Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဇော်မုတ်ဆိတ် သစ်ခွ (Paphiopedilum parishii)

ဒီရာသီက ဇော်မုတ်ဆိတ်သစ်ခွတွေ ပွင့်ဆဲဆိုတော့ ဟိုနားဒီနားက ယူထားတဲ့ ဇော်မုတ်ဆိတ်သစ်ခွ

အကြောင်းလေးပြောချင်ပါတယ်။ Paphiopedilum parishii ဆိုတဲ့နာမည်ကတော့

မော်လမြိုင်မှာသာသနာပြုခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး Charles Parish ကို ဂုဏ်ပြုတဲ့အနေနဲ့

(parishii) လို့ ပေးခဲ့တာပါတဲ့။

သူက ဒီသစ်ခွကို ၁၈၅၉ခုနှစ်မှာ တွေ့ရှိခဲ့ပြီး သူ့ဇနီး ရေးဆွဲထားတဲ့ အဲ့သည်သစ်ခွပုံ ရေဆေးပန်းချီမူရင်းကို

ယခုတိုင် Royal Botanic Garden, Kew မှာ ထိန်းသိမ်းထားပါတယ်။

ဘုန်းတော်ကြီးရဲ့ ရှာဖွေမှုတော်တော်များများကို ဖော်ပြမိတ်ဆက်သူ H.G. Reichenbach ကပဲ ဒီသစ်ခွကို

Cypripedium parishii အဖြစ် ၁၈၆၉ခု ဂျာမနီဂျာနယ် Flora မှာ ဖော်ပြခဲ့ပါတယ်။

ထူထဲပြီး အဖျားဝိုင်းတဲ့ အစိမ်းရောင်အရွက်တွေဟာ 45cm အထိရှည်နိုင်ပြီး 4cm ကနေ 7.5cm ဗျက်ရှိပြီး

၅ရွက်မှ ၈ရွက်ထိနေနိုင်ပါတယ်။ 30cm မှ 50cm အထိရှည်တဲ့ ခပ်ကိုင်းကိုင်း ပန်းခိုင်ဟာ အပင်ရဲ့  ထိပ်ဖျား

မှထွက်ပြီး ပန်းပွင့် ၃ပွင့်မှ ၉ပွင့်အထိ ပါတတ်ပါတယ်။

ပန်းသီးစိမ်းရောင်နဲ့ အနက်ရောင်ပါဝင်တဲ့ ပန်းပွင့်တို့ကြောင့် မျိုးစုအတွင်း လွယ်ကူစွာမှတ်မိနိုင်သလို

ထူးခြားသိသာဆုံး ဖြစ်စေပါတယ်။ သူနဲ့ အနီးစပ်ဆုံး အခြားမျိုးစိတ်တွေကတော့ P.lowii နဲ့

P.haynaldianum တို့ဖြစ်ပြီး နှုတ်ခမ်းသားတွင် အနက်ရောင်အဖုများပါပြီး အဖျားချွတ်တဲ့

အစိမ်းနဲ့အနက်ရောင် ပွင့်ဖတ်နှင့် ဘဲဥပုံ အရင်းမှာချွတ်ပြီး အတွင်းသို့ ကွေးဝင်နေပြီး ဘေးဘက်အတွန့်

နှစ်ခုမပါဝင်ပါဘူး။

ဒီမျိုးစိတ်နှစ်ခုကို အလွယ်တကူခွဲခြားနိုင်ပါတယ်။

 

မြန်မာပြည် အရှေ့ပိုင်း ထိုင်းနိုင်ငံအနောက်ပိုင်းနဲ့ မြောက်ပိုင်းတွေပါ တွေ့ရတတ်ပါတယ်။

မြေစိုက်သစ်ခွ အမျိုးအစားဖြစ်ပါတယ်။ P.parishii အချို့ကိုတော့ သစ်ကပ်ပင် အနေနဲ့လည်း တွေ့ရပါတယ်။

 

ထိုင်းနိုင်ငံမှာတော့ မြေပြင်မှ ၁မီတာမှ ၅မီတာအထက်မှာ ပေါက်ရောက်တတ်ပါတယ်။

ဇွန် ဇူလိုင်လတွေမှာ ပန်းတွေပွင့်ပါတယ်။

စိုစွတ်တဲ့ မုတ်သုန်မိုးရာသီကို မေလမှ အောက်တိုဘာလအထိ ရှိတတ်ပါတယ်။

 

မှတ်ချက်အနေနဲ့ အပူပိုင်းမှာ စိုက်ပျိုးဖို့ မသင့်တော်ပါဘူး။

ရန်ကုန်လိုဒေသမျိုးမှာဆိုရင်တော့ တော်တော့်ကို ဂရုစိုက်ရပြီး အပင်ဖြစ်ခဲ့ရင်တော့ အပွင့်ပွင့်ဖို့ ခက်ခဲပါတယ်။

တောင်ကြီးဒေသတွေမှာ ပေါက်ရောက်တတ်ပြီး အဲ့သည်ဒေသနဲ့ နီးစပ်ရာရာသီဥတုတွေမှာ ပေါက်ရောက်တတ်ပါတယ်။

 

ဓာတ်ပုံကိုတော့ ညောင်ရွှေမှ ဦးကျောက် အန်တီညို တို့ခြံမှ ယူထားခြင်းဖြစ်ပါတယ်။

 

လေးစားစွာဖြင့်

အောင်မိုးသူ

 

11872943_10206515008026383_2020332831_n11897025_10206515008106385_557137981_n  11911618_10206515007986382_2125166762_n

5 comments

  • ဇီဇီခင်ဇော်

    August 17, 2015 at 12:22 pm

    ငင့်။

    မမြင်ဖူးဘူးးး

    ပင့်ကူ နဲ့ တူတယ်။
    ရုတ်တရက်ကြည့်ရင်…

    :mrgreenn:

  • Ma Ma

    August 17, 2015 at 8:26 pm

    လင့်ခ်က ပုံမမြင်ရဘူး။

    လက်ဆိပ်ရှိလို့ ပန်းတွေ အပင်တွေ စိုက်ရပျိုးရ လွယ်ကူတယ်ဆိုတာထက်
    စိုက်ပျိုးနည်းနားလည်ပြီး အပင်တွေကို စိတ်ဝင်စားလို့ဖြစ်မယ်။ 🙂

  • kai

    August 18, 2015 at 5:40 am

    မြန်မာပြည်မယ်.. သစ်ခွမျိုးစိတ်တွေတော်တေ်ာများများရှိတယ်…။
    ကြည့်ရတာ.. ကမ္ဘာမှတ်တမ်းမဝင်သေးတာတွေ.. ကျန်သေးတယ်..။
    မျိုးစိတ်သစ်ဆိုရင်.. တွေ့သူက.. ကိုယ့်စိတ်ကြိုက်နာမယ်တတ်လို့ရသတဲ့…။

    ဆိုတော့…
    ဒီဇော်မုတ်ဆိတ် ပန်းခွက်ကလေးထဲ.. ပုရွတ်ဆိတ်တကောင်ပစ်ထည့်ရင်.. ဘာဖြစ်မလဲသိချင်သား..။ :k:

  • Lay Pai

    August 19, 2015 at 5:13 pm

    သူဂ ျီး က ထောင်ချောက် ပင် နဲ့ တူတယ် လို့ ဆိုလိုခ ျင်တာလား။
    တွေ့ဖူးတဲ့ သစ်ခွတွေ နဲ့ တော့ တော ်တော ် လေး ကွဲပြားသလားလို့ ထင်မိတယ်။

Leave a Reply