. မြ ရဲ့ သင်ပုန်း ၂၆-၁၂-၂၀၁၅
မြ အလည်သွားခဲ့သည်။
ကိန်းဘရစ်ချ် ဟု အမည်ခေါ်သောမြို့ သို့ ဖြစ်သည်။
ထိုနာမည် သည် မြတို့ ရွှေပြည်တွင်လည်း မစိမ်းလှ ဟု ဆိုပါမည်။
Duke of Cambridge သည် အင်္ဂလိပ်ပြည် မှ ဝီလျံမင်းသား ၏ title ဖြစ်၍ သူ၏ ကြင်ယာတော် မိန်းမ ကက်သရင်း(ကိတ်) သည် Duchess of Cambridge ဟု အမည်တွင်လေသည်။
သူတို့ နှစ်ယောက်၏ သားလေး နှင့် သမီးလေး တို့သည်လည်း Prince George of Cambridge နှင့် Princess Charlotte of Cambridge ဖြစ်လေတော့၏။
ထို ကမ္ဘ္ဘာကျော်အောင် လူချစ်လူခင်များသည့် မင်းဆွေ မင်းမျိုး များ ကိုးကွယ်သည့်ဘာသာ မှာ ဗုဒ္ဓဘာသာ မဟုတ်ပါ။
ဆိုလိုချင်သည်မှာ ထိုအမျိုးကောင်းသား/ အမျိုးကောင်းသမီးလေးတို့သည် အတိတ်က ပြုခဲ့သည့် ကောင်းသော/ မြင့်မြတ်သော စိတ်စေတနာ ဖြင့်သာ တင့်တင့်တယ်တယ် လူချစ်ခင်သော ဘဝ ကို ရခြင်းဖြစ်သည်။
လောကုတ္တရာအမှု မှာတော့ မြ မဝေဖန်လိုပါ။
သို့သော် လောကီအမှု ကို ကြည့်သော် ဘာသာကြောင့် ကောင်းသော ဘဝ ကို ရ နေခြင်း မဟုတ်ဟုသာ ဆိုချင်ပါသည်။ မိမိတည်မှီ နေသည့် အရပ်၊ ကိုးကွယ်သည့် ဘာသာ ထက် ရောက်သည့်နေရာမှာ နီးသည့်သူ ကို ချစ်ခင်ကြင်နာစွာ ရိုင်းပင်း ကူညီစောင့်ရှောက်ခြင်း၊ စိတ်နှလုံး ကို အေးချမ်းစွာထားခြင်း၊ မေတ္တာစိတ်ပွါးခြင်း ကသာ မိမိတို့၏ ကံ ကို ကောင်းအောင် ပံ့ပိုးပေးနိုင်ပေသည် ဟု မြထင်မိတော့သည်။
ထားတော့။ လိုရင်း ကို ပြန်ကောက်သော် ကိန်းဘရစ်ချ် ဟု အမည်ကြားပါက ပထဆုံး ခေါင်းထဲ ဝင်လာသည်မှာ ပညာသင်ကြား ဆည်းပူးနိုင်သော တက္ကသိုလ်ကျောင်းကြီး များပင် မဟုတ်လော။
မှန်ပေသည်။ မြ တို့သည်လည်း ထို ကြီးကျယ်ခမ်းနားလှသော လောကဓာတ်ပညာ ဖြန့်ဝေရာ အဆောက်အဦ ကြီး များ ကို သွား၍ ငေးခြင်း ဖြစ်ပေသည်။
၎င်းတို့ အထဲ မှ King’s College နှင့် Queens’ College ဟုခေါ်သော အဆောက်အဦ ကြီး များ၏ ပုံကို မျှဝေလိုက်ပါ၏။
King’s College ကို တည်ထောင်သူဟာ အင်္ဂလန် ပြည့်ရှင်မင်းများထဲ မှ တစ်ပါး ဖြစ်သော Henry VI ဖြစ်သည်။
၁၄၄၁ ခုနှစ် က စတင်ဆောက်သည် ဟု ဆိုသည်။
Queens’ College ကို Henry VI ဘုရင် ၏ မိဖုရား Margaret of Anjou က ၁၄၄၈ တွင် တည်ထောင်သည်။
ထိုအချိန်သည် မြန်မာပြည် ၏ အင်းဝ ခေတ်ဖြစ်ပြီး မင်း မှာ မင်းရဲကျော်စွာ ဖြစ်သည် ဟု ဝီကီ ထဲတွင် တွေ့ပါသည်။
မြန်မာပြည်၌လည်း ရှေးနှစ်ပေါင်းများစွာ မှ ဗိသုကာလက်ရာများ မှာ ဘုရားတည်ထားမှုများ၌ မြင်နိုင်သည်။
တကယ်တော့ မြန်မာတို့၏ ဗိသုကာပညာစွမ်းသည် မြင့်မားကြောင်း ပုဂံဘုရား ပုထိုးများ ကို ကြည့်၍ ကောက်ချက်ချနိုင်သည်။
ထိုအချိန် က အုတ်နှင့်အခိုင်အခန့် ဆောက်လုပ်သည် မှာ ဘုရား များကို သာဖြစ်မည်ဟု ထင်မိသည်။
နန်းတော် ကိုပင် မြို့ရိုး မှ လွဲ၍ လူနေထိုင်ရာ အဆောက်အဦ များ မှာ သစ် ဝါး များနှင့်သာ တည်ဆောက်ခဲ့ကြသည်။
ထို့ကြောင့် အုတ်ကို သုံး၍ ခမ်းခမ်းနားနား တည်ဆောက်သော မြန်မာနိုင်ငံ ရှိ ရှေးဟောင်း လူနေ အဆောက်အဦ များ ကို ကြည့်ပါက သူတစ်ပါး ၏ကျွန်ဘဝ တွင် မှ တည်ဆောက်ပေးခဲ့သော အဆောက်အဦများသာ ဖြစ်နေလေသည်။
ဘာရယ်မဟုတ် ဘဲ မြ သည် ရှေးက မြန်မာ့ ရာဇဝင်ကြောင်း တစ်ခု ကို သတိရလိုက်၏။
“ကံရာဇာကြီး” နှင့် “ကံရာဇာငယ်” တို့၏ ဖခင်ဘုရင်ကြီး နတ်ရွာစံချိန် ထို ညီအစ်ကို နှစ်ယောက် နန်းလုကြ၍ မဟာပညာကျော် အမတ်မင်းများ ဖြေရှင်းပေးကြပုံ ဖြစ်သည်။
ဖြေရှင်းပုံမှာ ညတွင်းချင်း မဏ္ဍပ် (တစ်ချို့ က ဘုရား လို့ လဲ ဆိုကြ) ဆောက်ခိုင်းပြီး ပြီး ပထမဆုံး ပြီး သူ ကို ဘုရင်အဖြစ်လွှဲမည် ဆိုလေသည်။
ထိုတွင် “ကံရာဇာကြီး” က သူ့ အဆောက်အဦ ခိုင်အောင် စဉ်းစားပြီး ဆောက်ချိန် ညီ “ကံရာဇာငယ်” မှာ အဖြစ် အမြန်ဆောက်၍ ပြီးလေတော့၏။
ထို ရာဇဝင်ထဲ က ကြီးကြပ်သူ အမတ်မင်းများ သည် အဆောက်အဦ ကြံ့ခိုင်ရေးထက် အမြန်ပြီးရေး က ပိုအရေးကြီးသည်ဟု ယူဆခဲ့၏။
ထို အလေ့အကျင့် များ က ပင် မြတို့ ရွှေမြန်မာများ၏ အလုပ်လုပ်ရန် စိတ်ဓာတ်သည် ရေရှည်အကျိုး မျှော်ကိုးရေး ထက် ရေတို တဒင်္ဂသက်သာရေးကိုသာ ကြည့်တတ်ကြအောင် သင်ပေးခဲ့လေသလား အတွေးပွါးမိတော့သည်။
တစ်ဆက်တည်း သူများ အရပ်က The Three Little Pigs ဆိုသည့် သိုးဆောင်း ကလေးပုံပြင် တစ်ပုဒ် ကိုလဲ သတိရမိ၏။
ဝက်ညီအစ်ကိုလေးများ၏ အိမ် တစ်အိမ်စီ ကို ဝံပုလွေကြီးလာ၍ ဖျက်ကာ သူတို့ကို ကိုက်ဖို့ ကြိုးစားသည်။
အမြန်နည်းလိုက်ပြီး ဆောက်ထားသော ကောက်ရိုးအိမ်၊ သစ်ချောင်းအိမ် လေး တို့ မှာ အလွယ်ပင် ပျက်ကုန် သောကြောင့် ထို ဝက်လေး နှစ်ကောင် မှာ အုတ်ဖြင့် ဆောက်ထားသော ဝက်ကလေး အိမ်ဆီသို့ ပြေးကြရတော့လေသည်။
ထို အုတ်အိမ်လေး ကို မူကား ဝံပုလွေကြီး မဖျက်စီးနိုင်တော့ချေ။
အလုပ်လုပ်လျှင် အမြန်/အလွယ်ပြီး ရေးထက် ရေရှည် အတွက် ကို အင်အားစိုက်ထုတ်ပြီး လုပ်ထားပါမှ နောင်တစ်ချိန်တွင် အကျိုးအမြတ် ရလဒ်ကောင်းရနိုင်မည်ဟု ကလေး များ ကို ငယ်စဉ်ကထဲ က သင်ကြားပေးခဲ့ခြင်းဖြစ်လေတော့သည်။
မြင်ကြည့်ကြစေလိုသည်။
မြင်ကြည့်ကြစေလိုသည့် အကြောင်းမှာ အင်္ဂလိပ်များ ၏ ကလေးများ ကို လေ့ကျင့်ပညာပေး သော အကြောင်းများ နှင့် မြ တို့ ၏ ကလေးများ ကို သင်ကြား နေသော အကြောင်းများ ကွာခြားချက် ဖြစ်သည်။
မြတို့ အနာဂါတ် ကလေးများ အတွက် မြတို့ လူကြီး များ ကိုယ်တိုင် ၏ လက်တွေ့နှင့် ကွာဟ သည့် အကျိုးမရှိ သော အတွေးအခေါ် အဟောင်းများကို ချန်ထား သင့်ပြီ မဟုတ်ပါလော။
9 comments
kai
December 27, 2015 at 1:31 pm
ရေဗူးပေါက်တာမလိုချင်ဘူး..ရေပါတာပဲလိုချင်တယ်…ဆိုတာမလိုချင်ဘူး…
alinsett
December 28, 2015 at 9:39 am
modern coffee shop ထဲမှာ…
.ကော်ဖီခါးခါး တစ်ခွက် သောက်ရင်း…modern ကဗျာတွေ ထိုင်ရွတ်လိုက်ရ…
:k:
အောင် မိုးသူ
December 28, 2015 at 2:25 pm
အဲ့မြို့ကို သွားချင်တယ် မြရေ………
🙂
လုံမလေးမွန်မွန်
December 29, 2015 at 9:46 am
အရီးရေ.. ရောဂါပြန်တက်လာပြန်ပြီ .. 😥
မြစပဲရိုး
December 29, 2015 at 3:56 pm
ဆက်ဆက် နဲ့ မောင်အောင် တို့ တစ်နေ့ အဲဒီ ကော်ဖီဆိုင်မှာ ထိုင်ပြီး စကားလက်ဆုံ မကျနိုင်ဘူး လို့ ဘယ်သူမှ မပြောနိုင်ပါ။
တို့တွေ စိတ်ကူးထားလို့ ရပါတယ်။
မဖြစ်နိုင်တာတွေ ဖြစ်လာတတ်တာကဘဲ လောကကြီး ရဲ့ လှပမှု (သို့) ရက်စက်မှု တစ်ခုပါဘဲ။ 😉
ဘာလာလာ ဟန်မပျက် ခရီးဆက်တတ်ဖို့သာဘဲ။
လုံမကို သတိရမိပါ့။
အဲဒီ တက္ကသိုလ်တံဆိပ် အဝတ် တွေက လုံမ အတွက်။
ကိတ်မုန့် တွေ မြင်တော့ ပြေးသတိရတာ ဟို အစားပုတ်မလေး ဒေါ်ဇီဇီပေါ့။ :))
ဇီဇီခင်ဇော်
December 30, 2015 at 7:09 am
ပြောတော့မို့ပဲ..
Dark chocolate cake ကြီးး က စားးချင်စရာ ..
???
ဇီဇီခင်ဇော်
December 29, 2015 at 4:49 pm
ဇော်သန့်ရောက်နေတော့
စကားးပြောဖြစ်တဲ့ထဲ အစုံပဲ…
ဘာသာရေးး စိတ်နဲ့ ပတ်သက်ပြီးး ရေးးချင်စိတ်လေးးဖြစ်နေတာ..
ကိုယ် သိမြင်သလောက် နည်းးနည်းးလေးးနဲ့ ဆွေးနွေးချင်စိတ်ပေါက်နေတယ်..
ကိန်းးဘရစ် ရယ်လို့ ကြားးလိုက်ရရင်တော့
ဘဝမှာ ပထမဆုံးး ရတဲ့ အိပ်ဆောင် ဒစ်ရှင်နရီလေးးကို ပဲ ပြေးမြင်တယ် ..
:k:
E-မြောက်မြောက်
December 29, 2015 at 8:40 pm
ဘောတူပါတယ် အူးလေး
ဂျက်စပဲရိုး
January 11, 2016 at 10:26 am
ဆရာ ဇော်ဂျီ ရဲ့ “ကောက်ရိုး သင်္ခါရ နှင့် သံ သင်္ခါရ” ဆိုတဲ့ စကားလေး ပြန် သတိရတယ်။