Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရောက်လေရောက်လေ..ရောက်မပြေ(၁ညအိပ်)တောင်အောက်

Mon LayJanuary 15, 20185min6055

နေ့ချင်းပြန်လေးပြီးသွားတော့ ကျိုက်ထီးရိုးမှာ ၁ညအိပ်ခဲ့တာလေးပြန်ရှယ်ပေးချင်ပါတယ်။✍

#ဘယ်လိုသွားရလဲ🚌🚗🚍🚘

ကျိုက်ထီးရိုးကတော့ တချို ့ကားရှိတဲ့သူတွေလည်း ကိုယ်ပိုင်ကားလေးနဲ့သွားကြသလို တချို ့ကျတော့လည်း ဘုရားဖူးလိုင်းကားတွေနဲ့သွားကြပါတယ်။ ရန်ကုန်ကနေဆို ဘုရားဖူးပို့ဆောင်ရေးကားတွေ ခုဆိုအတော်များများရှိလာပါပြီ။ အောင်ဆန်းကွင်းကနေစီးတာပဲဖြစ်ဖြစ်၊ အောင်မင်္ဂလာကနေဖြစ်ဖြစ်၊ မြို့တွင်းနီးစပ်ရာနေရာကနေဖြစ်ဖြစ် ကားတွေကိုစီးပြီးအဆင်ပြေစွာနဲ့သွားလို့ရပါတယ်။ အသွားအပြန် ဂိတ်ပေါ်မူတည်ပြီး အနည်းဆုံး တစ်ယောက် ၁၂၀၀ဝကျပ် ကစရှိပါတယ်။ အသွားအပြန်ပေါ့ (လက်မှတ်လိုချင်ပြောနော်..မွန်လေးခုအလုပ်လုပ်နေတဲ့ တိုးမှာ ဝယ်လို့ရတယ်နော်)😁😁😁

ရန်ကုန်ကနေညဘက် (၉)နာရီထွက်လာရင် ကင်ပွန်းစခန်းကို မနက်စောစော(၂)နာရီဆိုရောက်ပါတယ်။

အချိန်ကတော့ များသောအားဖြင့် ရန်ကုန် က ည ၉ နာရီထွက်ပြီး ကင်မွန်းစခန်းကို မနက် ၂နာရီဝန်းကျင်ရောက်ရှိလေ့ရှိပါတယ်။ ဒီလိုဂိတ်တွေက အပြန်ခရီးမှာကျိုက်ပေါလောဘုရား၊ ပဲခူးရွှေမော်ဓောဘုရားများကို ပို့ဆောင်ပေးပါတယ်။ ( နေ့ချင်း ပြန်ပဲဖြစ်ဖြစ်.. ညအိပ်ခရီးပဲဖြစ်ဖြစ် ညကားပဲစီးရတာပါပဲ)

#တောင်အောက်မှာ ဘယ်တွေလည်လို့ရလဲ 🚶‍♀️🚶‍♀️🚶‍♀️

အခုဆိုရင် တောင်ပေါ်မတက်ခင် တောင်ခြေကင်ပွန်းစခန်းမှာပင် လည်ဖို့နေရာတွေရှိနေပါပြီ။ ကင်ပွန်းစခန်း ကျိုက်ထီးရိုးတောင်တက် ကားဂိတ်နားက …SMILE WORLD အဆင့်မြင့် ကစားကွင်းပါ။ ကလေးတွေအတွက်ကော လူကြီးတွေ အပန်း ဖြေနိုင်မှာပါ။ကင်ပွန်းစခန်းနဲ့ ၅ မိနစ်သာသာသာ သွားနိုင်တဲ့ ဆောင်နိုင်ကြီးရေတံခွန်တို့လည်းရှိနေပါပြီ။

တောင်တက်ကားက မနက် ၄နာရီလောက်ဆိုဖွင့်တတ်တော့ တောင်အောက်မှာခဏနားပြီး တောင်တက်ကြပါတယ်။🚶🚶⛰⛰

ကားမစီးချင်တဲ့သူတွေက တောလမ်းကနေ လမ်းလျှောက်လို့ရပါတယ်။ မနက်  ၄ နာရီက လျှောက်ရင် ၁၂

နာရီလောက်တောင်ပေါ်ရောက်တယ် ပြောကြတယ်။ မွန်လေးငယ်ငယ်တုန်းကလျှောက်ခဲ့ဖူးတယ်ပြောပေမဲ့ မှတ်မိတာကတော့ ရသေ့တောင်ကနေ ခြေလျင်တက်တာပါပဲ။ သူက ၄၅ မိနစ်လောက်ပဲကြာခဲ့တယ်။တက်နေကြသူတွေအတွက်ကတော့

 တော်တော်လေးအဆင်ပြေပေမဲ့ မွန်လေးလိုတောင်တက်နေကြမဟုတ်တဲ့သူတွေကတော့ အပေါ်လည်းရောက်ရင်ဟောဟဲ လိုက်နေပါလိမ့်မယ်။ ဒါကြောင့်ကားပဲစီးစေချင်ပါတယ်။ ခုလည်း cable car တွေလုပ်နေပြီလို့သိရပါတယ်။ နောက်တစ်နှစ်

သွားဖြစ်ရင်တော့ စီးကြည့်ပါမယ်။ တစ်ယောက်ကို (၃၀၀၀)တဲ့။သူကရသေ့တောင်ထိတော့ ကားနဲ့တက်ရပါတယ်။🚠🚠🚠

#တောင်ပေါ်ဆို ဘယ်မှာနေမလဲ ?🏨🏨

၁) ထမင်းဆိုုင် (သက်သာတယ်။ နေရာတာကတော့ ရေချိုးရတာ၊ အိမ်သာသုုံးရတာ အဆင်မပြေဘူး)(စောင်/ခေါင်းအုံးခတော့ တောင်းမှာပေါ့)
၂)ရိုုးရိုုးလေး ဟိုတယ် 09 872 3082
၃) ကျိုက်ထိုုဟိုတယ် 09 872 1086
၄) Golden Rock Hotel 09 871 8391 ( ရသေ့တောင် )

၅)ပေ (၄၀) တည်းခိုဆောင် 09 872 3073

၆) Mountain Top Hotel 09 871 8391

၇)တိသာဆောင် 09 872 3289

အဲ့မှာမွန်လေးအတည်းဖြစ်ဆုံး ဟိုးငယ်ငယ်လေးကတည်းကအမြဲတမ်းတည်းတာကတော့ တိသာဓမ္မာရုံပါပဲ။တိသာဆောင်

လို့လည်းခေါ်ကြတယ်။ သူကရင်ပြင်နဲ့အနီးဆုံး ဓမ္မာရုံပါ။ အရင်ကတော့ ၁ ခန်းကို ၁ ညကို ၃ သောင်းဂဏန်းကနေစပါတယ်။ ခုတော့ ၁ ညကို ၁ သောင်းပဲတစ်ယောက်ကို။ အရမ်းကိုတန်သွားပါပြီ။ အိမ်သာရေချိုးခန်းကတော့ ဘုံပေါ့။ အခန်းထဲမှာ တခါတည်းပါချင်ရင် ၄၅၀၀ဝပါ။

#တောင်အောက်ဆို ဘယ်မှာနေမလဲ ?🏨🏨🏨

၁) ဘောဂသိနိဒ္ဓိ ဟိုုတယ် 09 492 99899 ( ကင်ပွန်းစခန်း )
၂) Golden Sunrise Hotel
၃) ရွှေဟင်္သာဟိုုတယ်

၄)ဆည်းဆာဟိုတယ် တိုု့ ရှိတယ်။

တောင်ပေါ်ရောက်ရင်လည်း ဘုရားလေးဘာလေးဖူး၊ တရားထိုင်ပေါ့။ ပြီးတော့ ကျီးကန်းပါးစပ်ဘက် သွားပါ။ အဲသွားရာလမ်းက ရှုခင်းကြည့်လိုု့ရတဲ့အကြေ်ာဆိုုင်လေးမှာ အကြော်စုုံစား၊ တောကောင်သားတွေစားပြီး အပန်းဖြေပေါ့။ ကျီးကန်းပါးစပ်ကနေ ညနေဘက် မုုဆိုုးတောင်မှာ နေဝင်ချိန်ကြည့်ပေါ့။ မုဆိုးတောင်ပေါ်မတက်ခင် ဓာတ်ပုံရိုက်သူတွေနဲ့စည်နေတဲ့ ရဟတ်ယာဉ်ကွင်းတွေဘက်ထွက်လာပြီး ဓာတ်ပုံရိုက်ပေါ့။

ဒါမှမဟုတ် ရေတံခွန်သွားပါ။ ကားခက အသွားအပြန်မှ ၃၅၀ဝ ပဲ။ ကားလမ်းတွေလဲ ပေါက်နေပါပြီ။ ခြေလျင်ဆင်းတာတော့ မွန်လေးအကြံဉာဏ်မပေးချင်ပါ။ အရမ်းပင်ပန်းပြီးမက်တယ်။ နောက်နေ့တွေကျရင်  ရွှေသင်္ကန်းကပ်၊ အရုဏ်ဆွမ်းတို့လှူပေါ့။

#ကျိုက်ထီးရိုးသမိုင်း 📚📚📚

ရန်ကုန်မှပဲခူး၊ ပဲခူးမှကျိုက်ထို အထိ စုစုပေါင်း (၁၀၉)မိုင်၊ ကျိုက်ထိုမှကျိုက်ထီးရိုး လမ်းခွဲအတိုင်းကင်ပွန်းစခန်းသို့ (၉)မိုင် ကွာဝေးပြီး ကားလမ်းတလျှောက် ချော့မွေ့ကောင်းမွန်လှပါတယ်။ ကျိုက်ထီးရိုးစေတီတော်ကို အစွဲပြုကာ ကျိုက်ထီးရိုးတောင်ဟု ခေါ်တွင်ပြီးနွေရာသီနှင့်ဆောင်းရာသီတလျှောက်လုံး လည်ပတ်ဖူးမျှော်နိုင်ပါတယ်။ယခင်က ခြေလျှင်တောလမ်းအတိုင်းသာ တောင်ထိပ်သို့တက်ရောက်နိုင်ပြီးခုနှစ်မိုင်ခွဲခန့်ရှိကာ စခန်းပေါင်း (၂၇)ခုကိုဖြတ်သွား ရပါတယ်။ ယနေ့အချိန်မှာတော့ ကင်ပွန်းစခန်းတောင်ခြေမှ တောင်ပေါ်သို့ ကားများဖြင့် တက်ရောက်မှုပိုများကြပါတယ်။ကြီးမားမတ်စောက်တဲ့ ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ (၅၀) ခန့်ရှိသော လူဦးခေါင်းပုံသဏ္ဍန်ကျောက်တုံးကြီးသည် ပြုတ်ကျလုနီးနီး တင်ရှိနေပြီး ဉာဏ်တော် (၂၂)ပေ (၅)လက်မရှိ စေတီတော်ကြီးမှာ (၁၅)ပေခန့်သာ ကျောက်တောင်စွန်းနှင့် ထိစပ်နေပြီး (၃၅)ပေခန့်မှာ လေထဲတွင် တည်ရှိနေသကဲ့သို့ ဖူးမျှော်ရပြီး နက်ရှိုင်းလှသော ချောက်ကြီးမှာ ကပ်လျှက်တည်ရှိနေပါတယ်။

မြတ်စွာဘုရား၏ ဆံတော်အစစ်ကို ကျောက်တုံးထဲတွင် သန်လျှက်ဖြင့်ထွင်းကာ ဌာပနာထားပြီး ကျောက်တုံးပေါ်တွင် တည်ထားသော စေတီကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သောဘုရား၊ ထိုမှ ကာလကြာလာ သောအခါ ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟူသော စကားရွေ့လာခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်တယ်။ ကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားပါတယ်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရပါတယ်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်ပါတယ်။

အနောက်ဘက်သို့ မျှော်ကြည့်လျှင် စစ်တောင်းမြစ်ကို ကျော်လွန်၍ ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိသည်။ တစ်သွယ်မှာ စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်၍ ကျန်တစ်သွယ်မှာ ကျိုက်ထိုမြို့မှ မော်တော်ကားဖြင့် ၉မိုင်ခန့် ဝေးသော ကင်မွန်းစခန်းမှ တက်ရသော လမ်းဖြစ်ပါတယ်။ ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်တယ်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်အထိ ရ မိုင်ခွဲခန့်ရှိ၍ စခန်းပေါင်း၂ရ စခန်းကို ဖြတ်ကျော်သွားရတယ်။ ယခုအခါ ကျိုက်ထိုမြို့နယ်သို့ လာရောက်ရန်မှာ ရထားလမ်း၊ ကားလမ်းများရှိနေပြီ ဖြစ်သည်ကတစ်ကြောင်း၊ တောင်တက်ရန်အတွက် စောင့်ဆိုင်းရန်မလိုခြင်းကတစ်ကြောင်း စသည်တို့ကြောင့် လူပရိတ်သတ်မှာ ယခင်ထက်ပင် စည်ကားနေပါတယ်။ ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလမှ တန်ခူးလအထိဖြစ်သည်။ ပွဲတော်အချိန်၌ မြန်မာနိုင်ငံအရပ်ရပ်မှ ထောင်သောင်းမကသော ဘုရားဖူးများ လာရောက်ကြပါတယ်။ ယနေ့ခေတ်တွင် နိုင်ငံတစ်ကာမှ ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်ကြသဖြင့် ယခင်ကထက် များစွာစည်ကားနေပါတယ်။ ဘုရားသို တက်ရာလမ်းတစ်လျောက်တွင် ဘုရားဖူးများနားနေ တည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိသော စခန်းများ၌ ဈေးဆိုင်ကန္နားများ ရှိပါတယ်။ ကင်မွန်းစခန်း၌ ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များရှိ၍ လမ်းခရီးတွင် မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့် ရွှေနန်းကျင်နတ်၊ ပန်းတင်နတ် စသော နတ်ကွန်းများကို တွေ့နိုင်ပါတယ်။  အသက်အရွယ်ကြီးရင့်သူများနှင့် အိုမင်းမစွမ်းသူများတို့သည် အထမ်းပုခက်များစီး၍ တက်လေ့ရှိပါတယ်။ ဘုရားဖူးများသည် ကျိုက်ထီးရိုးဘုရားမှ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်၍ ၄ မိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြှော် ဆုတောင်လေ့ရှိကြပါတယ်။ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီး နတ်ရုပ်နှင့် ကျိုက်ထီးရိုးဘုရား မြောက်ဘက်ရှိ ကျီးကန်းပါးစပ်ခေါ် ကျောက်ဂူနေရာတို့မှာ ဘုရားဖူးများ ဆုတောင်း အဓိဌာန်ပြု၍ အမွှေးနံ့သာ ပက်ဖြန်းခြင်း၊ ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်သော နေရာဖြစ်ပါတယ်။

မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် ၁၁၁ ခုနှစ်ဆောင်ဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီတော်မူခဲ့ရာ၊ သထုံဘုရင် တိဿဓမ္မ သီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်းတော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြပါတယ်။ ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ရ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူတယ်။ ထိုအခါ ဂစ္ဆဂိရိ တောင်က တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြပြီးနောက် ဓါတ်တော် မွေတော်များ ချီးမြှင့်မစရန်၊ လျှောက်ထားတောင်းပန်ကြသဖြင့် ရသေ့တစ်ပါလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေတယ်။ နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ရ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့တယ်။ တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေတယ်။ ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြပါတယ်။ ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အာနရောဂါစွဲ

ကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့ပါတယ်။ ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာ

လတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်

တစ်ဆူကို ဌာပနာခဲ့လေသည်။ ထိုသို့ ကျောက်တုံးပေါ်တွင် တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့် ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။ နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာလေသည်။ ကျန်ဆံတော် ၂ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။

ကမ္ဘာ့အံ့ဖွယ် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ထူးခြားဆန်းကြယ်မှုနှင့်သိပ္ပံနည်းပညာ ရှုထောင့်မှ

ရှင်းပြနိုင်ခြင်းမရှိသည့်သုတေသန အချက်အလက်များတိုင်းတာတွေ ့ရှိချက်

(၁) ကျောက်လုံးတော်ကြီး၏ ကျောက်အမျိုးအစား – ဂရက်နိုက် (Granite)
(၂) တစ်ယူနစ်အလေးချိန် (Unit Weight) – 2.5 Ton/m3 (156 pcf)
(၃) ထုထည် – 244.58m3 (8636 cft)
(၄) အလေးချိန် – 611.45 Ton
(၅) အလေးချိန်ဗဟိုချက် (Centroid) – 0.14m, 0.13m, 4.00m
(၆) နေရာ (x, y, z) – 5.5”, 5.1”, 13’1.5”
(အောက်ခံကျောက်တုံးနှင့် ထိစပ်နေသော ဧရိယာ၏ ဗဟိုချက် Area Centriod
ကို Origin အဖြစ်ယူထားသည်။)
(၇) အမြင့် – 8.15m ( 26′-9” ) (အနိမ့်ဆုံးနေရာမှ အမြင့်ဆုံးနေရာထိ)
(၈) ကျောက်လုံးတော်ကြီး၏ အောက်ခံ ကျောက်တုံးကြီးနှင့် ထိစပ်နေသော
ဧရိယာ – 0.714m3 (7.69 sp.ft)
(၉) အောက်ခံကျောက်တုံးကြီးနှင့် ထိစပ်နေသောဧရိယာ၏ ချောက်ဘက်ရှိ
လည်ပတ်ဝင်ရိုး (Axis of Rotation) မှ ကျောက်လုံးတော် ချောက်ဖက်သို ့
စွန်းထွက်နေသော အများဆုံးအကွာအဝေး – 3.136m ( 10′-3” )

#ကျိုက်ထီးရိုးနဲ့ခံစားချက် 🤗🤗

ကျိုက်ထီးရိုးခရီးကိုငယ်ငယ်လေးရောက်ဖူးခဲ့တဲ့အပြင်ကျိုက်ထီးရိုးဘက်ကလာတာလို့လည်းအမေကမွန်လေးကိုပြောပြဖူးပါတယ်။ ငယ်ငယ်ကအိပ်ပြီဆို ညသန်းခေါင် ထထယောင်ပြီး “ပြန်တော့မယ်..ဟိုးအဝေးကြီးကို၊ ဟိုးအဝေးကြီးကို”ဆိုတော့အမေလည်း

ဘုန်းကြီးဆီသွားတော့ ဘုန်းဘုန်းကကျိုက်ထီးရိုးဘက်ကလာတာတဲ့။သိုက်ကပေါ့နော်။အမေ့ကိုချစ်လို့ လိုက်လာတာ

လို့ပြောပြီးမွန်လေးကိုသိုက်ကြိုးဖြတ်ပေးခဲ့ပါတယ်။အဲဒါကြောင့်များမွန်လေးကျိုက်ထီးရိုးဘုရားကိုငယ်ငယ်လေးနဲ့ရောက်ဖူးခဲ့တာများလားလို့တစ်ခါတစ်ခါတွေးတတ်ပါတယ်။ ပြီးတော့အဲ့တုန်းကဆို ဘုရားဖူးကားတွေကသာမညနဲ့ကျိုက်ထီးရိုးဆိုပြီးခရီးစဉ်

တွဲရောင်းကြပါတယ်။ မွန်လေးဆိုတာသာမညဆရာတော်ဘုရားကိုသွားတော့ဖူးပေမယ့် ကျိုက်ထီးရိုးဘုရားကိုသွားဖူး

တာလောက်သိပ်မပျော်ဘူးရယ်။ကျိုက်ထီးရိုးဘုရားကိုခြေလျင်တက်ရတာလည်းပျော်၊ တောင်ပေါ်ရောက်တော့လည်းပျေ်ာ၊ အကုန်လုံးကိုပျော်နေတော့တာပေ့ါနေတာပေါ့။🤗🤗🤗

#စားကြမယ်🍝🍛♨️

စားဖို့ မုဆိုးတောင်ဘက်ကိုသွားတဲ့လှေကားအတိုင်းဆင်းရပါမယ်။ အဲ့မှာဆိုဈေးဆိုင်တန်းတွေမှအားကြီးပဲ။ မွန်လေးတို့လည်း ကြုံရာဆိုင်မှာစားခဲ့ကြပါတယ်။ တစ်ယောက်ကို ၃၀၀ဝ ပါ။

#ဘာတွေဝယ်ကြမလဲ 🗑🛍💍🎍

အမှတ်တရ အိမ်အပြန် ပစ္စည်းတွေဝယ်ကြမယ်ဆိုရင် ယိုဝယ်လို့ရပါတယ်။ ကြိမ်နဲ့လုပ်တဲ့တောင်းတွေ၊အိတ်တွေဝယ်လို့ရတယ်။

ကင်မွန်းစခန်းမှာ ယိုမျိုးစုံဆိုင်တွေရှိပါတယ်။ တောင်ပေါ်မှာဆိုဆေးမြစ်ဆုံဆေးတွေ၊ အမှတ်တရအကျီလေးတွေ၊ လက်ကောက်လေးတွေ၊ လက်စွပ်လေးတွေ၊လည်ဆွဲလေးတွေ နဲ့ ဘုရားပုံပါ ပုဝါလေးတွေ၊ ဆင်းထုတော်လေးတွေလည်းဝယ် လို့ရပါတယ်။ လက်ဆောင်ကစားစရာဆိုရင်တော့ လက်လုပ်လေးတွေအားပေးလို့ရပါတယ်။နောက် နာမည်ကြီးတာက ကဒတ်ခြောက်ကြော်ပါ။လိုက်ရောင်းတာလည်းတွေ့နိုင်ပါတယ်။ သက်သတ်လွတ် အသင့်ကျော်ထားပေးတာမို့ အရန်သင့်စားနိုင်ပါတယ်။သစ်ခွပန်းတွေကတော့ ယိုးဒယား မြဝတီက ဝယ်ရောင်းတာပါတဲ့။

🌊🌊🏊‍♀️🏊🏊‍♀️🏊🌊

နောက်နေ့မနက်ကျတော့ ကားမထွက်မီ၂နာရီအလိုပြန်ဆင်းလာပေ့ါ။ ဒါမှမဟုတ် ဆောင်နိုင်ကြီးရေတံခွန်သွားဖို့ဆို မနက်စော

စောလောက်ကတည်းက ပြန်ဆင်းလာပြီး ကင်ပွန်းစခန်းက စားသောက်ဆိုင်တချို ့မှာ ကားစုံစမ်းလို့ရပါတယ်။ ဆိုင်ကယ်နဲ့လည်း

သွားလို့ရပါတယ်။

#စိမ်းလဲ့တင် 🌳🌲🌳🌲

သူကခုဆို အပြန်မှာ ကားတော်တော်မာျးများဝင်ပေးနေကြပါပြီ။ နာမည်နဲ့လိုက်အောင်စိမ်းလန်းတဲ့အပင်ကြီးတွေနဲ့ အေးချမ်းနေ

ပြီးကလေးတွေရော၊ လူကြီးတွေပါAdventure လုပ်နိုင်တဲ့ ကစားနည်းမျိုးစုံလည်းရှိနေပါတယ်။

ခရီးတွေအများကြီးသွားပြီးထပ်ရှယ်ပေးပါဦးမယ်နော်။

 

5 comments

  • manawphyulay

    January 17, 2018 at 2:22 pm

    များများသွားပြီး များများရှယ်နိုင်ပါစေနော်…

  • Thint Aye Yeik

    January 19, 2018 at 12:20 am

    အခုလ ကုန်ရင် ထိုင်းဘက်က လာမယ့် မိတ်ဆွေတစ်ယောက်ကို ကျိုက်ထီးရိုး လိုက်ပို့ရမယ်ထင့်။
    အောင်မင်္ဂလာကနေပဲ ဘတ်စ် စီးသွားမလားလို့။ ရိုးရိုးလေး ဖြစ်ဖြစ် … ဝင်း ဖြစ်ဖြစ်… စီးမယ် တွေးတယ်။
    မနှစ်ကတော့ အသွား ၃၅၀၀၊ အပြန် ၃၅၀ဝ ပဲ ။ အခု ၁၂၀၀ဝ ဖြစ်သွားပြီလား။

    တည်းတာကတော့ ရိုးရိုးလေးဆိုရင် ကားနဲ့ တောင်ခြေကို ညသန်းခေါင်ကျော် ၂နာရီလောက်
    ရောက်သွားလည်း တောင်ခြေမှာ ရိုးရိုးလေး ကားဂိတ်က ဖွင့်ပေးထားတဲ့ တည်းခိုဆောင်တွေ ရှိလေရဲ့။
    မိုးလင်းတော့မှ ထ တက်သွားလို့ရ။

    ိတိဿ ဆောင်မှာပဲ တည်းဖြစ်မယ်ထင်တယ်။

    ကျိုက်ထီးရိုးက ကိုယ်တွေအတွက်တော့ …
    မကြာခဏ ရောက်နေတော့ တခြား ကိုယ် မသိသေးတဲ့ နေ့ချင်းပြန်ခရီးတွေ တစ်ညအိပ်ခရီးတိုတွေအကြောင်း
    ဖတ်ချင်မိတယ်။

    မွန်လေး ခရီးတွေ သွားပြီးရင် Share ပေးပါအုန်း။
    စောင့်ဖတ်နေပါမယ်

    • A mar nyo

      January 19, 2018 at 11:49 am

      ကျိုက်ထီးရိုးကWin နဲ့သွားရင် ၄၀၀ဝ (သို့မဟုတ်)၅၀၀ဝပါ။တည်းခိုခန်းကတော့ ဝင်းမှာလည်းရှိတယ် သန့်တယ် နှစ်ယောက်ခန်းတစ်ခန်းကို ၃၀၀၀၀၊ရေချ ို းခန်းအိမ်သာပါတယ်၊ဝင်းမှာတစ်ယောက်ခန်းကတော့အဆင်မပြေဘူး
      ကောင်းထက်ဆိုတဲ့နေရာမှာတော့တစ်ယောက်ခန်းတွေရှိတယ်ဆိုးတော့မဆိုးဘူးဝင်းလောက်တော့မသန့်ဘူး။

  • Shar Thet Man

    January 19, 2018 at 1:05 pm

    manawphyulay : ဟုတ်ကဲ့ပါရှင့်

  • Shar Thet Man

    January 19, 2018 at 1:07 pm

    Thint Aye Yeik : ဝင်းတို့ ရိုးရိုးလေးတို့က လိုင်းကားဆိုတော့ အဲ့ဈေးနဲ့ရပါတယ်။ မွန်လေးကစိန်ဝင်းဘုရားဖူးကားဆိုတော့ အသွားအပြန်12000ပါ မွန်လေးတောင်နောက်ဆို ရိုးရိုးလေးပဲစီးတော့မယ်လို့တွေးထားလေရဲ့ အချိန်လည်းကြိုက်တဲ့အပြင် ဈေးလည်းသက်သာပါတယ်။ ဒါပေမဲ့သူတို့က စိမ်းလဲ့တင်တော့မပို့ပေးဘူးထင်တယ်။ ကျန်တဲ့ခရီးစဉ်တွေလည်းရေးပေးပါဦးမယ်

Leave a Reply