Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငွေ ၁၇၀၀ဝ ကျပ်တည်းနဲ ့မဲလံတောင်ကနေ ဇင်းကျိုက်ရေတံခွန်ဆီသွားကြမယ်

Mon LaySeptember 19, 20163min3071
14397291_1280319752001384_2123081570_n

ငွေ ၁၇၀၀ဝ တည်းနဲ ့နေ ့ချင်းပြန်ခရီးကိုသွားလို့ ရပါ့မလား…သူများတွေတောင် နေ ့ချင်းပြန်ခရီးကို ၃၅၀၀ဝ ကောက်နေတာလို့ မေးမယ်ဆိုရင် …ပြန်ဖြေပေးမယ်နော်။ ရပါတယ်..တကယ်ကို၁၇၀၀ဝတည်းနဲ ့မွန်လေးသွားခဲ့တာပါ.ကားခအပြီးအစီးပေ့ါဟဲဟဲ(ရေသန် ့ဘူးတော့ပါတယ်)…ထမင်းစားတာသောက်တာတော့ကိုယ့်ဖာသာကြိုက်သသောက်စား၊ကျသလောက်ဆက်ရှင်းပေါ့။

>ရန်ကုန်စုရပ်ကနေ..မနက် ၄နာရီစထွက်ကြတယ်။(သူများတွေကညပို်င်းထွက်ကြတယ်)

ပထမဦးဆုံးမနက် ၆နာရီကျော်မှာဘုရားကြီးမြို  ့ကိုရောက်တယ်။သန်းကြွယ်စားဖွယ်စုံဆိုင်မှာ

..မနက်စာစားကြတယ်.အိမ်ကနေမုန် ့နဲ ့ကော်ကော်သောက်လည်းအဲ့ချိန်မှာပြန်ဆာတာမို ့မုန် ့ဟင်းခါးအိုးဘဲဥလေးနဲ ့အရင်သွပ်လိုက်တယ် (သိပ်မကောင်းဘူး) မိတ်ဆွေတို ့သွားဖြစ်ရင် တခြားဟာမှာစားကြနော်..

ဘီးလင်းမြို ့ကို မနက်ရနာရီကျော် ၈နာရီထိုးခါနီးမှာရောက်သွားတယ်..

ကျာက်ပိရဟန္တာရှိတဲ့မဲလံဆံတောင်ကိုမြို  ့ထဲကနေတော်တော်ဆက်သွားရသေးတယ်..တောင်ခြေရောက်တော့ 10နာရီထိုးနေပြီ။.

14383553_1280319745334718_1055955693_n                       မဲလံတောင်မုခ်ဦးအဝင်ဝ

ကျောက်ပိရဟန္တာ

တောတောင်တွေကိုလှမ်းမြင်ရတာနဲ ့တင်စိတ်မှာကြည်နူးမဆုံးပဲ…ကျိုက်ထီးရိုးတောင်ပေါ်တက်သလိုမျိုး ကားနဲ ့တဆင့်ပြန်ခဲ့ရတယ်(ကျိုက်ထီးရိုးကားကအမိုးမပါဘူး။သူကအမိုးပါတယ်)…အဝင်ဝကြည့်လိုက်တော့အတော်မတ်တယ်ပေါ့နော်..နောက်တက်လည်းတက်ရော.နောက်ပို်င်းတွေမှာသိပ်မမတ်တော့ပါဘူး..တစ်ချက်

တစ်ချက် Roller Coaster စီးရသလိုပဲ..အသည်းထဲအေးသွားတာပဲ။သိပ်မကြာပါဘူး ၁ဝမိနစ်ပဲ.

ရွှတ်ဆိုရောက်ရော။

14407523_1280319725334720_1378662591_n

             ဒီကားနဲ ့အုပ်စုလိုက်တက်ခဲ့ကြတယ်

ပစ္စည်းစုံလင်တဲ့ဈေးဆိုင်ခန်းတွေကိုကျော်သွားတော့မှတောင်ပေါ်ကိုလှေကားနဲ ့

ထပ်တက်ရတယ်…လှေကားကလည်းသိပ်မမတ်ဘူးရယ်.

14429457_1280319732001386_1847290013_n

                 သိပ်မတက်ရပါဘူး

.တောင်ပေါ်ကကြည့်ရတဲ့ရှုခင်းကတော့မွန်လေးအတွက်ဘာနဲ ့မှမလဲနို်င်ပါဘူး။တောင်ပေါ်မှာတည်ထားတဲ့ဘုရားတွေကိုသွားဖူးရတာအလိုလိုကိုကြိုက်တာ..ပျော်တယ်ပေ့ါနော်။ပုဂံဘုရားသွားဖူးတုန်းကလည်းတန် ့ကြည်တောင်ဘုရားကိုသွားဖူးရတာအတော်ပျော်တယ်။

14384117_1280319775334715_1734602919_n

                             လမ်းကြားလေး

ကျောက်ပိရဟန္တာကိုယ်တော်မြတ်ကိုသွားဖူးဖို ့ကျောက်တောင်ကိုဖြတ်လာပြီးချစ်စရာကောင်းတဲ့လမ်းကြားလေးကိုလည်းဖြတ်လာရပါသေးတယ်

“ဘီးလင်းမြို့ မဲလံတောင်ပေါ်တွင်တည်ရှိပြီး ဝိပါတ်ဝဋ်ကြွေးကြောင့် ကျောက်တုံးပိပြီး ပရိနိဗ ္ဗာန်ပြုရတဲ့ ရဟန္တာဖြစ်ပါတယ်။ ဆုတောင်းအလွန်ပြည့်ပြီး အခက်အခဲအကျပ်အတည်းတွေကြုံတွေ့ရင်ဆိုင်နေရတဲ့အခါ ဆုတောင်းအဓိဌာန်ပြုရင် အလုံးစုံပြေပျောက် တယ်လို့ဆိုပါတယ်။”

အမှန်က အဲ့ရဟန္တာက ဖားလေးကိုသူပြန်လာရင်အသက်ကယ်မယ်ဆိုပြီးကျောက်တုံးအောက်မှာထားခဲ့ရာကနေ သူပြန်လာရောအဲ့

ဖားလေးကကျောက်ပိပြီးသေနေပါရော။အဲ့တော့သူသေတဲ့အခါပြန်ပြီးဝဋ်ခံစားရခြင်းဖြစ်ပါတယ်။

ထူးဆန်းတဲ့ ကျောက်ပိရဟန္တာကို မရောက်ဖူးသေးသူများလဲ သွားရောက်ဖူးမျှော် ဆုတောင်းသင့်ပါတယ်လို့

ထင်ပါတယ်။

14397291_1280319752001384_2123081570_n

                 ကျောက်ပိရဟန္တာ

အဲ့တောင်ပေါ်မှာဂယာကဗုဒ္ဓဖွားမြင်တော်မူတဲ့ဆင်းတုတော်သာမကကျိုက်ထီးရိုးဘုရားရုပ်ထုတော်ကိုလည်းတွေ ့ခဲ့ပါသေးတယ်.တကယ့်ကိုကြည်ညိုစရာအတိပြီးပါတယ်။

14393154_1280328712000488_390808359_o

               တောင်ပေါ်ပတ်ဝန်းကျင်

ပြီးတော့ရှုခင်းတွေလည်းကြည့်လိုက်ပါဦး..ဟိုးမှာတိမ်တွေဖုံးနေတဲ့တောင်တန်းတွေရယ်..

အစိမ်းရောင်စပါးခင်းတွေရယ်…ပြီးတော့ဘီးလင်းချောင်းကြီးကလည်းရှိနေပြန်ရော…..

14398142_1280319805334712_374067818_n

                     တောင်ပေါ်ကရှုခင်း

ဇင်းကျိုက်ရေတံခွန်
ဇင်းကျိုက်မြို ့ကိုရောက်တော့ နေ ့လည်၁နာရီထိုးနေပြီ။ ဗိုက်ကလည်းဆာတာနဲ ့သူတို ့ညွှန်ပြရာစားသောက်

ဆိုင်မှာအဝစားထမင်းနဲ ့ဟင်း၁၅၀ဝဖိုးလောက်စားပလိုက်တယ် (အူမတောင့်မှသီလစောင့်မယ်ဆိုတော့လေ)။

အဲ့စားသောက်ဆိုင်ကနေ ရေတံခွန်ဆီလှမ်းမြင်ရတဲ့ရှုခင်းကလည်းမိုက်၊ ကလေးလူငယ်လူကြီးကျားမမရွေးရေ

ကစားနေကြတာကလည်းပျော်စရာ..တောင်ထိပ်မှာစေတီတည်ထားပြီး..အဲ့စေတီကနေရေတွေကလည်း

တဝုန်းဝုန်းအောက်ကိုကျနေတဲ့မြင်ကွင်းကတော့ဘယ်လိုပြောရမလဲ…အရမ်းမိုက်တယ်ပေါ့နော်။ကိုယ်လည်းထမင်းကိုမြန်မြန်စားပြီးတာနဲ ့ရေတံခွန်အနားကိုသွားပြီးဓါတ်ပုံတွေဖမ်းရိုက်တော့တာပဲ..(ဝါသနာကမသေးဘူးလေ)

16_asw_j9whr25jwzzy8ty33625_dsc1441-zwekabin-mountain_jnllegwqaa

   ကြည်ညိုစရာစေတီလေးနဲ ့လှနေတဲ့ဇင်းကျိုက်

အဲ့ရေတံခွန်ရဲ  ့ဟိုဘက်ဒီဘက်ကို အလယ်ကနေ ဝါးတံတားထိုးတော့တစ်ဖက်ကမ်းကစားသောက်ဆိုင်တွေ

လည်းသွားရောက်အနားယူအပန်းဖြေလို့ ရပါသေးတယ်။

14397408_1280319815334711_1590574611_n

                        ဝါးတံတားပေါ်မှာ

ရေတံခွန်ဆီရောက်ဖို ့ကျောက်ဆောင်ကျောက်တုံးများကိုမနည်းကျော်ဖြတ်သွားရတာလည်းပျော်စရာပါပဲ။

သတိတော့ထားရတာပေါ့နော်။ချော်လဲနိုင်ပါတယ်။တချို ့ကလည်းရေကူး၊တချို ့ကလည်းရေဆော့၊ရေစိမ်နဲ ့

ကိုယ်လည်းမနေနိုင်တော့ဘူးလေမြန်မြန်ဓါတ်ပုံရိုက်ပြီးတာနဲ ့ရေထဲတန်းဆင်းတော့တာ..ရေဆိုတာအေးပြီး

အရမ်းစိမ်လို့ကောင်းတယ်။ရေထိလိုက်တာနဲ့ ့လူဆိုတာအရမ်းလန်းဆန်းသွားတာပဲ။

14333711_1279370528762973_1034867553811890721_n

ရေထဲကတက်လာတော့စားသောက်ဆိုင်မှာရေချိုးခန်းနဲ ့အိပ်သာလည်းသက်သက်စီရှိတယ်..တစ်ယောက်မှ

(၂၀၀)ပဲပေးရတယ်..သန် ့တယ်..တန်တယ်။ညနေ ၃ခွဲလောက်မှာပြန်ထွက်လာခဲ့ကြတယ်။

သထုံရွှေစာရံ

သထုံရွှေစာရံဘုရားလည်းဝင်ဖူးသေး။

အပြန်ခရီးမှာအိမ်ပြန်လက်ဆောင်အတွက်ကျွဲကောသီးတို ့ဒူးရင်းသီးတို့ ကလည်းမဝယ်မဖြစ်ဝယ်ခဲ့တယ်။

သထုံကနေတောက်လျှောက်မောင်းနှင်လာခဲ့တာ.ဘုရားကြီးမနက်စာစားတဲ့ဆိုင်ရောက်မှပဲကားကညစာ

အတွက်ရပ်ပေးပါတော့တယ်။ညစာစားပြီး ရန်ကုန်ကိုမောင်းနှင်လာခဲ့တာ ည၁၁နာရီမှာပြန်လည်ရောက်ရှိလာ

ခဲ့ပါတော့တယ်။

 

PS: အဲ့လိုခရီးတွေကိုလိုက်ပါခံစားချင်ရင်တော့ …Just Follow me!! ….မွန်လေးနဲ ့လိုက်ခဲ့လို့ရပါတယ်…..Free & Easy tour ပဲစီစဉ်ပြီးစရိတ်သက်သက်သာသာနဲ့ ့ကမ္ဘာပတ်ကြမယ်…..09421045685

One comment

  • သျှားသက်မာန်

    September 20, 2016 at 12:48 pm

    စာတွေကဘောင်ထဲမဝင်ဘဲကျော်နေတယ်..ဘယ်လိုလုပ်ရပါ့

Leave a Reply