ဖိတ်ခေါ်စမ်းပါရစေ
အေးချမ်းစိမ်းစိုပြီး၊သာယာလှပနေတဲ့သျှမ်းတောင်တန်းတွေနဲ ့
ရှမ်း(အရှေ့)၊တာချီလိတ်မှာရှိတဲ့၊
မောတို့ဌာနေတရားဓမ္မစခန်းက၊သာယာနာပျော်ဘွယ်ရာကောင်းလှတဲ့
ဓမ္မတေးသံတွေ၊ရင်ထဲထိအောင်သိမ့်သိမ့်တုန်ခါစေပါတယ်။
အနယ်နယ်အရပ်ရပ်ကအားထုတ်လိုသူယောဂီများအတွက်
အချိန်မရွေးအားထုတ်ဖို ့ကောင်းလှတဲ့ရိပ်သာတခုပါဘဲ။
ကိုယ့်ကိုယ်ကိုတိုင်ကလည်း၊ဒီနေရာဒီရိပ်သာ မှာအားထုတ်ခဲ့ဘူးတာမို ့
ဖိတ်ခေါ်ပါရစေ။
ဒီနေရာရိပ်သာမှာ၊အားထုတ်လိုသူ၊ယောဂီများအတွက်တော့၊သာသနာ့အာဇာနည်
ဆရာတော်ဘုရားကြီးကိုယ်တိုင်၊ဝိပဿနာဉာဏ်စစ်စစ်ရဘို့၊တရားစစ်ဆေးပေးလျက်ရှိနေပါတယ်။
အားထုတ်နေတဲ့၊ယောဂီများအတွက်၊တမဂ်,တဖိုလ်ရဘို့အတွက်မခဲယဉ်းလှတာ၊သေချာလှပါတယ်။
အစစအရာရာအဘက်ဘက်ကပြည့်စုံတဲ့၊ကမ္မဌာန်းကျောင်းတိုက်ပါ။
ဒီရိပ်သာရဲ ့ထူးခြားလှတဲ့အချက်တွေကတော့၊အများကြီးပါဘဲ။
ဒီရိပ်သာမှာ၊အချိန်အခါမဟုတ်ဘဲနဲ ့၊တစ်နှစ်ပတ်လုံးကံကော်ပန်းတွေအမြဲပွင့်နေတာပါ။
ဘုရားပွင့်ရာ၊ရပ်ဒေသမှလုမ္မနီအင်ကြင်းပန်းတွေတဝေဝေနဲ ့လှပနေပါတယ်။
စကားဝါပွင့်ချိန်ဆိုရင်လည်း၊စကားဝါပန်းရနံ ့တွေမွှေးကြိုင်လန်းဆန်းလို့နေတာပါ။
ကမ္ဘောဒီးယားလို့အမည်ပေးထားတဲ့တောင်၊ဧရာကျောက်သားတွေကနေ၊ဘုရားဆင်းတုတွေ
ထွက်ခဲ့ပါတယ်။ဘုရားကို ဖူးမျှော်ကြည်ညိုရင်း တမဂ်တဖိုလ်ရနိုင်ဘို့အတွက်လည်း
ဆရာတော်ဘုရားနဲ ့ဒကာများကမဟာစည်တော် ဆော်ယွန်းတီးကာနေပါကြောင်း
ပြောပြလိုက်ပါရစေ။။။
8 comments
ဝင့်ပြုံးမြင့်
November 16, 2016 at 2:33 pm
ပုံလေးတွေ ကြည့်ရတာ စိတ်ချမ်းသာစရာရယ်နော်။
Thint Aye Yeik
November 16, 2016 at 8:10 pm
အန်တီအေးလို အပူအပင်နည်းပါးစွာ အေးချမ်းတဲ့လမ်းကို လျှောက်ချင်သား။
အခုက ကိုယ့်မှာက နောက်ဆံတင်းစရာတွေနဲ့
aye.kk
November 16, 2016 at 9:24 pm
ဟုတ်ပါတယ်မျစ်
အေးချမ်းလှတဲ့ရိပ်သာပါ။
တူမောင်ရယ်
အားလုံးက အပူတွေနဲ ့ပါဘဲ
ခဏကွာနိုင်ရင် တသက်လုံးအေးနိုင်တာပါ။
ကိုယ့်အပေါ်မှာဘဲ မူတည်ပါတယ်။။
uncle gyi
November 18, 2016 at 8:29 am
တကယ်အေးချမ်းတဲ့နေရာလေးပဲ
တရားကျင့်ရင်ပတ်ဝန်းကျင်အေးချမ်းမှုကအဓိကပဲလေ
Ma Ei
November 18, 2016 at 9:13 am
တကယ်ကို သာယာလှပတဲ့နေရာလေးပါ အေးချမ်းနေတဲ့နေရာလေးမှာစိတ်အေးချမ်းမှုကိုရှာချင်မိပါတယ် တနေ့နေ့တချိန်ချိန်လို့လဲပြောမရတာမို့ မှန်းလို့သာ အေးချမ်းရပါတော့မယ် သတိပေးလို့ ဖိတ်ခေါ်တာကျေးဇူးပါ အမအေး
aye.kk
November 20, 2016 at 2:14 pm
uncle gyi
တရားကျင့်ရင်-
ဝိပဿနာဉာဏ်စစ်စစ်ရအောင်လုပ်ပေးနိုင်တဲ့
ပဋိပတ်,ပဋိယတ်(တရားဟော,တရားပြသပေးမှု)ကောင်းမွန်ပြည့်စုံမှုရှိတဲ့ကျောင်းဖြစ်ရပါမယ်။
စားသောက်စရာပြည့်စုံတာထက်,မပြည့်စုံ(ရှားပါး)ရင်လည်းသီးခံနိုင်မှုရှိဘို့လည်းလိုအပ်ပါတယ်။
တရားဟော,တရားပြသပေးနိုင်တဲ့ကမ္မဌာန်းဆရာကိုရွေးချယ်တတ်မှုကအဓိကကျပါတယ်။
ဝိပဿနာဉာဏ်စစ်စစ်ရအောင်တရားပြသမှုပြုလုပ်ပေးနိုင်ပြီးစားသောက်စရာလည်းပြည့်စုံနေတဲ့
ငွေတောင်ဦးကမ္မဌာန်းကျောင်း-တာချီလိတ်(ရိပ်သာ)က၊အနယ်နယ်အရပ်ရပ်က
ယောဂီတွေအတွက်သင့်မြတ်လျော်ကန်လှပါကြောင်း ပြောပြပါရစေ။။
aye.kk
November 22, 2016 at 1:11 pm
Ma Ei
အေးချမ်းရာနယ်မြေ
လှမ်းခဲ့ဘို့အချိန်အခါမရွေးဖိတ်ခေါ်ပါတယ် ။
Shar Thet Man
May 8, 2018 at 3:54 pm
တော်တော်လေးတော့အေးချမ်းမယ့်ပုံလေးပါပဲ…