Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြက်ကြွပ်ကြော် – Crispy Fried Chicken

ဇီဇီApril 19, 20187min378613

ကြက်ကြော်ဆိုတော့က ဆီရှိရင်ကြက်ရှိရင် ကြော်လို့ရတယ်လို့ပဲ အကြမ်းဖျဉ်း ပြောကြမပေါ့နော့။

 

ခုပြောချင်တဲ့ ကြက်ကြော်ကတော့ Crispy Fried Chicken လို့ခေါ်တဲ့ ကြက်ကြွပ်ကြော် မျိုးပါ။

ခုတလော ကိုယ့်တို့နိုင်ငံမှာလည်း ခေတ်စားလာ ဆိုင်မှာ သွားစားကြ လုပ်နေတာတွေရပါတယ်။

အဲတာနဲ့ လေ့လာကြည့်လိုက်တော့ နိုင်ငံတစ်နိုင်ငံဆီမှာ မတူညီတဲ့ နည်းစံနစ်နဲ့ အချိုးအစားတွေ ပါဝင်ပစ္စည်း အမျိုးအစားတွေ ကွဲပြားတဲ့ အလျောက်၊

သူတို့နိုင်ငံအလိုက် ရိုးရာ ကြက်ကြွပ်ကြော် တွေ ကွဲပြားသွားတာပါပဲ။

 

Crispy Fried Chicken ဆိုတာ သာမာန်အားဖြင့်

  • ကိုယ်ပိုင် အနှစ်နဲ့ နယ်ထား နှပ်ထားမယ်။
  • ကိုယ်ပိုင်နည်းနဲ့စပ်ထားတဲ့ အမှုန့်တွေ (ဂျုံ၊ ပြောင်း၊ အာလူး၊ ဆန်၊ ပါမုန့်မှုန့်) စသည်ဖြင့်နဲ့ လူးမယ်
  • ဆီမြုပ် ကြော်မယ်။
  • ကိုယ်ပိုင် အချဉ်တွေနဲ့ တွဲစားမယ်စသည်ဖြင့်ပေါ့။

နည်းတွေက အဓိက နည်းတွေရော ဆင့်ပွါးနည်းတွေရော အများကြီးဆိုမှ အများကြီးပါ။

ရှာကြည့်လို့ ရသလောက် နိုင်ငံတစ်ခုဆီရဲ့ နည်း တစ်မျိုးစီလေးတွေ စုပေးလိုက်ပါတယ်။

All the photos and links would be credit to original uploader.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

ကိုရီးယား ကြက်ကြော် (Korean Crispy Fried Chicken)

(Credit: https://www.facebook.com/buzzfeedtastygrill/videos/1162007143932229/)

 

  • ကြက် တစ်ကောင် ကို လိုသလို တုံးပါ။

ကြက်သားတုံးတွေရှိတဲ့ ဇလုံထဲကို

  • ဂျင်း ထောင်းထားတာ ထည့် (ဂျင်း ၁ လက်မလောက် တစ်တက်)
  • ကြက်သွန်ဖြူ ထောင်းထားတာထည့် (၁ဝ မွှာလောက်)
  • ဆိုကျူ ဆန် အရက် ထည့် (ဖန်ခွက်ရဲ့ ၄ ပုံ ၁ ပုံ)
  • ဆားထည့် (လက်ဖက်ရည် ဇွန်း ၁ ဇွန်း)
  • ငရုတ်ကောင်း အနက် (လက်ဖက်ရည် ဇွန်း တစ်ဝက်) ထည့် နယ်ပါ။
  • ၂ နာရီလောက် နှပ်ထားပါ။

 

နောက် ဇလုံ တစ်ခုထဲမှာ

  • တန်ပိုရာမှုန့်  (ကော်ဖီခွက် တစ်ခွက်စာ)
  • ကြက်သွန်အနီမှုန့် (လက်ဖက်ရည်ဇွန်း တစ်ဝက်)
  • ကြက်သွန် အဖြူမှုန့် (လက်ဖက်ရည်ဇွန်း တစ်ဝက်)
  • ပြောင်းမှုန့်  (လက်ဖက်ရည်ဇွန်း တစ်ဇွန်း) ရောမွှေထားပါ။

 

  • ပြီးရင် ခုနက နှပ်ထားတဲ့ ကြက်သားတွေကို ထည့်နယ်ပါ။
  • ဆီပူပူထဲမှာ လိုချင်တဲ့ အညိုရောင်သန်းတဲ့ ထိ ဆီမြုတ်ကြော်ပါလေ။

 

ကိုရီးယား ကြက်ကြော် အနှစ် ကို ပြုလုပ်ဖို့

  • ပဲငံပြာရည် အကြည် ထမင်းစားဇွန်း ၂ ဇွန်း
  • ပျားရည် ဖန်ခွက် တစ်ခွက်ရဲ့ လေးပုံတစ်ပုံလောက်
  • ရှာလကာရည် ထမင်းစားဇွန်း ၂ ဇွန်း
  • ကိုရီးယား ငရုတ်သီး အနှစ် ထမင်းစားဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မွှာ နုတ်နုတ်စင်းထားတာရယ်
  • ဂျင်း တစ်တက် (အသေး) နုတ်နုတ်စင်းထားတာရယ် ကို ဒယ်အိုးထဲမှာ နှံ့အောင် အပူပေးပါ။
  • အမြှုပ်လေးတွေနဲ့ ဆူပြီ ဆိုရင် အနှစ်ရပါပြီ။
  • တချို့ ကြက်သားတုံးတွေကို အဲ့ဒီ အနှစ်မှာ လှိမ့်ပြီး ကြော်ပြီးမှ စားကြပါတယ်။
  • အနှစ်လူးကြက်ကြော်တုံးပေါ် ကြက်သွန်မြိတ်နဲ့နှမ်းလှော်စေ့လေးတွေ ဖြူးစားလို့ရပါပြီ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

ဂျပန် ကြက်ကြော် (Japanese Crispy Fried Chicken)

(Credit: https://www.facebook.com/buzzfeedtastygrill/videos/1162007143932229/)

 

  • ကြက်သားကို အရိုးထုတ်ပြီး အသားတုံးလေးတွေ တုံးထား (ကြက် တစ်ခြမ်း)

ကြက်သားတုံးတွေရှိတဲ့ ဇလုံထဲကို

  • ဂျင်း နုတ်နုတ်စင်းထားတာ ထည့် (ဂျင်း ၁ လက်မလောက် တစ်တက်)
  • ကြက်သွန်ဖြူ နုတ်နုတ်စင်းထားတာထည့် (၁ဝ မွှာလောက်)
  • ပဲငံပြာရည်အကြည် (ထမင်းစားဇွန်း ၂ ဇွန်း)
  • ဆာကေး ဆန် အရက် ထည့် (ထမင်းစားဇွန်း ၂ ဇွန်း)
  • နှမ်းဆီ (ထမင်းစားဇွန်း ၁ ဇွန်း)
  • သကြား (ထမင်းစားဇွန်း ၁ ဇွန်း)
  • ဆားထည့် (လက်ဖက်ရည် ဇွန်း ၁ ဇွန်း)
  • ငရုတ်ကောင်း အနက် (လက်ဖက်ရည် ဇွန်း တစ်ဝက်) ထည့် နယ်ပါ။
  • ၁ နာရီလောက် နှပ်ထားပါ။

 

  • ပြီးရင် ခုနက နှပ်ထားတဲ့ ကြက်သားထဲကို အာလူးမှုန့် (potato starch) ကော်ဖီခွက် တစ်ခွက်စာကို ကို ဖြူးပီး ဖွဖွလေး နယ်ပါ။
  • ဆီပူပူထဲမှာ လိုချင်တဲ့ အညိုရောင်သန်းတဲ့ ထိ ဆီမြုတ်ကြော်ပါလေ။
  • သံပုရာသီးစိတ်လေးရယ် နံနံရွက်လေးရယ်နဲ့ တွဲဖက်စားလို့ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

အမေရိကန်ကြက်ကြော် (American Crispy Fried Chicken)

(Credit: https://www.facebook.com/buzzfeedtastygrill/videos/1162007143932229/)

 

  • ကြက်သား ပေါင် (၆ ပေါင်) စာ ပြင်ပါမယ်။

ကြက်သားတုံးတွေရှိတဲ့ ဇလုံထဲကို

  • ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Oregano အမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Paprika အမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မြန်မာလို အရောင်တင်မှုန့်နဲ့ တူလားမသိ)
  • ငရုတ်ကောင်းအဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ အမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နို့  – ကော်ဖီခွက် ၁ ခွက်  ထည့် နယ်ပါ။
  • ၁ နာရီလောက် နှပ်ထားပါ။

 

နောက် ဇလုံ တစ်ခုထဲမှာ

  • ဂျုံမှုန့် ရယ် (ကော်ဖီခွက် တစ်ခွက်စာ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပပါရီကာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းအဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ကို သမအောင် ရောမွှေထားပါ။
  • ကြော်ချင်တဲ့ ကြက်သားတုံးကို အမှုန့်ဇလုံထဲ နှံ့အောင် နှစ်လူးပြီးမှ ဆီပူပူထဲမှာ လိုချင်တဲ့ အညိုရောင်သန်းတဲ့ ထိ ဆီမြုတ်ကြော်ပါလေ။
  • မရောနိ(စ) နဲ့ ဖြစ်ဖြစ် Tomato sauce ဖြစ်ဖြစ် တွဲစားလို့ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

ဘရာဇီး ကြက်ကြော် (Brazilian Crispy Fried Chicken)

(Credit: https://www.facebook.com/buzzfeedtastygrill/videos/1162007143932229/)

 

  • ကြက်တောင်ပံ ၁ဝ ခု ရေဆေးပြီး စစ်ထားပါ။

ကြက်သားတောင်ပံ ဇလုံထဲကို

  • ကြက်သွန်ဖြူ နုတ်နုတ်စင်းထားတာထည့် (၁ဝ မွှာလောက်)
  • ဆားထည့် (လက်ဖက်ရည် ဇွန်း ၂ ဇွန်း)
  • ငရုတ်ကောင်း အနက် (လက်ဖက်ရည် ဇွန်း ၁ ဇွန်း)
  • သံပုရာရည် ခွက် တစ်ဝက် (၆ဝ မီလီလီတာ) ထည့် နယ်ပါ။
  • ရေခဲသေတ္တာထဲမှာ အဖုံးအုပ်ပြီး ၁ နာရီလောက် နှပ်ထားပါ။

 

ပြီးရင် ခုနက နှပ်ထားတဲ့ ကြက်သားကို

  • ရိုးရိုး ဂျုံမှုန့်ထဲကို နှံ့အောင် လူးတယ် ဆိုရုံ လူးပါ။ ပြီးရင် ပိုကပ်နေတဲ့ ဂျုံတွေ ကို ခါချခဲ့ပါ။
  • ဆီပူပူထဲမှာ လိုချင်တဲ့ အညိုရောင်သန်းတဲ့ ထိ ဆီမြုတ်ကြော်ပါလေ။
  • ကြက်သွန်ဖြူကြော်လေးဖြူးပြီး သံပုရာစိတ်လေးညှစ်ပြီး စားလို့ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

ယိုးဒယား ကြက်ကြော် (Thai Crispy Fried Chicken)

(Credit: https://www.seriouseats.com/recipes/2012/03/thai-deep-fried-chicken-recipe.html)

 

  • ကြက်သား တောင်ပံတွေချည်း (၈) ခု ရေဆေး စစ်ထားပါ။

ငရုတ်ဆုံထဲကို

  • ကြက်သွန်ဖြူ ၄ မွှာလောက်
  • နံနံပင်ရဲ့ အမြစ် ၄ ခုလောက်
  • ငရုတ်ကောင်းစေ့ ၁ဝ စေ့လောက် ထည့်ထောင်းထားပါ။

နောက် ဇလုံ တစ်ခုထဲမှာ

  • ဂျုံမှုန့် ထမင်းစားဇွန်း ၄ ဇွန်း
  • ကြက်ဥ ၁ လုံး ဖောက်ထည့်
  • ရေ ထမင်းစားဇွန်း ၂ ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း
  • ပဲ ငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း
  • ခုနက ထောင်းထားတဲ့ နံနံမြစ်နဲ့ ကြက်သွန်ဖြူပါ သမအောင် ရောမွှေ ထားပါ။

 

  • ကြော်ချင်တဲ့ ကြက်သားတုံးကို အမှုန့်ဇလုံထဲ နှံ့အောင် နှစ်လူးပြီးမှ ဆီပူပူထဲမှာ လိုချင်တဲ့ အညိုရောင်သန်းတဲ့ ထိ ဆီမြုတ်ကြော်ပါလေ။
  • ယိုးဒယားအချဉ်နဲ့ တွဲစားလို့ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

တရုတ် ကြက်ကြော် (Chinese Style Crispy Fried Chicken)

(Credit: http://www.geniuskitchen.com/recipe/chinese-style-fried-chicken-381962)

 

  • ကြက်သား ရင်အုပ်ပိုင်း ၆ ခုကို လိုသလို တုံးထားပါ။

ပန်းကန်တစ်ခုထဲမှာ

  • ကြက်ဥ ၆ လုံး အကာချည်း ယူထားတာကို
  • ပဲငံပြာရည် ထမင်းစား ဇွန်း ၆ ဇွန်း နဲ့ ခလောက်ထားပါ။
  • ခလောက်ထားတဲ့ ဇလုံထဲကို ကြက်သားတွေ ထည့်ကာ နာရီဝက်လောက် နှပ်ထားပါ။

နောက် ဇလုံ တစ်ခုထဲမှာ

  • ဂျုံ မှုန့် ကော်ဖီ တစ်ခွက်စာ နဲ့
  • ပြောင်းမှုန့် ကော်ဖီ တစ်ခွက်စာ ကို သမအောင် မွှေထားပါ။

 

  • နှပ်ထားတဲ့ ကြက်သားတုံးကို အမှုန့်ဇလုံထဲ နှံ့အောင် နှစ်လူးပြီးမှ ဆီပူပူထဲမှာ လိုချင်တဲ့ အညိုရောင်သန်းတဲ့ ထိ ဆီမြုတ်ကြော်ပါလေ။
  • သံပုရာ အချဉ် နဲ့ သို့မဟုတ် လိမ္မော်အချဉ်နဲ့ တွဲစားလို့ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

ဗီယက်နမ် ကြက်သားကြော် (Vietnamese Crispy Fried Chicken)

(Credit: http://whiteonricecouple.com/recipes/vietnamese-fried-chicken/)

 

  • ကြက်သား ပေါင်သားတွေချည်း (၈) ခု ရေဆေး စစ်ထားပါ။

ဇလုံ တစ်ခုထဲမှာ

  • ဆီ (၆ဝ မီလီလီတာ)
  • ငါး ငံပြာရည် (၆ဝ မီလီလီတာ)
  • သကြား အညို ထမင်းစားဇွန်း ၁ ဇွန်း
  • ရှာလကာရည် ထမင်းစားဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၅ မွှာလောက် နုတ်နုတ်စင်းထားတာရယ်
  • ငရုတ်ကောင်းအနက် လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ရယ် နဲ့ ကြက်သားတွေကို နယ်ပြီး မကြော်ခင် ၂ နာရီလောက် ကြိုနှပ်ထားပါ။

 

နောက် ဇလုံ တစ်ခုထဲမှာ

  • ဂျုံမှုန့် ၁၂၅ ဂရမ်
  • Baking powder လက်ဖက်ရည်ဇွန်း ၁ ဇွန်း ကို
  • ရေ (၄၈ဝ မီလီလီတာ) နဲ့ မုန့်နှစ်ကို ချောနေအောင် ရောနယ်ထားပါ။

 

  • ကြော်ချင်တဲ့ ကြက်သားတုံးကို မုန့်နှစ်ဇလုံထဲ နှံ့အောင် နှစ်လူးပြီးမှ အနှစ်အပိုတွေကို ကြက်သားတုံးမှ ပြန်စစ်ချပါ။
  • ဆီပူပူထဲမှာ လိုချင်တဲ့ အညိုရောင်သန်းတဲ့ ထိ ဆီမြုတ်ကြော်ပါလေ။
  • မန်ကျည်းမှည့် အချဉ် သို့ ငရုတ်ချဉ် နဲ့တွဲစားလို့ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

အင်ဒီယ ကြက်ကြော် (Indian Crispy Fried Chicken)

(Credit: https://food52.com/blog/12762-how-to-make-indian-fried-chicken)

 

  • ကြက်သား ပေါင် ပိုင်း ကို အရိုးထုတ်ထားပါ။

ကြက်သားတုံးတွေရှိတဲ့ ဇလုံထဲကို

  • Paprika အမှုန့် – ထမင်းစားဇွန်း ၁ ဇွန်း (မြန်မာလို အရောင်တင်မှုန့်နဲ့ တူလားမသိ)
  • နံနံစေ့ အမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သံပုရာရည် – ထမင်းစားဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မွှာလောက် တောက်တောက်စင်း၊
  • ဂျင်း တစ်လက်မလောက် ကို တောက်တောက်စင်း
  • ဆား နဲ့ ငရုတ်ကောင်း – သင့်တော်ရုံ နဲ့ နယ်ပြီး ၁ နာရီလောက် ရေခဲသေတ္တာထဲ နှပ်ထားပါ။

 

နောက် ဇလုံ တစ်ခုထဲမှာ

  • ပြောင်းမှုန့် – ထမင်းစားဇွန်း ၄ ဇွန်း
  • ဆန်မှုန့်- ထမင်းစားဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
  • အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဆား နဲ့ ငရုတ်ကောင်း – သင့်တော်ရုံ နဲ့ အမှုန့်တွေကို ရောမွှေထားပါ။

 

  • နောက်ပန်းကန် တစ်လုံးထဲမှာ ကြက်ဥ ၂ လုံး ထည့် ခလောက်ထားပါ။

 

  • ကြော်ဖို့ ဆီ အဆင်သင့်ဖြစ်မှ နယ်ထားတဲ့ ကြက်သားကို ကြက်ဥနှစ်ထဲ ထည့်လိုက် အမှုန့်လူးလိုက် လုပ်ပြီးမှ
  • ဆီပူပူထဲမှာ လိုချင်တဲ့ အညိုရောင်သန်းတဲ့ ထိ ဆီမြုတ်ကြော်ပါလေ။

 

  • အချဉ်ကတော့ ဒိန်ချဉ်ကို စမုံစပါးအမှုန့်နည်းနည်း၊ ဆားနည်းနည်း၊ ငရုတ်ကောင်းနည်းနည်း၊ ငရုတ်သီးမှုန့်နည်းနည်းနဲ့ ခလောက်ထားတာနဲ့ တွဲစားလို့ရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

မြန်မာ ကြက်ကြော် (Myanmar Style Crispy Fried Chicken)

(Credit: (https://www.facebook.com/myanmaroo.oo.1/posts/128187581030760)

 

အချိုးအစား (ကြက် ၃ ကောင်စာ)

  • ​ကော်​မှုန်​ ့ Corn flour နို ့ဆီဗူ း တစ်ဘူး
  • ကြက်​ဥ ၃ လုံး
  • ဆီ ၁ဝ သား
  • ကြက်​သွန်​ဖြူ အမှုန်​ ့(မရှိရင်​ ​ထောင်​းပြီး အရည်​ညှစ်​ထည်​့ပါ)
  • ငရုတ်​သီးအနှစ်​ လက်ဖက်ရည်ဇွန်း ၅ ဇွန်း

(Chilli paste ငြုပ်​အနှစ်​ ပြု လုပ်​ပုံမှာ ငြုပ်​သီးအ​ခြောက်​ကို ​ရေ​နွေးစိမ်​ပြီး ​ရေသွန်​ blend လုပ်​ရပါတယ်​။ ကြာရှည်​ ခံချင်​ရင်​ ဆား အနည်​းငယ်​ ထည်​့ ​မွှေပါ ။အ​အေးခန်​းမှာ ထားပါ။ လ နဲ့ ချီ အထားခံပါတယ်​ )

  • ငရုတ်​​ကောင်​း အနက်​ ခွဲကြမ်​းလက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား၊ နနွင်​းမှုန်​ ့နဲ့ အရသာ အမှုန်​ ့ အနည်​းငယ်​ တို ့ အတူတူ ​ခွက်​တစ်​ခုမှာ ထည်​့ထားပါ။
  • အ​ပေါ ်​မှ ပါဝင်​ ပစ္စည်​းမျ ားကို လက်​အိပ်​စွပ်​ ၍ လက်​နှစ်​ဖက်​ဖြင်​့ အသားကုန်​ နယ်​ပါ။
  • ​စေးပိုင်​ ​နေပါ​စေ။
  • အနယ်​နာမှ ကြွပ်​ရွ လာမှာပါ။
  • မုန်​ ့ အနှစ်​ ရလာပါပြီ။
  • ဒီအချိ ုး အစား အတိုင်​း ကြက်​ ၃ ​ကောင်​ အရွယ်​ အ​နေ​တော်​ ခုတ်​ ထားပါ။
  • ​စော​စောက နယ်​ပြီးသား မုန်​ ့အနှစ်​နဲ့ ​ရောနယ်​ပါ။
  • အားမနာတမ်​း နယ်​ပါ။
  • ဒါမှသာ Crispy ဖြစ်​လာမှာပါ
  • ဆီမျ ားမျ ားနဲ့ medium heat နဲ့ deep fry လုပ်​ပါ။
  • ၅ မိနစ်ကနေ ရ မိနစ်​ကြော်​ပါ။
  • golden brown ​ရွေ အို​ရောင်​ ရလာပါမည်​။
  • ​ကြော်​ပြီး​နောက်​ (၅ )နာရီ အတွင်​း သဘာဝ အတိုင်​း ကြွပ်​​ရွ ​အောင်​ ထိန်​းထားနိုင်​ပါတယ်​

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

မလေးရှား ကြက်ကြော် (Malaysian Crispy Fried Chicken)

(Credit: https://www.taste.com.au/recipes/malaysian-fried-chicken-ayam-goreng/2af52a66-b59b-44e8-a704-b862d2230d5e)

 

  • ကြက်သား ပေါင်/ရင်အုတ် (၁ ကေဂျီခွဲ) လောက်ကို သင့်တော်သလို တုံးထားပါ။

 

  • စပါးလင် ၂ ချောင်း (အဖြူပိုင်းတွေ) ကို စင်းထားပါ။။
  • ကြက်သွန်နီ တစ်လုံးကို စင်းထားပါ။
  • ကြက်သွန်ဖြူ ၃ မွှာ အခွံခွါထားပါ။
  • ဂျင်း တစ်လက်မလောက်ကို စင်းထားပါ။
  • ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နနွင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း တစ်ဝက် တို့ကို ကြိတ်စက်ထဲ အကုန် ရော ကြိတ်ထားပါ။
  • အဲဒီ အနှစ်နဲ့ ကြက်သားတွေနဲ့ အရသာဝင်အောင် နယ်ပြီး ရေခဲသေတ္တာထဲ တစ်ညသိပ်ထားပါ။
  • ကြော်ခါနီးမှ ထုတ်ပြီး ကြက်သားတုံးတွေကို ဆယ်ပြီးမှ ဇလုံ တစ်ခုထဲ ထည့်ပါ။
  • ဆန်မှုန့် ကော်ဖီ တစ်ခွက်စာ နဲ့ ဆား နည်းနည်းကို နှံ့အောင်ဖြူးပြီး ဇလုံကို ကိုင်ကာ နှံ့အောင် မွှေ့ပေးပါ။
  • ကြော်ဖို့ ဆီ အဆင်သင့်ဖြစ်မှ နယ်ထားတဲ့ ကြက်သားကို ဆီပူပူထဲမှာ လိုချင်တဲ့ အညိုရောင်သန်းတဲ့ ထိ ဆီမြုတ်ကြော်ပါလေ။
  • သံပုရာသီးညှစ်ကာ စားလို့ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

.

အင်ဒိုနီးရှား ကြက်ကြော် (Indonesian Crispy Fried Chicken)

(Credit: https://whattocooktoday.com/fried-chicken-ayam-goreng.html)

 

  • ကြက်သား အရိုးနဲ့ အသားတွဲရက် အပိုင်းညီညီ ၄ ပိုင်းလောက်ကို ရေဆေး စစ်ထားပါ။

ပြီးရင် မီးဖိုပေါ်က အိုးထဲကို

  • အုန်းနို့အနှစ် ၅၀ဝ မီလီလီတာကို၊
  • ကြက်သားတ
  • ကြက်သွန်ဖြူ ၅ မွှာကို ထောင်း
  • ကရဝေးရွက် ၂ ရွက်
  • ပဒဲကော ၁ စင်တီမီတာခွဲ ကို ဆားနည်းနည်း သကြားနည်းနည်း နဲ့ တည်ပါ။
  • အုန်းနို့ အရည် ခမ်းချိန်၊ ကြက်သားကျက် ချိန် မှာ မီးပိတ်ထားပါ။

 

  • အေးသွားရင်တော့ ကြက်သားတုံးတွေပေါ်က အုန်းနို့ အနှစ်တွေကို ဖယ်ပြီးမှ
  • ဆီပူပူထဲမှာ လိုချင်တဲ့ အညိုရောင်သန်းတဲ့ ထိ ဆီမြုတ်ကြော်ပါလေ။

 

တွဲစားဖို့ အနှစ်ကတော့

  • ခရမ်းချဉ်သီး တစ်လုံး၊
  • ငရုတ်သီးခြောက် အစပ် ၅ တောင့် ကို ရေဆူဆူမှာ တည်ပါ။
  • ပြီးရင် ကြိတ်စက်ထဲကို
  • ခရမ်းချဉ်သီးပြုတ်
  • ငရုတ်သီးခြောက်ပြုတ်
  • ကြက်သွန် ၂ မွှာ
  • ငပိ – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား နည်းနည်း သကြားနည်းနည်းတို့ကို ကြေနေအောင် ကြိတ်ပါ။
  • ပန်းကန်ထဲမှာ ထည့်ပြီး ဆီ လက်ဖက်ရည်ဇွန်း ၅ ဇွန်းလောက် ထည့်မွှေပြီးရင် ကြက်သားကြော်နဲ့ တွဲစားလို့ရတဲ့ အနှစ်ဖြစ်ပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မှားတာရှိရင် ပြင်ပေးပါ။
လိုတာရှိရင် ပြောပြပါ။
လွဲနေတာရှိရင် ထောက်ပြပါ။
သိတာရှိရင်လည်း မျှပေးပါနော်။

 

13 comments

  • မောင်ရိုး

    April 19, 2018 at 9:04 pm

    လောလောဆယ်ဆယ် ကူးထားလိုက်ပြီ ။
    နောက်မှအသေးစိတ်မေးဦးမယ် ။
    သဂျီးရွာမှာ ကွန်မန့်ရေးရင် စာတွေေပေါက်ကရပေါ်နေလို့ မနဲရေးနေရတယ်

    • ဇီဇီ

      April 20, 2018 at 3:14 am

      မေးပါဗျ ယွခမဆာရေ
      အာ့မှ ဘယ်နားလိုတုန်း သိမှာ!
      မနေ့ က ကျနော် ဒီပို့စ်တင်ဖို့ နေ့တဝက်ကြာတယ်ရယ်!
      ဟီးးဟီးး

  • မောင်ရိုး

    April 19, 2018 at 9:20 pm

    ဒါနဲ့ တစ်ခုလောက်မေးဦးမယ်
    တမ်းတမ်းတတမှာ ကူးတင်ချင်လို့
    တင်လို့ရမလားမသိ ။
    တိုက်ရိုက်ရှယ်ရင် သဂျီးဆိုက်က ရတချက်မရတစ်ချက်ဖြစ်နေလို့အဲ့ဒါလေး

    • ဇီဇီ

      April 20, 2018 at 3:15 am

      ရတယ်ဗျ! ကျနော် မနက်ဖြန် ဓာတ်ပုံတွေ ပို့ပေးမယ်!

  • Thint Aye Yeik

    April 20, 2018 at 11:47 am

    မလေးရှား ကြက်ကြော် (Malaysian Crispy Fried Chicken) ဆိုတာကိုတော့
    လုပ်စားချင်သွားပြီ။
    အခုတောင် ကွန်ပြူတာ စခွင်ကို ရှာနဲ့ မယက်မိအောင် စိတ် မနည်းထိန်းထားရတယ်။ ရုံးခန်းထဲမှာ ထိုင်ပြီး
    သွားရေ ကျနေတာမို့။
    ရှလွတ်
    :k:

    • ဇီဇီ

      April 20, 2018 at 12:20 pm

      ဟယ်။
      ယိုးဒယားနည်းကိုရော မစားချင်ဘူးလားး
      :mrgreen:

  • aye.kk

    April 21, 2018 at 2:15 pm

    သားအငယ်ဆုံးကကြက်ကြွပ်ကြော်
    သိတ်ကြိုက်တာ၊နည်းတွေသိရလို ့ကျေးဇူးပါဇီဖီရေ။
    ဒီမှာတော့တောကြက်မဲသားကသိတ်ချိုတယ်,ဝယ်စားလို ့ရတော့
    တောကြက်မဲသားနဲ ့လုပ်စားကြည့်မယ်။

    • ဇီဇီ

      April 26, 2018 at 10:04 am

      ကြက်မဲသားတော့ စွပ်ပြုတ်ပဲ သောက်ဖူးတယ် အန်တီအေးရေ။
      ကြော်ကြည့်အူးမှပဲ။

  • Shar Thet Man

    April 23, 2018 at 4:51 pm

    ဗိုက်ကရုံးဆင်းခါနီးဆိုတော့ ဆာနေတာနော်…ဟွန်းဟွန်း လာကျွေးလှည့်တော့

    • ဇီဇီ

      April 26, 2018 at 10:03 am

      ကျွေးမှာပေါ့

      <3

    • ဇီဇီ

      April 26, 2018 at 10:02 am

      လိမ္မာထာ

      <3

  • aye.kk

    April 27, 2018 at 1:17 pm

    စွပ်ပြုတ်ပဲကောင်းတယ်။
    မကြော်ကြည့်နဲ ့တော့နော်။
    အန်တီသားတွေက ရိုးရိုးကြက်တွေနဲ ့ပဲကြော်ပါမေမေရယ်တဲ့။
    အန်တီလည်း ကြက်အမဲသားကို ချက်စားတာပဲများပါတယ်။
    စကားစပ်ဆက်လိုက်ဥိးမယ်။
    ကြက်အမဲကတောနက်တဲ့နေရာမှာနေကြတယ်။
    တစ်ရက်တော့
    တောကြက်မဲ(တောကြက်ဖ)ထီးတစ်ကောင်
    ကောင်းကင်ကနေပျံလာပြီး အစ်ကိုခြံနားမှာ လာနားတယ်။အစ်ကိုနဲ ့ညီမလေးအငယ်က
    တစ်ခါမှမတွေ ့ဖူးဘူး,မမြင်ဖူးလို ့တွေ ့တော့၊ဝမ်းသာအားရစွာနဲ ့သူတို ့မွေးထားတဲ့
    ကြက်ခြံတံခါးကိုအသာလေးဖွင့်ပေးလိုက်ပြီးမှတောက်ကြက်မဲအထီးလည်း ကြက်မတွေမြင်တော့
    ကြက်ခြံထဲဝင်ပါလေရော။ကြ်ခြံတံခါးပိတ်လှောင်ထားပြီး၊အစ်ကိုကမျိုးဖောက်ယူလိုက်တယ်။
    မဒန်းအရွယ်လည်းရောက်ရောချက်စားကြတာပြောပြတယ်။ သိတ်စားလို ့ကောင်းတာသိသွားခဲ့ကြတယ်။
    ကိုယ်တိုင်လည်း ညီမလေးအငယ်ကပြန်လာလယ်တဲ့အချိန်ပြောပြတော့မှ၊တောကြက်မဲသားကို
    ဈေးမှာရှာဝယ်ပြီးချက်စားဖြစ်တယ်။ကြော်တော့မစားဖူးဘူး။
    ချက်စား,ပြုတ်စားတာပဲပိုကောင်းမယ်ထင်တယ်။

Leave a Reply