဖြစ်စေ ကိုယ့် အကျိုးအတွက် ဖြစ်စေ အသာစီးရအောင် လုပ်မှာကတော့ ထုံးစံပါဘဲ.။

    မြန်မာပြည် အုပ်ချုပ်သူအကြီးပိုင်း မသင့် တင့်ရင် ပြည်သူဘဲ နာအုံးမှာပါဘဲ။
    မြန်မာပြည်ရဲ့ လုပ်ငန်းကြိးမှန်သမျှ သူတို့ ထူထောင်ထားတာတွေပါဘဲ။
    မတည့် တဲ့ သူရဲ့လုပ်ငန်း ရပ်စဲခံရရင် အလုပ်လက်မဲ့ ဖြစ်သွားမယ့် လူကြီးလူငယ် အများကြီး ဖြစ်သွားပါမယ်။

    မြန်မာပြည်က ပြည်သူ အနေအထားက သူတို့ ကို မလှန်နိုင်သေးပါဘူး။
    ဖေစ်ုဘုတ်တွေ ဝီချက်တွေ ဝက်ဆိုဒ်တွေမှာသာ ကော်ဆဲ နိုင်တဲ့ အဆင့် ဘဲ ရှိပါသေးတယ်။
    သူတို့ ကို စနစ်တကျ အာခံ နိုင်သူက ဒေါ် အောင်ဆန်း စုကြည် တစ်ယောက်ဘဲ ရှိပါသေးတယ်။
    ဒါပေမယ့် ကျနော်တို့ သတိမပြတ်ရမှာက သူတို့ မှာ လုပ်ချင်သလို လုပ်လို့ ရတဲ့ အခွင့် အရေး ရှိနေသလို
    လုပ် လဲ လုပ်ရက်တဲ့ သူတွေဆို တာ ပါဘဲ။။
    ဆရာဝန်တွေ အထက် က ဝင်လာမယ်ဆို တဲ့ ကိစ္စ သွေးတိုးစမ်းကြည့် တာပါ။
    တကယ်လို့ သူတို့ ဇွတ်ဝင်လာရင်ကော ကျနော်တို့ ဘာလုပ် နိုင်မှာလည်း။
    ကျနော်ဖြစ်စေချင်တာက သူတို့ လုံးဝ မပါဘဲ ကတော့ ကစားခွင့် ပြုမှ မဟုတ် တာ အသေအချာပါဘဲ။
    ဒီတော့ သူကစားချင်တာနဲ့ ကိုယ်ကစားချင်တာ ညှိုနိုင်းပြီး ကစားဘို့ လိုအပ်တယ်လို့ ထင်မိပါတယ်။။

    သေချာတာ တစ်ခုကတော့ သူတို့ လည်း သူတို့ စည်းစိမ်ဥစ္စာအသက်ကို စိုးရိမ်တာအမှန်ပါဘဲ။
    ကျနော်တို့ ဘက်ကလဲ ၈၈၈၈ ကလို အားလုံး ထွက်လာဘို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
    လူစူတွေ ကွဲနေတာ အမှန်ပါဘဲ။
    ပေါ်တင်ဖြစ်စေ
    နောက်ကွယ်ကဖြစ်စေ
    သူတို့ ကို ကြည်ညိုကိုးကွယ်နေသူ ရှိနေသေးတယ်ဆိုတာက လဲ ငြင်းမရတဲ့ အမှန်တရားပါဘဲ
    အခုချိန်မှာ ကျနော်တို့ အနေအထားက ခါချဉ်ကောင်မာန်ကြီးလို့ မရသေးဘူးဆိုတာပါဘဲ

    • မင်း ခန့် ကျော်

      August 17, 2015 at 11:10 am

      ဒီလမ်းကြောင်းကို တွန်းပို့ခဲ့လို့ဒီအခြေဆိုက်သွား
      ရတယ်လို့မြင်တာကတကြောင်းးး
      ဒီဆေးကိုဖော်တဲ့ အနောက်ကဆရာကြီးတွေ
      ကိုယ့်ဆေးကိုယ်ပြန်မြိုမိနေတာကတကြောင်းးးးး
      ဒီနှစ်ကြောင်းနဲ့တင် မြန်မာပြည်အတွက်
      လွတ်မြောက်ရာလမ်းမရှိတာလုံလောက်ပါတယ်
      လို့မြင်ပါတယ် လေးပေါက်ရေ။

  • kai

    August 18, 2015 at 6:24 am


    အခြေပြပုံ-၁ လွှတ်တော်အသီးသီးတွင် ဒုတိယသမ္မတ အဆိုပြုနိုင်ရန်လိုအပ်သည့် မဲအရေအတွက်
    ========

    အခြေပြပုံ-၂ လွှတ်တော်အသီးသီးတွင် လွှမ်းမိုးနိုင်ရန် လိုအပ်သည့်မဲအရေအတွက်
    ===
    Have A Say – ဆိုရေးဆိုရာ added 2 new photos.

    ပြောင်းလဲဖို့အချိန်တန်ပြီ – Vote NLD !!!
    ###################################################

    အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ဒုတိယသမ္မတလောင်း တစ်ယောက်စီ တင်ခွင့်ရှိတယ်။ လွှတ်တော်အသီးသီးနဲ့ တပ်မတော်ကိုယ်စားလှယ်တွေ တင်မြှောက်လိုက်တဲ့ဒုတိယသမ္မတလောင်းတွေထဲကမှ ပြည်ထောင်စုလွှတ်တော်မှာမဲခွဲပြီး မဲအများဆုံးရသူကသမ္မတဖြစ်မယ်။ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်း ၄၄ဝယောက် (တပ်ကိုယ်စားလှယ် ၁၁ဝ အပါ)နှင့် အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်း ၂၂၄ယောက် (တပ်ကိုယ်စားလှယ်၅၆ယောက်အပါ)အသီးသီးရှိတယ်။

    ၁။ ပြည်သူ့လွှတ်တော် ၃၃ဝ ဦးဟာ မြို့နယ်ကိုု အခြေခံပြီး ရွေးချယ်တင်မြှောက်ထားတာမို့၁၆၆ မြို့နယ် နိုင်မှသာ ပြည်သူ့လွှတ်တော်ရဲ့ ဒုတိယသမ္မတလောင်းကို အဆိုပြုနိုင်မှာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ မဖြစ်နိုင်ပါ။ ဒါကြောင့် ပြည်သူ့လွှတ်တော်က တင်သွင်းမယ့် ဒုတိယသမ္မတလောင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ဖို့များပါတယ်။

    ၂။ အမျိုးသားလွှတ်တော် ၁၆၈ ဦးဟာ တိုင်းနဲ့ပြည်နယ် ၁ခုကို ၁၂ဦးကျ မဲဆန္ဒနယ်တွေခွဲပြီး ရွေးကောက်တင်မြှောက်ထားတာမို့ ၈၅ ဦးနိုင်ရင် ဒုတိယသမ္မတလောင်းကို တင်လို့ရပါတယ်။ ကြံ့ခိုင်ရေးနဲ့မိတ်ဖက်ပါတီများအနေနှင့် ဖြစ်နိုင်ချေရှိပါတယ်။ အကြောင်းကမဲဆန္ဒနယ်ကျယ်ပြန့်တဲ့အတွက်မဲဆွယ်ဖို့ငွေပိုကုန်ပြီး တိုင်းရင်းသားတွေအလားအလာပိုကောင်းတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ ကြံ့ခိုင်ရေးနဲ့မိတ်ဖက်တိုင်းရင်းသားပါတီငယ်အများအပြားရှိတယ်။ ဒါကြောင့် ဒုတိယသမ္မတလောင်းဟာ ကြံ့ခိုင်ရေးက လိုလားသူဖြစ်နိုင်ပါတယ်။

    ၃။ တပ်မတော်သားကိုယ်စားလှယ်တွေကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထောက်ခံလိုသူကို ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုမှာပါ။ အရင်က ကြံ့ခိုင်ရေးနဲ့ တပ်မတော်ကွဲနေရာက တမြန်နေ့ညက ပါတီကို သမ္မတက အာဏာသိမ်းလိုက်နိုင်ပြီမို့ သမ္မတကို ထောက်ခံတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတကလိုလားသူ တစ်နည်းအားဖြင့် ကြံ့ခိုင်ရေးပါတီက လိုလားသူကို ဒုတိယသမ္မတလောင်းအဖြစ် အဆိုတင်တော့မှာဖြစ်ပါတယ်။

    ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတင်သွင်းတဲ့ ဒုတိယသမ္မတလောင်းတစ်ဦးနဲ့ ကြံ့ခိုင်ရေး + တပ်ကတင်သွင်းတဲ့ ဒုတိယသမ္မတလောင်း နှစ်ဦးတို့ကို ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဖြစ်ဖို့ မဲခွဲကြရမှာဖြစ်ပါတယ်။ ဒုသမ္မတရွေးချယ်ဖို့ လွှတ်တော်အသီးသီးမှာ အနည်းဆုံးလိုအပ်တဲ့ကိန်းဂဏန်းတွေအပေါ်မူတည်တွက်ချက်ရလျှင် – ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အဖွဲ့ချုပ်လိုလားသူမဟာမိတ်များရဲ့ကိုယ်စားလှယ် ၁၆၆ဦးမဲဖြင့် ဒုသမ္မတတစ်ဦး၊ အမျိုးသားလွှတ်တော်မှာ ကြံ့ခိုင်ရေး + ကြံ့ခိုင်ရေးလိုလားသူ မဟာမိတ်များရဲ့ ကိုယ်စားလှယ်အနည်းဆုံး ၈၅ယောက်ရဲ့မဲနှင့် ဒုသမ္မတ တစ်ဦးတင်နိုင်ပါမယ်။ ဒီလိုဖြစ်လာလျှင် အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ်များဟာ ကိုယ်စားလှယ် ၈၃ယောက်ပဲရှိမယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်အနေနဲ့ကြည့်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေဟာ ပြည်သူ့လွှတ်တော်မှာ ၁၆၆ဦး၊ အမျိုးသားလွှတ်တော်မှာ ၈၃ ဦး စုစုပေါင်း ၂၄၉ ဦးရှိပါမယ်။ တစ်ဖက်မှာ ကြံ့ခိုင်ရေး+ကြံ့ခိုင်ရေးလိုလာသူများနှင့် မဟာမိတ်တိုင်းရင်းသားပါတီငယ်များ ၈၅ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ရှိတာမို့ စုစုပေါင်း ၂၅၁ ဦး ရှိပါမယ်။ ဒါကြောင့် ကြံ့ခိုင်ရေးက ထောက်ခံတဲ့လူ သမ္မတဖြစ်လာမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲပေးမယ့်သူက ဒုတိယသမ္မတ(၁) ဖြစ်လာပါမယ်။ ကြံ့ခိုင်ရေးက ထောက်ခံတဲ့ နောက်တစ်ယောက်က ဒုတိယသမ္မတ(၂) ဖြစ်လာပါမယ်။ အခြေပြပုံ၁ မှာဒုသမ္မတတင်သွင်းနိုင်ဖို့ (မှတ်ချက်။ သမ္မတရွေးချယ်နိင်ရန်မဲမဟုတ်သေး) လိုအပ်တဲ့မဲအရေအတွက်ကိုပြထားပါတယ်။

    အဲဒီလိုမဖြစ်စေချင်ဘူးဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဖွဲ့ချုပ်လိုလားသူတွေဟာ ပြည်သူ့လွှတ်တော်မှာတင်မကဘဲ အမျိုးသားလွှတ်တော်မှာပါ ပြတ်ပြတ်သားသားအနိုင်ရဖို့ လိုပါတယ်။ ဒါကိုပဲ အနည်းဆုံးဂဏန်းနဲ့ ထပ်စဉ်းစားကြည့်ရင် ပြည်ထောင်စုလွှတ်တော်မှာ စုစုပေါင်းကိုယ်စားလှယ် ၆၆၄ဦးရှိတဲ့အတွက် အနည်းဆုံး၃၃၃ဦး ရမှသမ္မတကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်များက ရွေးချယ်တင်မြှောက်နိုင်မှာဖြစ်ပါတယ်။ စစ်မှန်တဲ့ပြောင်းလဲမှုကိုပြုလုပ်နိုင်ဖို့ရာ အုပ်ချုပ်ရေးကဏ္ဍမှာသမ္မတတင်မြှောက်နိုင်ရုံသာမက ဥပဒေပြုရေးကဏ္ဍမှာပါအားကောင်းဖို့လိုပါတယ်။ ဥပဒေပြုရေး အခြေံဥပဒေပြင်ဆင်ရေးစတဲ့ကိစ္စများအတွက် ပြည်ထောင်စုလွှတ်တော်မှာမဲခွဲလျှင် တပ်ကိုယ်စားလှယ်များရဲ့မဲများကိုပါ တပေါင်းတည်းတွက်ရမှာဖြစ်တဲ့အတွက် ဥပဒေပြုရေးမှာလွတ်လွတ်ကျွတ်ကျွတ်ဖြစ်ချင်လျှင် လွှတ်တော်အသီးသီးမှာလွှမ်းမိုးနိုင်ဖို့ လိုအပ်တဲ့အမတ်အရေအတွက်ဟာ အခြေပြပုံ ၂မှာပြထားတဲ့အတိုင်း ပြည်သူ့လွှတ်တော်မှာ၂၂၁ဦး၊ အမျိုးသားလွှတ်တော်မှာ၁၁၃ဦးဖြစ်ပါတယ်။

    ဒီလိုမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်များက တင်မြှောက်တဲ့ ပြည်သူလူထုကို တကယ်အကျိုးပြုမယ့် ပြည်သူ့သမ္မတကို လိုလားတယ်၊ ဥပဒေပြုရေးမှာလည်း အားကောင်းလိုတယ်ဆိုရင် NLD ကို မဲထည့်ကြပါ။ မကြိုက်လည်းထည့်ပါ။ မကျေနပ်လည်းထည့်ပါ။ အမြင်ကတ်လည်းထည့်ပါ။

    အစိုးရအသစ်ဖွဲ့ပြီး ပြည်သူ့ဘဝတွေ ပြောင်းလဲနိုင်ဖို့ NLD ကို မဲထည့်ကြပါစို့။

    • kai

      August 18, 2015 at 6:56 am

      မြန်မာမဲပေးလူထုဟာ… ကျောင်းသားအုပ်စုအပါအဝင်.. ဗကပနွယ်တွေ.. ကွန်ဆာဗေးတစ်နိုင်ငံရေးသတ္တဝါတချို့တွေ.. အငြိုးအတေးကြီးလွန်းသူတွေကြောင့်.. မဲပေးတွေဝေမယ့်သဘော.. မဲတွေပြန့်မယ့်သဘောကိုမြင်ရတယ်..။
      ဒီအတိုင်း.. ၂၀၀၈ ခြေဥကိုမဲပေးတုံးကဖြစ်ခဲ့ဖူးပြီ..။
      ၂၀၁၀.. ရွေးကောက်ပွဲကာလကဖြစ်ခဲ့ဖူးပြီ..။
      Vote No, No Vote ရွေးကောက်ပွဲမဝင်.. နဲ့ဖြစ်ခဲ့ကြတာပဲ..။

      ဒီတော့.. ဒီချုပ်အနေနဲ့.. Plan B တပ်တော်သားတွေကို.. တားဂက်ထားစည်းရုံးသင့်လှတယ်…။
      ဝန်ကြီးနေရာတချို့အတွက်..အာမခံနေရာဖယ်ပေးသင့်တယ်..။
      ဒါမှ.. သမ္မတနေရာကို ကိုင်နိုင်လိမ့်မယ်..။

      ဘယ်လိုလုပ်လုပ်.. ကာလုံ ၁၁ဦးမှာ.. ၆ဦးက ကာချုပ်ဖက်ကလာတာလို့… သိထားသင့်..
      အတူတူလုပ်ကိုလုပ်ကြရမယ့်.. အချိန်ဖြစ်တာ.. သတိထားသင့်…။

      “နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ၊ ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွါးသာ ရှိသည်”

    • kai

      August 22, 2015 at 7:09 am

      ရွေးကောက်ပွဲတွင် ၂၆ ရာခိုင်နှုန်းအနိုင်ရရုံနှင့် တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြင့်ပေါင်းပြီး အစိုးရဖွဲ့နိုင်ပြီဟုပြောခြင်းသည် တပ်မတော်ကိုစော်ကားရာရောက်သည်ဟု ဩဂုတ် ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ ဆံတော်ရှင်ကျိုက်ဒေးယျုံစေတီတော်အနီးကွင်းပြင်တွင်ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ ပညာပေးရေးဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Leave a Reply