“လာစေသင့်၏ မသင့်၏ ဆွဲဆာင်သင့်၏မသင့်၏ “
“လာစေသင့်၏ မသင့်၏ ဆွဲဆောင်သင့်၏ မသင့်၏”
ပြီးခဲ့တဲ့လက ရန်ကုန်ရောက်တော့ ဓါတ်ဆရာအဖွဲ့နဲ့ သံလျင်တစ်ဖက်ကမ်းက မီးပြတိုက်ကို
သွားဘို့စီစဉ်ကြပါတယ်။
မီးပြတိုက်အသွားမှာ ကျိုက်ခေါက်စေတီနားရောက်တော့ ကျနော်က နတ်ရှင်နောင် အုတ်ဂူကို
ဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာတာနဲ့ လိုက်ပို့တဲ့မိတ်ဆွေကိုပို့ပေးဘို့ပြောလိုက်ပါတယ်။
၂၀၁၂ တုံးက ကျနော်ကျိုက်ခေါက်စေတီကိုရောက်ခဲ့ပေမယ့် ဒီဂူ ကို မရောက်ခဲ့ပါဘူး။
ဒါနဲ့ဘဲဘုရားပုရဝုဏ်ထဲမှာကားရပ်ပြီး အုတ်ဂူရှိတယ်ဆိုတဲ့စောင်းတန်းဘက်ကိုသွားခဲ့ပါတယ်။
စောင်းတန်းပေါ်ကဆင်းကတည်းက ခန့်ထည်တဲ့အုတ်ဂူကြီးကိုမြင်နေရပါတယ်။
အုတ်ဂူ ပါတ်ပါတ်လည်ကိုတော့ သံဆူးကြိုးကာ ထားပါတယ်။
အထဲကို ဝင်ကြည့်ချင်တဲ့စိတ်ကြောင့် ဝင်စရာနေရာလိုက်ရှာတဲ့အခါ
ဝင်စရာအပေါက်တွေ့ပေမယ့် သော့ခတ်ထားတော့ အထဲကိုဝင်လို့ မရပါဘူး။
တံခါးပေါက်ရဲ့အတွင်းဘက်မှာတော့
“သတိပေးတားမြစ်ချက်”ဆိုတဲ့အနီရောင်ဆိုင်းဘုတ်ရယ် (စည်းကမ်းချက်တွေရေးထားပါတယ်)
“ နတ်ရှင်နောင်အထိန်းအမှတ်ဂူ ဘုရား “ဆိုတဲ့ နတ်ရှင်နောင်ရဲ့ကိုယ်ရေးမှတ်တမ်း
အတိုဆုံးကိုရေးထားတဲ့အပြာရောင်ဆိုင်းဘုတ်ကို တွေ့ရပါတယ်။
အခုတော့ ရှေးဟောင်းသုတေသနအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားတာကြောင့်
ဖြစ်မယ်ထင်ပါတယ်။
ခြုံနွယ်ပိတ်ပေါင်းတွေကိုရှင်းလင်းထားတာတော့သန့်သန့်ရှင်းရှင်းပါဘဲ။
အရင်ကတော့ မရောက်ဘူးတော့ ဘယ်လိုဆိုတာမပြောနိုင်တော့ပါဘူူး။
ကျနော်ဓါတ်ပုံရိုက်နေတုန်းမှာဘဲ အဲဒီဂူရဲ့အပေါ်ပေါက်ကနေ ခွေး
တစ်ကောင်ထွက်လာတာမြင်လိုက်ရပါတယ်။
ဟိုအရင်တစ်ချိန်တစ်ခါက နတ်ရှင်နောင်အတွက် အငြင်းပွားခဲ့ကြတာကိုတော့
ရေးရေးလေး မှတ်မိနေပါသေးတယ်။
အမျိုးချစ်သူများကတော့ နတ်ရှင်နောင်ဆိုတာ ပေါ်တူဂီလူမျိုးတိုင်းတပါးသားနဲ့
ပေါင်းပြီး တိုင်းပြည်ကိုသစ္စာဖောက်သူလို့ ဆိုခဲ့ကြသလို
အနုပညာမြတ်နိုးသူများကလည်း တိုင်းပြည်ကိုသစ္စာဖောက်တာမဟုတ်ဘူး
ပဒေသရာဇ်မင်းကိုသာ ဆန့်ကျင်ခဲ့တာ သူ့အနုပညာနဲ့ပဒေသရာဇ်ကို
မရောထွေးစေချင်ဘူးဆိုပြီး ပြန်လည်ကန့်ကွက်ခဲ့ကြပါတယ်။
အဲဒီစာပေတိုက်ပွဲတွေကြားမှာ နတ်ရှင်နောင်ဘဝသမိုင်းနဲ့အတူ
သူ့ရဲ့အုတ်ဂူပါ အများရဲ့မျက်မှောက်ကနေ ကွယ်ပျောက်သွားခဲ့ကြပါတယ်။
အခုနောက်ပိုင်းမှာတော့ ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးဆိုတဲ့အသံတွေ
ကျယ်လောင်လာမှ ပြန်လည်ထိန်းသိမ်းထားတာဖြစ်နိုင်ပါတယ်။
ကျနော်တို့နိုင်ငံဟာ ရှေးဟောင်းအမွေဆိုတာကို တန်ဘိုးမထားခဲ့ကြဘူူးလို့ဆိုချင်ပါတယ်။
ပုဂံမှာဆိုရင်လည်း လူမြင်ကွင်းမှာရှိနေတဲ့ဘုရားများကိုသာစောင့်ရှောက်ခဲ့ပေမယ့်
လူသူအရောက်အပေါက်နည်းပါးတဲ့နေရာက ဘုရားများမှာ တော့ ရှေးဘုရားတွေ
အုတ်ချပ်တွေ ပျောက်ဆုံးသွားခဲ့ တိုင်းတပါးကိုရောက်သွားခဲ့တာအများကြီးပါဘဲ။
ဒီအဖြစ်ဆိုးတွေကိုတကိုယ်တော် သုတေသီတွေက ပြန်လည်ဖော်ထုတ်လို့ သိလာရတာပါ။
ကိုယ့် တိုင်းပြည်က ရှေးဟောင်းပစ္စည်းကို ကာကွယ်ဘို့ဆိုတာ အုပ်ချုပ်သူ အစိုးရမှာ
တာဝန်ရှိတယ်လို့ ဆိုနိုင်ပေမယ့် အဲဒီအရပ်မှာ နေထိုင်ကြီးပြင်းသူများကလည်း
ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး ထိန်းသိမ်းစောင့်ရှောက်ဘို့လိုအပ်တယ်လို့ဆိုချင်ပါတယ်။
မန္တလေးမြို့မှာဆိုရင်လဲ ရှေးဟောင်းပစ္စည်းလို့ပြောနို်င်တဲ့ ရွှေတချောင်းအနောက်ဘက်
၂၂စီလမ်းမှာရှိတဲ့ ဆွေတော်မျိုးတော်သချို်င်း ဆိုရင်လဲ ၁၉၈၁ ဆိုင်းတန်းမီးလောင်အပြီးမှာ
လူနေအိမ်ခြေအဖြစ်ပြောင်းလဲပျောက်ကွယ်သွားခဲ့ပါတယ်။
တကယ်လို့သာရှိနေသေးရင် သမိုင်းမှတ်တမ်းတစ်ခုပေါ့။
နောက်တစ်ခုက ၁၉လမ်း လမ်း၈ဝဒေါင့်က စည်ရှည်တံတား(အများအခေါ်စက်ရှင်တံတား)
ကိုလည်း ဘာအကြောင်းကိစ္စမှမရှိဘဲ ဖျက်လိုက်ပါတယ်။
အချို့သောပစ္စည်းတွေက လက်ရှိမှာအသုံးမဝင်ပေမယ့် ပြန်လည်အစားမရနိုင်တာကတော့သေချာပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာရှေးဟောင်းစေတီပုထိုးဘုရား တွေ နန်းတော်အဆောက်အဦးတွေအများကြီး
ရှိပါတယ်။
မန္တလေးနန်းတွင်းမှာဆိုရင်လဲ ဘုရင် နဲ့ မိဘုရားရဲ့အုတ်ဂူတွေကခြုံနွယ်ပိတ်ပေါင်းတွေကြားမှာ
ရောက်နေတာ နှစ်ပေါင်းများစွာပါဘဲ။
အထင်ကရဖြစ်တဲ့ ဘုတ်တလုတ်ကန်ဆိုရင်လဲ လူလာချင်စရာမကောင်းအောင်ညစ်ပါတ်နေတာပါဘဲ။
ဒါတွေကိုသန့်ရှင်းအောင်လုပ်ပြီးနိုင်ငံခြားသားဧည့်သည်များကို ဆွဲဆောင်သင့်ပါတယ်။
မန္တလေး ပုဂံလို့ ထင်ရှားတဲ့နေရာမဟုတ်ဘဲ သီပေါမြို့လို မြို့ငယ်လေးမှာတော့ ပုဂံခေတ်က ဘုရား
ရှိတယ်ဆိုပြီး နိုင်ငံခြားသားတွေ တကူးတက လာကြည့်တာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။
သူများနိုင်ငံတွေဆိုရင်ရှေးဟောင်းပစ္စည်းတွေကို စောင့်ရှောက်ထားပြီး နိုင်ငံခြားသားများ
ရောကိုယ့်ပြည်တွင်းကလူပါလာရောက်လည်ပါတ်လေ့လာနို်င်အောင်ထိန်းသိမ်းစောင့်ရှောက်ထားကို
တွေ့ရပါတယ်။
မကြာသေးခင်ကမှ ကျနော်ရောက်ခဲ့တဲ့ဗီယက်နမ် နို်င်ငံမှာဆိုရင်
သူတို့ခေါင်းဆောင်ကြီးဟိုချီမင်းရဲ့ ရုပ်ကလပ်ကို ဆေးစိမ်ထားပြီး
အစောင့်အရှောက်တွေနဲ့စံနစ်တကျထားရှိပြီးနိုင်ငံခြားသားများလေ့လာနို်င်အောင်
ဗီယက်နမ်နို်င်ငံသားများ ဂါဝရပြုနို်င်အောင် စီစဉ်ထားရှိပေးထားပါတယ်။
(ကျနော်တို့နိုင်ငံက အာဇာနည်ကုန်းကိုတော့ အမြဲတံခါးပိတ်ထားတော့ ဝင်ပြီး ဂါဝရပြုချင်တာတောင်ပြုလို့မရ)
သူတို့နိုင်ငံရဲ့ပထမဆုံးတက္ကသိုလ်မှာ အောင်လက်မှတ်ကျောက်စာရှိရာနေရာတွေ
နှစ်ပေါင်းထောင်ကျော်ရှိနေတဲ့ဘုရားကျောင်းအစရှိတဲ့နေရာတွေ
ကိုလည်ပါတ်နို်င်အောင်စီစဉ်ပေးထားတာကိုတွေ့ရပါတယ်။
တကယ်တမ်းပြောရရင် ကျနော်တို့နို်င်ငံမှာရှိတဲ့ သဘာဝရူ့မြင်ကွင်းအလှအပတွေ
ရှေးဟောင်းအနုပညာတွေနဲ့နိုင်ငံခြားဧည့်သည်တွေကိုဆွဲဆောင်နိုင်တာအမှန်ပါဘဲ။
ကျနော်တို့နိုင်ငံမှာဆိုရင် အင်မတန်မှလှပတဲ့ ရေပြာအိုင်တွေ ရေတံခွန်တွေမြောက်များစွာရှိပါတယ်။
ဒါပေမယ့် သွားလာဘို့ ခက်ခဲပြီးအဆင်မပြေပါဘူး။
မန်းလေးမြို့ အရှေ့ဘက် ရဲရွာသွားတဲ့လမ်းမှာရှိတဲ့ ဒီးဒုတ်ရေပြာအိုင်ဆိုရင်အတော်လေးကိုလှပါတယ်။
ဒါပေမယ့် တောင်ပေါ်တက်တဲ့လမ်းမရှိပါဘူး။
တောင်ကျရေဆင်းတဲ့လမ်းက ကျောက်တုံးတွေပေါ်ကနေဖြတ်သွားရပါတယ်။
အဲတော့ ချော်လဲမှာစိုးရပြီး အန္တရာယ်မကင်းဘူးလို့ဆိုနို်င်ပါတယ်။
ဆယ်ထပ်အမြင့် မှာ အင်မတန်လှပတဲ့ရေပြာအိုင်ရှိပြီး ရေတံခွန်လည်းရှိပါတယ်။
ဘယ်လောက်လှလှ သွားလာရခက်ခဲမယ် အန္တရာယ်ရှိမယ်ဆိုရင် ဘယ်နို်င်ငံခြားသားမှမသွားပါဘူး။
မြန်မာပြည်မှာဆိုရင် အလွယ်သွားလို့ရတဲ့ ပြင်ဦးလွင်က ပွဲကောက်ရေတံခွန်အပါအဝင်
မြန်မာပြည်အနှံ့အပြားမှာရေတံခွန်ပေါင်းမြောက်များစွာ ရှိပေမယ့်သွားဘို့မလွယ်ကူတဲ့အတွက်
လူအများလည်ပါတ်ဘို့မရောက်နိုင်ကြပါဘူး။
တရုပ်ပြည်ရွှေလီမြို့ မြောက်ဘက် မိုင် ၄ဝလောက်မှာ မော်လိရေတံခွန်ရှိပါတယ်။
ရေတံခွန်အဝင်လမ်းမှာ ဝင်ကြေးပေးရပါတယ်။
လူတစ်ယောက်ယွမ်ငါးဆယ်ပါ။
သွားရာလမ်းတစ်လျှောက် အုတ်ခင်းလမ်း။
တောင်ပေါ်ကိုတက်မှန်းမသိတက်သွားနိုင်အောင်တံတားလေးတွေ
သစ်တောအုပ်ကလေးတွေတဲ့သာသာယာယာဖြစ်အောင်ဖန်တီးလို့ထားတာကိုတွေ့ခဲ့ရပါတယ်။
သူများနိုင်ငံက ခရီးသွားလုပ်ငန်းတိုးတက်စေဘို့အတွက်သူတို့ဆီကိုလာချင်အောင်
ဆွဲဆောင်ထားတာကတော့အတုယူစရာတွေချည်းပါဘဲ။
မန္တလေးကျောက်ဆည်အသွားလမ်းက ရှင်ပင်ဆပ်သွား နဲ့တမုဒ်ရွှေအင်ပင်
သုံးထပ်ရှေးဘုရားတွေဆိုရင် နိုင်ငံခြားသားများအတွက်လေ့လာစရာ
ဘုရားတွေဖြစ်ပါတယ်။
မြန်မာပြည်မှာဆိုရင် ကြိုးဆွဲရုပ်သေးပညာဆိုတာ ရှေးကျပြီး ထူးခြားတဲ့ပညာတစ်ခုပါဘဲ။
ဒီရုပ်သေးပညာကို မန္တလေးမြို့က ဒေါ်မမနိုင်ငံ မတိမ်ကော မပျောက်ပျက်အောင်ကျားကန်ပြီး
ထိန်းသိမ်းလို့ နေရပေမယ့် မြန်မာပြည်ရောက်လာရင် မဖြစ်မနေကြည့်ရူ့စရာဖြစ်မလာသေးပါဘူး။
ဗီယက်နမ်မှာ ရေပေါ်ရုပ်သေးကပွဲဆိုပြီး တခမ်းတနားနဲ့ပြသပါတယ်။
ခရီးသွားလာရေးလုပ်ငန်းထဲမှာလဲဒီရေပေါ်ရုပ်သေးပြပွဲကို မဖြစ်မနေထည့်သွင်းထားပါတယ်။
ကျနော်တို့သွားတဲ့ရက်က နိုင်ငံခြားသားတွေချည်းဘဲ ခန်းလုံးပြည့်ပါဘဲ။
ပွဲကြည့်ချိန်က ၄၅မိနစ်လောက်ရှိပါတယ်။
အခုတော့ ကျနော်တို့ မြန်မာ့ရုပ်သေးက ဟိုတယ်ထမင်းစားခန်းမမှာ
ဧည့်ခံတာလောက်ဘဲရှိပါတယ်။
မဖြစ်မနေကြည့်ရူ့စရာ ကဏ္ဍတစ်ခုအဖြစ်ကိုရောက်မလာသေးပါဘူး။
ကျနော်မရောက်ဘူးပေမယ့်သူများအပြောနဲ့ကြားဘူး တာကတော့
အခြားနို်င်ငံက တိုင်းရင်းသားကျေးရွာမျိုးတွေ နန်းတော်ဟောင်းတွေမှာဆိုရင်
သူတို့ ရဲ့ တိုင်းရင်းသားရိုးရာ အဝတ်အစားတွေ ရှေးဟောင်းအဝတ်အစားတွေဝတ်ပြီး
ဓါတ်ပုံရိုက်ဘို့ စီစဉ်ပေးထားတယ်ဆိုတာ သိရပါတယ်။
ကျနော်တို့နိုင်ငံမှာတော့ တိုင်းရင်းသားကျေးရွာတွေ နန်းတော်ဟောင်းတွေရှိပေမယ့်
ရှေးဟောင်းအဝတ်အစားတွေ ရိုးရာအဝတ်အစားတွေနဲ့ဓါတ်ပုံတွဲရိုက်ဘို့
စီစဉ်ထားတာကိုမတွေ့ရသလိုပါဘဲ။
ဒီလိုသာ စီစဉ်ပေးထားရင် သက်ဆိုင်ရာဝန်ကြီးဌာနအတွက်လဲ ဝင်ငွေတိုး
သလို အလုပ်အကိုင်မရှားပါးအောင်ဖြေရှင်းပေးရာလဲရောက်တယ်လို့တွေးမိပါတယ်။
ကျောက်ဆည်ဘက် က ဓါတ်တော်တောင်
ဘားအံ့ဘက်က ဆန္ဒန်ဂူ ဘုရင့်ညီနောင်ဂူ ကော့ကွန်းဂူ
တောင်ကြီးဘက်က ပင်းတယဂူ မြင်းမထိဂူ ထမ်ဆမ်းဂူ
ပြင်ဦးလွင်က ပိတ်ချင်းမြောင်ဂူ အစရှိတဲ့ဂူတွေကို ကျနော်ဓါတ်ပုံရိုက်ဘို့အတွက်ရောက်ဘူးပါတယ်။
ဒီဂူတွေမှာဆိုရင် အများအားဖြင့် မဲမှောင်စိုစွတ်လို့နေပါတယ်။
ထုံးကျောက်ဂူတွေဖြစ်တာရယ် ရေစိမ့်တာကြောင့်ရယ်ပေါ့။
အချို့နေရာတွေက ကျဉ်းလွန်းတော့ ခေါင်းမထိခိုက်မိအောင်သတိထားသွားရပါတယ်။
နောက်မီးကြိုးတွေသွယ်ထားတာကလဲ ဓါတ်ကြိုးတွေကမသေမသပ်။
ဗီယက်နမ်က ကျနော်ရောက်တဲ့ထုံးကျောက်ဂူမှာဆိုရင် မီးတွေကို
ကျောက်ခွက်တွေကြားထဲမှာမြုတ်ပြီးရောင်စုံထွန်းထားပါတယ်။
အဲ့တော့ ဓါတ်ပုံရိုက်တဲ့အခါ အင်မတန်လှပတဲ့အရောင်တွေကိုရပါတယ်။
မြန်မာပြည်မှာရှိတဲ့ကျောက်ဂူတိုင်းမှာတော့ အလင်းရောင်အားကောင်းတဲ့
မီးတွေကိုထွန်းထားတော့ ဓါတ်ပုံရိုက်တဲ့အခါ အလင်းတွေပြန်ပြီးလှသင့်သလောက်မလှတာအမှန်ပါဘဲ။
ကျောက်ဂူခြင်းယှဉ်ကြည့်ရင် မြန်မာပြည်က ဂူတွေက ကျောက်ပန်းဆွဲတွေ
ကျောက်ခက်တွေ ကျနေတာက ပိုပြီးလှပါတယ်။
ကိုယ့်ငါးချဉ်မို့ကိုယ်ချဉ်တယ်လို့ ပြောရင်လဲ ပြောလို့ရပါတယ်။
ဒါပေမယ့် အဲဒီနေရာတွေကို သွားလာဘို့ ခက်ခဲတာကြောင့် နိုင်ငံခြားခရီးသွားတွေကို
လာဘို့ မဆွဲဆောင်နိုင်တာအမှန်ပါဘဲ။
လာရင်တောင်မှ လာတဲ့ အရေအတွက်နည်းပါးပါတယ်။
အဲတော့ အများပြောသလို မီးခိုးမထွက်တဲ့ စက်ရုံတွေက နေ ဝင်ငွေကောင်းဘို့အတွက်
ခရီးသွားလုပ်ငန်းကို မြင့်တင်ဘို့လိုပါတယ်။
ဒီခရီးသွားလုပ်ငန်းမြင့် ဘို့ အတွက် သွားလာရေးလွယ်ကူ သက်သာဘို့လိုပါမယ်။
ဒီလိုဖြစ်အောင်ကတော့ ခရီးသွားလုပ်ငန်းနဲ့လုပ်ကိုင်နေကြတဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေရယ်
နိုင်ငံတော်အစိုးရဘက်က ခရီးသွားလုပ်ငန်းနဲ့သက်ဆိုင်တဲ့ဝန်ကြီးဌာနရယ်
ယဉ်ကျေးမူ့ဝန်ကြီးဌာနနဲ့ရှေးဟောင်းသုတေသန ဌာနရယ် ပေါင်းစုပြီး
ဝိုင်းဝန်းလုပ်ဆောင်ဘို့လိုအပ်တယ်လို့ထင်မိပါတယ်။
အလည်အပါတ်လာရောက်လိုသူများအတွက် သွားလာရေးလွယ်ကူအောင်လုပ်မယ်။
ထိုက်သင့်တဲ့ဝင်ကြေးလဲယူမယ်။
သာယာစိုပြေပြီးလာချင်စဖွယ်ဖြစ်အောင်လည်းလုပ်မယ်ဆိုရင်
အလည်သက်သက်လာရောက်သူများအပြင် ဓါတ်ပုံရိုက်ချင်တဲ့ သူတွေကိုလဲ ဆွဲဆောင်နိုင်ပါတယ်။
ကမ္ဘာအနှံ့အပြားမှာ လှပ တယ်ဆို တဲ့ နေရာတွေကို လိုက်လံ ရှာဖွေမှတ်တမ်းတင်နေတဲ့
ဓါတ်ပုံမုဆိုးတွေကလဲ ခရီးသွားလာရေးလုပ်ငန်းအတွက် အင်မတန်ကျယ်ပြန့်တဲ့ဈေးကွက်
ကြီးတစ်ခု ဖြစ်တယ်ဆိုတာကိုတော့ အကြံပေးချင်ပါတယ်။
သူတို့ကြာကြာနေလေ နိုင်ငံခြားဝင်ငွေရလေ
သူတို့ များများလာလေ ကိုယ့် ဒေသထွက်အထိမ်းအမှတ်ပစ္စည်းရောင်းရလေ တိုင်းပြည်ဝင်ငွေတိုးလေးပါဘဲ။
ကဲ ကြိုးစားကြည့်ကြပါစို့။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
1462016
“လာစေသင့်၏ မသင့်၏ ဆွဲဆောင်သင့်၏ မသင့်၏”ပြီးခဲ့တဲ့လက ရန်ကုန်ရောက်တော့ ဓါတ်ဆရာအဖွဲ့နဲ့ သံလျင်တစ်ဖက်ကမ်းက မီးပြတိုက်ကို

8 comments
Thint Aye Yeik
June 15, 2016 at 10:11 am
.အဟောင်းတွေကိုလည်း …ရှေးဟောင်း အမွေအနှစ်ဆိုပြီး…ထိန်းသိမ်းသင့်တာ သိမ်းပေါ့…
တစ်လက်စတည်း… အံ့မခန်းလက်ရာတွေလည်း အသစ် ထွင်သင့်တာပေါ့…။
အဟောင်းချည်းပဲ…ထိုင် ထိန်းသိမ်းပြီး…အဟောင်းချည်းပဲ… အရိပ်တကြည့်ကြည့် လုပ်နေရင်…
.နောင် နှစ်တစ်ရာ ကြာရင်…ဒီခေတ် မျိုးဆက်ကို ပြန် လေ့လာပြီဆိုပါစို့…..
အဲ့ဒီအခါ…သက္ကရာဇ် ၂ထောင်ကျော် ဆယ်စုနှစ်တွေတုန်းဆီက…မြန်မာပြည်ရှိ လူသားတွေဟာ…အဟောင်းတွေချည်း ထိုင်ကြည့်ပြီး…အသစ်တွေ ထွင်မသွားတဲ့မျိုးဆက်….လို့… သမိုင်းကျန်နေမှာ…။
လွန်ခဲ့တဲ့ နှစ်…ရာ ထောင် တုန်းက လုပ်ခဲ့တဲ့ အုတ်ပုံအကျိုးအပြတ်တွေကိုလည်း…ကြာရှည်ခံအောင် ထိန်းသိမ်းရင်း…တပြိင်နက်….
ကြီးကျယ်ခမ်းနားလှတဲ့… အံ့မခန်း လက်ရာကြီးတွေကိုလည်း တည်ဆောက် ဖန်တီးပြခဲ့တဲ့ မျိုးဆက်…လို့…
မှတ်တမ်းကျန်ချင်လိုက်တာ..
:k:
kai
June 15, 2016 at 10:23 am
ဓာတ်ပုံမုတ်ဆိုးတွေပြန်ပြောစကားကြားရင်.. တော်တော်ညစ်သွားမယ်…။
နေရာတကာမှာ.. မြန်မာ့သဘာဝအလှကိုဘုရားဆင်းတု.. စေတီတွေ… “ကွယ်နေ”….. သတဲ့..။
ko six
June 15, 2016 at 2:32 pm
ကိုပေါက်ရဲ့ ဓာတ်ပုံတွေကို
ကဗျာထဲညှပ်ပီး ဟမ်ဘာဂါလုပ်စားပါရစေ
ကိုပေါက်(မန္တလေး)
June 15, 2016 at 2:35 pm
စားပါဗျာ
ကျွေးပါတယ်
အောင် မိုးသူ
June 15, 2016 at 4:18 pm
မြန်မာပြည်မှာ မြုပ်ကွယ်နေတာတွေ အများကြီး
အရင်ကကျော်စွာဦးကြီးမိုက်
June 17, 2016 at 1:27 pm
.အပေါ်ကသဂျီးပြောသလိုပဲ….
.ကျောက်ဂူတွေ…သဘာဝလှိုင်ဂူတွေ..လှပတဲ့ကျောက်တောင်ကြီးတွေတွေ့ရင်
.ဘုရားတည်ပစ်ကြတာလည်းဆိုးသဗျာ..သဘာဝအလှလာကြည့်တဲ့လူက ဘိနပ်ချွတ်ရ..အရိုအသေပြုရ…
.တားမြစ်ချက်တွေလိုက်နာရနဲ့…နိုင်ငံခြားသားခရီးသွားတွေကိုဆွဲဆောင်ဖို့အတားအဆီးတွေဖြစ်နေတယ်
uncle gyi
June 17, 2016 at 4:37 pm
မြန်မာမှာရှေးဟောင်းအဆောက်အဦးထိမ်းတာအတော်လိုပါတယ်
ပ ျက်လို့အစားထိုးတည်ဆောက်ရင်လဲလွယ်လွယ်ပဲအခုခေတ်အုတ်တွေနဲ့အစားထိုးလိုက်တာ
India မှာဆိုတူးလို့ရတဲ့အုတ်ကိုအရင်သုံးကုန်သွားရင်လုံးဝပုံစံတူသီးခြားလုပ်ပြီးမှအစားထိုးတာ
နောက်သဘာဝလှုိုဏ်ဂူတွေအသစ်တွေ့ရင်လဲလုံးဝကိုသဘာဝပ ျက်စီးသွားအောင်
ဘုရား စေတီ တွေတည်လိုက်ကြတယ်
မီးခိုးမထွက်စက်ရုံတည်ဖို့ကအတော်ကြိုးပမ်းရအုန်းမှာပါကိုပေါက်ရေ
Shar Thet Man
August 29, 2017 at 3:54 pm
ဟုတ်တယ်အမှန်ပဲ.. မြန်မာနိုင်ငံမှာသာ ကို်ပေါက်ပြောသလို သေသေချာချာလေးပြန်ပြုပြင်မယ် မဖျက်စီးပစ်
လိုက်ဘူးဆိုရင် နိုင်ငံခြားသားတွေဒီ့ထက်မကတောင်လာနို်င်သေးတယ် သူများနို်င်ငံတွေကလုပ်စားတတ် တာလည်းမပြောနဲ့ လာအိုသွားတယ်.. ဘာမှမဟုတ်တဲ့ချောင်းကို tubing လုပ်ပြီးငွေယူရတာနဲ့ တောင်
တွေကိုလည်းဒီအတိုင်းမထားဘူး zip line လုပ်ထားရတာနဲ့ တကယ်ဝင်ငွေရှာတတ်တာ နိုင်ငံခြားသွားလေ ပိုသိလာရလေပဲ