တောင်ပြုန်းပွဲတော်ကြီး စပြီ

Yin Nyine NwayAugust 29, 20101min1421

မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာတွင် ကျင်းပသော ဆုတောင်းပြည့်၊ ဆုတောင်းရနှင့် တောင်ပြုန်းမင်းနှစ်ပါး ပွဲတော်ကို ယခုနှစ် ဝါခေါင်လဆန်း ၈ ရက်(ဩ ဂုတ် ၁၈ ရက်)နေ့မှ စတင်ကျင်းပသော်လည်း ပွဲထုံးစံအရ ချိုးရေတော်သုံးသည့် ဝါခေါင်လဆန်း၊ ၁၁ ရက် (ဩဂုတ်လ ၂၁ ရက်)နေ့မှစ၍စတင် စည်ကားလာကြောင်း တွေ့ရှိရသည်။ ယခုနှစ် ၁၃၇၁ ခုနှစ်သည် စုံနှစ်ဖြစ်သဖြင့် ရိုးရာအယူအဆ အစွဲအလမ်းအရ ပိုမိုပျော်ရွှင်မြူးတူးသည့် မင်းလေးနှစ်ဖြစ်၍ ယခင်နှစ်ထက် စည်ကားနိုင်သည်ဟု မျှော်လင့်ခဲ့ကြသကဲ့သို့ ပွဲလမ်းများနှင့် ပြတ်လပ်နေသည့်အပြင် စိတ်ထွက်ပေါက် ပျော်ရွှင်ဖွယ်ရာအဖြစ် ချိုးရေတော်သုံးသည့်နေ့တွင် ရိုးရာအရ ပူဇော်ပသရန်၊ သို့မဟုတ် အစဉ်အလာအရ မဖြစ်မနေ သွားရောက်ရန် သို့မဟုတ် စိတ်လွတ် လက်လွှတ် ဖွင့်အန်ပျော်ရွှင်ရန်များ အတွက် ဝါခေါင်လဆန်း ၁ဝ ရက် (ဩဂုတ် ၂ဝရက်)နေ့ ညကတည်း က သွားရောက်ကြသူများ ယခုနှစ် တွင် ပိုမိုများပြားသည်ဟု သိရသည်။ “ကျွန်မတို့က နှစ်စဉ်နှစ်တိုင်း မပျက်မကွက် သွားရောက်ကြရပါတယ်။ အစဉ်အလာအရ ကျွန်မတို့က ဝေါထမ်းမျိုးတွေပါ။ ချိုးရေတော်သုံးတဲ့နေ့ နန်းကြီးက အရှင်နှစ်ပါး ထွက်တော်မူတဲ့ဝေါတော်ကို လက်ဖျားလေးနဲ့ဖြစ်စေ မဖြစ်မနေ ထိရပါတယ်။ ဒါမှတာဝန်ကျေတာပါ။ အခု သမီး ကိုလည်း ဒီအမွေကို ဆက်ပေးတဲ့အနေနဲ့ မဖြစ်မနေ လာရတာပါ” ဟု မန္တလေးအနောက်ပြင် ဒေးဝန်းရပ်ကွက်မှ ကျောက်ကုန်သည်တစ်ဦးက ဆိုသည်။ အားနည်းသူတွေဘက်က တောင်ပြုန်းပွဲတော်သည် အနော်ရထာမင်းတည်ထားခဲ့သော ဆုတောင်းပြည့် ဆုတောင်းရဘုရားပွဲတော်ကို မဏ္ဍိုင်အဖြစ် ကျင်းပခဲ့သော်လည်း ပဒေသရာဇ်အာဏာရှင်၏ ကိုယ်ကျိုးစီးပွားကြည့် အယူသည်းမှုဖြင့် လက် အောက်ငယ်သားအပေါ် သုံးသပ်ဆင်ခြင်မှုမရှိဘဲ အပြစ်ပေးရာတွင် မင်းလိုလိုက်မင်းကြိုက် စော်ကားဝံ့သော လက်ပါးစေတို့က ရွှေဖော့လုံးနဲ့ဆုံးမခိုင်းသည်ကို ဝါးရင်းတုတ်နဲ့ ရိုက်သတ်သည်အထိ မညှာမတာ ရက်စက်စွာ နှိပ်ကွပ်မှုကြောင့် အသက်ဆုံးကြရသည့် လူမမယ်ကလေးငယ် မင်းညီမင်းနောင်တို့အပေါ် စာနာသနားမှုကြောင့် ပဒေသရာဇ်အာဏာရှင်နှင့် လက်ပါးစေတို့ကို မုန်းလေသမျှ မင်းညီနောင်ကိုနတ်အဖြစ် ကိုးကွယ်မည်ဟူသော တုံ့ပြန်စိတ်ဖြင့် ဝှဲချီးကျင်းပသော နတ်ပွဲကြီး ဖြစ်ပွားခဲ့သည်ဟုလည်း သုတေသီအချို့က သုံးသပ်သည်။ လမ်းလွှဲမှာစိုးလို့ “ကိုလိုနီခေတ်မှာ မြန်မာလူငယ်တွေ နိုင်ငံရေးအသိစိတ်ဓာတ် မြင့်မားလာပြီး တိုင်းပြည်အတွက်၊ ထေရဝါဒ ဗုဒ္ဓသာသနာအတွက် တကယ်အကျိုး ရှိမည့် ကိစ္စတွေအပေါ် အတော်အယူသည်း အစွဲအလန်းတွေနဲ့ မှိုင်းမိမှာတွေ ကို ဆန့်ကျင်လာကြတယ်။ အဲဒီအချိန် စာရေးဆရာကြီး မဟာဆွေက အထင်ရှားဆုံးပေါ့။ လူငယ်တွေကို နေသူရိန်မကြောက်တရားနဲ့ စာပေကတစ်ဆင့် မြေတောင်မြှောက်ပေးချိန် မှာ တလွဲအယူလည်းပြီး ကယ်တင်ရှင်မျှော်လင့်နေမှုကို ထိုးနှက်ခဲ့တယ်။ မဟာဆွေရဲ့ ပျို့တောင်ပြုံးဝတ္ထုဟာ အဲဒီခေတ်က အထင်အရှားပါပဲ။ ဆရာကြီးကိုယ်တိုင် သူ့မိတ်ဆွေတွေနဲ့ တောင်ပြုန်းပွဲသွားပြီး လူအများရှေ့မှာ ဆုတောင်းပြည့်ဘုရားကို ကန်တော့ပြီး ‘ဘုရား ကျွန်တော်မျိုးသည် ဘဝအဆက်ဆက်တိုင်း ဤကဲ့သို့လူမျိုးကို အကျိုးမပေးသည့်နတ်ပွဲများ ကို ဖျက်ပစ်နိုင်သော ယောက်ျားထူး ယောက်ျားမြတ် ဖြစ်ရလိုပါ၏”လို့ အသံကျယ်ကျယ် ဆုတောင်းခဲ့သူပဲ . . .’အခုတော့ မဟာဆွေကြီးလည်း ကု သိုလ်ကောင်းတော့ နတ်ပြည်ကနေ လူ့ပြည်ပြန်မဆင်းတော့ဘူးတူရဲ့” ဟုလည်း မန္တလေးမြို့ခံ စာရေးဆရာကြီးတစ်ဦးက သုံးသပ်ပြသည်။ မြန်မာ့ရိုးရာနတ်ချင်း၊ နတ်ဒိုး၊ နတ်တီးလုံးများ၊ ရိုးရာနန်းဝတ် နန်းစား အဆောင်အယောင် များကို မြင်တွေ့ရသဖြင့် ရိုးရာမြန်မာမှုများ ကို ချစ်မြတ်နိုးသူများ အနေနှင့်လည်း တစ်စုတစ်ဝေး မြန်မာသံများကြားရ ပါဝင်ဆင်နွှဲရသော တောင်ပြုန်းပွဲတော်ကို တစ်နှစ်တစ်ခါ မဖြစ်မနေလာရောက် ကြသည်ဟု .. ဝါခေါင်လဆန်း ၁၁ ရက်နေ့ နံနက် ၉ နာရီကျော်အချိန် မင်းနှစ်ပါး ရုပ်တုများ မင်းခမ်းမင်းနား အစီအစဉ်ဖြင့် နန်းကြီးမှရွှေဝေါတော်စီးပြီး ချိုးရေတော်သုံးပြီးပါမှ နန်းကြီးမှ ရွှေဆိုင်းတော်က စတင်တီးခတ်၍ ပွဲတော်ကြီး၏ ဆိုင်းသံဗုံသံများနှင့် နတ်ကန္နားသံနှင့် ဖျော်ဖြေမှုအစီအစဉ်များ ပြုလုပ်ဆောင်ရွက်ရသောကြောင့် မြန်မာ့ရိုးရာနတ်ချင်း၊ နတ်ဒိုး၊ နတ်တီးလုံးများ၊ ရိုးရာနန်းဝတ် နန်းစား အဆောင်အယောင် များကို မြင်တွေ့ရသဖြင့် ရိုးရာမြန်မာမှုများ ကို ချစ်မြတ်နိုးသူများ အနေနှင့်လည်း တစ်စုတစ်ဝေး မြန်မာသံများကြားရ ပါဝင်ဆင်နွှဲရသော တောင်ပြုန်းပွဲတော်ကို တစ်နှစ်တစ်ခါ မဖြစ်မနေလာရောက် ကြသည်ဟု ဆိုသည်။ ရိုးရာနတ်ပွဲ၊ နတ်ကန္နားများမှအစ ယခုတောင်ပြုန်းကဲ့သို့ တစ်ပြည်လုံး အတိုင်းအတာနှင့် ကျင်းပသော နတ်ပွဲကြီးများတွင် ယခင်က မျိုးရိုးအစဉ်အဆက်အရ လက်ဆင့်ကမ်း တာဝန်ယူခဲ့ကြသော နန်းထိန်းကြီးများ၊ နတ်ကတော်ကြီးများမှာ အသက်အရွယ်ကြီးရင့်သည့် မြန်မာအမျိုးသမီးကြီးများသာ ဖြစ်ခဲ့ပြီး ၁၉၇ဝ ကျော်ဝန်းကျင်မှစ၍ သူတို့၏ လက်သစ်များအဖြစ် မြန်မာလူငယ် မိန်းမလျာများက နေရာယူလာကြသည်။ အရွယ်ကြီးရင့်သော နတ်ကတော် အဖွားအိုကြီးများနေရာတွင် မိန်းမပျိုတစ်ယောက် မျက်နှာပေါက်နှင့် ကနွဲ့ကလျကိုယ်ထည်ရှိသော မိန်းမလျာများက ခေတ်မီမိတ်ကပ် ဆံပင်များ၊ တောက်ပသစ်လွင်သည့် အဝတ်အစားများဖြင့် မိန်းမတစ်ယောက် ကဲ့သို့ ကပြမှုများကို ရိုးရာအစွဲအလန်းများဖြင့် လာရောက်သော ပရိသတ်များကပါ အထူးအဆန်းသဖွယ် ကြည့်ရှုကြသည်။ ထို့ကြောင့်လည်း အပြန်အလှန်အားဖြင့် ပရိသတ်ဆွဲဆောင်နိုင်ရန် လက်ဟောင်းနတ်ကတော်ကြီးများက သူတို့ကို နေရာပေးလာကြသည်။ ပုဂံခေတ်မှသည် ခေတ်အဆက်ဆက် မပျက်မကွက်ကျင်းပခဲ့သော တောင်ပြုန်းပွဲတော်သည် ခေတ်ရေစီးကြောင်းအရ အခင်းအကျင်းပုံသဏ္ဌာန်များ ပြောင်းလဲရာ၌ ယုံကြည်ပသမှုများ၊ ရိုးရာမြတ်နိုးသူများ၏ အာကောင်းမောင်းသန် ထိန်းသိမ်းမှုတွင် သန္ဓေမပျက် တည်ရှိနေသော်လည်း ပိုမိုအားကောင်းလာသော ရေစီးကြောင်း၊ ယုံကြည်မှုနှင့်ရိုးရာအပေါ် ပိုမိုလွှမ်းမိုးလာသော စီးပွားရေးသဘော လာဘ်လာဘများကြောင့် လာ မည့် ဆယ်စုနှစ်များအတွင်း ပွဲတော် အခင်းအကျင်း ပြောင်းလဲမှုများ ပိုမိုသိသာ ထင်ရှားလာနိုင်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။



မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာတွင် ကျင်းပသော ဆုတောင်းပြည့်၊ ဆုတောင်းရနှင့် တောင်ပြုန်းမင်းနှစ်ပါး ပွဲတော်ကို ယခုနှစ် ဝါခေါင်လဆန်း ၈ ရက်(ဩ ဂုတ် ၁၈ ရက်)နေ့မှ စတင်ကျင်းပသော်လည်း ပွဲထုံးစံအရ ချိုးရေတော်သုံးသည့် ဝါခေါင်လဆန်း၊ ၁၁ ရက် (ဩဂုတ်လ ၂၁ ရက်)နေ့မှစ၍စတင် စည်ကားလာကြောင်း တွေ့ရှိရသည်။ ယခုနှစ် ၁၃၇၁ ခုနှစ်သည် စုံနှစ်ဖြစ်သဖြင့် ရိုးရာအယူအဆ အစွဲအလမ်းအရ ပိုမိုပျော်ရွှင်မြူးတူးသည့် မင်းလေးနှစ်ဖြစ်၍ ယခင်နှစ်ထက် စည်ကားနိုင်သည်ဟု မျှော်လင့်ခဲ့ကြသကဲ့သို့ ပွဲလမ်းများနှင့် ပြတ်လပ်နေသည့်အပြင် စိတ်ထွက်ပေါက် ပျော်ရွှင်ဖွယ်ရာအဖြစ် ချိုးရေတော်သုံးသည့်နေ့တွင် ရိုးရာအရ ပူဇော်ပသရန်၊ သို့မဟုတ် အစဉ်အလာအရ မဖြစ်မနေ သွားရောက်ရန် သို့မဟုတ် စိတ်လွတ် လက်လွှတ် ဖွင့်အန်ပျော်ရွှင်ရန်များ အတွက် ဝါခေါင်လဆန်း ၁ဝ ရက် (ဩဂုတ် ၂ဝရက်)နေ့ ညကတည်း က သွားရောက်ကြသူများ ယခုနှစ် တွင် ပိုမိုများပြားသည်ဟု သိရသည်။
“ကျွန်မတို့က နှစ်စဉ်နှစ်တိုင်း မပျက်မကွက် သွားရောက်ကြရပါတယ်။ အစဉ်အလာအရ ကျွန်မတို့က ဝေါထမ်းမျိုးတွေပါ။ ချိုးရေတော်သုံးတဲ့နေ့ နန်းကြီးက အရှင်နှစ်ပါး ထွက်တော်မူတဲ့ဝေါတော်ကို လက်ဖျားလေးနဲ့ဖြစ်စေ မဖြစ်မနေ ထိရပါတယ်။ ဒါမှတာဝန်ကျေတာပါ။ အခု သမီး ကိုလည်း ဒီအမွေကို ဆက်ပေးတဲ့အနေနဲ့ မဖြစ်မနေ လာရတာပါ” ဟု မန္တလေးအနောက်ပြင် ဒေးဝန်းရပ်ကွက်မှ ကျောက်ကုန်သည်တစ်ဦးက ဆိုသည်။

အားနည်းသူတွေဘက်က

တောင်ပြုန်းပွဲတော်သည် အနော်ရထာမင်းတည်ထားခဲ့သော ဆုတောင်းပြည့် ဆုတောင်းရဘုရားပွဲတော်ကို မဏ္ဍိုင်အဖြစ် ကျင်းပခဲ့သော်လည်း ပဒေသရာဇ်အာဏာရှင်၏ ကိုယ်ကျိုးစီးပွားကြည့် အယူသည်းမှုဖြင့် လက် အောက်ငယ်သားအပေါ် သုံးသပ်ဆင်ခြင်မှုမရှိဘဲ အပြစ်ပေးရာတွင် မင်းလိုလိုက်မင်းကြိုက် စော်ကားဝံ့သော လက်ပါးစေတို့က ရွှေဖော့လုံးနဲ့ဆုံးမခိုင်းသည်ကို ဝါးရင်းတုတ်နဲ့ ရိုက်သတ်သည်အထိ မညှာမတာ ရက်စက်စွာ နှိပ်ကွပ်မှုကြောင့် အသက်ဆုံးကြရသည့် လူမမယ်ကလေးငယ် မင်းညီမင်းနောင်တို့အပေါ် စာနာသနားမှုကြောင့် ပဒေသရာဇ်အာဏာရှင်နှင့် လက်ပါးစေတို့ကို မုန်းလေသမျှ မင်းညီနောင်ကိုနတ်အဖြစ် ကိုးကွယ်မည်ဟူသော တုံ့ပြန်စိတ်ဖြင့် ဝှဲချီးကျင်းပသော နတ်ပွဲကြီး ဖြစ်ပွားခဲ့သည်ဟုလည်း သုတေသီအချို့က သုံးသပ်သည်။
လမ်းလွှဲမှာစိုးလို့

“ကိုလိုနီခေတ်မှာ မြန်မာလူငယ်တွေ နိုင်ငံရေးအသိစိတ်ဓာတ် မြင့်မားလာပြီး တိုင်းပြည်အတွက်၊ ထေရဝါဒ ဗုဒ္ဓသာသနာအတွက် တကယ်အကျိုး ရှိမည့် ကိစ္စတွေအပေါ် အတော်အယူသည်း အစွဲအလန်းတွေနဲ့ မှိုင်းမိမှာတွေ ကို ဆန့်ကျင်လာကြတယ်။ အဲဒီအချိန် စာရေးဆရာကြီး မဟာဆွေက အထင်ရှားဆုံးပေါ့။ လူငယ်တွေကို နေသူရိန်မကြောက်တရားနဲ့ စာပေကတစ်ဆင့် မြေတောင်မြှောက်ပေးချိန် မှာ တလွဲအယူလည်းပြီး ကယ်တင်ရှင်မျှော်လင့်နေမှုကို ထိုးနှက်ခဲ့တယ်။ မဟာဆွေရဲ့ ပျို့တောင်ပြုံးဝတ္ထုဟာ အဲဒီခေတ်က အထင်အရှားပါပဲ။ ဆရာကြီးကိုယ်တိုင် သူ့မိတ်ဆွေတွေနဲ့ တောင်ပြုန်းပွဲသွားပြီး လူအများရှေ့မှာ ဆုတောင်းပြည့်ဘုရားကို ကန်တော့ပြီး ‘ဘုရား ကျွန်တော်မျိုးသည် ဘဝအဆက်ဆက်တိုင်း ဤကဲ့သို့လူမျိုးကို အကျိုးမပေးသည့်နတ်ပွဲများ ကို ဖျက်ပစ်နိုင်သော ယောက်ျားထူး ယောက်ျားမြတ် ဖြစ်ရလိုပါ၏”လို့ အသံကျယ်ကျယ် ဆုတောင်းခဲ့သူပဲ .  .  .’အခုတော့ မဟာဆွေကြီးလည်း ကု သိုလ်ကောင်းတော့ နတ်ပြည်ကနေ လူ့ပြည်ပြန်မဆင်းတော့ဘူးတူရဲ့” ဟုလည်း မန္တလေးမြို့ခံ စာရေးဆရာကြီးတစ်ဦးက သုံးသပ်ပြသည်။


မြန်မာ့ရိုးရာနတ်ချင်း၊ နတ်ဒိုး၊ နတ်တီးလုံးများ၊ ရိုးရာနန်းဝတ် နန်းစား အဆောင်အယောင် များကို မြင်တွေ့ရသဖြင့် ရိုးရာမြန်မာမှုများ ကို ချစ်မြတ်နိုးသူများ အနေနှင့်လည်း တစ်စုတစ်ဝေး မြန်မာသံများကြားရ ပါဝင်ဆင်နွှဲရသော တောင်ပြုန်းပွဲတော်ကို တစ်နှစ်တစ်ခါ မဖြစ်မနေလာရောက် ကြသည်ဟု  ..


ဝါခေါင်လဆန်း ၁၁ ရက်နေ့ နံနက် ၉ နာရီကျော်အချိန် မင်းနှစ်ပါး ရုပ်တုများ မင်းခမ်းမင်းနား အစီအစဉ်ဖြင့် နန်းကြီးမှရွှေဝေါတော်စီးပြီး ချိုးရေတော်သုံးပြီးပါမှ နန်းကြီးမှ ရွှေဆိုင်းတော်က စတင်တီးခတ်၍ ပွဲတော်ကြီး၏ ဆိုင်းသံဗုံသံများနှင့် နတ်ကန္နားသံနှင့် ဖျော်ဖြေမှုအစီအစဉ်များ ပြုလုပ်ဆောင်ရွက်ရသောကြောင့် မြန်မာ့ရိုးရာနတ်ချင်း၊ နတ်ဒိုး၊ နတ်တီးလုံးများ၊ ရိုးရာနန်းဝတ် နန်းစား အဆောင်အယောင် များကို မြင်တွေ့ရသဖြင့် ရိုးရာမြန်မာမှုများ ကို ချစ်မြတ်နိုးသူများ အနေနှင့်လည်း တစ်စုတစ်ဝေး မြန်မာသံများကြားရ ပါဝင်ဆင်နွှဲရသော တောင်ပြုန်းပွဲတော်ကို တစ်နှစ်တစ်ခါ မဖြစ်မနေလာရောက် ကြသည်ဟု ဆိုသည်။
ရိုးရာနတ်ပွဲ၊ နတ်ကန္နားများမှအစ ယခုတောင်ပြုန်းကဲ့သို့ တစ်ပြည်လုံး အတိုင်းအတာနှင့် ကျင်းပသော နတ်ပွဲကြီးများတွင် ယခင်က မျိုးရိုးအစဉ်အဆက်အရ လက်ဆင့်ကမ်း တာဝန်ယူခဲ့ကြသော နန်းထိန်းကြီးများ၊ နတ်ကတော်ကြီးများမှာ အသက်အရွယ်ကြီးရင့်သည့် မြန်မာအမျိုးသမီးကြီးများသာ ဖြစ်ခဲ့ပြီး ၁၉၇ဝ ကျော်ဝန်းကျင်မှစ၍ သူတို့၏ လက်သစ်များအဖြစ် မြန်မာလူငယ် မိန်းမလျာများက နေရာယူလာကြသည်။ အရွယ်ကြီးရင့်သော နတ်ကတော် အဖွားအိုကြီးများနေရာတွင် မိန်းမပျိုတစ်ယောက် မျက်နှာပေါက်နှင့် ကနွဲ့ကလျကိုယ်ထည်ရှိသော မိန်းမလျာများက ခေတ်မီမိတ်ကပ် ဆံပင်များ၊ တောက်ပသစ်လွင်သည့် အဝတ်အစားများဖြင့် မိန်းမတစ်ယောက် ကဲ့သို့ ကပြမှုများကို ရိုးရာအစွဲအလန်းများဖြင့် လာရောက်သော ပရိသတ်များကပါ အထူးအဆန်းသဖွယ် ကြည့်ရှုကြသည်။ ထို့ကြောင့်လည်း အပြန်အလှန်အားဖြင့် ပရိသတ်ဆွဲဆောင်နိုင်ရန် လက်ဟောင်းနတ်ကတော်ကြီးများက သူတို့ကို နေရာပေးလာကြသည်။
ပုဂံခေတ်မှသည် ခေတ်အဆက်ဆက် မပျက်မကွက်ကျင်းပခဲ့သော တောင်ပြုန်းပွဲတော်သည် ခေတ်ရေစီးကြောင်းအရ အခင်းအကျင်းပုံသဏ္ဌာန်များ ပြောင်းလဲရာ၌ ယုံကြည်ပသမှုများ၊ ရိုးရာမြတ်နိုးသူများ၏ အာကောင်းမောင်းသန် ထိန်းသိမ်းမှုတွင် သန္ဓေမပျက် တည်ရှိနေသော်လည်း ပိုမိုအားကောင်းလာသော ရေစီးကြောင်း၊ ယုံကြည်မှုနှင့်ရိုးရာအပေါ် ပိုမိုလွှမ်းမိုးလာသော စီးပွားရေးသဘော လာဘ်လာဘများကြောင့် လာ မည့် ဆယ်စုနှစ်များအတွင်း ပွဲတော် အခင်းအကျင်း ပြောင်းလဲမှုများ ပိုမိုသိသာ ထင်ရှားလာနိုင်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

One comment

  • winne

    August 31, 2010 at 3:44 am

    ဒီပို့စ်က ဘာလို့ အကျယ်ဖတ်လို့ မရတာလဲ တဝက်ဘဲ ဖတ်လိုက်ရတယ် သိတော့ သိချင်တယ် ဗဟုသုတ အနေနဲ့ပေါ့

Leave a Reply