Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရင်သပ်ရှုမောစရာ ကောင်းတဲ့အပြင် UNESCO စာရင်း(၂)ခါဝင်တဲ့ဟနွိုင်း – ဟလောင်းဘေးသို့

Mon LayApril 18, 201811min6642

😉😉ဗီယက်နမ်တိုးတွေမြန်မာနိုင်ငံမှာ စတင်ခေတ်စားလာတုန်းက သယ်ရင်းတွေနဲ့မြောက်ပိုင်းဟနွိုင်းသွားရင်ကောင်းမလား….တောင်ပိုင်း

ဟိုချီမင်းကိုပဲသွားရင်ကောင်းမလားဆိုပြီး တိုင်ပင်ပြီးတော့ ခုခရီးစဉ်ဟနွိုင်းကိုထားခဲ့ပြီး တောင်ပိုင်းနဲ့အလယ်ပိုင်းနဲ့ပဲရွေးပြီး Viet Jet နဲ့သွားခဲ့ပါတယ်။

😊အဲ့လိုစီးပြီးသွားခဲ့တော့ ဟိုချီမင်းလေယာဉ်ကွင်းကနေ လေဆိပ်ထဲရောက်ဖို့ကားနဲ့တဆင့်ထပ်သွားရပါတယ်။ အဲလိုကားနဲ့သွားတဲ့အချိန်မှာ Vietnam Airline ကို ရုတ်တရက်လှမ်းမြင်လိုက်ရပါတယ်။😳😳 အရမ်းကိုကြီးပြီး အရမ်းမိုက်တဲ့အဲလိုင်းပါ။ အဲဒါနဲ့မွန်လေးစိတ်ထဲမှာ ငါနောက်တစ်ခေါက်ဗီယက်နမ်သွားရင် ဒီအဲလိုင်းပဲစီးပြီးသွားမယ်လို့စိတ်မှာတေးမှတ်ထားလိုက်တာ..ခုညီမလေးက တစ်နိုင်ငံကိုတော့ အလည်သွားချင်တယ်လို့ ကိုယ့်ကိုပြောလာပါတယ်။ ဘာလီသွားမလားလို့ ဈေးစုံစမ်းပါတယ်။ Air Asia တောင် ၃၀ဝ လောက်ဖြစ်နေပြန်တော့လည်းဘတ်ဂျတ်ကြိုက်တဲ့မွန်လေးက လက်တွန့်နေတာပေါ့။ 😧😧 စင်ကာပူကျတော့လည်း promotion ချတတ်တဲ့အချိန်ပဲသွားချင်ပြန်တော့ ဘယ်နိုင်ငံကျန်သေးလဲစဉ်းစားတာ လက်မှတ်စုံစမ်းလိုက်တော့ ကိုယ်စီးချင်ခဲ့တဲ့Vietnam Airline က 144 ပဲရှိတယ် Promotion ချနေလို့တဲ့။ တအားပျော်သွားတာပဲ။ 🤗🤗အဲဒါနဲ့ဘွတ်ကင်တင်လို့ရတော့ မြန်မြန်ဘွတ်ကင်တင်ပြီးသွားဖို့၃လအလိုလောက်

ကတည်းက လက်မှတ်ဖြတ်ပြီးဝယ်ခဲ့ပါတယ်။ 😝😝

#ဘယ်လိုသွားလို့ရလဲ ✈

အရင်တုန်းကတော့ ဟနွိုင်းကိုသွားမယ်ဆို လေယာဉ်က Vietnam Airline တစ်စီးပဲရှိပါတယ်။ခုတော့ Viet Jet ကပါဆွဲလာတော့ စီးစရာတစ်ခုတိုး

လာပါတယ်။ အပေါ်မှာပြောခဲ့သလို Vietnam Airline ကဈေးချတတ်တဲ့အချိန်တွေရှိတော့ ကိုယ်သွားမယ့်ရက်မှာ ဈေးချနေရင် Vietnam Airlineနဲ့

ပဲသွားစေချင်ပါတယ်။သူက 4 star လေယာဉ်ပါ။ လေယာဉ်ပျံပေါ်မှာစောင်တို့ပေးတဲ့အပြင် အစားအသောက်တွေလည်းကျွေး၊ ကီလို 27လည်းပေး

ပါတယ်။

Viet Jet ကတော့ထုံးစံအတိုင်း ဘတ်ဂျတ်ပေါ့။ ဘတ်ဂျက်ဆိုတော့ အစားအသောက်တော့မပါဘူး။ ဈေးတော့သက်သာပါတယ်။

#ဟနွိုင်း🌆🏙

ဟနွိုင်းမြို ့ကဗီယက်နမ်ရဲ ့မြို ့တော်ပါ။ အရှေ ့တောင်အာရှမှာ လက်မှုပညာအမွေအနှစ်တွေထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ အများအား

ဖြင့် တရုတ်နဲ့ပြင်သစ်လက်မှုပညာတွေများပါတယ်။ သူတို့ရိုးရာကတော့ ခမောက်ဆောင်းခြင်းပါ။ ကိုယ်တွေသွားတုန်းကတော့ ဟနွိုင်းမှာအေးနေ

တာပဲ။ နေ့ပူညချမ်းလေးပေါ့။ ကြုံလို့ ဖုန်း sim card ကတော့ လေဆိပ်မှာ ဒေါ်လာ၉ကျပ်တဲ့။ ကိုယ်တွေနိုင်ငံကအများကြီးသက်သာနေပြီနော်

#ဘယ်နေရာတွေလဲလို့ရလဲ🚗

ဟနွိုင်းကိုသွားလည်ရင်တော့ အဓိကလည်ကြတာကတော့ ဟလောင်းနဲ့ နင့်ဘင်ပါပဲ။ မြို ့ထဲမှာဆို

1)ဟိုချီမင်းဂူဗိမ္မာန်✔

သမ္မတဟိုချီမင်း ကွယ်လွန်သွားတော့ ဟနွိုင်းမြို့မှာ ဂူဗိမ္မာန်ကို ဆောက်လုပ်ပြီး ဂူသွင်းခဲ့ပါတယ်။ လာတဲ့သူတွေနဲ့ အမြဲစည်ကားလို့နေပါတယ်။

2)One Pillar Pagoda✔

ရေကန်လေးထဲက ကျောက်တိုင်တစ်လုံးပေါ်မှာ သစ်သားနဲ့ ကြာပန်းပုံ တည်ဆောက်ထားတဲ့ ဘုရားကျောင်းပါ။

3)Temple of Literature✔

ဗီယက်နမ်နိုင်ငံရဲ ့ပထမဆုံး တက္ကသိုလ်ဖြစ်ပြီး ကွန်ဖြူးရှပ်၏ အတွေးအခေါ်၊ ပညာရပ် တွေကို သင်ကြားပို့ချပေးပါတယ်။ ကျောင်းတော်က တရုတ်ဘုံကျောင်းနဲ့ ဆင်ပြီး ကျောက်စာချပ်တွေ အများကြီး တွေ့ရတယ်။

4)Old Quarter✔

ဒီနေရာလေးကတော့ တကယ့်ကိုဟနွိုင်းမြို ့ရဲ ့အချက်အချာကျတဲ့နေရာလေးပါ။ ဟိုတယ်တွေလည်းရှိတယ်။ 24နာရီလုံးဖွင့်တဲ့ ဆိုင်တွေ

လည်းရှိတယ်။ ညနေကနေ မိုးချုပ်၁၂နာရီထိ စားလို့ရတဲ့စားသောက်ဆိုင်လေးတွေလည်းရှိတယ်။ ပြီးတော့ Branded Outlet Factory ပစ္စည်းတွေလည်းစုံစုံလင်လင်ရပါတယ်။အမှတ်တရပစ္စည်းဆိုင်၊ message၊ spa တော်တော်များများ တစ်နေရာတည်းမှာ ရှိတဲ့နေရာ ဆိုပါတော့။ ဟလောင်းကိုသွားလည်မယ့်သူများအတွက်ကတော့ ဒီနေရာလေးမှာတည်းမှအဆင်ပြေပါမယ်။ ဘာလို့ဆို cruise က ဂိုက်က ဒီနေရာမှာပဲ

အလွယ်တကူကားနဲ့လာခေါ်လို့ရလို့ပါ။ တခြားမှာတည်းချင်လည်းတည်းပါ။ ကိုယ်ဖာ့သာmeeting point ကိုjoinရမှာဖြစ်ပါတယ်။ မွန်လေးတို့

တည်းခဲ့တာက Downtown Hanoi Hotelပါ။ သန့်ရှင်းတယ်ဆိုရုံနဲ့တင် wifi လည်းရလို့တန်ပါတယ်။ မွန်လေးကတော့ Old Quarter လေးကို

သိပ်ချစ်တယ်။ 😍😘ရန်ကုန်ဆိုမြို ့ထဲလသာ၊လမ်း၃ဝ တို့လိုပေ့ါ။😍😘

5) Hoan Kiem Lake✔

အပန်းဖြေဖို့အတွက်လည်း မြို ့လည်ခေါင်မှာ Hoan Kiem Lake ရေကန်ကြီးရှိတယ်။ မနက်ဖက်ဆို လေ့ကျင့်ခန်းလုပ်တဲ့သူ၊အားကစားလုပ်တဲ့

သူတွေနဲ့စည်ကားတဲ့အပြင် ညဘက်ဆိုလည်း သိပ်ကိုစည်ကားတဲ့ကန်လေးပါ။ ပြီးတော့ အဲ့ကန်ထဲမှာ တံတားနီလေးကိုဖြတ်ပြီးအထဲကတရုတ်

ဘုံကျောင်းကိုလည်းသွားလည်လို့ရတယ်။🌉🌉 ရေကန်အလယ်မှာ ဟနွိုင်းရဲ့ Zero မိုင်တိုင်တယ်။

#Halong Bay✔

King Kong II ဇာတ်လမ်း ကိုလည်းဟလောင်းဘေးမှာရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ သူလေးကိုသွားဖို့တွက်ဆို ဟနွိုင်းကနေ ၄ နာရီလောက်ကြာ

အောင်ကားစီးရပါတယ်။ မနက် (၈)နာရီဝန်းကျင်မှာ ဂိုက်ကလာခေါ်ပြီး ဟိုကို (၁၂)နာရီဝန်းကျင်မှာရောက်ပါတယ်။ သင်္ဘောစီသွားဖို့ ဘုတ်အသေး

လေးကို(၅)မိနစ်လောက်ထပ်စီးရပါတယ်။ 🚣သင်္ဘောပေါ်ရောက်တော့ check-in ဝင်၊ခဏနားပြီး နေ့လည်စာစားကြပါတယ်။ 🛳🛳သင်္ဘောပေါ်မှာ မြန်မာရယ်လို့ ကိုယ်တွေ၃ယောက်ပဲရှိတယ်။နေ့လည်စာစား ပြီးတော့ သင်္ဘောရဲ ့အပေါ်မှာနိုင်ငံခြားသားတွေကတော့

နေပူစာလှုံကြတာပေါ့။ မွန်လေးတို့ကတော့ ဓါတ်ဖမ်းကြတာပေါ့။ပတ်ဝန်းကျင်ရှုခင်းကလည်းအရမ်းမိုက်တယ်လေ။ တောင်တန်းတွေကြား

သင်္ဘောကဖြတ်သွားတော့..လေလေးတွေတဝူးဝူးတိုက်နေတာပေါ့။ 🌬🌬ဖူးခပ်နဲ့ တော်တော်လေးကိုဆင်တာ။ ဖူးခပ်မှာတုန်းက ဖိဖိလေးကျွန်းတွေ

သွားလည်တုန်းကလည်းအဲလိုပဲ။တောင်တွေကြားသင်္ဘောက ဖြတ်သွားတာလေ။😊😊

ပြီးတော့ Amazing Cave (or) Surprising cave လို့ခေါ်တဲ့ Sung sot cave ကိုသွားလည်ကြပါတယ်။ အဲ့ဂူကိုသွားဖို့ သင်္ဘောအကြီးက အနီးအနား

ဆိုကျောက်ချဖို့မလွယ်လို့ သင်္ဘောအသေးနဲ့ထပ်သွားကြရပါတယ်။ သူတို့နိုင်ငံမှာ ဘယ်လောက် safetyဖြစ်သလဲဆိုရင် အနီးအနားကို ဘုတ်သေးသေးလေးနဲ့သွားလည်း life jacket ကိုဝတ်ခိုင်းပါတယ်။ ဝေးဝေးသွားလည်း life jacket ကိုဂိုက်ကဝတ်ခိုင်းပါတယ်။ မဝတ်ရင် အတင်းဝတ်ခိုင်းပါတယ်။ ပြီးတော့ ဂူအစောင့်တွေကလည်းကြည့်နေပါတယ်။ 👮👮ဝတ်သလားမဝတ်သလားဆိုတာကို အဲလောက် safety ကောင်း

တာတွေ့ခဲ့ရပါတယ်။👍👍

#Amazing Cave (or) Surprising cave လို့ခေါ်တဲ့ Sung sot cave✔

သူကတော့ အထဲမှာ မီးတွေထိန်ထိန်ထွန်းထားတဲ့ဂူပေါ့နော်။ အဲထဲမှာ ဆင်ရုပ်တွေနဲ့တူတာတွေရှိတယ်..လှိုင်းတွန့်တွေနဲ့တူတာတွေရှိတယ်

ဆိုပြီး ဂိုက်ကရှင်းပြပါတယ်။ နိုင်ငံခြားသားတွေကတော့ တအံတဩကြည့်ကြတာပေါ့။ ကိုယ်တွေကတော့ ကိုယ့်နို်င်ငံက ဂူတွေဆို ဒီထက်တောင်

လှသေးတယ်ဆိုတာပြောလိုက်ချင်တယ်။😏😏😏 ကျောက်စက်ရေလေးတွေကျနေတာမျိုးတွေ၊ နံရံတွေမှာ ဘုရားဆင်းတုတွေနဲ့၊ ဂူထဲရောက်ရင်ကို

ရင်ထဲအေးချမ်းသွားတာမျိုးတွေ..တစ်ခါတလေတစ်ချို ့နံရံတွေဆို တူရိယာသံတောင်ထွက်တတ်တာမျိုးတွေ….တစ်ခုတော့ရှိတယ်။ သူတို့မှာကလျှပ်စစ်

မီးကိုဂူထဲမှာနိုင်အောင်ပေးထားတာပါပဲ။ ချစ်စဖွယ်ကောင်းအောင်လည်းလမ်းလေးတွေကိုလုပ်ထားတတ်တယ်။ Idea တော့ကွာတယ်လေ။⛰🏔⛰🏔

#Ti Top Island✔🏝🏝

ဟလောင်းဘေးရဲ ့အလှကိုအပေါ်စီးကနေခံစားဖို့နဲ့ ရေကူးကြဖို့ Ti Top Islandကိုသွားကြပါတယ်။ Hiking ကိုမိနစ်၂ဝ လောက် လုပ်ပြီး

တော့ သိပ်လှတဲ့ဟလောင်းကိုမြင်ရဖို့ရောက်သွားတာပေါ့..လူတွေဆိုတာကျိတ်ကျိတ်ကိုတိုးနေတာပဲ။တောင်ပေါ်ကနေ ပြန်ဆင်းလာပြီး ရေကူးကြ

တာပေ့ါ။ ရေထဲဆင်းရုံလေးပါ။ ပြီးတော့ဓါတ်ဖမ်းကြတယ်။ ရေဆိုတာအေးနေတာ။🏊🏊

#Cooking class 🥠🥠

ဗီယက်နမ်ကော်ပြန့်လိပ်တာလေးပါ။ မုန့်ဖတ်တွေလည်းပါတယ်…လိပ်တဲ့အဖတ်ကအစသူတို့ကအကြည်ရောင်လေး..တော်တော်လေးစားလို့

ကောင်းတယ်..ပြီးတော့ဝိုင်လေးနဲ့ သောက်ကြတာပေါ့။🍷🍷

#Pearl Farm👀👀

ပုလဲထုတ်လုပ်ပုံ လေ့လာရေးလဲ သွားခဲ့သေးတယ်။ သူတို့ပုလဲကသေးသေးလေးတွေ၊ ကိုယ်တွေနိုင်ငံကသူတို့ထက်ကြီးပါတယ်။ ကမာကောင်လေးတွေကိုမွေးမြူတာကအစ ပုလဲထုတ်တဲ့အထိအသေးစိတ်ရှင်းပြပါတယ်။

#နင့်ဘင်း

1)Bai Dinh တောင်ပေါ်ဘုရားကျောင်း

ဟနွိုင်းကနေ နင့်ဘင်းကို ၁နာရီခွဲလောက်တော့ ကားစီးရပါလိမ့်မယ်။ တောင်တက်လမ်းတစ်လျှောက် စောင်းတန်းထဲမှာ ဗုဒ္ဓဆင်းတုတော်တွေ နဲ့ ရဟန်းဆင်းတုပေါင်း ၅၀ဝ လောက် စံပယ်နေပါတယ်။ တောင်ပေါ်ဘုရားကျောင်း ပုရဝုဏ်က ၅၃၉ဧကကျယ်ဝန်းပါတယ်။

#စားကြမယ်🍛♨🍝🍶🍵☕🍻

များသောအားဖြင့် ဆီမပါ၊ ဆားပေါ့ပေါ့ ဟင်းလျာတွေ ဖြစ်တဲ့အတွက်ဆားဘူးလေးဆောင်သွားရင်တော့ပိုအဆင်ပြေပါမယ်။ အကင်တွေကတော့ ရှယ်စားကောင်းပါတယ်။ ဈေးနှုန်းသက်သာသလို စားသောက်ဆိုင်တွေ ပေါများလှတယ်။ နိုင်ငံတကာက 7 eleven လို သူတို့ဆီမှာ Circle K ဆိုပြီး

၂၄ နာရီဖွင့်တဲ့ဆိုင်လေးတွေရှိပါတယ်။ အိုဘားမားစားခဲ့တဲ့ ဘွန်ချာတော့ စားခဲ့စေချင်ပါတယ်။ မုန့်ဖတ်ကိုအရည်ချိုချိုထဲမှာ စိမ်စားတာမျိုးပါ။

#Shopping ထွက်မယ်ဆို🛒🛍

Weekend ရောက်ဖြစ်ရင် Hanoi weekend night market ကိုရအောင်သွားပါ။ ဈေးတန်းကြီးဆိုတာအရှည်ကြီးမှအရှည်ကြီးရယ်။ ညရနာရီကနေ ည၁၁လောက်ထိဖွင့်ပါတယ်။ အစားအသောက်တွေလည်းမိုက်တယ်။

နောက်ဆုံးပြောချင်တာကတော့ Branded outlet လေးတွေဝယ်ရတာစိတ်ဝင်စားတဲ့သူတွေ ဟနွိုင်းပဲသွားပါလို့ ညွှန်းချင်ပါတယ်။ ဘန်ကောက်မှာ

တောင်ပေါ်တင်ရောင်းချခွင့်ပိတ်ထားလို့ ဝယ်လို့မရပါဘူး။ ဟနွိုင်းကတော့ပေါ်တင်ပဲ။ လမ်းဘေးဆိုင်တွေမှာတင်ကိုရှိပါတယ်လို့။

 

နောက်တစ်နိုင်ငံကတော့ ဘယ်သွားမလဲ မွန်လေးစဉ်းစားနေပါတယ်..ဆက်အားပေးပါဦးနော်..😝🤣🤓

 

2 comments

  • ဇီဇီ

    April 20, 2018 at 8:45 am

    နယ်ခံ အစားအသောက်ကတော့ မက်လောက်စရာပဲ။
    ကမ်းခြေကလည်း လှမဲ့ပုံ။

    🙂

  • Shar Thet Man

    April 23, 2018 at 1:09 pm

    ဟုတ်ပါတယ် ဟနွိုင်းကို ဟိုချီမင်းမြို့ထက်ကြိုက်ပါတယ်

Leave a Reply