Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တစ်ခြားသူ ရေး တဲ့ စာ – (ဒီမိုကရေစီအစိုးရနှင့် လူထုဆန္ဒ) မေလ ၂၂ရက်၂၀၁၆ခုနှစ်

ရေးသားသူ – ကိုဌေးနိုင် (2011+ publishing မှ)

ဒီမိုကရေစီ အစိုးရတွေအဖို့ လူထုရဲ့ တစ်ခဲနက် ထောက်ခံမှုဆိုတာ အရေးပါတဲ့ နိုင်ငံရေး “မတည်ငွေ” ပဲ။
အရင်းများများရှိရင် ခြေလှမ်းကျယ်ကျယ် လှမ်းနိုင်မယ်။ ဒါပေမဲ့ တစ်ခဲနက်ထောက်ခံတဲ့ လူထုကြီးရဲ့ ဆန္ဒအတိုင်း နေရာတိုင်းမှာ ဦးဆောင်နိုင်ဖို့ကတော့ လွယ်မယောင်နဲ့ ခက်တဲ့ စိန်ခေါ်ချက်လို့ နိုင်ငံရေး သရုပ်မှန်ဝါဒီ မော်ဂန်သော (Morgenthau) ကဆိုတယ်။
နိုင်ငံ့ခေါင်းဆောင် (statesman) အရည်အသွေးရှိတဲ့ အစိုးရအကြီးအကဲတွေဟာ အမြှော်အမြင်နဲ့ ပြတ်သားတဲ့ ဦးဆောင်မှု ပေးနိုင်သူများဖြစ်ပြီး တဒင်္ဂဆူပွက်လာတဲ့ လူထုဆန္ဒထက် နိုင်ငံတော် တည်ဆောက်ရေးအတွက် ရေရှည်အကျိုးရှိတာတွေကို ဦးစားပေး ရွေးချယ်ကြတယ်လို့ ဆိုတယ်။ ဒီနေရာမှာ ဂျော့ဝါရှင်တန်ဟာ ထင်ရှားတဲ့ ဥပမာဖြစ်တယ်။

၁၇၉၃ ခုနှစ် အမေရိကန် လွတ်လပ်ရေးဖခင် ဂျော့ဝါရှင်တန် သမ္မတသက်တမ်း ဒုတိယအကြိမ် တာဝန်ထမ်းနေချိန်။
လွတ်လပ်ရေး တိုက်ပွဲများအတွင်း အမေရိကန်ဘက်မှ အကြီးအကျယ် ထောက်ပံ့ခဲ့တဲ့ ပြင်သစ်မှာ တော်လှန်ရေး အစိုးရက နန်းကျဘုရင် လူဝီ၁၆ကို ကွပ်မျက်ပြီးနောက် ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ အင်္ဂလန်နဲ့ ဟော်လန်ကို စစ်ကြေညာတယ်။ အမေရိကန် ပြည်သူတွေကလည်း ပြင်သစ်ဘက်က ရပ်တည်ပြီး ဗြိတိသျှတို့ကို စစ်ကြေညာဖို့ သမ္မတကို တိုက်တွန်းတယ်။ ပြင်သစ်ကို ကျေးဇူးဆပ်ဖို့ အခွင့်အရေးပေါ့။
ဒါပေမဲ့ ဂျော့ဝါရှင်တန်က ကြားနေတာ အကောင်းဆုံးလို့ ဆုံးဖြတ်ပြီး စစ်ပွဲမှာ ဝင်မပါခဲ့ဘူး။
“တို့အစိုးရအနေနဲ့ (အမေရိကန်) နိုင်ငံသားတွေကို ကာကွယ်ဖို့ အစွမ်းကုန် လုပ်ရမယ်။ ပါဝါနှစ်နိုင်ငံ စစ်ပွဲမှာ ကြားညပ်လို့မဖြစ်ဘူး” လို့ သမ္မတက နိုင်ငံခြားရေးဝန်ကြီး ဂျက်ဖာဆင်ထံ စာရေးတယ်။

လွတ်လပ်ရေးအတွက် ဂျော့ဝါရှင်တန်နောက်မှာ တစ်ခဲနက်ထောက်ခံခဲ့ကြတဲ့ အမေရိကန် လူထုဟာ စစ်မကြေညာတဲ့ သူတို့သမ္မတကြီးကို ကန့်ကွက်ကြတဲ့အပြင် အိမ်ထဲကနေ ဆွဲရမ်းမောင်းထုတ် ပစ်လိုက်ဖို့ ခြိမ်းခြောက်တဲ့အထိ ဒေါသတကြီး တုန့်ပြန်ခဲ့သတဲ့။ ဒါပေမဲ့ နောက်ဆုံးမှာ ပြင်သစ်တွေကိုယ်တိုင် အမေရိကန်ရပ်တည်ချက်ကို နားလည်လက်ခံသလို လူထုဟာလည်း သူတို့ခေါင်းဆောင်ကို သဘောပေါက်သွားတယ်ဆိုပဲ။
ဒီအကြောင်းကို ၁၉ရာစု ပြင်သစ်နိုင်ငံရေ;တွေးခေါ်ရှင် တော့ကဗီ (Alexis de Tocqueville) က Democracy in America စာအုပ်မှာ ခုလို မှတ်ချက်ပေးတယ်။

“ကြီးမားသည့် အဟန့်အတားများအား ကျော်လွှားပြီး ဒီမိုကရေစီကို အလုပ်ဖြစ်အောင် အကောင်အထည် ဖော်ရန်မှာ တာဝန်ယူမှု အသေးစိတ်ကို ထိန်းကျောင်းနိုင်မှ၊ ပုံတစ်ခုပေါ်လာသည်အထိ တောင့်ခံထားနိုင်မှဖြစ်မည်။
x x x x x နှိုင်းနှိုင်းချိန်ချိန် လုပ်ရန်ထက် ဒီမိုကရေစီကို (လူထု၏) သွေးခုန်နှုန်းအတိုင်း နာခံစေရေး၊ ရင့်ကျက်ဒီဇိုင်းပုံစံကို စွန့်ခွာပြီး လက်ငင်းပေါ်လာသည့် ဆန္ဒအတိုင်း အာသာပြေ သုံးစွဲရေး စသည့် ဖိအားများကို ပြင်သစ်တော်လှန်ရေး ဖြစ်ပွားလာခြင်းနှင့် ဆက်စပ်ပြီး အမေရိက၌ အထင်အရှား တွေ့ရသည်။
x x x x x ပြင်သစ်တို့ကို သနားလိုက်လေခြင်းဟုဆိုကာ ကြမ်းကြမ်းတမ်းတမ်း တစ်ဖက်သတ် ကြေညာမည့်၊ အင်္ဂလန်ကို စစ်ကြေညာမည့် အမေရိကန်လူထုကို ခေါင်းမာသည့် ဝါရှင်တန်က သူ့အရှိန်အဝါ ကျော်ဇောဂုဏ်ကိုသုံးကာ တားနိုင်ခဲ့ခြင်းဖြစ်သည်။
သို့တိုင်ပင် ရက်ရောသော်လည်း စေ့စေ့စပ်စပ် မရှိလှသည့် ဇောကပ်နေသော လူထု၏ ဆန္ဒကို အားစိုက်ငြင်းပယ် လိုက်ရသည့် ထိုပုဂ္ဂိုလ်ကြီးခမျာ ၎င်း၏ဩဇာအာဏာ ထိုတစ်ချီတည်းနှင့်ပင် ခန်းခြောက်သွားမတတ် ဖြစ်ခဲ့ရသည်အထိ အများစုက သူ့ပေါ်လစီကို ဆန့်ကျင်ခဲ့ကြသည်။ သို့သော် အားလုံးပြီးသွားသည့် အခါတွင်မူ တစ်နိုင်ငံလုံးက ဝိုင်းထောက်ခံကြတော့သည်။”

မော်ဂန်သော ကတော့ ပေါ်ပြူလာ လူပြိန်းကြိုက် နိုင်ငံရေး ဟာ ခုရေတွင်းတူး ခုရေကြည်သောက်ဖို့ အာရုံထားတယ်လို့ဆိုတယ်။ မနက်ဖြန်ထိ စောင့်ရမယ့် တကယ့်အကျိုးအမြတ်ကို တဒင်္ဂအမြတ်ထုတ်ရခြင်းနဲ့ စတေးပစ်တယ်လို့ ဆိုတယ်။
၁၉၈ဝ ပြည့်နှစ်တွေတုန်းက သမ္မတ ဂျင်မီကာတာ တီဟီရန်သံရုံး ဓားစာခံကိစ္စ ကိုင်တွယ်ပုံကို ဥပမာပေးတယ်။ ဒီနေ့ခေတ်ဆိုရင် သမ္မတ အိုဘားမားရဲ့ အလုပ်မဖြစ်တဲ့ ဂွာတာနာမိုအကျဉ်းစခန်း ပိတ်သိမ်းရေးတို့၊ ယနေ့အထိ မီးခိုးကြွက်လျှောက် လိုက်နေတဲ့ လစ်ဗျားမှာ ဝင်ပါပြီး တစ်ပိုင်းတစ်စနဲ့ လက်ရုတ်လိုက်တဲ့ ကိစ္စတို့၊ ဆီးရီးယားကိစ္စ စသဖြင့် လူထုထောက်ခံမှု နောက်ကိုလိုက်ခဲ့တဲ့ ဥပမာတွေ ထွက်လာမယ်ထင်ရဲ့။

စာရင်းချုပ်ရရင် သရုပ်မှန် ဝါဒအရ နိုင်ငံတစ်ခုရဲ့ ပါဝါကို တိုင်းတာတဲ့နေရာမယ် စီမံအုပ်ချုပ်တဲ့ အစိုးရရဲ့ ကွာလတီ အရည်အသွေးဟာလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ ဒီနေရာမှာ လူထုဆန္ဒကို အလိုလိုက် အကြိုက်ဆောင်ခြင်းထက် ကိုင်တွယ်ထိန်းကျောင်းပြီး ဦးဆောင်မှု ပေးနိုင်ခြင်းသည်သာ ကွာလတီ အစိုးရရဲ့ အင်္ဂါရပ်ဖြစ်တယ် ဆိုတာပဲ။
Reference:
– Politics Among Nations (sixth edition) by Hans J. Morgenthau, revised by Kenneth W. Thompson.
– George Washington and the American Revolution By Kim S. Collie

Ko Htay Naing
‪#‎POLITICAL_SCIENCE_2011‬+

11 comments

  • မြစပဲရိုး

    May 23, 2016 at 1:18 pm

    မနေ့ထဲ က တင်ဖို့ပါ။ သူကြီးမင်း ရွာထဲ သော့ခတ်သွားလို့ ဝင်မရခဲ့လို့။
    ကိုယ် မမှီလို့ မရေးတတ်တဲ့စာ ကို သူများ ရေးထားတာ တွေ့လို့ သဘောကျလို့ ရွာထဲ မျှပါတယ်။
    အရင်က ရွာထဲ ပြန်ဝန်(ဟောင်း) ဝင်ဖတ်သတဲ့။ (သူကြီး ပြောတာဘဲလေ)
    အခုလဲ ဆရာဖေတို့၊ ကွီးဖြိုး တို့ များ မျက်စိလည် ရောက်လာမလားလို့။
    သူကြီးတို့ က ပေါက်တယ်လေ။ 😉

    • ဂျစ်စူ

      May 23, 2016 at 1:54 pm

      ပေါက်တော့ပါက်တယ်
      ဒိုင်က ရက်တရာ စီမံချက်ထဲပါသွားလို့
      အလျော်မရဘူး

      ခုအစိုးရ ကွာလတီက အင်ထနေရှင်နယ် စံချိန်မီ ခွာလထီ ကွ
      မယုံစောင့်ကျိ ငိငိ

  • Thint Aye Yeik

    May 23, 2016 at 1:19 pm

    NLD က အခု လူထုတစ်ရပ်လုံးရဲ့ ဆန္ဒကို လိုက်မလိုလို လုပ်ပြခဲ့ပြီးမှ
    သင့်တော်မယ်ထင်ရာကို ဇွတ်တရွတ် လုပ်ချသွားတတ်တဲ့ အစိုးရလို့တော့ မြင်နေမိပြီ။
    (သင်္ကြန်မဏ္ဍပ်နဲ့ကွီးဖြိုး ဖြစ်စဉ်ကို ရှုခြင်းအားဖြင့်)

    အစိုးရကောင်းတွေမှာ ရှိသင့်တဲ့ကွာလတီ အခုမေမေအစိုးရဆီမှာ ရှိကိုရှိတယ်လို့
    ထင်ကိုးးးးထင်နေတာကတော့ မတတ်နိုင်ပုစ်

    :k:

  • မြစပဲရိုး

    May 23, 2016 at 1:32 pm

    Ko Htay Naing
    Yesterday at 02:27 ·
    ရက် ၁၀ဝ စီးပွားရေးအစီအစဉ် ဘယ်လိုပုံဖော်မလဲ မကြားမိသေးပါ။

    ဒုတိယကမာ္ဘစစ် စတင်ချိန်မှာ အမေရိကဟာ အဆိုးဆုံး စီးပွားရေးပျက်ကပ်မှ ရုန်းထနေချိန်။ ကိန်း (John Maynard Keynes) အစရှိတဲ့ စီးပွားရေးပညာရှင်တွေက အခွန်တိုးကောက်ဖို့၊ လူတိုင်း ငွေမစုမနေရ အစီအစဉ် စတာတွေကို တိုက်တွန်းတယ်။ ဒါတွေကို ဘေးဖယ်ပြီး သမ္မရူစဗဲ့နဲ့ ဘဏ္ဍာရေး ဝန်ကြီးက စေတနာ့ဝန်ထမ်း ငွေတိုက်စာချုပ်တွေ တပြည်လုံးမှာ ရောင်းတယ်။ $25 တန် စာချုပ်ကို $18 နဲ့ ရောင်းတယ်။ စစ်အတွင်းမှာ အမေရိကန်ပြည်သူ ၈၅ သန်းမှ ဒေါ်လာ ၁၈၅ ဘီလျံမျှရှိတဲ့ ငွေတိုက်စာချုပ်တွေ ဝယ်ယူခဲ့ပြီး စစ်အတွက် စက်မှုလုပ်ငန်းတွေ ထူထောင်နိုင်ခဲ့တယ်။ စစ်အပြီးမှာတော့ ကမာ္ဘ့အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာတယ်။

  • uncle gyi

    May 23, 2016 at 4:06 pm

    ပူဆာနေတဲ့ကလေးကိုလူကြီးကဖြစ်သင့်တာပဲလုပ်ပေးရမှာ
    ကလေးပူဆာတိုင်းလုပ်ပေးနေရင်ကလေးပဲဘေးဖြစ်မှာ
    ကွ ျန်တော်တို့နိုင်ငံမှာဖြစ်သင့်တာကိုပဲလုပ်မဲ့အစိုးရတရပ်ရပြီလို့ယုံတယ်

  • ဂျက်စပဲရိုး

    May 24, 2016 at 8:38 am

    ကိုယ်ပဲ သတင်းတွေ သိပ် မဖတ်ဖြစ်လို့လား မသိဘူး။
    လုပ်သင့်တာကို လုပ်တယ်
    ဒါပေမယ့် ဘာလို့ လုပ်သလဲ ဆိုတာကို ပြည်သူ တွေကို သိပ် မရှင်းပြဘူးလားလို့ရယ်။
    လုပ်တာမှန်တယ် လုပ်သင့်တယ် ဖြစ်သင့်တယ်
    ဒါမဲ့ ပြည်သူတွေက သေချာ နားမလည်တော့ကာ သူများတွေ နင်းပြီး ပြောစရာ အကွက်တွေကို ရလို့…
    အဲ့လိုကြီး မြင်နေတယ်
    (ဖဘ ပေါ်မှာ သူများတွေက မေမေ ရွှေ့တဲ့ အကွက်လေးက ဘယ်လို လှတာ။
    မေမေ က ဘာလို့ ဒီလို လုပ်တာ
    ဘယ်သူက ဘယ်လို
    ဘာ လုပ်ရပ်တွေရဲ့ နောက်မှာ ဘယ်လို ရှိတယ် ဆိုပြီး ရှင်းပြနေကြလဲ
    ဒါတွေက official channel မဟုတ်တော့ကာ)

    • Tawwin Pan

      May 24, 2016 at 9:51 am

      အခြားသူတွေကရှင်းပြတယ်ဆိုလည်း သူတို့အမြင်နဲ့စိတ်ကူးကိုပဲ ပြောပြကြတာလေ။
      တကယ့်နောက်ကွယ်မှာ ဒီထက်ပိုနက်တဲ့အကြောင်းတွေရှိမှာဆိုတော့ တခုခုဆို ရှင်းပြသင့်တယ်ထင်တယ်။

  • ကထူးဆန်း

    May 24, 2016 at 9:49 am

    လွှတ်တော် အမတ် တွေ ကို ပေးဖတ် သင့် တာပါ ဗ ျ … အစိုးရ အလုပ်က မစရသေးဘူး ..သူတို့က စ လူထု ကြား ပေါါ်ပြူ လာဖြစ်အောင် လူထု အက ျို းဆောင် နေပါတယ် ဖြစ်အောင် တက ျီက ျီ လုပ် နေကြ သလား လို့ ….
    ဘာမှန်းမသိသေးတဲ့ ဝန်ကြီးတွေ ခင်ဗျာ လွှတ်တော် ထဲ လာဖြေနေရတော့ အရင် အတိုင်း ရေရေရာရာ မရှိ ထူးမခြား နား ဖြေ နေရတာ အချိန်တွေ လည်းပုပ် လူပြောစရာလည်းဖြစ် နဲ့ ..
    သည်းခံ .. သည်းခံ …

  • “ လူထုဆန္ဒကို အလိုလိုက် အကြိုက်ဆောင်ခြင်းထက် ကိုင်တွယ်ထိန်းကျောင်းပြီး ဦးဆောင်မှု ပေးနိုင်ခြင်းသည်သာ ကွာလတီ အစိုးရရဲ့ အင်္ဂါရပ်ဖြစ်တယ် ” ဆိုတာကို NLD အစိုးရသိမှာပါ
    .ဒါပေမဲ့ပြည်သူလူထုကိုပါနားလည်လာအောင် သက်ဆိုင်ရာဒေသလွှတ်တော်ကိုယ်စားလှယ်တွေက
    .ပြည်သူတွေနဲ့ထိတွေ့ပြီးစည်းရုံးရှင်းလင်းပြသင့်တယ်…

  • မြစပဲရိုး

    May 26, 2016 at 4:01 am

    မောင်ဂျစ်စူ
    ပေါက်တာ ကိုအလျော်မရ ရင် မရမချင်း စန္ဒာပြ တောင်းဆိုဖို့ သူကြီးမင်းအား မီးထိုးပေးလိုက်ကြပါလေ။

    ဆက်ဆက်
    ဒီနေ့ 7Day ထဲမှာ ဖတ်ရတဲ့ မောင်သာချိုရဲ့ “ဇောက်တိဇောက်ထိုး စာတစ်စောင်နဲ့ သူရဲကောင်းအမေ” ဆောင်းပါးလေး ကို ဖတ်ပြီး
    သူများတွေက အသုံးမကျဘူးထင်နေတဲ့ အသုံးမကျဖြစ်နေသူတွေ ကို အရောင်တင်ပေးဖို့ ကြိုးစားနေတဲ့ တို့များရဲ့ သူရဲကောင်းအမေ ကိုဘဲ မြင်နေမိတော့တယ်။
    အဲဒီထဲက တကယ်ပြောင်မြောက်လာမှာ ဘယ်နှစ်ယောက်ရှိမလဲ သိချင်စမ်းပါ့။

    အန်ကယ်ကြီး ရေ
    ကျွန်မတို့ ရွှေပြည်မှာ က ငိုပြတဲ့ ကလေး မုန့်ပိုရတယ်ဆိုတဲ့ ကလေးတွေး တွေ နဲ့ လူကြီး တွေ မို့ ပိုခက်နေရော။

    မောင်ဂျက်၊ တော်ဝင်ပန်း နဲ့ မိုက်မိုက်
    အသွင်ကူးပြောင်း နေတဲ့ ကာလ အစ မှာ ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ် နဲ့ လုပ်ရပ် တွေ က ချက်ခြင်းပြောင်းဖို့ခက်မယ်။
    အစိုးရ က ထိပ်ပိုင်းသာပြောင်းတာ အလယ်နဲ့ အောက်လူ တွေ က လက်ဟောင်းတွေလေ။
    သူတို့ က တကယ်အလုပ်လုပ်နေသူ တွေလို့ ခေါ်နိုင်မှာပါ။ ဒီတော့ သူတို့ ဘာတွေ ဘယ်လို လုပ်နေကြသလဲ ဆိုတာ ကို ထိပ်ပိုင်း က အရင် မေးမြန်း စီစစ် ပြီးမှ ပြင်သင့် ပြောင်းသင့်တာ တွေ ကို ပြင်ရ ပြောင်းရ မှာမို့ အချိန်ကာလ နဲနဲ တော့ ယူရမှာပါ။
    လောလောဆယ် မှာ ဘဏ္ဍာတိုက် ကို မထိပါး မခိုး မဝှက် ကြရင်ဘဲ အတော်ကြီး ကို ဟုတ်ပြီ ပြောရမယ်။
    ဒီနေ့တောင် သတင်းတွေထဲ ကျူးကိစ္စ၊ လော်ကိစ္စ တွေ စကိုင်ပြီ လို့ ပြောတာဘဲ။

    ကထူးဆန်း
    ဟုတ်ပါတယ်။
    ကျွန်မ လဲ ဒီ လွှတ်တော်အမတ် တွေ ဆီက အရမ်းကြီး မျှော်လင့်မထားပါဘူး။
    ဒီ သက်တမ်းမှာ နာမည်မပျက် အောင် နေဖို့ သာကြိုးစားသင့်ပါတယ်။
    အခုဟာက ကိုယ့်မြို့ရွာ တိုးတက်ဖို့ ကို အာရုံထားရပေမဲ့ တစ်ပြည်လုံး အတိုင်းအတာ အနေနဲ့ အရင် အသားကျအောင် ညှိလုပ်ရဦးမှာပါ။
    ကိုယ့် လိုဘ ဘဲ အတင်းကြည့်လို့ မရသလို ဘာမှမပြောမဆိုဘဲ ပစ်ထားလို့ မဖြစ်ပါဘူး။
    လောလောဆယ်မတော့ အစိုးရ ကို သိပ်ပြီး ဖိအား မပေးသင့်သေးတဲ့ အချိန်ပါ။
    ကကြီးမိုက် ပြောသလို အစိုးရကိုယ်စား “သက်ဆိုင်ရာဒေသလွှတ်တော်ကိုယ်စားလှယ်တွေက.ပြည်သူတွေနဲ့ထိတွေ့ပြီးစည်းရုံးရှင်းလင်းပြသင့်တယ်” ဆိုတာ လက်တွေ့အကျဆုံးပါဘဲ။

    တစ်ချိန်လုံး ခိုး နေပြီး အလုပ်ကောင်းကောင်း မလုပ်တဲ့ အိမ်အကူ ကို အလုပ်ဖြုတ် ပြီး ကိုယ်တိုင် ဝင်ကြဲ နေရသလို တွေးကြည့်ပေါ့။
    ကလေး တွေ က ဗိုက်ဆာ၊ မီးဖိုချောင် ထဲ ဘယ်နေရာ ဘာရှိမှန်းမသိသေး၊ ဆန်က ကုန် ၊ ဝယ်လာတဲ့ ပေါင်မုန့်ကိုလဲ မကြိုက်ဘူး ဂျီးထူသူကရှိ၊
    ဈေးပြေးဝယ်ဖို့ ကလဲ မိုးကကြီး၊ ကားတွေက ကြပ်၊ မီးကပျက် ရေက ပြတ် စသဖြင့်ပေါ့။

    Bottom line ကတော့ ခိုးမဲ့ သူ မရှိလို့ ပိုလာတဲ့ ပိုက်ဆံ နဲ့ အသားကျသွားချိန် နောက်ပိုင်း ပိုကောင်းတဲ့ အစား တွေ စားရတော့ မှာကို ယုံ ကြပါလို့ ဆိုချင်ပါတယ်။

    ဒီနေရာ မှာလဲ “လက်ရှိ နေရာ ရလာသူများလဲ ခိုးနိုင်တယ်” လို့ သံသယ ဖြစ်လို့ ရပါတယ်။
    သို့ပေမဲ့ တော်ရုံ လေး အသိရှိရင် ဘဲ သူတို့ မလုပ်ရဲ လောက်ပါဘူး။
    အဲဒါကို နမူနာ ထပ်ပြောရရင်
    “ဒီ မိန်းမ အခုတော့ ပုံပျက် ပန်းပျက်ဖြစ် နေပြီဟ” လို့ ကိုယ့် ကို တစ်ချိန်က ပိုးခဲ့ ပန်းခဲ့သူများ လှောင်မှာ စိုးရင်ဖြင့် ….
    စားချင်ရင်တောင် ဖြောင့်ဖြောင့်မစားနိုင်တဲ့၊ အစားကောင်း တွေကို မြင်သာမြင် မကြင်ရဲတဲ့ ပြိတ္တာ လို ဘဝမျိုး လိုပေါ့။ ( I wish)
    lol:-)))) 😉

  • kai

    June 1, 2016 at 12:20 am

    အင်း..
    အစောင်၈ဝလောက်ယူလာပြီး.. မြန်မာပြည်မယ်.. ဝေလိုက်တာ.. ကိုယ့်ရွာသူားတွေတောင်အကုန်မရ..။
    ရောက်စေချင်တဲ့သူ..တချို့ဆီတော့ ရောက်သွားတယ်ထင်ပါရဲ့…
    ဖတ်စေသတည်း.. ဖတ်ကြစေသတည်း..
    ရွာထဲလည်း.. ဝင်ဖတ်ကြစေသတည်း.. :k:

Leave a Reply