Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

. မြ ရဲ့ သင်ပုန်း ၁၁-၁၂-၂၀၁၅

မြစပဲရိုးDecember 12, 20151min86410

မြ တစ်ယောက် ရောဂါ တစ်ခု ထ နေသည် ဟု ဆိုရမည်။
ချစ်သော တူမတော် ဇီကလေး လို ရှားလော့ဟုမ်း စင်ဒရုမ်း နဲ့ ဆင်တူသော စတော့ဟုမ်း စင်ဒရုမ်း ဖြစ်နိုင်သည် မှန်း၏။
ကိုယ့်ကိုဓားစားခံလုပ်ကာ ပြန်ပေးဆွဲ ဒုက္ခပေးသူကို သွားပြီး သနားကြင်နာ စာနာ ထောက်ထား မိသော စိတ်ဖြစ်သည်။

ထို အကြောင်းကို အစွဲပြုပြီး ရိုက်ထားသော ရုပ်ရှင်ကား များလဲ ရှေးပဝေသဏီ မှစလို့ ဒီနေ့ခေတ်ထိပင် မရိုးနိုင်အောင် ရိုက်ကြသည်။
ထိုရုပ်ရှင်များ တွင် မင်းသားများ သည် ပြန်ပေးဆွဲသမားများ ဖြစ်သည်။
သို့ရာတွင် ရုပ်ကြမ်းကြီး များ မဟုတ်။
ရုပ်ရည်ပြေပြစ်သော ပြန်ပေးသမား များ ဖြစ်သည်။
အဆုံးသတ်တွင် ပြန်ပေးဆွဲခံရသော လူများ ကို ကာကွယ်ပေးပြီး သူ၏ ကြင်နာတတ်သောစရိုက် ကို ထိုးပြသည်။
ထိုကြောင့် ထိုသူ၏ ဓားစာခံ များ မှာ သူတို့ကို ဒုက္ခပေးသူ အပေါ် သနားသော၊ ချစ်သော၊ ကျေးဇူး တင်သော စိတ်ဖြင့်ကျန်ခဲ့ရ လေတော့သည်။

မြတို့၏ ရွှေပြည်တွင်လည်း ထိုနည်းအတိုင်း ရုပ်ရှင်ကားပေါင်းများစွာရှိ၏။
အထင်ရှားဆုံးမှာ ဗိုလ်အောင်ဒင် ဖြစ်ပေသည်။
မင်းသမီး မြ တစ်ယောက် သူ့အချစ်ကြီး ကိုကိုချစ် ကို ပင် မထောက်ထားနိုင်တော့။
သူ့ကို နိုင်ထက်စီးနင်း ခေါ်ဆောင်ခဲ့သော အစ်ကိုကြီး ကိုကိုဒင် ကို အသနားကြီး သနား မိသွားသည် မဟုတ်လော။
အလကားတော့ မဟုတ်။
သူ့ကို ကြင်နာမှု၊ ညှာတာမှု၊ လုံခြုံမှုများ ပေးခဲ့၍ မေတ္တာရောင်ပြန်ဟပ်ခဲ့ခြင်း ဖြစ်သည်။

ဒီရက်ပိုင်းထဲမတော့ ထို စတော့ဟုမ်း စင်ဒရုမ်းဇာတ် ကို  မြကိုယ်တိုင် ဇာတ်ခုံပေါ်တက်က ရသလို ဖြစ်နေ၏။
မြ၏ လူဆိုးမင်းသားကြီး ခမျာ မတော့ အသက်ကြီး ရတဲ့ ကြားထဲ မင်းသားများ ကဲ့သို့ ရူပါမတင့်ရှာပေ။
အလံဖြူထောင်ပြလိုက်ခြင်း မှာလည်း မြတို့ အား အကာအကွယ် ပေးဖို့ထက် သူ့ဟာသူ အကာအကွယ် ယူ ခြင်း ကိုသာ မြင်ပါသည်။
ဘယ်နည်းနှင့်မှ ရုပ်ရှင်ထဲ ကလို စိတ်စေတနာကောင်းရှိ၍တော့ ဟုတ်ဟန် မရှိ။
ထို့ကြောင့် မြ သည် သူ့ ကို သနားစိတ် တစ်စိုးတစ်စိ မှ မရှိတာ သေချာသည်။
သို့သော် အင်မတန် တော့ ကျေးဇူးတင်ပါသည်။
အကြောင်းမှာ မြတို့ ဘဝ သည် ရုပ်ရှင်ထဲကလို ပြန်ပေးသမားတစ်ယောက်/တစ်ဖွဲ့ ထဲ မဟုတ်ချေ။
အလစ်၊ အငိုက် ကို စောင့်ကာ အမဲဖျက်သလို ဆွဲရန် စောင့်နေသော အခြားအခြား သော ပြန်ပေးသမား လူဆိုးများ အလျှို အလျှို စောင့်နေကြသည်။
နင့်နေသော စည်းစိမ်ပြုတ်မှာစိုး ၍ နည်းမျိုးစုံ ဉာဏ်နီ၊ ဉာဏ်နက် ထုတ်နေဆဲ အာဏာရူးများ အကွက်ချောင်းနေဆဲ ဆိုတာ မမြင်ကြ၊ မသိကြ လေရော့သလား။

မြတို့ သည် လက်နက်မဲ့ သည့်အပြင် ကြောက်တတ်သော ဓားစားခံ များဖြစ်ကြသည်။
မြတို့ ကို အင်အားကြီး လူစု မှ မည်သည့် အကြောင်းကြောင့် ဖြစ်စေ ပူးပေါင်းလာခြင်း ကို သွား၍ မူလကျီ လုပ်မရ။
သွားလုပ်လို့ ရမ်းခံရရင် သုညက ပြန်စရမည်။

မြတို့ လူများ ရဲ့ လက်သန်းလေးများ သည် အခြေအနေ တစ်ခု ထိသာ ပါဝါကြီး သည်။
အရေးကြုံလျှင် ထိုနေရာမှ သေနတ်ကျည်ဆံ မထွက်သည် ကို သတိပြုသင့်သည်။ ပုဒ်မ ၅၉(စ) ကို ပြင်နိုင်စွမ်းမရှိသည် ကို သတိပြုသင့်သည်။

တစ်ချို့က ပြောသည်။
မြတို့တွေသည် အမှတ်သည်းခြေမရှိ မေ့တတ်လွန်းသည် တဲ့။
အမှန်တော့ ထိုစကား ပြောသူများ ကိုယ်တိုင် “အမှတ်သည်းခြေမရှိ မေ့တတ်လွန်းသည်”ကို ထိုသူများ မသိရှာချေ။
တနည်းပြောရရင် “အောက်ခြေလွတ် ၍ သွေးနထင်ရောက်သွားခြင်း” လည်း ဖြစ်နိုင်ပေသည်။
ပန်းတိုင်မရောက်ခင် နိုင်ပြီ အမှတ် နှင့် တက်မထောင်သူများ ဟုမြင်မိသည်။
ဒီအခြေအနေ ရောက်မှ ဒင်းတို့ လက်ရှိ အာဏာပိုင် အစိုးရ ဘာမှ မလုပ်နိုင်တော့ ဟု တွေး ကာ တကယ် ဘဲ သွေးတိုးစမ်း လောင်းရဲထပ်နိုင်သည်တဲ့လား။
၂၆% နိုင်လျှင်ရပြီ ဟု ပေါ့ပေါ့တွေး ခဲ့သော ကိုယ့်ကိုယ်ကို အထင်ကြီးလွန် မင်းသားကြီး များ အဖြစ် ကို နမူနာယူကြပါ။

မြ ၏ တစ်ကိုယ် အတွေးကို မြချစ်သော ရွာသူ/သား များအား တိုးတိုးပြောပြမည်။
အကယ်၍များ
ပုဒ်မ ၅၉(စ) ကို ယာယီဖယ်ထားမည်ဟု သာ အတည်ဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည် သာ သမ္မတ ဖြစ်ခွင့် ရခဲ့လျှင်
မြသည်
ထို အဘခေါင်ကြီး ကို အမှန်ပင် ကျေးဇူးတင်ရုံမက လှမ်းမျှော်၍ ရှိခိုး ဦးတင် ကန်တော့လိုက်မည် ဟု ပင် တွေးထား၏။
အကြောင်းမှာ ကိုယ် ကန်တော့ လိုက် ရတာ ဘာမှမဟုတ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်သွားလျှင် ရလာမည့် ကျေးဇူးသည် တိုင်းပြည်လူထု အတွက် တန်ဖိုး ဖြတ်မရ မဟုတ်ပါလား။
ဤသည်ကပင် ဒေါ်အောင်ဆန်းစုကြည် ၏ ကျေးဇူးကို တတ်နိုင်သမျှလေးဖြင့် ဆပ်ခြင်း ဖြစ်လိုက်ချင်၏။

မြ ၏ စတော့ဟုမ်း စင်ဒရုမ်း ရောဂါ ပိုသည်းလာနေပြီလားပင်မသိ။
လောလောဆယ် မတော့ ထိုရောဂါ ကို ကုစရာ ဆေး မမြင်နိုင်သေး။

သို့ပေသည့် မြ သည် ၁၁ကျပ်မကျ။
တန်ဖိုးမြင့်ပြီး အဆင့်ရှိ ရောဂါ တစ်ခု ဖြစ်၍သာ ရုပ်ရှင်များ၊ ပြဇာတ်များ၊ ဝတ္ထုများ ကို ထိုအကြောင်းနှင့် မပြတ် ဖန်တီး နေခြင်းဖြစ်ပေသည်။
နောက်ဆုံးမတော့ မြသည် ကိုယ့်ကျောကိုယ်သပ်ခါ ပြုံးပြုံးကြီး နှင့် ထို ရောဂါကိုမွေးနေလေတော့၏။

 

10 comments

  • မြစပဲရိုး

    December 12, 2015 at 4:18 am

    အာဏာရှင် က ကိုယ့် ဘဝ ကို မထိလို့ ဒီလို ပြောတယ်လို့ မပြောနဲ့။
    အဖိုး အဖွား ရဲ့ စီးပွါးရေး လုပ်ငန်းကြီးပျက်ရတာ ဒီစစ်တပ် အဖွဲ့အစည်း ကြောင့်လို့ အမြင်ကျဉ်းကျဉ်း နဲ့ လက်ညိုးထိုး ပြောလို့ ရတယ်။
    အစိုးရ ကောင်း မရလို့ အာဏာရှင်တွေ ရှိတဲ့ ကိုယ့်အမိမြေ နဲ့ ဝေးရာ တစ်ခြား မှာ နေရတာ၊
    ချစ်တဲ့ မိဘ တွေ နဲ့ ရှင်ကွဲ ကွဲ ပြီး နေ နေရတာ သေကွဲ ထက်ဆိုးပါတယ်။
    ဘယ်သူမှ မကြိုက်ပါဘူး။ ဒါပေမဲ့ ကိုယ်ရွေးခဲ့တဲ့လမ်း ကိုယ့်လျှောက်ရုံဘဲ။
    တိုင်းပြည် ရဲ့ အနာဂါတ် အခြေ အနေ နဲ့ ကိုယ့်မျိုးဆက်သစ် ကလေးလေး တွေ ရဲ့ ဘဝ ပိုပြီး ကောင်းသွားလာမှာ ကို မြင်ရက် နဲ့
    ကိုယ့် ရဲ့ အတ္တ၊ အာဃာတ နာကျည်းစိတ်တွေ ရှေ့ထားပြီး အဲဒီ ကောင်းဖို့ တွေ ကို အဖျက်သဘော တားထားစရာ ဘာမှ မလိုဘူး ထင်ပါတယ်။

  • kai

    December 12, 2015 at 8:40 am

    .. သူ့အမုန်းတော်ကြီးကို.. ကျေးဇူးတင်ပြလိုက်လို့… ဇီဇီနှင့် သူ၏မိတ်ဆွေများ.. စိတ်ဆိုးတော်မူသွားသလားမသိ…
    ရွာထဲတောင်ခြေဦးမလှည့်တော့…။
    အင်း…
    ဖြစ်ရလေနော…။ :k:
    =
    စကားအတင်းစပ်…
    သမ္မတဘယ်သူဖြစ်မလည်း.. ဗုတ်လုပ်ဖို့တောင်မလိုတော့ဘူးထင်တယ်..
    တော်တော်သိသာသွားပြီ… ဖြစ်လို့… ဖြစ်လို့…။

  • Alinsett @ Maung Thura

    December 12, 2015 at 12:56 pm

    ပုဒ်မ ၅၉(စ) ကို ယာယီဖယ်ထားမည်ဟု သာ အတည်ဖြစ်ပြီး
    ဒေါ်အောင်ဆန်းစုကြည် သာ သမ္မတ ဖြစ်ခွင့် ရခဲ့လျှင်…..

    ကျနော်ကတော့…. ထ က ပါမည်….

    :k:

  • မြစပဲရိုး

    December 12, 2015 at 3:54 pm

    ရွာကို စိတ်ဆိုးတာ တော့ ဟုတ်ပါဘူး မဟုတ်လား ဇီကလေးရာ။
    ရွှေတို့ကို ကျေးဇူးတင်သူ (သူ့ အရီး အပါအဝင် ) တွေ ကို ခဏ ကျွဲမြီးတို တာ ဖြစ်မှာပါ။
    တို သင့်လို့ တိုတာ တို သာ တိုပါ ကလေးတို့ရေ။
    ပြန် ရှည် လာရင် ပွစိ ပွစိ လုပ်ပြီး ပြန်လာကြပါ။
    တစ်သက်စာ စိတ်တို နေရတာတော့ မတန်ပါဘူးလေ။
    ဒီလောက် ရေစက်ကြီး လို့ ဆုံနေရတဲ့ နေရာလေးထဲ ဟိုးရှေးဘဝ က စပ်ခဲ့တဲ့ အမျိုး တွေ ရန်ဖြစ် ပြန်ချစ် ပေါ့။
    မဟုတ်လား။
    လောလောဆယ်မှာ ၅၉(စ) အတွက် ဝိုင်း ဆုတောင်းကြပါစို့။
    အဲဒီ အတွက် စိတ် မပြေသေးလဲ စိတ်ဆိုးကြောင်း ပြောရင်း ဟင်း ပူပူ စပ်စပ် တစ်ခွက်ချက်ပြီး ပြန်လာပါ လို့။

    ချစ်သော ချစ်သော ချစ်သော
    လွမ်းသော လွမ်း သော လွမ်းသော
    အရီး :-)))))

  • ဇီဇီခင်ဇော်

    December 12, 2015 at 6:55 pm

    ဘယ်လို အကျိုးဆက်ကောင်းကောင်းပဲ လာလာ…
    All the credit must/should/have to be given to Suu.
    In Only Suu, I trust.

    အမေ ရှိနေသေးးလို့ ဒွေးဒေါ် ကို လွမ်းဖို့ စိတ်ကူးးကို မရှိ..

    • မြစပဲရိုး

      December 13, 2015 at 2:43 am

      အကယ်၍များ
      သမ္မတ ဖြစ်ခဲ့ရင် ပိစိညောက်တောက်လေးတော့ ကျေးဇူးတင်ရအောင်ပါ သမီးရယ်။
      Thanks ပြောတာ Appreciate လုပ်တာ က ခရက်ဒစ်ပေးတာ မဟုတ်ပါဘူး။
      အမေ့ သမီး ဆို သူများလို တို့မရိုင်းတယ် တိုင်း(ကမ္ဘာ) သိပါရဲ့ ဆိုနေတဲ့ အမေ့လိုစိတ် ကြိုးစားမွေးကြရအောင်ပါ။ :-))

  • E.မြောက်မြောက်

    December 12, 2015 at 10:07 pm

    ကျွဲမြိ်းတိုစရာလားဗျာ
    ကျော်က ဟိုအမြီးပဲတိုတာ
    မျောက်မြီး… ဂီး..ဂီး..

    • မြစပဲရိုး

      December 13, 2015 at 2:44 am

      မြောက်မြီးတို ဆိုကြည့်ကောင်းမယ် မထင်ပါ မျောက်ကလေးရ။ :-)))

  • Mike

    December 15, 2015 at 3:36 pm

    ဒေါ်အောင်ဆန်းစုကြည် အမေး၊ ဦးရွှေမန်း၏ အဖြေ
    =================================

    အကူးအပြောင်းကာလ ဖြစ်သော ယနေ့ကာလအတွက် ကြီးမားသော စိန်ခေါ်မှုကဘာလဲ ??? ★★

    ☞☞ အဲဒါက အနိုင်ရပါတီ၏ ခေါင်းဆောင်၏အမေး။

    ❖ ယင်းကို မိမိ Facebook စာမျက်နှာတွင် တင်၍ ဆက်လက်မေးမြန်းခဲ့သည်။
    များစွာသော ပြန်လည်ဖြေကြား၊ အကြံပေးမှုများရရှိခဲ့၍ ကျေးဇူးတင် ကြိုဆိုပါသည်။ ယင်းသုံးသပ်အကြံပေးမှုတို့ကို သူ့နေရာနှင့်သူ အသုံးပြုရေး စီစဉ်သွားပါမည်။

    ❖ ယနေ့အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ တစ်ဦးနှင့်တစ်ဦး၊ ❝တစ်ဘက်နှင့်တစ်ဘက်ယုံကြည်မှု❞ ရရှိရေး ဖြစ်သည့် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ လေးစားမှု၊ နားလည်ပေးမှုများ အပြန်အလှန် ရရှိရေးတို့အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးပင်ဖြစ်သည်။

    ❖ မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် လူပုဂ္ဂိုလ်ခေါင်းဆောင်များ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ အချင်းချင်း အပြန်အလှန် ❝ယုံကြည်စိတ်ချရေး❞ အတွက် တွေ့ဆုံဆွေးနွေးမှုများ တိုင်ပင်ညှိနှိုင်းမှုများ ရှိကြရမည်။

    ❖ ထိုသို့မဟုတ်ဘဲ မတွေ့ဆုံနိုင်၊ ညှိနှိုင်းတိုင်ပင်ဆွေးနွေးနိုင်မှုများမရှိကြလျင် အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် မမျှော်လင့်နိုင်သလို ယနေ့ကာလအပါအဝင် နောင်အနာဂတ် နိုင်ငံအတွက် ကောင်းလာမည်မဟုတ်။

    ❖ ဤအချိန်တွင် စိတ်ကြီးဝင်၍ အကောင်းအဆိုး၊ အကြောင်းအကျိုးကိုမသိသော၊ ငွေပြား(အသပြာ)လည်ပင်းတွင် ဆွဲထားခံကြရသော၊ မဟောသဓာဇာတ်တော်လာ ဝိဒေဟရာဇ် ပုတ်သင်ကဲ့သို့ အချို့သူများ၏ စိတ်ကြီးဝင် ကယောင်ကတန်း ရေးသားပြုမှုပြောဆိုမှုများကြောင့် မြန်မာတို့၏အနာဂတ်အလှကို မဖျက်ဆီးစေလို၊ မပျက်စီးစေလို။ ထိုသို့သော အရေးအသား၊ အပြောအဆိုများကို ရပ်တန်းကရပ်ကြရန် ပြည်သူများက လိုလားနေကြသည်။

    ❖ အများပြည်သူများကလည်း တိုင်းပြည်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြည်သူလူထုကောင်းစားရေးအတွက် ဆောင်ရွက်နေကြသူများကို အားပေးကူညီ ဆောင်ရွက်လျှက်ရှိနေကြသည်ကို တွေ့ရှိရသည်။

    ❖ ပြည်သူများက ယုံကြည်စွာ တာဝန်ပေးထားသောပုဂ္ဂိုလ်နှင့်ပါတီကလည်း ❝ ပြည်သူ့ယုံကြည်မှု ❞ ကို ဆက်လက် ထိန်းသိမ်းပြီး ဤကာလအတွက် ကြီးမားသောစိန်ခေါ်မှုဖြစ်သည့် တစ်ဘက်နှင့်တစ်ဘက် ❝တစ်ဦးနှင့်တစ်ဦးယုံကြည်မှု❞ ရရှိအောင်၊ ထိုမှတစ်ဆင့် နုိုင်ငံ့ဂုဏ်သိက္ခာ၊ ပြည်သူများ၏ဂုဏ်သိက္ခာနှင့် ပြည်သူများ၏ကောင်းကျိုးကို ပြည်သူများနှင့်အတူ လက်တွဲ၍ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

    ❖ အမုန်း၊ အညှိးအတေး၊ အာဃာတများကို ဖြစ်ပေါ်စေခဲ့သည့် အတိတ်က သင်ခန်းစာများကိုရယူကာ မိမိတို့သည်လည်း ပြည်သူ့အကျိုးပြုနိုင်ငံရေးကို မည်သည့်နေရာကမဆို ပြည်သူများနှင့်အတူ ပါဝင်လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။

    ✔ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ..။
    ✔ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝအောင် ဆောင်ရွက်ပေးနိုင်ကြပါစေ..။

    ❖❖ (ယမန်နေ့ရက်များနှင့် ၁၄-၁၂-၂၀၁၅ ရက်နေ့ တွေ့ဆုံမှုများမှ) ❖❖

  • Mike

    December 17, 2015 at 11:08 am

    ကျမလေ အင်မတန်မှ စွှန့်လွှတ် အနစ်နာခံပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ပြောတဲ့လူတွေကို ခပ်ကြောက်ကြောက်ပဲ။
    ကျမ စိတ်ထဲမှာလေ အဲလို ပြောတဲ့လူတွေက
    တနေ့ တချိန် တခါမှာ အကြွေးများ တောင်းမလားလို့၊
    ဒီလိုလုပ်ပေးခဲ့လို ဒီလိုစွှန့်လွှတ်ခဲ့လို့ ဒီလို ပြန်ပြီးတော့ ပေးပါလို့ အဲ့လို တောင်းမလားလို့ အဲလို စိုးရိမ်မူ့တွေရှိတယ်။
    ဒါကြောင့်မို့လို့ ကျမကို အနစ်နာခံတယ်စသဖြင့် ပြောရင် ကျမ နည်းနည်းမျက်နှာပူတယ်။
    စိတ်ထဲမှာ တမျိုးဖြစ်တယ်
    ကျမ အနစ်နာခံတယ်လို့ ကျမကိုယ်ကျမ မယူဆဘူး။
    ကျမ လုပ်ချင်တဲ့ ကိစ္စကို ကျမ ရွေးချယ် တယ်။
    ကျမ ရွေးချယ်မူ့အရ ကျမ လုပ်တယ်။
    ဒီလိုလုပ်နိုင်တာကိုပဲ ကျေနပ်တယ်။
    ဒီလို လုပ်ရလို့ အမြဲစိတ်ချမ်းသာတယ်လို့တော့ မဟုတ်ဘူးပေါ့နော်
    ဒီလိုလုပ်ရတာလဲ သူ့ဒုက္ခနဲ့သူ ရှိတာပဲ
    ဒါပေမယ့် ကိုယ်ရွေးတဲ့ ဒုက္ခပဲ ကိုယ်ရင်ဆိုင်လိုက်ပေါ့။
    ဒေါ်အောင်ဆန်းစုကြည်

Leave a Reply