Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗဟုသုတဟင်းလင်းအိုးကြီး

Mon LayDecember 6, 201614min7637

မြန်မာက သတ်မှတ်သော “ပင်လယ်ရေပြင်မျက်နှာပြင်” (Sea level) မှာ ကျိုက္ခမီတွင် “သုည” ဟု သတ်မှတ်ထားပြီးမှ တစ်နိုင်ငံလုံးကိုလိုက်၍ ယှဉ်ခြင်းဖြစ်သည်။

>> မိုက်တယ်

sdfsdfsdf798413

——————————————————————————————————————————-

ဝိတိုရိယဘုရင်မကြီး၏ သရဖူမှ ပတ္တမြားငမောက်သည် မြန်မာနန်းစဉ်ရတနာဖြစ်သည်။ ထိုပတ္တမြားငမောက်အား (၁၈၈၅ခု၊ နိုင်ဝင်ဘာလ ၂၉ )နေ့တွင် မြန်မာနိုင်ငံမှ စလေဒင်က ယူဆောင်ပြီး ဆက်သထားခြင်းဖြစ်သည်။ ဧကရီဘုရင်မကြီးထံ ပေးပို့သည့် ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယသရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီးတစ်ချောင်းတို့ ပါသည်။

sdfsdfsdf798413

>>မွန်လေးတို ့ရဲ  ့ပတ္တမြားကြီးသူ တို ့ဆီရောက်နေတယ်။
——————————————————————————————————————————-
မြန်မာနိုင်ငရဲ့ အစွန်ဆုံးမြို့များမှာ
အရှေ့- မိုင်းယောင်းမြို့၊
အနောက် – မောင်တောမြို့၊
တောင် – ကော့သောင်းမြို့၊
မြောက် – ပန်နန်းဒင်မြို့ တို့ဖြစ်ကြသည်။
sdfsdfsdf798413
>>မိုင်းယောင်းမြို  ့နဲ ့ပန်နန်းဒင်မြို  ့ကိုခုမှပဲကြားဖူးတော့တယ်။
—————————————————————————————————————————–
ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ပုံတင်နံပါတ်မှာ
၁၂/ဗဟန(နိုင်)၁၀၉၄၅၈ ဖြစ်သည်။
sdfsdfsdf798413
>>ဗဟန်းမှာနေတော့လည်း ဗဟဖြစ်တာပေါ့။
——————————————————————————————————————————-
ရွှေတိဂုံစေတီ ထီတော်တွင် လက်ဝတ်ရတနာပေါင်း ၈၃၈၅ဝ နှင့် ရွှေဆည်းလည်းပေါင်း ၄၀၁၆ လုံး ချိတ်ဆွဲထားသည်။ စိန်ဖူးတော်တွင် စိန်လုံးရေ ၄၃၅၁ လုံး ပါရှိပြီး အကြီးဆုံးမှာ ၇၆ ကာရက်ရှိအထွတ်စိန်ကြီး ဖြစ်သည်။
sdfsdfsdf798413
>>တန်ခိုးလည်းကြီးပါပေ့…တန်ဖို းလည်းရှိပါပေ့။
————————————————————————————————————————
မဲဇာတောင်ခြေတည်ရှိရာအရပ်သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း အင်းတော်မြို့နယ်အတွင်း တည်ရှိပါသည်။
sdfsdfsdf798413
>>အော်………..။
——————————————————————————————————————————-
ဘူမိဗေဒ ပညာရှင်များ၏ အဆိုအရ ဧရာဝတီမြစ်ကြီးသည် သက်တမ်း နှစ်ပေါင်း ၁၅ သန်းရှိပြီး “ဧရာဝတီ” ဟူသော အမည်ဖြင့် ကျော်ကြားခဲ့သည်ပင် နှစ်ပေါင်း ၁၆၀ဝ ကျော်ပြီ ဖြစ်သည်။
sdfsdfsdf798413
>>လူတွေနဲ ့ဘဝပေါင်းများစွာကျင်လည်ခဲ့ရမှာပဲ။
————————————————————————————————————————
ကမာ္ဘပထမဦးဆုံးနှင့် မြန်မာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုသည် ၁၉၅၄ ခု ဇွန်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ ဧရာဝတီတိုင်းတွင် ဖြစ်ပွားခဲ့သည်။ ကရင်လက်နတ်ကိုင်သုံးဦးက မြန်မာ့လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ပိုင် ဒါကိုတာလေယာဉ်အမှတ် (XYACT) ကို ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။
sdfsdfsdf798413
>>ကရင်တွေကတော့ခုထိမပြောင်းလဲသေးဘူး။
——————————————————————————————————————————
မြန်မာနိုင်ငံရှိ တောင်မှ မြောက်သို့ ပြောင်းပြန်စီးဆင်းသောမြစ်များမှာ…
သောင်းရင်းမြစ်၊ ဂျိုင်းမြစ်၊ ဇော်ဂျီမြစ်၊ မြစ်သာမြစ်၊ အတ္တရံမြစ်၊ မြစ်သားမြစ်၊ တနင်္သာရီမြစ်လေးမြစ်တို့ ဖြစ်ကြသည်။
sdfsdfsdf798413
>> ကောင်းပေစွ။
——————————————————————————————————————————–

ထိုင်းနိုင်ငံ Bosang ဒေသမှ ကျောင်းထိုင်ဆရာတော် pra Inttha ဟာ နယ်လှည့်တရားဟောခဲ့ရာမှ မြန်မာ့ပုသိပ်ထီးကို တွေ့ရှိ သဘောကျကာ မန္တလေးမြို့နှင့် ပုသိမ်မြို့တို့ကိုု သွားရောက်ပြီး ထီးလုပ်တဲ့ပညာကို လေ့လာဆည်းပူးခဲ့တယ်။ ထိုပညာရပ်များကို မိမိဇာတိဖြစ်တဲ့ Bosang ရွာကို ပြန်သယ်သွားကာ ရွာသားများကို ပြန်လည်သင်ကြားခဲ့ရာမှ Bosang ထီးပေါ်ပေါက်လာခဲ့တယ်။

ယနေ့ဆိုလျှင် Bosang ထီးဟာ ကမ္ဘာအမွေအနှစ်တစ် ခုဖြစ်ခဲ့ပြီး နှစ်စဉ် Bosang ထီးပွဲတော်ကို ကျင်းပလေ့ရှိတယ်။

ကမ္ဘာအကြီးဆုံးသော ဝါးထီးကြီးပြုလုပ်ကာ ဂင်းနစ်စံချိန်တောင် တင်နိုင်ခဲ့ပါတယ်။

sdfsdfsdf798413
>>မြန်မာတဲ့ဟေ့..ဒါပေမဲ့ မြန်မာကလုပ်သာလုပ်တတ်တာ..အိုင်ဒီယာရှိတဲ့သူကပိုအောင်မြင်သွားတယ်။
————————————————————————————————————————-
ခါကာဘိုရာဇီတောင်သည် အရှေ့တောင်အာရှတွင် အမြင့်ဆုံးတောင် ဖြစ်ပြီး အမြင့်ပေပေါင်း ၁၉၃၁၅ ပေ ရှိသည်။
sdfsdfsdf798413
>>မြန်မာတဲ့ဟေ့..။
——————————————————————————————————————————
ကမာ္ဘပေါ်တွင် ရွှေအိုရောင်ပုလဲထွက်ရှိသည့် တစ်ခုတည်းသောနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။
sdfsdfsdf798413
>>မြန်မာတဲ့ဟေ့..။
————————————————————————————————————————–
မြန်မာနိုင်ငံတော်သီချင်းကို ဝိုင်အမ်ဘီဆရာတင်က ရေးစပ်ပြီး ၁၉၃ဝ ပြည့်နှစ် ဇူလှိုင် ၂ဝ ရက်နေ့တွင် ရွှေတိဂုံစေတီတော်ရာဟုထောင့်တွင် ပထမဆုံးအကြိမ်သီဆိုခဲ့သည်။
sdfsdfsdf798413
>>တော်ပါပေတယ်..ဆရာတင်ရယ်။
——————————————————————————————————————————–
ကမာ္ဘအကြီးဆုံး ပတ္တမြားကြီးသည် အလေချိန် ၂၀၄၅ဝ ကာရက်ရှိပြီး မြန်မာနိုင်ငံ မိုးကုတ်ရတနာမြေ ကင်းရွာမှ ၁၉၆၅ ခုနှစ်တွင် တူးဖော်ရရှိသည်။
sdfsdfsdf798413
>>မြန်မာဆိုတာရွှေမြန်မာအပြင်ပတ္တမြားမြန်မာလို့တောင်ပြောရမလိုလိုပင်။
——————————————————————————————————————————
ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားရိုက်ဖို့
ပထမဆုံး ကမ်းလှမ်းခံခဲ့ရတဲ့ မြန်မာရုပ်ရှင်မင်းသမီးက
ဒေါ်ဝင်းမင်းသန်း ဖြစ်ပါတယ်။ ဟောလီးဝုဒ်ဇာတ်ကားတစ်ခုလုံးမှာ ရိုးရာဝတ်စုံကိုပဲ ဝတ်ပါရစေလို့ တောင်းဆိုခဲ့တဲ့ မြန်မာ့သွေး။
မြန်မာ့အလှ ကမာ္ဘမှာပြခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးဖြစ်သည်
sdfsdfsdf798413
>>ဂုဏ်ယူပါတယ်..ဟုတ်တယ်..ဘယ်နေရာရောက်ရောက်..မြန်မာဆိုတာမမေ့နဲ ့။
——————————————————————————————————————————
ပုဂံခေတ်တွင် ပိဋကတ်သုံးပုံကို အသစ်လှူဒါန်းနိုင်ရန် လက်ရေးဖြင့် ကူးယူခစရိတ်မှာ…
ငွေ – ၂၀၃ရ ကျပ်၊
ဆန် – ၅၀၄ ၉/၁၆ တင်း၊
ဆား – ၁၁ဝ ပိဿာ၊
ငြုပ်ကောင်း – ၂၃/၃၂ ပိဿချိန်၊
ကွမ်းသီး – ၄၈၇ဝ ပေးကြရသည်။
sdfsdfsdf798413
>>မနည်းပါလား။
—————————————————————————————————————————–
မန္တလေးကျုံးသည် အကျယ် ၂၂၅ ပေရှိပြီး အနက်မှာ ၁၁ ပေ ရှိသည်။ မင်းတုန်းမင်းတရားကြီးမှ မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် တည်ခဲ့သည်။
tgwetgefgerf48d6f1
>>သိပ်မနက်ဘူးရယ် :P။
——————————————————————————————————————————-
မြန်မာ့ ရေတပ်မတော်၏ ပထမဆုံး တိုက်သင်္ဘောကို ကနောင်မင်းသားကြီးမှ ဦးဆောင်ပြီး
ခရစ်နှစ် ၁၈၇၃ စက်တင်ဘာလ ၉ ရက်နေ့တွင် ရတနာပုံ သင်္ဘော စက်ရုံတော်ကြီးတွင်မြန်မာ့ ပထမဆုံးသံထည်တိုက်သင်္ဘောကို ရေချနိုင်ခဲ့ပါသည်။
ရေချပွဲကို မက္ခရာမင်းသား၊ရေ ွှကူမင်းသားတို့တ က်ရောက်ပြီး မင်းခန်းမင်းနား နှင့် ကြီးကြယ်စွာ သင်္ဘောရေချပွဲ ကျင်းပပြုလုပ်ခဲ ့ပါသည်။
tgwetgefgerf48d6f1
>>ကနောင်မင်းသားကြီးအကြွေစောသွားတာကိုတအားနှမြောတာပဲ..လူတွေရဲ  ့မနာလိုစိတ်ကတော်တော်ကြောက်ဖို့ ကောင်းတယ်။
—————————————————————————————————————————-
ကမာ္ဘ့အိုလံပစ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့သူမှာ လူသန်ကြီးဦးဇော်ဝိတ်ဖြစ်ပြီး၊ ၁၉၃၆ ခုနှစ်က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပသော ကမာ္ဘအိုလံပစ်ပြိုင်ပွဲ အလေးမပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
fsdfsdfsd
>>ခုတော့မြန်မာ့အားကစားကမ္ဘာကိုလွှမ်းဖိုု ့ကျန်ခဲ့ပြီရော့ထင့်။
———————————————————————————————————————————
ကမာ္ဘ့ကုလသမဂ္ဂအတွင်းရေးမှုး တာဝန်ထမ်းဆောင်နေစဉ်က တိုင်းတစ်ပါးရောက်နေသော ဦးသန့်သည် မြန်မာနိုင်ငံမှ ချဉ်ပေါင်မျိုးစေ့အား ယူပြီး ရုံးနောက်ရှိ မြေကွက်လပ်တွင် စိုက်ပျိုးကာ စားသုံးခဲ့သည်။
sdfsdfsdf798413
>>ဒါဆိုနိုင်ငံခြားမှာချဉ်ပေါင်ရွက်တွေရှိနေတာသူ ့ကြောင့်ကိုး။
——————————————————————————————————————————-
၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘဝကျရောက်ပြီး ၁၈၈၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော စက်ရုံသည် မန္တလေးဘီယာနှင့် အရက်ချက်စက်ရုံ ဖြစ်သည်။
sdfsdfsdf798413
>>ထုတ်နိုင်သေးတယ်နော်။
——————————————————————————————————————————-
၁၉၄ဝ ပြည့်နှစ်နောက်ပိုင်းတွင် ဒုတိယကမာ္ဘစစ် ဖြစ်ပေါ်လာခဲ့သဖြင့် ၁၉၄၂ ခုနှစ် မတ်လတွင် ပုဂံပြတိုက် (အဟောင်း) မှ ပစ္စည်းများအားလုံးကို စစ်ဘေးဒဏ်လုံခြုံစေရန်အတွက် မြေမြှုပ်သိမ်းဆည်းခဲ့ရသည်။
sdfsdfsdf798413
>>ဒါဆိုအပြည့်အစုံမတွေ ့နို်င်တော့ဘူးပေါ့။
——————————————————————————————————————————-
ကမာ္ဘအံ့ဖွယ်စရင်းဝင် ဂုတ်ထိပ်တံတားကြီးကို (၁၉၀၃) ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ပေ ၃၀ဝ ကျော်ခန့် နက်ရှိုင်းပြီး မတ်စောက်လှသော လျှိုကြီးနှစ်ခုအပေါ်တွင် ဖြတ်ကျော်တည်ဆောက်ထားသည်။ တံတားကြီး၏ အရှည်ပေမှာ ၂၂၆ဝ ဖြစ်သည်။
sdfsdfsdf798413
>>မစီးဖူးသေးဘူး..စီးချင်ပါဘိ။
——————————————————————————————————————————
ရခိုင်မျိုးနွယ်စုတွင် ပါဝင်သော မြိုလူမျိုးတို့၏ ထူးဆန်းသောဓလေ့တစ်ခုမှာ ချစ်သူရည်းစား ရရှိပြီးသော ကောင်လေးနှင့်ကောင်မလေးသည် တစ်ယောက်မျက်ခုံးကိုတစ်ယောက် အပြန်အလှန်နှုတ်ပစ်ကြသည်။ မျက်ခုံးမွှေးမပါသော ကောင်လေး/ကောင်မလေးတို့သည် ပိုင်ရှင်ချစ်သူ ရှိပြီးသားသူများဟု သတ်မှတ်ပြီး အခြားမည်သူမျှ ရည်းစားစကား မပြောကြရခြင်းဖြစ်သည်။
sdfsdfsdf798413
>>တမျိုးပဲ။
——————————————————————————————————————————–
တွင်းတောင်ကန်ရေသည် ရေညှိရောင်ဖြစ်ပြီး ကြည်လင်မှုမရှိ ချွဲပစ်ပစ်ဖြစ်သည်။ ကန်အတွင်းရေဆင်းချိုးလျှင် ဆပ်ပြာတိုက်ရန်မလိုဘဲ ဆပ်ပြာတိုက်ပြီးသလို ဖြစ်နေသည်။ လက်နှီးစုတ်တစ်ခုကို ချကြည့်လျှင် ဆပ်ပြာတိုက်လျော်သကဲ့သို့ ဖြူစင်သွားသည်။ တွင်းတောင်ရေထဲတွင် ဓါတ် ၁၆ မျိုးပါဝင်နေသည်ဟု ဟော်လန်နှင့် ဂျပန်ပညာရှင်များက ဆိုသည်။
tgwetgefgerf48d6f1
>>သဘာဝအလှတစ်ပါးပဲ။
——————————————————————————————————————————–
မြန်မာ့သမိုင်းတွင် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို စတင်ရေးသား ပြု့စုခဲ့သူမှာ မက္ခရာမင်းသားကြီး ဖြစ်ပြီး ၁၈၃၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် ပုံနှိပ်သည်။ ယနေ့အချိန်တွင် နှစ်အုပ်သာကျန်ရှိပြီး တစ်အုပ်မှာ အမေရိကန်နိုင်ငံ ကွန်ဂရက်စာကြည့်တိုက်နှင့် ကျန်တစ်အုပ်မှာ မြန်မာနိုင်ငံ အမျိုးသားပြတိုက်တို့တွင် ထိန်းသိမ်းထားရှိသည်။
sdfsdfsdf798413.
>>အိမ်မှာလည်းတစ်အုပ်ဝယ်သိမ်းထားပါတယ်လို့။
——————————————————————————————————————————
 မြန်မာနိုင်ငံ၏ ပထမဆုံး ဘဏ်သူဋ္ဌေးကြီးမှာ ရခိုင်လူမျိုးဦးရဲကျော်သူ ဖြစ်သည်။ လှေထိုးသားဘဝမှ စီးပွားရေးလုပ်ငန်ရှင်ဖြစ်လာသူဖြစ်သည်။ အိနိ္ဒယအစိုးရကပင် ဖိတ်ကြား၍ သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ် ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။

ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁၀)

sdfsdfsdf798413
>>ဒါပဲ..ရခိုင်အမျိုးတဲ့ဟေ့(မွန်လေးကရခိုင်ပါ)။
————————————————————————————————————————–
“မင်္ဂလာပါ” ဟူသော နှုတ်ခွန်းဆက်စကားကို စတင်တီထွင်ခဲ့သူမှာ ထွန်းနေ့စဉ်သတင်းစာမှ ဦးထွန်းဖေ ဖြစ်သည်။
sdfsdfsdf798413
>>တော်ပါပေတယ်…အဓိပါ္ပယ်လည်းရှိပါပေတယ်။
———————————————————————————————————————————-
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာဧည်ခံပွဲအား ၁၃၀၄ ခု၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ တနင်္လာနေ့၊ ညနေ ၅ နာအချိန်တွင် ရန်ကုန်မြို့ရှိ မင်တိုမင်ရှင်ဟိုတယ်၌ ကျင်းပခဲ့ပါသည်။
 sdfsdfsdf798413
>>အဲ့ဟိုတယ်ကခုဘာဖြစ်သွားပြီလဲတောင်မသိတော့ပါ။
 #credit

7 comments

  • aye.kk

    December 6, 2016 at 7:43 pm

    တော်လိုက်တာ
    ရှာဖွေစုဆောင်း၊ဖတ်လို့ကောင်း။
    တစ်စုတစ်ဝေးတည်းဖတ်လိုက်ရလို့၊ကျေးဇူးပါ။

  • သျှားသက်မာန်

    December 7, 2016 at 10:30 am

    ရပါတယ်..ဆက်လက်တင်ပြသွားပါဦးမယ်

  • Thint Aye Yeik

    December 7, 2016 at 3:23 pm

    စာပေဟင်းလေးအိုးကြီး ဆိုလား… စာအုပ်ဆိုင် နာမည်…
    ဟင်းလေးအိုးကြီး ဆိုတာနဲ့ ဟင်းလင်းအိုးကြီးဆိုတာ… ဘယ်လို ကွာလဲ မသိ။
    ဒါက… ဗဟုသုတတွေ ရှိနေတဲ့ ဟင်းလင်းပြင် အိုးကြီးပေါ့နော်။
    :k:

    မှတ်သား စရာလေးတွေ တင်ပြပေးထားလို့ ဇူးဇူးပါခင်ဗျ

  • kai

    December 7, 2016 at 5:01 pm

    ဟင်းလင်းက အမှန်ပါ..။
    အဲဒီဗဟုသုတတွေက… ဟင်းလင်းကြီးဖြစ်ပြီး.. ၅၀% က အမှန်မဟုတ်ဖူးထင်လို့..။

    အောက်ကပြန်ပြောရရင်.. ရန်ကုန်မြို့ရှိ မင်တိုမင်ရှင်ဟိုတယ် ဆိုတာ ရှိမှမရှိနိုင်တာ..။
    ဂျပန်ခေတ်ဖြစ်လို့. ..ဂျပန်နာမယ်ဖြစ်ကောင်းဖြစ်မယ်.. စစ်ရုံးထဲဖြစ်ချင်ဖြစ်မယ်..။ သေချာတာက နာမယ်အသံထွက်မမှန်..။

    မြန်မာနိုင်ငံ၏ ပထမဆုံး ဘဏ်သူဋ္ဌေးကြီးမှာ ရခိုင်လူမျိုးဦးရဲကျော်သူ ဖြစ်သည်။ ဆိုတာမှာလည်း.. မြန်မာနိုင်ငံဆိုတာ.. ဘယ်ခေတ်လည်း..။ ပထမအင်္ဂလိပ်မြန်မာစစ်မှာ ဘဏ်စနစ်ဖွံ့ဖြိုးနားလည်ပြီးဖြစ်တဲ့.. အင်္ဂလိပ်တွေ အောက်မြန်မာနိုင်ငံကို သိမ်းပြီးသားမို့.. ဖြစ်ချင်းဖြစ်.. မော်လမြိုင်က မွန်တယောက်ယောက်ဖြစ်ရမယ်လို့စ်..။

    သမိုင်းအထောက်အထားတွေအရ.. ပတ္တမြားငမောက်က… အင်္ဂလိပ်ဘုရင်မခေါင်းက သရဖူးမှာမရှိ..။

    • ဝင့်ပြုံးမြင့်

      December 13, 2016 at 3:24 pm

      အယ်လီဇဘက် ဘုရင်မသရဖူက ဟာ က ပတ္တမြား မဟုတ်ဘူးတဲ့။ ပတ္တမြားအဆင့်မရောက်သေးတဲ့ ဘာကျောက်ဆိုလား ဖတ်ထားဖူးပါတယ်။

  • သျှားသက်မာန်

    December 8, 2016 at 12:25 pm

    ဟုတ်မဟုတ်တော့..မွန်လေးကိုယ်တိုင်သုတေသနလုပ်ပြီးရေးထားတာမဟုတ်တဲ့အတွက်ကြောင့်မွန်လေးနဲ့ ့မဆိုင်ဘူးထင်ပါတယ်.
    မွန်လေးကကိုယ့်လူတွေကိုဗဟုသုတရအောင်တင်ပြပေးရုံသက်သက်ပါ

  • CharTooLan

    December 26, 2016 at 11:59 am

    အန်~~ :-O
    ဒူးစာ ဒုတ်စာ အရင်ဖတ်ကြည့်ထားရမယ်ထင့်

Leave a Reply