စိတ်ရဲ့ တွယ်ရာ
ကျွှန်တော် အသက် ၄ဝ ဝန်းကျင်လောက် ရှိပြီလို့ သိထားပေးပါ။ ကျွှန်တော် ဂျပန်ဆိုတဲ့ နိုင်ငံ က မြို့တမြို့မှာ နေတယ်ပေါ့ဗျာ.. ကျွှန်တော် အလုပ်ကြိုးစားတဲ့ လူလို့ အလုပ်မှာကော ပတ်ဝန်းကျင်မှာပါ လူသိများပါတယ်။ သားသမီးတွေနဲ့ မိန်းမတော့ ရှိပါတယ်။ သားသမီးတွေကတော့ သူတို့ အိမ်ယာတွေနဲ့ ဆိုတော့ စိတ်ပူစရာတော့ မရှိဘူးပေါ့လေ.. ကျွှန်တော် အလုပ်ကို အရမ်းလုပ်သလို မိန်းမကိုလည်း ချစ်ခင်ကြင်နာတတ်ပါတယ်။ အလုပ်တွေ တောင်လို ပုံနေတဲ့ အချိန်မှာ မိန်းမက အားပေးသလို အနှောက်အယှက်မပေးဘဲ အလုပ်ကို ကြိုးစားနိုင်အောင် ပါရမီ ဖြည့်ဖက်ဖြစ်အောင် နေပေးလို့ ကျေနပ်ခဲ့ရပါတယ်။ တနေ့မှာတော့ အလုပ်က စီမံကိန်းတခု ကို ကျွှန်တော် တာဝန်ယူရပါတယ် ပြီးခဲ့ တဲ့ စီမံကိန်းတွေမှာလည်း နာမည်ကောင်းရလို့ အဲဒီ စီမံကိန်းလေးကို သူဠေး ယုံပြီး ပုံအပ်ပြီး ကျွှန်တော်ကို လွဲခဲ့ပါတယ်။ ကျွှန်တော် ဂုဏ်လည်း ယူပါတယ် သိပ်လည်းပျော်တာပေါ့ဗျာ။ တနေ့ ကျွှန်တော် သူငယ်ချင်းတွေနဲ့ ပါတီကို သွားပါတယ် ကျွှန်တော် အလုပ်ကနေ ဆက်သွားတာ ဖြစ်တာပါ။ ကျွှန်တော်ကား အဲဒီနေ့က ပျက်နေလို့ သူငယ်ချင်း တယောက်နဲ့ တူတူ သူရဲ့ ကားနဲ့ သွားခဲ့တယ်ပေါ့ဗျာ။ အဲဒီနေ့က ကျွှန်တော်တို့ သိပ်မူးနေကြပြီ နောက်ပြီး အလုပ်နဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းနဲ့ မှတ်တမ်းတချို့ကိုတော့ ပါတီမှာ မူးနေရင် ပျောက်သွားမှာ စိုးတာနဲ့ ကားထဲက အရှေ့ခန်း ထိုင်တဲ့သူရဲ့ မျက်နှာ ချင်းဆိုင်မှာ ရှိတဲ့ အံဝှက်ကလေးထဲမှာ ထားလိုက်ပါတယ်။ ဖြစ်ချင်တော့ သူငယ်ချင်းက မူးမူးနဲ့ မောင်းလိုက်တာ တခြား ကားတစီးကို ပွတ်တိုက်မိသွားတယ်။ ဒါနဲ့ ကားကို ကရိန်းနဲ့ ဆွဲပြီး အပြင်ပို့လိုက်တယ်။ ကျွှန်တော် မူးနေပေမဲ့လို့ စာရွက်စာတမ်းတွေ ယူဖို့ သတိရလို့ ယူလိုက်တယ် ဒါပေမဲ့ ၁ခု ကျန်ခဲ့တာ သတိမထားမိဘူးဗျာ။ အဲဒီမှာ ကျွှန်တော် ဘဝ ကို အဆုံးသတ်စေတာပေါ့။ ကျွှန်တော် အမူးပြေတော့ ဘယ်လို ရှာရှာ မတွေ့ဘူး အလုပ်မှာ နံမည်ကောင်းရတဲ့ ကျွှန်တော် ပျောက်သွားတဲ့ ပစ္စည်းက သေးကွေးပြီး သိပ်အဖိုးတန်တော့ ကျွှန်တော်ကို သူများတွေက သစ္စာဖောက်လို့ ယူဆပြီး ပြောဆိုကြပြီလေ။ လုပ်ငန်း လည်ပတ်မှုနဲ့ သက်ဆိုင်နေတော့ တခြား လုပ်ငန်းတူတွေကို အချက်အလက်တွေ ခိုးထုတ်ရောင်းစား သူလို့ လက်ညိုးထိုးတော့ ကျွှန်တော် တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။ သူဠေးကလည်း ခေါ်ပြောတယ် မင်းကို ယုံတယ် မင်း ရအောင် ရှာပေးတဲ့ အစ အန မသိအောင် ပျောက်သွားတာ သူခိုးများ ခိုးခံရလား မသိဘူးလေ ဗျာ။ ပတ်ဝန်းကျင်က ရိုက်ခတ်မှုတွေတော့ အလူးအလဲကို ခံရတာဘဲ ရူးမတတ်ကို ခံစားရတယ်ဗျာ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွှန်တော် တာဝန်ရှိတယ် နောက်ဆုံး စိ်တညစ်ညစ်နဲ့ ၁၉၉၉ ခုနှစ်ထဲက ရက်တရက်မှာဘဲ အဆုံးစီရင်လိုက်ပါတယ်။ ကျွှန်တော် သေပြီဆိုတော့ ကျွှန်တော် အခု လေလွင့် သရဲလေးဆိုပါတော့ စိတ်ကတော့ ပျောက်သွားတဲ့ ပစ္စည်းလေး ကို လိုက်ရှာချင်နေတာဆိုတော့ ဆက်ပြီး လိုက်ရှာတာပေါ့။ ကျွှန်တော် သရဲ ဘဝနဲ့ ဆက်ရှာတဲ့ အခါမှ တွေ့သွားပါတယ် ပါတီက အပြန် စီးမိပြီး တိုက်တဲ့ ကားထဲမှာပါ။ ကားပိုင်ရှင်ကလည်း မသိဘူး သူလည်း တိုက်သွားလို့ မစီးချင်တော့လို့ ပြန်ရောင်းလိုက်ပါတယ် အဲဒါလေးက အတွင်းကြားထဲမှာ ညုပ်နေတာဆိုတော့ ဘယ်သူမှ မသိတော့ အဟောင်း ပြန်ရောင်းတဲ့ ဆိုင်ရောက်နေတဲ့ တိုင်အောင် ရှိနေတုန်းပါဘဲ။ ကျွှန်တော့် စိတ်ရဲ့ တွယ်ရာကတော့ ဒီပစ္စည်းလေးဆိုတော့ ဒီပစ္စည်းလေး ရှိတဲ့ အံဝှက်ထဲမှာ ကျွှန်တော် ကိုယ်လေး ကျုံပြီး နေပါတယ်။ ဆိုင်ပိုင်ရှင်ကတော့ ကားကို တယောက်ပြီး တယောက် ခေါ်လာပြတယ် ကျွှန်တော် သိတယ်လေ သူတို့ ကို မဝယ်စေချင်တာနဲ့ ပညာတွေ ပြလိုက်တယ် ကားက ဘယ်သူမှ မစီးရဘူး ဒီတိုင်းဘဲ ဆိုင်မှာ ထား နောက်တော့ ကားကွင်းမှာ ဒီတိုင်းဘဲ ပစ်ထားတာ ကျွှန်တော် စောင့်နေတဲ့ ပစ္စည်းလေး ကို တနေ့မှာတော့ သန့်ရှင်းရေး လုပ်တဲ့ ဝန်ထမ်းတွေက တွေ့လို့ ကောက်ပစ်လိုက်ပါတယ် စိတ်မကောင်းဘူးဗျာ။ ဘာမှ လည်း လုပ်လို့မရဘူး သူတို့က ကားကို သန့်ရှင်းရေး လုပ်တယ် ကျွှန်တော်လည်း မထူးဘူးဆိုပြီး ကားထဲမှာဘဲ ဆက်နေတယ် နောက်တော့ ကားကို ကွန်တိန်နာနဲ့ ထည့်ပြီးတော့ ပိတ်ထားပါတယ် ဘာလုပ်ဖို့လည်းတော့ မသိဘူး ရက်အတန်ကြာတော့ ကားကို အပြင်ထုတ်ပါတယ် လူတွေကတော့ ကျွှန်တော် နားလည်တဲ့ ဂျပန်စကား မပြောတော့ဘူး ဘာစကားတွေ ပြောနေမှန်းလည်း မသိဘူး ကားကို ဟိုလူက ပွတ်လိုက် ခေါက်လိုက် ဟိုကြည့်ဒီကြည့်လုပ်ကြတယ် နောက်တော့ စမ်းမောင်းကြည့်တယ် သူတို့ စကားတွေ ပြောနေကြတယ် နားလည်တဲ့ စကား မဟုတ်တော့လည်း ဒီလိုဘဲ နေလိုက်တယ် သေချာတာကတော့ အဲဒါ ဂျပန်ပြည်မဟုတ်တော့တာဘဲ။ အခုမှ သတိရတယ် အိမ်က မိန်းမ နေကောင်းရဲ့လားမသိဘူး။ သူကို တယောက်ထဲ ထားပြီး ထွက်လာတာ ၁ဝနှစ်ကျော်ပြီပေါ့။ နောက်တော့ ဟိုကြည့် ဒီကြည့်နဲ့ သိလိုက်ရတာကတော့ ယိုးဒယား နယ်စပ်ပေါ့ နောက်တော့ မြဝတီဘက်ကနေ ကားကလေး ကို မောင်းချသွားလိုက်တာ ရန်ကုန်ရောက်နေပြီဆိုတာ သိလိုက်တယ်။ ကျွှန်တော်လည်း စိတ်ဓါတ်တွေ ကျနေတော့ သူတို့ကို ကျွှန်တော် အရင်လိုလည်း ပညာ မပြချင်တော့ဘူး ကားဘယ်ရောက်နေပြီလဲလို့သာ လိုက်ကြည့်မိနေတော့တယ်။ ပတ်ဝန်းကျင်အနေအထားကတော့ ဂျပန်နဲ့ တော်တော် ကွာနေတယ်ဆိုတော့ မြင်မြင်သမျှ အသစ် အဆန်းပေါ့ဗျာ။ ဒါနဲ့ ကားပိုင်ရှင်ဘယ်သူလဲ ဆိုတာ သေချာသိတော့ ပိုင်ရှင်ကို ကျွှန်တော် သွားပြောတယ် ကျွှန်တော အဲဒီမှာနေတယ် ဂျပန်ပြန်ချင်တယ်လို့။ ကျွှန်တော်လို သရဲတွေကို လူတွေ တော်ယုံမမြင်ကြတာ အဲဒီ ပိုင်ရှင်က ကျွှန်တော်သွားပြောတာ သိတယ်ဗျာ ဝမ်းသာလိုက်တာ သူကတော့ ပြောသား သူက ဘုရားတရား သိပ်လုပ်တော့ နဲနဲ အကြားအမြင်ရနေလို့ပါတဲ့ ဒါနဲ့ သူကို ပြောပြတော့ ကူညီမယ်တဲ့ ဒါနဲ့ သူပြောသလိုဘဲ ကုသိုလ်တွေကို အမျှအမျှအမျှ လို့ ပြောတဲ့ အခါ ကျွှန်တော် သိတဲ့ စကားနဲ့ သူပေးသမျှ အကုန်ရပါစေလို့ ဆုတောင်းလိုက်တာ ကျွှန်တော် ပြန်ချင်တဲ့ ဂျပန်ပြည်မှာ လူသား အသစ်ကလေး အဖြစ်နဲ့ အမိဝမ်းမှာ နေရပါတော့တယ်။ ဒါတွေကတော့ ကြုံခဲ့ရသမျှ စပ်မိစပ်ရာပေါ့။
အထက်က ဇတ်လမ်းလေးကတော့ ကားနဲ့ ပတ်သတ်ပြီး ဖြစ်ရပ်မှန်လေးပါ ကားကိုစိတ်ဆွဲနေတဲ့ သရဲလေးကို ခံစားပြီးရေးထားတာပါ။ ကားကတော့ ၉ရခုနစ်ထုတ်ကားပါ ကီလိုမီတာ ၂၈၀၀ဝ ကျော်ဘဲ ရှိပါသေးတယ် ကားမှာ ဝယ်ကတည်းက ပါတဲ့ ပွတ်တိုက်မိတဲ့ အပိန်လေးကိုတော့ ရောင်းတဲ့ လူတွေက ကွန်တိန်နာတဲ့ ထိမိလို့ ပွန်းတာဆိုပြီး ပြောတာနဲ့ ဝယ်ခဲ့တာပါ။ ရန်ကုန်မှာ ကားဆေးမှုတ်တော့ ကားအဆင်းက သံချေးတွေ တက်နေလို့ တော်တော် တိုက်လိုက်ရတယ်လို့ ပြောပါတယ် မသင်္ကာတာနဲ့ စစ်ဆေးကြည့်တော့ သိခဲ့ရတာလေးကို ဇတ်လမ်းလေး ဖြစ်အောင်ရေးလိုက်တာပါ။ ကားကို ရောက်တဲ့ နေ့ရန်ကုန်မြို့ကို ပတ်ပြီး လျောက်သွားတာ ကီလို မီတာ ၆၀- ၇ဝ ဝန်းကျင်လောက် တက်သွားပါတယ်။ မြဝတီ ဘက်ကနေ ရန်ကုန်အထိဆိုရင်တော့ ကား ကီလို မီတာ ကလည်း မနဲဘူးပေါ့။ အခု လိုင်စင်တွေ ချပေးနေလို့ ကား အသစ်လေးကို တဖက်ကမ်းကနေ ဝယ်စီးကြတာပါ။ ဘာပဲ ပြောပြောပေါ့ ကားကတော့ အသစ်နီးပါး သစ်တဲ့ ကားလေး စီးရတာပေါ့။
2 comments
bigcat
September 2, 2010 at 3:21 am
သရဲတောင် စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာပြည်ကို မကြိုက်ဘူးလို့ ဆိုလိုတာလားဗျာ။
winne
September 2, 2010 at 3:28 am
အဲဒါတော့ မသိပါကွယ်.. သရဲက သူစကား နားလည်တဲ့ ဂျပန်မတွေ မရှိလိ့လည်း ဖြစ်မှာပေါ့။