ဗီယက်နမ်လား….အနောက်နိုင်ငံလား…????
#Vietnam
#Danang
#Hoi_an
#Ho_Chi_Minh
ဒီတစ်ခေါက်မွန်လေးရောက်ဖြစ်တဲ့နိုင်ငံကတော့ ၂၀၁၆ မှာhot ဖြစ်နေတဲ့ဗီယက်နမ်နိုင်ငံပါ။ သွားလည်တဲ့မြို ့တွေကတော့ ဒါနန်း၊ ဟွေ ့အန်းနဲ ့မြို ့တော်ဖြစ်တဲ့ဟိုချီမင်းပါ။ဒါနန်းကဗီယက်နမ်နိုင်ငံရ ဲ ့အလယ်ပိုင်းမှာရှိပြီး ဟွေ ့အန်းကတော့ ဒါနန်းကနေ နောက်ထပ်(၁)နာရီလောက်ကားနဲ ့ဆက်သွားရင်ရောက်တဲ့နေရာလေးပါ။
- ဘယ်လိုသွားလဲ
ရန်ကုန်ကနေဒါနန်းကိုတိုက်ရိုက်လေယာဉ်တော့မရှိပါဘူး။ဟိုချီမင်း(စိုင်ဂုန်)ကနေtransit နဲ ့ဒါနန်းလေဆိပ်ကို
ဆက်စီးရပါတယ်။ဘတ်ဂျက်လိုင်းဖြစ်တဲ့ Viet Jet နဲ ့ဟိုချီမင်း(စိုင်ဂုန်)မှာတစ်ထောက်နားပြီးဒါနန်းကိုလေယာဉ်
ဆက်စီးကြတာပါ။Vietnam Airline လည်းရောက်ပါတယ်။နောက်တစ်ခေါက်ဆိုရင်တော့ Vietnam Airline စီး
ကြည့်ပါမယ်။Viet Jet ကရန်ကုန်ကနေစထွက်ကတည်းကနေ ့လည်(၁)နာရီအချိန်ပဲရှိတာမို ့လို ့ဒါနန်းလေဆိပ်
ကိုရောက်တော့ ည(၈)နာရီကျော်နေပါပြီ။
လေဆိပ်ကနေဟိုတယ်ကိုမိနစ်(၂၀)လောက်သွားရတာမို ့ရောက်တဲ့နေ ့မှာလည်ဖို ့အချိန်မရှိတော့ပဲဟိုတယ်မှာ
ပဲညအိပ်လိုက်ပါတယ်။ ညစာကိုဟိုတယ်ကညွှန်ပေးတဲ့စားသောက်ဆိုင်မှာဝင်စားလိုက်ပါတယ်။သူတို ့မှာMenu
ကအစ ဗီယက်နမ်၊တရုတ်၊ကိုရီးယား(ကိုရီးယားလူမျုူိးတွေလာတာများလို ့)စာတွေပဲပါတာများပါတယ်။အင်္ဂလိပ်
စာလည်းကောင်းကောင်းမတတ်တော့Body Langudage ကိုပဲအားကိုးရတာပေ့ါ။
- ဘယ်မှာဒေါင်ပိုက်ဆံတွေလဲကြမလဲ
ဒါနန်းမှာပိုက်ဆံလဲဖို ့နေရာသိပ်များများစားစားမတွေ ့ခဲ့ပါဘူး။ဒါကြောင့်ဖြစ်နိုင်ရင်လေဆိပ်မှာလဲများများ
စားစားလဲသွားစေချင်ပါတယ်။(ဗီယက်နမ်မှာဒေါင်မရှိရင်ဒေါ်လာနဲ ့လည်းစားလို ့၊ဝယ်လို ့မရတဲ့နေရာတွေ
ရှိတတ်လို ့ပါ။)သူတို ့နိုင်ငံကငွေကြေးဖောင်းပွမှုထဲမှာတစ်ခုအပါအဝင်ဖြစ်တော့ကိုယ်တွေဆိုတာချက်ချင်း
ကိုဒေါ်လာလဲလိုက်တာနဲ ့သန်းကျော်ဘီလီယံနာတွေဖြစ်ပါလေရော။ 😛
- ဘယ်တွေလည်ကြမလဲ
မွန်လေးတို ့ဟိုတယ်က My Khe ကမ်းခြေနဲ ့နီးတော့အိပ်ရာကစောစောထပြီး ကမ်းခြေကိုလမ်းလျှောက်သွား
တာပေါ့။မွန်လေးတို ့ရောက်တဲ့နေ ့ကမုန်တိုင်းနည်းနည်းရှိလို ့မိုးလေးတွေဖွဲဖွဲကျနေပါတယ်။မိုးကာအကျီလည်း
မပါသွားတော့ဟိုတယ်နားမှာရောင်းတဲ ့ပလပ်စတစ်မိုးကာအကျီလေးတွေပဲဝယ်ဝတ်ပြီးကမ်းခြေကိုချီတက်ခဲ့ကြ
ပါတယ်။ သိပ်လှတဲ့ကမ်းခြေကဖူးခပ်လိုတောင်တွေပတ်လည်ဝိုင်းနေတာပါ။ကမ်းခြေကနေ Son Tra Peninsula (ကွမ်ရင်မယ်တော်)ကိုလှမ်းမြင်နေရပါတယ်။
#Ba Na hill
Banana hill ကနေဆင်းသက်လာတာဖြစ်ပြီး ငါတို ့တောင်လို ့လည်းအဓိပ္ပါယ်ရတဲ့ဒီတောင်ကတော့ ဒါနန်းမြို ့
မှာလည်စရာအသက်တစ်ခုပါပဲ။ ဒါနန်းကနေ (၁)နာရီလောက်သွားရတာဖြစ်ပြီး ၁ရက်တည်းမှာပဲ Morning ဆို Spring၊ Noon ဆို summer၊ Afternoon ဆို Autumn နဲ ့ Evening ဆို winter လို ့ခေါ်တဲ့ ရာသီဥတု(၄)မျိုးရှိ
တဲ့နေရာလေးလည်းဖြစ်တယ်။ဒီတောင်ကိုတက်ဖို ့အရင်ဦးဆုံးမြင်ရတဲ့မုခ်ဦးကတော့တရုတ်လက်ရာနဲ ့ဖန်တီး
ထားတဲ့အဆောက်အအုံပဲဖြစ်ပါတယ်။လက်မှတ်ဝယ်ဖို ့ကတော့အဲ့အဆောက်အအုံရဲ ့ညာဘက်မှာဝင်ဝယ်လိုက်
ရုံပါပဲ။ ဝင်ကြေးကတော့ဒေါင် ၆၀၀,၀၀ဝပါ (မြန်မာငွေနဲ ့ဆို၃သောင်းနဲနဲစွန်းစွန်းပေါ့)။ စက်လှေကားနဲ ့တစ်ခါ
တက်၊ပြီးပြန်ထွက်၊ တောင်ခြေကိုရောက်ဖို ့လမ်းဆက်လျှောက်နဲ ့တကယ့်cable car စီးတဲ့နေရာကိုရောက်ဖို ့
(၁၅)မိနစ်လောက်တန်းစီစောင့်ရပါတယ်။တကယ်cable car လည်းစီးရောcable car ကရပ်နေတာမျိုးမဟုတ်
ဘဲဖြည်းဖြည်းချင်းသွားနေတာဆိုတော့အမြန်အမြန်ပြေးတက်ကြရပါတယ်။လူ(၈)ယောက် (၁၀)ယောက်အများ
ဆုံးပဲစီးရတာဆိုတော့ကိုယ့်လူတွေပါတဲ့cable car ရမှစီးတာအကောင်းဆုံးပါ။လူပြည့်မှထွက်တာမျိုးမဟုတ်တဲ့
အတွက်ကြောင့်ကိုယ့်လူအုပ်စုနဲ ့မဆန် ့ရင်နောက်cable car ကိုပြောင်းစီးလို ့ရပါတယ်။အဲ့cable car နဲ ့တောင်
ထိပ်ကိုရောက်ဖို ့နာရီဝက်စီးရပါတယ်။cable car ထဲမှာလည်းမပျင်းရအောင်တီးလုံးလေးတွေဖွင့်ပေးထားလို ့
မျက်လုံးလေးမှေးရင်းလိုက်သွားရုံပါပဲ။Cable car ပေါ်ကမြင်ကွင်းကလည်းဘာလှသလဲမမေးနဲ ့။ဘေးကတောင်
တွေ၊ရေတံခွန်တွေပါမြင်နေရပါတယ်။ ဒါပေမဲ့မိုးလေးတွေဖွဲဖွဲလေးကျနေလို ့cable car မှန်ကရေငွေ ့တွေလာ
ရိုက်လို ့ပတ်ဝန်းကျင်ကိုသေချာမမြင်ခဲ့ရပါဘူး။မြူကျတဲ့နေရာများဆိုပတ်ဝန်းကျင်ကိုလုံးလုံးကိုမမြင်ရတော့ပါ။
တကယ့်ကိုတောနက်ကြီးထဲcable car ကားစီးရသလိုမျိုးပါပဲ။တောင်ပေါ်ရောက်တော့ တချို ့အန်တဲ့သူကအန်၊
ခဏအပန်းဖြေတဲ့သူကဖြေနဲ ့ပေ့ါ။ကိုယ်တွေကတော့နားကလေထွက်တာကလွဲလို ့ဘာမှမဖြစ်ခဲ့ပါဘူး။တောင်
ပေါ်မှာလမ်းညွှန်စာတွေကအစပြင်သစ်စာတွေနဲ ့မို ့ပြင်သစ်ကိုလိုနီတွေအုပ်ချုပ်ခဲ့မှန်းကောင်းကောင်းကြီးသိသာ
ပါတယ်။ပြင်သစ်စာနဲ ့ကျောင်းပြီးထားတဲ့ကိုယ်ကတော့သူတို ့ဘာဆိုင်းဘုတ်ပဲတင်တင်အကုန်ကိုဖတ်တတ်၊နား
လည်နေတော့တာပေါ့။
#Le Jardin d’amour (အချစ်ပန်းခြံကြီး)
အဲ့ပန်းရောင်စုံဖူးပွင့်နေတဲ့ပန်းခြံကိုရောက်ဖို ့ကောင်တာမှာလက်မှတ်ကို ဒေါင် ၇၀,၀၀ဝ နဲ ့ထပ်ဝယ်ရပါတယ်။
ပြီးတော့Fanicular လို ့ခေါ်တဲ့ အဝါရောင်trainကို(၃)မိနစ်စီးရပါတယ်။Fanicular စီးရင်တော့အပြင်ဘက်ဝရန်
တာမျိုးမှာစီးစေချင်ပါတယ်။အဲ့ဒါမှအပြင်ပတ်ဝန်းကျင်ကိုမြင်ရမှာဖြစ်ပါတယ်။Gare de Jardin (ပန်းခြံဘူတာ
ရုံ) ကိုရောက်တော့ရပ်ပေးပြီးရထားပေါ်ကနေဆင်းတော့ Le Jardin လို ့ရေးထားတာကိုလှမ်းမြင်ရပါတယ်။အဲ့ထဲ
ဝင်ပြီး ပန်းဥယာဉ်ကြီးထဲမှာလှချင်တိုင်းလှ၊ပွင့်ချင်တိုင်းပွင့်နေတဲ့ပန်းတွေနဲ ့ကိုယ်တို ့ဓါတ်ပုံတွေမနားတမ်းရိုက်
ကြတော့တာပေ့ါ။နှမြောစရာကောင်းတာကမြူတွေလည်းကျနေလို ့ပတ်ဝန်းကျင်ကမှုန်မှုန်ဝါးဝါးဖြစ်နေတာပါ။
ပြီးတော့ဝိုင်တွေကိုလှောင်ထားတဲ့ဂူကြီးထဲကိုုလည်းဝင်ရောက်လေ့လာခဲ့ပါသေးတယ်။
#French Village
French Village ကိုသွားဖို ့ပထမကစီးလာတဲ့Fanicular အဆင်းရထားကိုပြန်စီးပြီး Fantasy Park,
Restaurant & bar လို ့ရေးထားတဲ့ဆိုင်းဘုတ်ကိုဖြတ်ဝင်ရပါတယ်။ အဲ့သွားလမ်းကိုလည်းအနီရောင်ကောဇော
ကြီးခင်းထားတော့ကိုယ့်ကိုယ်ကို red carpet ကြီးပေါ်ရောက်နေသလိုလိုပေ့ါ။ ပြီးတော့အဝါရောင် cable car
နောက်တစ်စီးကို(၁၀)မိနစ်ထပ်စီးပြီးတဲ့အချိန်မှာတော့ အနောက်နိုင်ငံကိုရောက်သွားတဲ့ခံစားမှုကိုလုံးဝခံစားရပါ
တော့တယ်။အရမ်းကိုလှပြီး ကိုယ်ဆိုတာပျော်လို ့၊ မိုးဖွဲဖွဲရွာလည်းဂရုကိုစိုက်မနေတော့ဘဲ ပြေးလွှားပြီးဓါတ်ပုံ
တွေရိုက်နေတော့တာပါပဲ။ ဗီဇာမလိုဘဲအနောက်နိုင်ငံရောက်သွားတာလေ တန်မှတန်။သိပ်လှတဲ့ရေပန်းတွေ
ရယ်၊ သိပ်ခန် ့ညားတဲ့church ကျောင်းကြီးရယ်၊ Romantic ဆန်တဲ့ဆိုင်လေးတွေရယ်၊ ရှေးကျပြီးအနောက်
တိုင်းဆန်တဲ့အဆောက်အအုံတွေရယ်၊အလကားကစားရတဲ့ကစားနည်းတွေရယ်နဲ ့မွန်လေးဆိုတာတောင်
ပေါ်မှာအချိန်ကိုမလောက်ခဲ့တာ။မကစားခဲ့ရတဲ့၊မရောက်ခဲ့တဲ့နေရာတွေဆိုတာကျန်ခဲ့တာ..နှမြောထာ။
ပြီးတော့နိုင်ငံတကာကနာမည်ကျော်ကြားလူသိများတဲ့ ဖယောင်းရုပ်ထုလည်းရှိပါသေးတယ်။အဲ့တောင်ပေါ်မှာ
လည်းတည်းလု ိ ့ရတဲ့Ba Na Hill Mountain Resort လည်းရှိသေးတော့တည်းဖို ့လုပ်ပါသေးတယ်။
Fully booked ဖြစ်သွားလို ့တည်းခွင့်မကြုံလိုက်ရပါဘူး။နောက်တစ်ခေါက်သွားခွင့်ကြုံရင်အဲ့မှာတည်းပြီးစုံအောင်
သွားပါဦးမယ်။အဆင်းကြတော့အောက်ကိုတိုက်ရိုက်ဆင်းရတဲ့cable car ကားကိုစီးရတဲ့ Gare de l’indochine လို ့ရေးထားတဲ့အင်ဒိုချိုင်းနား ဘူတာရုံအဆောက်အအုံထဲကိုဝင်ရပါတယ်။French Villageထဲအဝင်ဘူတာရုံ
နာမည်က Gare Morin ပါ။မမှားစေနဲ ့နော်။
အဲ့Ba Na Hill မှာနေ ့လည်စာစားဖို ့European restaurant တစ်ခုဖြစ်တဲ့ Morin လို ့နာမည်ရတဲ့စားသောက်ဆိုင်
လေးမှာပဲစားခဲ့ကြပါတယ်။Waitress လေးကservice တော့ကောင်းသား ကိုယ်တွေကိုဘာလူမျိုးလဲအရင်မေးပြီး
အစားအစာကိုrecommend ပေးပါတယ်။မွန်လေးတို ့မြန်မာလူမျိုးနဲ ့ဘာဟင်းလေးဆိုအဆင်ပြေမယ်..ဘာဆို
ကောင်းမယ်ဆိုတာမျိုးလေးတွေပေါ့။သူပြောတာလေးတွေစားကြည့်တော့လည်း ကိုယ်တွေအရသာနဲ ့အံကိုက်သား။
#Hoi_an
Ba Na hill ကနေ(၁)နာရီသာသာသွားရင်ရောက်တဲ့ရှေးဟောင်းမြို ့လေးပါ။နောက်နာမည်တစ်ခုက
တော့မီးပုံးလေးတွေထိန်ထိန်ညီးနေတဲ့နယ်မြို ့လေးပေ့ါ။ညဘက်ဆိုလမ်းတလျှောက်ဆိုင်တိုင်းလိုလိုမီးပုံးလေးတွေ
ထွန်းတတ်တဲ့မြို ့လေးပါ။တိတ်ဆိတ်ငြိမ်သက်ပြီးအေးချမ်းတဲ့မြို ့လေးလို ့ဆိုရင်လည်းမမှားပါဘူး။ဒီမြို ့လေးက
ဗီယက်နမ်၊တရုတ်နဲ ့ဂျပန်စတိုင်ရောယှက်ထားတဲ့နေရာလေးဆိုတော့ တချို ့အိမ်လေးတွေဆိုတာချစ်စရာလေး
တွေ။တရုတ်ကားတွေထဲမှာမြင်ရတဲ့ပုံစံမျိုးလေးတွေ။ညဘက်ကျတော့ Night market ကိုသွားဖို ့Bach Dang လမ်း
ကိုသွားရပါတယ်။အဲ့Night market က An Hoi Island မှာရှိတာပါ။ ဟွေ ့အင်မြို ့မှာကျွန်းငယ်လေး၂ခုရှိပါတယ်။
Cam Nam Island နဲ ့An Hoi Island ဆိုပြီးရယ်။ ခုအဲ့Night market က An Hoi Island မှာရှိတာပါ။Bach Dang
လမ်းကနေအဲ့ကျွန်းကိုသွားဖို ့မီးပုံးလေးတွေမျှောတဲ့မြစ်လေးကိုတံတားနဲ ့ကူးပြီးမှရောက်ပါတယ်။လမ်းတလျှောက်
ဆိုင်တိုင်းမှာမီးပုံးလေးတွေစီရရီနဲ ့အရမ်းကိုအသက်ဝင်ပါတယ်။ပြီးတော့ရာသီတွေခွဲခြားတာမျိုးမဟုတ်ဘဲညတိုင်းကို
မီးပုံးတွေထွန်းတတ်ကြတာပါတဲ့။တကယ်ကိုနေ ့နဲ ့ညနဲ ့ကပြောင်းပြန်ပါ။နေ ့ဘက်ဆိုလမ်းမှာဆိုက်ကယ်တွေနဲ ့ပဲ
စည်နေတဲ့မြို ့လေးကညဘက်လည်းကျရောမီးပုံးလေးတွေထိန်ထိန်လင်းနေတဲ့လမ်းမှာလမ်းသွားလမ်းလာတွေနဲ ့
ပြည့်နေတဲ့နေရာလေးပါ။လမ်းမှာကပြဖျော်ဖြေနေကြတဲ့ရိုးရာကပွဲတွေလည်းရှိပါသေး။မြစ်ထဲမျှောဖို ့၊လှေစီးဖို ့လိုက်
ခေါ်နေတဲ့သူတွေလည်းများပါသေး။မွန်လေးတို ့ကိုဗီယက်နမ်လိုစကားတွေလိုက်ပြောလိုပြော၊ပြောဆိုမွန်လေးတို ့က
လည်းအာရှသားတွေဆိုတော့ရုပ်ကလည်းတူနေတာကိုး။
#Japanese_Covered_Bridge
ဒါလေးကတော့ဂျပန်စတိုင်ဆောက်ထားတဲ့တံတားပါ။ဝင်ကြေးတော့ရှိပါတယ်။အပြင်ကနေပဲဓါတ်ပုံလှမ်းရိုက်ခဲ့ပါ
တယ်။
#Dragon_Bridge
ဗီယက်နမ်နိုင်ငံကတံတားတွေကြောင့်လည်းနာမည်ကြီးတော့ဒီနဂါးပုံစံတံတားကလည်းတစ်ခုအပါအဝင်ဖြစ်ပါ
တယ်။အရမ်းလက်ရာပြောင်မြောက်ပြီး ခေတ်မီတဲ့တံတားကြီးကဟန်မြစ်ကိုဖြတ်ဆောက်ထားတာဖြစ်ပြီး ဒါနန်း
လေဆိပ်ကိုသွားရာလမ်းနဲ ့ဒါနန်းမြို ့ထဲဝင်လမ်းမကြီးကိုပေါက်ပြီးMy Khe ကမ်းခြေကိုရောက်အောင်ဆောက်
လုပ်ထားတာလည်းဖြစ်ပါတယ်။
#Ho_Chi_Minh(Saigon)
ဟိုချီမင်းလို ့လည်းခေါ်၊စိုင်ဂုန်လို ့လည်းခေါ်တဲ့ဒီမြို ့ကတော့ဗီယက်နမ်နိုင်ငံရဲ ့မြို ့တော်ပါ။သူ ့မှာလည်စရာဆို
Museum၊ Notre Dame Cathedralနဲ ့ခန် ့ညားထည်ဝါတဲ့ဟိုချီမင်းရုပ်ထုတို ့ရှိပါတယ်။ဟိုချီမင်းရုပ်ထုထားတဲ့
နေရာကရန်ကုန်မှာဆိုမြို ့တော်ခန်းမရှိတဲ့နေရာနဲ ့တော်တော့်ကိုတူပါတယ်။သူတို ့ဆီမှာလွတ်လပ်ရေးကျောက်
တိုင်မရှိတာကလွဲလို ့ပေါ့။ညဘက်သွားရင်ပိုကောင်းပါတယ်။လေလေးဖြူးပြီး လမ်းလျှောက်သွားရတာပါ။လူတွေနဲ ့
အရမ်းလည်းစည်ပြီးကလေးတွေဆိုတာပြေးဆော့နေကြတာပါ။
#Shopping
မြန်မာတွေအကြိုက်ဈေးဝယ်မယ်ဆိုရင်တော့ Ben Tan Market( ရန်ကုန်ကဗိုလ်ချုပ်ဈေးလိုပါပဲ လူသုံးကုန်ကအစ
စားသောက်ဆိုင်တွေထိရှိပါတယ်)၊ Saigon Square (အဝတ်အစား၊အိတ်၊ဖိနပ်တွေရပါတယ်)၊ Takashimaya shopping mall (Branded တွေမျိုးစုံရပါတယ်)။ဈေးကတော့ဝယ်မယ်လို ့ဆုံးဖြတ်ထားရင်ထက်ဝက်ကျော်တဲ့ထိ
ဆစ်ပါ။မတန်တဆတင်ထားတတ်ကြလို ့ပါ။သူတို ့ငွေနဲ ့ကိုယ်တွေငွေနဲ ့ပြန်ယှဉ်တော့ရယ်ချင်စရာတွေ။သောင်းတွေ
သိန်းတွေကျပြီးဝယ်ရတာမျိုးပါ။မွန်လေးတွက်တဲ့နည်းလေးပါပြန်ရှယ်ပေးမယ်နော်။အနီးစပ်ဆုံးတွက်လို ့ရတာပေ့ါ။
သူတို ့ငွေကိုု သုညတစ်လုံးဖြုတ်၊၂နဲ ့စားရင်မြန်မာငွေရပါတယ်လို ့။
#Dinner_Cruise
စိုင်ဂုန်မြစ်ထဲမှာပွဲကြည့်ရင်းစားရတဲ့ညစာပါ။ ဟင်းလျာတွေကတော့မွန်လေးအကြိုက်တွေတော့မဟုတ်ပေမဲ့(ပေါ့
လို ့)သင်္ဘောကြီးစီးရင်းစားရတဲ့အရသာကတော့ဘာနဲ ့မှမလဲနိုင်ပါ။သင်္ဘောပေါ်မှာအနောက်တိုင်းသီချင်းတွေရော၊
ဗီယက်နမ်သီချင်းတွေပါညံလို ့ပေါ့။တချို ့ဆိုမွေးနေ ့ပွဲတွေလည်းလုပ်ကြတာတွေ ့ခဲ့ပါသေးတယ်။ခုရန်ကုန်ဗိုလ်
တထောင်မှာလည်းriver cruise dinner လုပ်လို ့ရနေပါပြီ။
#အစားအသောက်
လေယာဉ်စီးရတာကြာလို ့လေယာဉ်ပေါ်မှာခေါက်ဆွဲမှာစားခဲ့ရာကနေတော်တော်လေးအနံ ့မွှေးပြီးအရသာရှိလို ့
အပြန်ရန်ကုန်ထိခေါက်ဆွဲဘူးတွေရှာပြီးဝယ်ခဲ့ရပါသေးတယ်။ သူ ့တို ့အစားအသောက်ကအမွှေးအနံ ့တွေများများ
ပါပြီးပူစီနံနဲ ့အရွက်တော်တော်များများပါတာကိုတွေ ့ရပါတယ်။ဆိုင်တွေမှာခေါက်ဆွဲမှာစားရင်ခေါက်ဆွဲတစ်ပွဲအပြင်
ဘေးမှာပဲပင်ပေါက်၊ဆလပ်ရွက်(အရွက်တမျိုုးမျိုး)၊သံပုရာသီးနဲ ့ငရုတ်သီးဆီစိမ်တို ့ပါတတ်ပါတယ်။
#ဘယ်အချိန်လက်မှတ်ဝယ်ရမလဲ
အကောင်းဆုံးကတော့ပြောခဲ့ဖူးတဲ့အတိုင်း ကြိုဝယ်ရင်သက်သာပါတယ်။အနည်းဆုံး၂လပေ့ါ။ဒါဆိုသွားရမယ်ဆို
တဲ့အသိနဲ ့cancelမဖြစ်တော့ပါဘူး။
#သူများနဲ ့မတူထူးခြားချက်
သူများနိုင်ငံတွေမှာ customဖြတ်ရင် ဖိနပ်မချွတ်ရပါဘူး။ဗီယက်နမ်မှာဖိနပ်ပါချွတ်ပေးပါရပါတယ်။passport ကိုလည်းအထပ်ထပ်စစ်ပါတယ်။
#စရိတ်
လေယာဉ်ခက ၁၈၁ (အပြန်ကီလိုပါ)၊ ကားခ၊ဟိုတယ်ခက ၁၃၅၊ အစားအသောက်ရယ်၊ဝင်ကြေးရယ်၊ဝယ်တာခြမ်း
တာက ၁၄၅ ဆိုတော့ ဒေါ်လာ ၄၆၁ပဲကျခဲ့ပါတယ်လို ့:P အိုးဟိုးဟိုး အရမ်းမကုန်ခဲ့ဘူးပဲ။
#travelwithmonlay
နောက်သွားမယ့်ခရီးစဉ်လေးတွေလည်းဆက်ရေးပေးပါဦးမယ်
PS: အဲ့လိုခရီးတွေကိုလိုက်ပါခံစားချင်ရင်တော့ …Just Follow me!! ….မွန်လေးနဲ ့လိုက်ခဲ့လို့ရပါတယ်…..Free & Easy tour ပဲစီစဉ်ပြီးစရိတ်သက်သက်သာသာနဲ့ ့ကမ္ဘာပတ်ကြမယ်…..09421045685
8 comments
kai
November 29, 2016 at 7:41 pm
အောင်မြလေး..
ပုံတွေမနည်းဘူး..။
တော်တော်ရိုက်နိုင်.. သွားနိုင်တာပဲ..။
ဂုဏ်ယူပါပေ့… ယူပါပေ့..။
တလလတော့.. ခရီးသွားဆောင်းပါး အနေနဲ့ ပုံနှိပ်သတင်းစာထဲ ထည့်မယ်နော..။ :k:
သျှားသက်မာန်
November 30, 2016 at 11:13 am
ဘယ်သတင်းစာလဲသိပါရစေ…..အသိပေးပြီးဘယ်ဆောင်းပါးထည့်မယ်ပြောပြီးမှထည့်စေချင်ပါတယ်
Thint Aye Yeik
November 30, 2016 at 3:19 pm
တိန်
ဘယ်သတင်းစာလဲ တဲ့
:k:
————
ပုံတွေ ကြည့်တာ
မွန်လေး အတော် ဝ လာသလားလို့။
ဟိုးးးးတစ်ခါ မြေနီကုန်းက အိုက်စ်ဘယ်ရီမှာလား တစ်ခါ ဆုံကြတုန်းက ပိန်ပိန်လေးလိုပဲ
🙂
kai
November 30, 2016 at 5:29 pm
ဘုရား…
အဲဒီသတင်းစာပါ..။ ဒီဝက်ဘ်ဆိုက်ရဲ့ ပုံနှိပ်သတင်းစာပါခင်ဗျား..။
တလက်စထဲ.. အဲဒီမှာ LA လိပ်စာပါပါတယ်..။ ဖုံးနံပါတ်လဲပါပါတယ်..။
ရောက်ရင် ဆက်သွယ်နိုင်ပါတယ်…။ ရွာထဲက ဘယ်သူမဆို.. အတွက်.. တံခါးဖွင့်ထားပါကြောင်း..။ :k:
https://issuu.com/myanmargazette
သျှားသက်မာန်
December 1, 2016 at 1:08 pm
ဟုတ်ပါတယ်မွန်လေးအတော်လည်းဝလာသလိုလှလာတယ်လို့လည်းပြောပြပါတယ်….ဟီး အလင်းဆက်
သျှားသက်မာန်
December 1, 2016 at 1:10 pm
ကျေးဇူးတင်ပါတယ်…ထည့်ပေးစေချင်ပါတယ်…travel blogger တစ်ယောက်အနေနဲ ့ပါ။ LA ရောက်ရင်လည်းဖုန်းဆက်
လိုက်ပါမယ်
“ဘီလူးကြီး”ogre
December 9, 2016 at 6:35 pm
post ဆစ်ခုထဲမှာ ဓါတ်ပုံအများဆုံး တင်နိုင်သူအဖြစ်
မန်းဂေးဇက်မှာ 2016 အတွက်မှတ်တမ်း ဝင်သွားပါတယ်
CharTooLan
December 19, 2016 at 5:32 pm
နောက်တာလားလူးလူး hehee 😛