Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖြစ်မှ ဖြစ်ရလေ NLD နဲ့ စစ်တပ်ရယ်

alinsettSeptember 29, 20151min104620

အမေစု သို့–>>

 

—–

ဒီနေ့မနက် ကျနော့်ကားကို အမျိုးသမီးတစ်ယောက် ငှားတယ်၊၊

 

မဂ်လာဒုံ ပန်းခြံကုန်းမှတ်တိုင်(ပြည်လမ်းပေါ်)နားက စစ်တပ်မိသားစုလိုင်းခန်းတွေထဲကို ငှားတာ၊၊

ပြည်လမ်းပေါ်ကနေ လိုင်းခန်းတွေရှိရာ ခြံဝန်းကြီးထဲ ချိုးကွေ့ဝင်ရမှာပေါ့၊၊

 

ဝင်ပေါက်ထဲကို ချိုးကွေ့အဝင်မှာပဲ အပေါက်စောင့်စစ်သားနဲ့ ကျနော် ပြဿနာတက်တယ် အမေစုရေ၊၊

 

ကျနော့်ကားကို အထဲ ဝင်ခွင့် မပေးနိုင်ဘူးတဲ့၊၊

စစ်သားတွေရဲ့ မျက်နှာက တင်းပြီး ထန်နေတာပဲ၊၊

 

ကျနော်က ဘာကြောင့်လဲ လို့ ပြန်မေးတာပေါ့၊၊

ကျနော့်အရှေ့မှာတင် တခြား Taxi တစ်စီး ဝင်သွားတယ်လေ၊၊

Taxi မဝင်ရလို့လည်း စာမရေးထားပါဘူး၊၊

 

ဝင်ခွင့်မပေးရတဲ့အကြောင်းက

ကျနော့်ကားမှာ NLD အလံ တပ်ထားလို့ပါတဲ့၊၊

 

ဖြစ်ရလေ ဝိုင်းစိန်ရယ်—-

 

အဲ့လို အခြေအတင်ဖြစ်နေတော့ အနောက်မှာ ထိုင်လိုက်လာတဲ့ ကားငှားစီးသူ အမျိုးသမီးက အဲ့ဒီအပေါက်စောင့်စစ်သားကို လှမ်းပြောတယ်၊ “ကျမ တပ်ကြပ်—- ရဲ့ ဇနီးပါ၊၊ ဒီ လိုင်းခန်းထဲမှာပဲ နေတာပါ”တဲ့၊၊

 

စစ်သားက လုံးဝ မလျှော့ပါဘူး၊၊ ကျနော့်ကား ဝင်သွားရင် ကားကို သေနတ်နဲ့ လိုက်ပစ်မလား / သူ့ကိုယ်သူပဲ ပစ်သတ်သေမလားမသိ မျက်နှာက အမျိုးအမည်မဖော်ပြနိုင်ပုံနဲ့ ကြောင်စီစီဖြစ်လို့၊၊

 

ကျနော် တပ်ထားတဲ့အလံကို ဖြုတ်ပေးရမလား လို့ ကျနော့်ဘက်က တစ်ထစ်လျှော့ မေးပါသေးတယ်၊၊

 

နိုးတဲ့၊၊ မင်းကားက အလံတွေတင်မက စတစ်ကာတွေရော ကပ်ထားတာဆိုတော့ မရဘူး မဝင်ရဘူးတဲ့၊၊ ခြေကာကာလက်ကာကာကို ပိတ်ရပ်ပြီး ငြင်းနေတာ၊၊

 

ကျနော် အတော် စိတ်ပျက်သွားပါတယ်၊၊

 

ဒီစစ်သားတွေနဲ့ စကားပြောရတာ နဂါးအမောက်ကြီးလိုပဲ၊၊ ညှိ မရဘူး၊၊

 

နောက်ဆုံးမတော့ ကားငှားလာတဲ့အမျိုးသမီးက (သူ့အမျိုးသားဆီ ဖုန်းဆက်သေးတယ်၊မထူးဘူး) အဲ့အပေါက်ဝကတင် လမ်းဆင်းလျှောက်ရပါတော့တယ်၊၊

 

ကားကို စစ်သားတွေရဲ့ ဂိတ်ပေါက်အရှေ့မှာ ပြန်ကွေ့ရင်းနဲ့ ကျနော့်ကို ဝင်ခွင့်မပေးဘဲ ခပ်ထန်ထန် ဆက်ဆံနေတဲ့ စစ်သားကို ကျနော် ပြုံးပြလိုက်ပါတယ်၊၊

 

တဆက်တည်း ပြုံးပြုံးလေးနဲ့ ရေရွတ်ညည်းတွားပြလိုက်တယ်၊၊

 

“ဗိုလ်ချုပ် ထူထောင်ခဲ့တဲ့ တပ်မတော်က ဗိုလ်ချုပ်သမီးရဲ့ ပါတီအလံကို လက်မခံနိုင်ဘူးနော် — အဟက်”

 

ကျနော် ပြောလ်ုက်တာကို သူ ကြားတယ်၊၊ ကျနော့်ကို စိမ်းစိမ်းကြီး လိုက်ကြည့်ပြီး ကျန်ခဲ့လေရဲ့၊၊

 

လမ်းတလျှောက်မှာ အတွေးစတွေ တဝေဝေပေါ့၊၊

 

တပ်မတော်နဲ့ NLD အဲ့သလောက်တောင် ဝေးသွားပြီလား၊

 

ဆန့်ကျင်စရာ တိုက်ထုတ်စရာ အဖြစ် NLD ကို စစ်တပ်က သတ်မှတ်ပြီလား၊

 

အမေစုရဲ့ NLD ပါတီ လမ်းစဉ်ဟာ စစ်တပ်က ခါးခါးသီးသီး ခက်ထန်စွာ ဆက်ဆံရလောက်အောင် ဦးတည်ချက်တွေ ဆိုးနေတာလား၊

 

NLD ပါတီရဲ့ လားရာ (လုပ်ဆောင်ချက်နဲ့ ဦးတည်ချက် / အနှစ်သားအတွင်းပိုင်း) ကို မဆိုထားနဲ့ အပြင်ပန်း သကေ်တဖြစ်တဲ့ အလံ(တံဆိပ်/စတစ်ကာ)လေးတွေကိုတောင်မှ တူတူတန်တန် မဆက်ဆံနိုင်တော့လောက်အောင်ပဲလား၊

 

အမေစုရဲ့ ဒီမိုကရေစီ လမ်းစဉ်နဲ့ NLD ပါတီဟာ အမေ့ရဲ့ဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်နဲ့ အတော် ဝေးကွာသွားပြီပဲ လို့ တွေးမိခဲ့တဲ့မနက်—-

 

အဟက်

 

Maung Thura

 

စက်တင်ဘာ ၂၉၊ ၂၀၁၅

 

12048915_692880880847848_374154506_n

20 comments

  • ဇီဇီခင်ဇော်

    September 29, 2015 at 9:47 am

    မပြောနဲ့နော်။
    ကတော်တွေ သားသမီးတွေက အစ ရန်သူကြီး တစ်ယောက်လို ထင်နေဘီလားး အမုန်းလက်နက်တွေ ကိုင်စွဲထားးး

    အဟက်။
    :kwi:

    သူတို့ကို အကျိုးယုတ်အောင် ဟို က ဘာမှ မလုပ်ဖူးဘူး အာ့ကို မိနေတဲ့ မှိုင်းတွေ မှိုင်းတွေ ဆိုတာ မီးပုံးပျံသာဆို နတ်ပြည်ထိရောက်တယ်။
    ဟိဟိ။
    :mrgreenn:

    နိုင်ငံစံနစ်ကျရင် နိုင်ငံကာကွယ်ရေးအဖွဲ့ရဲ့ ခံစားခွင့်တွေက ရှေ့ဆုံးက လာမှာကို မသိကြဘူးးး
    သူများနိုင်ငံတွေ သူတို့စစ်တပ်ကို ဘယ်လောက် မြှောက်စားထားလည်း မသိကြဘူးး

    • Alinsett @ Maung Thura

      September 30, 2015 at 1:46 am

      ဘယ်သိမလဲ
      မျက်မှန်မည်းကြီးတွေတပ်
      မှိုင်းမိခံနေကြတာလေ

  • Mike

    September 29, 2015 at 1:13 pm

    .ဂိတ်စောင့်ရတဲ့ရဲဘော်ဆိုတော့ သူ့အထက်လူကြီးတွေမကြိုက်တာမလုပ်ရဲတာနေမယ်
    .နောက်တစ်ခါကြံ့ဖွတ်တံဆိပ်တတ်ပြီးသွားကြည့်ကွာ :))

    • Alinsett @ Maung Thura

      September 30, 2015 at 1:48 am

      .ကြံ့ဖွတ်အလံနဲ့သာဆိုရင်
      ကိုယ့်ကိုတောင် အဘ ခေါ်ချင်ခေါ်မှာ
      :mrgreen:

  • Shwe Ei

    September 29, 2015 at 1:15 pm

    -အဘတွေ ဘာပြောပြောယုံတတ်တဲ့ လူတန်းစား တစ်ရပ်က စစ်တပ်နဲ့ အစိုးရဝန်ထမ်း
    -အသိုင်းအဝိုင်းမှာ အခိုင်အမာ တပ်စွဲထားတာဗျ
    -ကိုယ်တိုင်မမြင်ရဘဲနဲ့လဲယုံတယ်..
    -ဟုတ်မှဟုတ်ပါ့မလားလို့တောင် တချက်မှ ပြန်မဆန်းစစ်ဖူး
    -လက်တွေ့ကျကျ လေ့လာကြည့်ဖို့ဆိုတာဝေးရော..
    -အိုက်ဒါ ပညာတတ်တတ် မတတ်တတ် … တွေးခေါ်ပုံခြင်း တူတဲ့လူတွေ
    -စုနေတဲ့သဘော..
    .ပြည်သူနဲ့တန်တဲ့အစိုးရရယ် .. အစိုးရနဲ့တန်တဲ့ပြည်သူရယ် ဘက်ညီနေတော့လဲ
    -ပြောရတဲ့လူ အမောဆို့တာဘဲ အဖတ်တင်တာပေါ့ 😛

    • Alinsett @ Maung Thura

      September 30, 2015 at 1:45 am

      .ပြောလို့ မောရုံတင်ဆို အမောဖြေလိုက် ပြောလိုက် လုပ်နေလို့ရသေး
      အခုဟာက လက်ပေါက်ကပ်နေတာတွေကော ဘာကော

  • @QUIL@

    September 29, 2015 at 4:25 pm

    ဟူးဒဲစ့် ဝင်း
    နဲဗား ဆာရန်ဒါး
    ဒေါ်စိန်အေး သားတေ အောင်ယမျီ
    အာဝူးးးး

  • kai

    September 30, 2015 at 1:02 am

    ဒီလောက်အခြေအနေကောင်းတာတောင်.. ဒီလောက်မကောင်း..
    ဘယ်နှာ..
    တပ်ကြပ်ကတော်က.. ဒီချုပ်အလံနဲ့ကား.. ငှားစီးတယ်ဆိုကတည်းက…
    အိမ်က ဗိုလ်ချုပ်ကြီး( ဇနီး) တွေ.. ယိမ်းနေ.. ပါနေမင့်ဟာနော…

    သခင်မျိုးဟေ့.. အန်အယ်လ်ဒီ…။

    • Alinsett @ Maung Thura

      September 30, 2015 at 1:42 am

      NLD အလံနဲ့မို့ ချစ်နွန်နွန်းနို့ ငှားစီးတယ် ထင်တာလား
      မထင်နဲ့ဗျ
      အနော့်ကား အလံတွေ ထောင်ထားတာကို သတိမပြုမိပဲ ငှားမိတာတဲ့

  • Mr. Pocket

    October 2, 2015 at 9:18 am

    ကျွန်တော့်အထင် အဲ့ဒီ စစ်သားကြီးမှာလည်း ကြောက်တတ်တဲ့စိတ်တွေ အပြည့်နဲ့ အားကြိုးမာန်တက် တားလိုက်ရတယ်ထင်တယ်ဗျ..။

    • Alinsett @ Maung Thura

      October 6, 2015 at 11:42 pm

      .သေရမှာ မကြောက်ပါဘူးဆိုတဲ့ စစ်သားတွေက
      မျှတကောင်းမွန်စွာ ရှင်သန်နေထိုင်ရမယ့်လမ်းစဉ်နဲ့ပါတီကို
      .ကြောက်နေတာများ

  • aye.kk

    October 3, 2015 at 9:24 am

    အရိုးစွဲအောင်
    သံမှိုနဲ ့ရိုက်နှက်ခံထားရတဲ့သူတွေထဲမှာ
    စစ်တပ်ကပိုအဆိုးဆုံးပါဘဲ၊အုပ်ချုပ်နေတဲ့အာဏာရှင်တွေက
    အမုန်းတရားနဲ ့ဖြစ်အောင်တဖက်သပ်ကြီးဘောင်ခတ်အုပ်ချုပ်လာခဲ့တော့
    အခုထိအသိတရားမရှိနိုင်ကြသေးဘူး။
    အကေါင်းမြင်ဝါဒမရှိဘဲအုပ်ချုပ်နေတဲ့သူတွေဆိုတော့
    ထိုလူတွေအုပ်ချုပ်နေသမျှ၊တိုင်းပြည်ကမတိုးတက်သလို
    ဆုတ်ယုတ်နစ်နာပျက်စီးနေတယ်။
    အစွန်းတရားတွေကိုခွါချပစ်နိုင်ဘို့အတွက်NLDလက်နက်နဲ ့တွန်းလှန်
    တော်လှန်ယုံကလွဲလို့၊မှတပါး-အခြားမရှိတော့ပါပြီ။။

  • uncle gyi

    October 6, 2015 at 10:01 pm

    သူတို့အမြင်မပြောင်းသမျျှျ ပြုပြင်ပြောင်းလဲဖို့ခက်နေအုန်းမှာ

    • Alinsett @ Maung Thura

      October 6, 2015 at 11:39 pm

      အမြင်မကြည်သမျှ *ကြည်* မမြင်နိုင်ကြမယ့် မှောင်မိုက်တဲ့အစိတ်သား

  • ခင်ခ

    October 7, 2015 at 7:38 pm

    မင်းအုပ်စိုး အုပ်ချုပ်နေသမျှ ပြည်သူတွေကတော့ ဆင်းရဲထောင်မှာ တစ်သက်တစ်ကျွန်းဘဲ။ လွပ်လပ်ဖို့အတွက် ထောင်ဖောက်ထွက်ရန် ကြိုးစားကြဖို့ဘဲလိုလိမ့်မယ်။

    • Alinsett @ Maung Thura

      October 7, 2015 at 7:43 pm

      ငင်
      .လေးခ
      မတွေ့တာတောင်ကြာပေါ့

      မင်းအုပ်စိုးတဲ့
      အသုံးလေးက good

  • ဦးကြောင်ကြီး

    October 11, 2015 at 11:12 am

    အန်အယ်လ်ဒီ စတစ်ကာတွေ ရန်ကုန်မြို့နယ် ၂ဝမှာ အခမဲ့ ဝေမြည်သဲ့… ပီးလော့ မင်္ဂလာဈေးမျာ အင်္က ျီအနီရောင် သိန်း၆၀၀ဝဖိုး ဝယ်သွားသတဲ့.. အန်အယ်လ်ဒီက ဟုတ်ပုံမြတဲ့။ စတစ်ကာသတင်းကတော့ ကောင်းအိ.. အင်္က ျီသတင်းကတော့ မသေခ ျာ.. ဘယ်သူဝယ်သလဲ၊ ဘယ်မှာသုံးမလဲ… ဒွတ်ခ ဒွတ်ခ

Leave a Reply