Venice မြို့ပေါ်က အလှဆုံး နေရာ (၆) ခု
- Mark’s Square
(Image Credit : magical-italy.com)
ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ဒီ plaza ကတော့ ဘေးပတ်ပတ်လည်မှာရှိတဲ့ တင့်တယ်လှတဲ့ဗိသုကာလက်ရာတွေနဲ့တည်ဆောက်ထားတဲ့ အဆောက် အဦတွေရဲ့ အရှိန် အဝါကြောင့် သီးသန့်ကမ္ဘာလေးတစ်ခုသဖွယ် ဖြစ်နေပါတယ်။ လူတွေက ဒီနေရာ ကို အေးအေးဆေးဆေး လမ်းလျှောက်ဖို့၊ မိတ်ဆွေတွေနဲ့စကားပြောဖို့၊ သူငယ်ချင်းအသစ်တွေရှာဖွေဖို့၊ coffee သောက်ဖို့၊ ပတ်ဝန်းကျင်မြင်ကွင်းတွေကိုခံစားရင်း အချိန်ဖြုန်းဖို့ စတဲ့အကြောင်းပြချက်တွေနဲ့ လာရောက်လေ့ရှိကြပါတယ်။
- Zattere
(Image Credit : magical-italy.com)
Dorsoduro နယ်မြေထဲမှာတည်ရှိတဲ့ ဒီပင်လယ်ကမ်းနဖူးပေါ်က လမ်းကျယ်လေးကတော့ ညနေခင်းလမ်းလျှောက် ထွက်ဖို့ နဲ့ ရေပြင်ကျယ်ကြီးရဲ့ အလှကိုခံစားရင်း ညစာ သုံးဆောင်ဖို့အတွက် အကောင်းဆုံးနေရာလေးတစ်ခုဖြစ်ပါတယ်။ မြို့ပြရဲ့ မွန်းကြပ် တဲ့နေ့စဉ်ဘဝကနေ ရုန်းထွက်နိုင်မယ့် အေးချမ်းတဲ့နေရာလေးတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်မှာလည်း ထင်ရှားတဲ့အ ထိမ်းအမှတ် အဆောက်အဦတွေကို တွေ့မြင်နိုင်ပါတယ်။
- Torcello Island
(Image Credit : magical-italy.com)
Venice မြို့ဆိုတာ (၇) ရာစုလောက်က ဒီကျွန်းလေးပေါ်ကနေ စတင်ခဲ့တာဖြစ်ပြီး ရာစုနှစ် (၅) ခုလောက်အကြာမှာတော့ စီးပွားရေးမြို့ တစ်မြို့အဖြစ် ဖွံ့ဖြိုးလာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီကျွန်းပေါ်မှာ Santa Maria Assunta ဘုရားကျောင်း အပါအဝင် ဘုရားကျောင်းနှစ်ကျောင်း နဲ့ အိမ် အနည်းငယ်သာ ကျန်ရှိနေပါတော့တယ်။
- San Giorgio Maggiore
(Image Credit : magical-italy.com)
St Mark’s Square ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ဒီကျွန်းငယ်လေးကတော့ Andrea Palladio ဒီဇိုင်းဆွဲခဲ့တဲ့ (၁၆) ရာစုက နာမည်ကြီး ဘုရားကျောင်း တည်ရှိရာ ကျွန်းလေးဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့ အပြင်ပိုင်းသာမက အတွင်းပိုင်းကပါ လှပပြီး အပေါ်ဆုံး ထပ် ကနေကြည့် မယ်ဆိုရင် Venice တစ်မြို့လုံးရဲ့အလှကို မြင်တွေ့ခံစားရမှာပါ။
- Sant’ Andrea Island
(Image Credit : magical-italy.com)
ဒီကျွန်းကတော့ Murano နဲ့ Torcello ကျွန်းတွေလောက်နာမည်မကြီးပေမယ့် သူ့သဘာဝနဲ့သူ လှပနေတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ အဲ့ဒီကျွန်းပေါ်မှာ ပျက်စီးနေပြီဖြစ်တဲ့ (၁၇) ရာစုက မြို့ခံတပ်ဟောင်းကြီးကို တွေ့မြင်ရပါလိမ့်မယ်။ ဒီကျွန်းလေးပေါ်ကနေ ပြိုင်ဘက် ကင်းစွာ လှပနေတဲ့ Venice မြို့နဲ့ ရေပြင်ကျယ်ကြီးရဲ့အလှတွေကို ရှုမြင်ခံစားနိုင် တဲ့အတွက် ပျော်ပွဲစား ထွက်ဖို့အကောင်းဆုံးနေရာ တစ်ခုဖြစ်ပါတယ်။
- Chioggia
(Image Credit : magical-italy.com)
Venice မြို့ကိုသွားလည်ရင်း ခရီးသွားမများတဲ့နေရာမျိုးမှာ အပန်းဖြေချင်တယ်ဆိုရင်တော့ ဒီတံငါရွာလေးက မိတ်ဆွေတို့ရဲ့ အလိုကို ဖြည့် ဆည်းပေးပါလိမ့်မယ်။ သူ့ရဲ့အနီး အနားက ရွာတွေလောက် အနုပညာဆန်ဆန် မလှပပေမယ့် တူးမြောင်းကျဉ်းကျဉ်းလေးတွေ၊ မုဒ်ဝပါတဲ့ တံတားတွေနဲ့ အရသာရှိတဲ့ပင်လယ်စာတွေက ဒီရွာလေးရဲ့ဆွဲဆောင်မှု ပါပဲ။
Reference : magical-italy.com
2 comments
Thint Aye Yeik
December 8, 2016 at 12:08 pm
သွားချင်စရာလေး…
သျှားသက်မာန်
December 8, 2016 at 12:28 pm
ကမ္ဘာမှာအသွားချင်ဆုံးမြို ့လေးပါ