ကျတော် နဲ့ လောကနန္ဒာ
ဒီတစ်ခေါက် ပုဂံသွားတာ အလုပ်နဲ့ဆိုတော့ နှံ့နှံ့စပ်စပ်မရောက်ခဲ့ပြန်ဘူး။
အရင်တစ်ခေါက်ကလည်း ဘုရားဖူးကားနဲ့မို့ ရောက်ပြန်တွေချည်းပါပဲ။
ပုဂံမှာ ခြောက်ရက်ကြာတယ် ငါးရက်ကတော့ မြင်းပြိုင်ပွဲကွင်းအလယ်မှာပဲ အချိန်ကုန်ခဲ့တယ်။
တစ်ရက်တော့ ရှိတဲ့အချိန်လေး E Bike စီးပြီးလည်တော့။ E Bike ဟာ ကိုယ်လိုချင်တဲ့နေရာ
သွားလို့ တော်တော်အဆင်ပြေမှန်းသိခဲ့တယ်။ နှံ့နှံ့စပ်စပ်မရောက်ခဲ့ပေမယ့် အခုတည်းခဲ့တဲ့
ဟိုတယ်လ်ဈေးရယ် E Bike ရယ် သေချာသိပြီမို့ နောက်တစ်ခေါက် နှံ့နှံ့စပ်စပ် လည်မို့
သေချာ ဆုံးဖြတ်ခဲ့တယ်။
ဒီတစ်ခေါက် လောကနန္ဒာဘုရားကို အေးဆေးရောက်ခဲ့တာမို့ ဓာတ်ပုံလေးတွေ
ရလာခဲ့တယ်။
10 comments
E-မြောက်မြောက်
December 23, 2015 at 6:38 pm
ပုဂံကို လည်လည် တစ်ခေါက်ရောက်ဖူးချင်သား
🙂
အောင် မိုးသူ
December 24, 2015 at 8:33 am
မြန်မာမှန်လျှင် ပုဂံရောက်ဖူးရမည်။
မြစပဲရိုး
December 23, 2015 at 9:30 pm
ပုဂံ ဆိုရင် ဒဏ္ဍာရီ ဘဲ ပြေးပြေး မြင်မိတော့တယ်။ ရောက်ဖူးတယ်။
အောင် မိုးသူ
December 24, 2015 at 8:33 am
စုံအောင် မရောက်သေးဘူး။
alinsett
December 24, 2015 at 3:25 pm
ဒီပုံအတိုင်းဆို…. ကျနော်ဖြင့် မြန်မာ မမှန်သေးဘူးပေါ့….
.ဖွေးဖွေးနဲ့ အတူ သွားချင်လိုက်တာ….
အောင် မိုးသူ
December 24, 2015 at 4:09 pm
ဖြစ်ရလေ ဒညင်းဝက်ရယ်
ကိုပေါက်(မန္တလေး)
December 25, 2015 at 4:36 pm
နတ်ပန်းပွင့်တွေ မဝယ်ခဲ့ဘူးလား
အောင် မိုးသူ
December 27, 2015 at 12:50 pm
ဝယ်ခဲ့ဘူး မကြိုက်လို့
ဇီဇီခင်ဇော်
December 29, 2015 at 4:56 pm
အမ ဆို ပြန်မယ့် မနက်မှ ရောက်တယ်..
ညဘက်လည်းး ဘုရားးပေါ်တက်လို့ကောင်းးတယ်…!
Ma Ei
December 30, 2015 at 4:05 pm
ဒီဖက်ကမ်းနဲ့ ဟိုဖက်ကမ်း ကို ခေါက်တုန့်ပြန်ကူးနေတဲ့လှေကလေးရယ် အုပ်စုလိုက်ပျံသွားနေတဲ့ ငှက်ကလေးတွေ ထိုင်ကြည့်နေရတာကိုက အရသာရှိနေရော…..