တစ်နေ့ပြီးတစ်နေ့ (၁၈) Day by Day (18)
မူလတန်းဖတ်စာမှာပါတဲ့ မပုကြွယ်နဲ့ ခရုငယ်မှာ….
ခရုငယ်လေးကို အတုယူပြီး ကြိုးစားအားထုတ်ခဲ့တဲ့ မပုကြွယ်လေးကို မှတ်မိကြမယ်ထင်ပါတယ်။
ပင်ကိုယ်အသိစိတ်ဓာတ်နဲ့ အတုယူကြိုးစားတာမျိုး မဟုတ်ပဲ
ဘေးလူက တွန်းထိုးပင့်တင်မှပဲ နိုးထတတ်ကြတဲ့သူတွေလည်း ရှိတတ်တယ် မဟုတ်လား။ :k:
ဒီတစ်ပတ်တစ်နေ့ပြီးတစ်နေ့ အပိုင်း (၁၈) ကတော့ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁ဝ ရက်နေ့အထိဖြစ်ပါတယ်။
ဒါကတော့ စက်တင်ဘာတစ်လလုံးအတွက် အမြည်းပေးတာ ဖြစ်ပါတယ်။ 🙂
******************************************************************************************
လုပ်ငန်းသစ်ကို ပိုကောင်းမယ်ထင်ပြီး လုပ်ငန်းဟောင်းကို ခြေစုံကန်ပြီးတော့မှ
မျောက်သစ်ကိုင်းလွတ်သလို ဒုက္ခရောက်တာတွေ မြင်ဖူးတွေ့ဖူးလို့ ဒီအတွေးအခေါ်ကို သဘောတူထောက်ခံပါတယ်။
ဘဝတစ်လျှောက်လုံးအတွက် အရေးကြီးတဲ့ အဖိုးတန်တဲ့ သတိပေးချက်တစ်ခုပါပဲ။
*******************************************************************************************
ဒီကာတွန်းကတော့ စဉ်းစားတွေးခေါ်ကြံဆနေတဲ့အဆင့်ကို ကျော်ပြီး အလုပ်ဖြစ်ချင်တဲ့ တွန်းအားပေးစကားပေ့ါ။
ခတ်တက်ပြင်တာနဲ့ ရွှေလောင်းရောက် ဆိုတဲ့ စကားပုံကို ကြားဖူးကြလားမသိဘူး။
အလုပ်တစ်ခုလုပ်ခါနီး နေ့ရွှေ့ညရွှေ့နဲ့ ဆင်ခြေတွေအမျိုးမျိုးပေးပြီး မလုပ်ဖြစ်ရင် ပြောလေ့ရှိတဲ့ စကားပါ။
ရှိတာနဲ့ ဖြစ်အောင်လုပ်တတ်တဲ့ အကြံကောင်းဉာဏ်ကောင်းတော့ ရှိဖို့လိုတာပေ့ါ။
******************************************************************************************
တချိန်လုံးပြေးလွှားနေတဲ့၊ ရပ်နားခိုင်းလို့မရတဲ့ အချိန်ကို လူတွေဟာ အမှတ်တမဲ့နဲ့ နေမိကြတာများပါတယ်။
နောင်တ နောင်မှရလို့ ဆိုစကားရှိတယ် မဟုတ်လား။
စာမေးပွဲနီးမှ၊ သေခါနီးမှ ဆိုသလို အချိန်နည်းလာတဲ့အခါကျမှ ပြန်မရနိုင်တော့တဲ့ အချိန်ရဲ့ တန်ဖိုးကို သိရင် နောက်ကျသွားပြီ။
*******************************************************************************************
တပြိုင်တည်းလုပ်တာနဲ့ ပတ်သက်ရင် စီမံခန့်ခွဲမှုအပိုင်းကိုပဲ မြင်မိတယ်။
စီမံခန့်ခွဲမှုကောင်းရင် ကောင်းသလို လုပ်ငန်းတွေ မြန်မြန်ဆန်ဆန်နဲ့ ပြီးမြောက်အောင်မြင်နိုင်တယ်။
ယှဉ်ပြိုင်မှုများတဲ့လောကကြီးထဲမှာ တပြိုင်တည်းလုပ်ပြီး သူများထက်ရှေ့ရောက်နေဖို့ လိုတာပေ့ါ။
*********************************************************************************************
ကိုယ့်လုပ်ရပ်ကို မကြည့်မမြင်ပဲ အကောင်းတွေဖြစ်လာဖို့ မျှော်လင့်နေတတ်ကြတာအတွက် သတိပေးချက်ပေ့ါ။
***************************************************************************************
ဒီကာတွန်းနဲ့ စာကလည်း ရှင်းပါပေ့။
အိပ်မက်က မနိုးထရင် လက်တွေ့မှာ ဘာမှဖြစ်မလာနိုင်ဘူးလေ။
********************************************************************************************
ကိုယ်ရဲ့ အကျင့်ဟာင်းကို ပယ်ဖို့၊ ကောင်းတဲ့အကျင့်သစ်နဲ့ လဲလှယ်ဖို့အတွက် ကိုယ့်ကိုယ်ကို ယထာဘူတကျကျ (မညှာမတာ) ရှု့မြင်သုံးသပ်ဖို့ အရေးကြီးလိမ့်မယ်။
*********************************************************************************************
တခါတလေမှာ ဖြစ်နိုင်တာတွေအများကြီးကို စဉ်းစားပြီး စိတ်ပူနေမယ့်အစား
တကယ်ဖြစ်လာလို့ ရင်ဆိုင်လိုက်ရတာကမှ သက်သာလိမ့်အုံးမယ်။
***********************************************************************************************
ထာဝရပြောင်းလဲဖို့ ဆုံးဖြတ်ချက်တစ်ခုပဲ လိုတာ မှန်ပါတယ်။
ဒါပေမယ့် ဆုံးဖြတ်ချက်ကြောင့် ပြောင်းလဲတာမှာ အကောင်းဖြစ်နိုင်သလို၊ အဆိုးလည်း ဖြစ်နိုင်တယ်ဆိုတာတော့ ထည့်စဉ်းစားဖို့ လိုပါတယ်။
***********************************************************************************************
စာဖတ်ခြင်းဖြင့် သူများရဲ့အတွေ့အကြုံကနေ အသိပညာဗဟုသုတတွေ သင်ယူနိုင်ပါတယ်။
သူတပါးအတွေ့အကြုံက သင်ယူခြင်းဖြင့် တကယ်လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ထိခိုက်နစ်နာမှုတွေလည်း နည်းနိုင်တာပေ့ါ။
စာရှု့သူအပေါင်းလည်း ဘဝမှာ ထိခိုက်နစ်နာမှုတွေကို ရှောင်ရှားကျော်လွှားပြီး အောင်မြင်ပျော်ရွှင်နိုင်ကြပါစေလို့………
5 comments
မြစပဲရိုး
August 16, 2015 at 4:38 pm
သများ ကို ရွာထဲ ရောက်အောင် ဆွဲခေါ် ခဲ့တာ မမ လဲ ရှေ့ဆုံး ကပါတယ်။
ဒါကြောင့် ကိုယ့်အလှည့်ကျ မဆွဲဘဲ အတင်း ကို တွန်းတာ။
မတူ သောနည်း ဖြစ်အောင်ပါ။ lol;-))))
စက်တင်ဘာ (၁) မှာ တင် ပြောစရာတွေ့ပေါ့။
သများ ကတော့ ပုံးဟောင်းကို လွှင့်မပစ် သမျှ ပုံးသစ် ဝယ် တော့ မှာ မဟုတ်။
အဟောင်း ကိုဘဲ ကပ်သုံးနေတော့ မှာ။
ဒီတော့ ဘုရင့်နောင်ဖောင်ဖျက် နည်း မှ မသုံး ရင် မဖြစ်သူမို့
ပုံးသစ် ရ မှ မပြောနဲ့ မရ ခင်မှာ တင် ပုံးဟောင်း ကို အရင် ပစ် ကို လွှင့်ပစ်ရတော့မှာ။
(နောက်တာပါ။ တကယ်တော့ နောက် တစ်ဖက် က ကြည့်ရင် မှန်ပါတယ်)
(၃) ရွာထဲ မယ် အချိန် စကား တော့ မကြားပါရစေနဲ့ မမ ရယ်။ 😉
(၄) Multi-tasking ဆိုတာ မိန်းမ တွေ က ပိုပြီး တော်တယ် မှတ်တာဘဲ။
ကျား တွေ မှာ အဲဒီ စွမ်းရည် နဲ တာများတယ်။
(၆) တစ်ချို့ အိမ်မက် များ က အပြင်မှာ မရနိုင်တော့ မှန်းသိလေတော့ အိပ်နေမှဘဲ …. :-))
(၇) ဟေ့ ချစ်မမ ဒီမှာ (၁) နဲ့ conflict ဖြစ်နေပြီဗျ။
(၈) ရွှေပြည်မှာတော့ စိုးရိမ်တာတွေက ဖြစ်ဖြစ်လာနေသလားဘဲ။
(၁၀) အဲဂလို သူများ ဆီက ရမဲ့ ဟာ တွေ ဘဲ သင်ယူဖို့ စောင့်နေတာ အားလုံး ဆို ခက်ရော။
အမှားကို ကြောက်လို့ စ လုပ်မဲ့ သူ /စပြောမဲ့သူ မရှိတော့ တာ ပိုပြီး ကြောက်ဖို့မကောင်းပေဘူးလား။
🙄
ကာတွန်းလေးများ အတွက် ကျေးဇူးကြီးပါ။ နောက် နှစ်ပုဒ် ဘဲ ဗျို့။ မြန်မြန်လေး။ :-))))
Ma Ma
August 16, 2015 at 8:20 pm
၄ရက်နေ့အတွက် မလတ်ရဲ့မှတ်ချက်ကို ထောက်ခံတယ်။
(အဲဒါ တူခြင်းရဲ့ အကျိုးတွေပေ့ါ။) 🙂
၁ရက်နေ့ကာတွန်းက Safety first သမားတွေအတွက်၊
ရ ရက်နေ့ကာတွန်းက Risk ယူနိုင်သူတွေအတွက်။ 🙂
၈ ရက်နေ့ကာတွန်းအတွက် မဖြစ်ခင် ကြိုပူရတာ ပိုဆိုးသလားလို့။ တကယ်ကြုံတွေ့လာရတော့လည်း ပေါင်မုန့်မရှိ ကိတ်မုန့်စားရုံပေ့ါ။ :e:
ကိုပေါက်(မန္တလေး)
August 16, 2015 at 5:36 pm
သူများရဲ့အတွေ့အကြုံကနေသင်ယူရတာပိုလွယ်တယ် ဆို တာကို အကြိုက်ဆုံးဘဲ
ဇီဇီခင်ဇော်
August 17, 2015 at 8:55 am
စက်တင်ဘာ ၁ ရက်က သများမွေးနေ့။
ဟိ။
အဲဒီတော့ ပုံး သစ် ဝယ်ပြီးမှပဲ ပုံး ဟောင်း ပစ် တော့မယ်နော်။
:mrgreenn:
အောင် မိုးသူ
August 17, 2015 at 9:39 am
အဲ့သည်ပြက္ခဒိန်လေး ရတော့မယ် ဟိဟိ