Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်္ဂလိပ်လိုရေးတတ်လိုသော် – ပါမောက္ခမျိုးကျော်မြင့်

kaiJune 29, 20182min3841

ယခုလမှာ Grammar ကို လက်တွ့အသုံးချပြီး ဝါကျလေးတွေရေးတတ်လာေအောင်လေ့လာကြပါစို့။ ယခင်လက အင်္ဂလိပ်စာ ကောင်းကောင်းရေးတတ်လိုလျှင် ဝါကျ ၄မျိုးရေးတတ်ဖို့လိုအပ်ကြောင်း ဖော်ပြခဲ့ပြီး ပါပြီ။
Simple sentences
Compound sentences
Complex sentences
Compound complex sentences
ဖော်ပြပါဝါကျ ၄ခုအနက် အလွယ်ဆုံးလို့ ကျောင်းသူကျောင်းသားအများစု ထင်တတ်တဲ့ Simple sentences ကို အဓိကထားပြီးလေ့လာကြရအောင်၊အရင်လက ပြောခဲ့သလိုပါပဲ Simple sentences ဆိုတာ subject သို့မဟုတ် verb တခုတည်းသာပါတဲ့ဝါကျတွေကို ဆိုလိုပါတယ်။ ဦးစွာပထမလွယ်ကူတဲ့ ဝါကျလေးတွေကိုကြည့်ကြရအောင်။ ဖော်ပြပါ structure ကို အရင် လေ့လာဖို့လိုပါတယ်။
Subject + verb +/- object
Subject +subject + verb +/- object
Subject + verb + verb +/- object
ဥပမာဖော်ပြပါဝါကျတစ်ခုခုကို ကြည့်ပါ။
The boy loves the girl.
The boy and his friend love the girl.
The boy loves and adores the girl.
အထက်ပါ ဝါကျလေးတွေဟာကောင်းပါတယ်။ ဒါပေမယ့် ကျောင်းသူကျောင်းသားလေးတွေ ပြောပြသလိုပါဘဲ–လွယ်လွန်းတယ်။ ကလေးဆန်လွန်းတယ်ပေါ့နော်။ ဒီဝါကျလေးတွေကို ပိုပြီးခန့်နားလာအောင် လှပဆန်းပြား လာအောင်အရင်ဆုံး adjectives လေးတွေ ကို ဖြည့်ထည့်ပေးကြရအောင်။ ဥပမာ–
The young boy loves the beautiful girl.
ဒီလို young နဲ့ beautiful ဆိုတဲ့ adjectives လေးတွေဖြည့်ပေးလိုက်တော့ နည်းနည်းလေးပိုကြည့်ကောင်းသွားတာပေါ့နော်။ adjectives လေးတွေနဲ့ မလုံလောက်သေးဘူးထင်ရင် adverb လေးတစ်ခုထပ်ပြီးဖြည့်စွက်လိုက် ရအောင်။
The young boy loves the beautiful girl passionately.
passionately ဆိုတဲ့ adverb လေးကြောင့် ဝါကျဟာပိုတောင် လှပသွားသေးတယ်။ ကဲမူလဝါကျ The boy loves the girl. ဆိုတာနဲ့ adjectives လေးတွေ adverbလေးတွေနဲ့ တန်ဆာဆင်ထားတဲ့ The young boy loves the beautiful girl passionately.ဆိုတဲ့ဝါကျနှစ်ခုကို ယှဉ်ပြီးကြည့်တဲ့အခါ မိတ်ကပ်မလိမ်း၊နှုတ်ခမ်းနီမဆိုး ဆံပင်မဖီးဘဲထားတဲ့အမျိုးသမီးတစ်ယောက်နဲ့ ဆိုင်မှာသွားပြီးအလှပြင်ထားတဲ့ model တစ်ယောက်လိုကွာခြားသွား တာပေါ့နော်။ Adjectives ကို တစ်ခုမကသုံးလို့ရတာသတိပြုမိကြပါစေ။ ဥပမာ-
The young good-looking boy loves the beautiful Burmese girl passionately.
အထက်ပါဝါကျ၌ good-looking နဲ့ Burmese ဆိုတဲ့ adjectives လေးနှစ်ခု ထပ်ပြီးဖြည့်ပေးလိုက်တာ ပိုတောင်ခန့်ငြားသွားပါတယ်။ adjectives လေးတွေကို ၂ခု၊၃ခု၊၄ခု မကသုံးလို့ရပါတယ်။ adjective အမျိုးအစားပေါ် တည်ပြီး noun နဲ့ ကပ်ရက် သို့မဟုတ် ခွာပြီးသုံးရပါတယ်။ ဒီလို သုံးပုံသုံးနည်းတွေကို နောက်လကြမှ အသေးစိတ်ဖော်ပြပါမယ် ။ adjectives လေးတွေနဲ့ ဖြည့်စွက်ပေးလို့ အားမရသေးရင် Adjectives phrase လေးတွေရဲ့ အကူအညီယူလို့ ရပါသေးတယ်။ ဥပမာ–
The young good-looking boy living with his aunt loves the beautiful Burmese girl surrounded by admires passionately.
ဒီဝါကျမှာ living with his aunt နဲ့ surrounded by admires ဆိုတဲ့ adjectives phrase လေးတွေတပ်ပြီးပြည့်အောင်ထည့်လိုက်တော့ ကောင်းသထက်ကောင်း သွားတာပေါ့. ဒီနေရာမှာ adjectives phrase ၂မျိုးရှိတာကို သတိပြုမိပါလိမ့်မယ်။ present participial phrase လို့ခေါ်တဲ့ ving phrase နဲ့ past participial phrase လို့ခေါ်တဲ့ Ved/en phrase ရယ်လို့ ၂မျိုးရှိပါတယ်။ Ved/en phrase ကို passive phrase လို့လည်း ခေါ်တတ်ပါ သေးတယ်။ present participial phrase ကိုတော့ ving phrase လို့ခေါ်တတ်ပါသေးတယ်။ နောက်ဝါကျတစ်ခုမှာ သုံးပြပါအုံးမယ်။
Mission College, established in 1987, was recognized was one the best community colleges operating in California.
အထက်ပါဝါကျမှာ established in 1987 ဟာ Ved/en phrase ဖြစ်ပြီး operating in California ကတော့ ving phrase ဖြစ်ပါတယ်။ ဒီနေရာမှာ comma လေးတွေခံပြီးသုံးထားတာ သတ်ပြုမိပါလိမ့်မယ်။ ဒီတော့မေးစရာဖြစ်လာပါပြီ ။ဘယ်လိုအချိန် အခါမျိုးမှာ comma ထည့်ရသလဲ၊ ဘယ်လို အချိန်အခါမျိုးမှာ comma ထည့်ဖို့ မလိုဘူးလဲပေါ့နော်။ တကယ်တော့ မှတ်ရလွယ်ပါတယ်။ ဖော်ပြပါ ဝါကျမှာ Mission College ဆိုပြီး နာမည်ကို ဖော်ပြထားတဲ့ အတွက် established in 1987 ဆိုတဲ့ adjectives phrase လေးရဲ့ ရှေ့မှာရောနောက်မှာပါ comma တွေခံပြီးသုံးရပါတယ်။ non-defining phrase လို့ခေါ်ပါတယ်။ Mission College လို့ အမည် တပ်ထားမှတော့ တခြား College မဖြစ်နိုင်မှန်း ထင်ရှားနေတာကိုး၊ ဒုတိယ adj phrase ဖြစ်တဲ့ operating in California ဆိုတာကိုတော့ comma နဲ့မသုံးဘူးနော်။ သူအထူးပြုထားတဲ့ နာမ်က colleges ဖြစ်နေတာကိုး။ အမည်နာမမဟုတ်ဘဲအများသုံးတဲ့ တနည်းအားဖြင့် general noun ဖြစ်နေလို့ပါ။ ဒီတော့မှတ်ထားဖို့က personal noun ဆိုရင် comma တပ်ပြီးသုံးရပါတယ်။ general noun ဆိုရင်တော့မလိုပါ။ထည့်လည်းမထည့်ရပါ။ထည့် ့ပြီးသုံးမိက မှားပါသည်။ ကဲအခုလောက် ဆိုရင် Simple sentences ဆိုတာ မလွယ်ကူလှဘဲ ရေးဖို့ခက်တာသိဖို့ ကောင်းပါပြီနော်။ ကဲ ရေးဖို့ခက်သော်လည်း ရေးတတ်သူအဖို့တော့ လှပခန့်ငြားတဲ့ ဝါကျလေးတွေရေးထုတ်နိုင် မယ်ဆိုတာသဘောပေါက်လောက်ပါပြီလေ။ ဒီလိုရေးတတ်အောင်လည်း adjectives လေးတွေ Adjectives phrase လေးတွေ adverb လေးတွေကို ကောင်းကောင်း လေ့လာထားဖို့ လိုအပ်ကြောင်း သဘောပေါက်ပြီထင်ပါ တယ်။ဒီလအတွက် တော့ ဒီမှာပဲနား ကြပါအုံးစို့။ နောက်လမှာ prepositional phrase ကို simple sentences လေးတွေရဲ့ အတူတကွနဲ့ ထည်ထည်ဝါဝါ ရေးတတ်လာအောင် ဖော်ပြပေးမှာဖြစ်ပါတယ်။ နားကြပါစို့။

One comment

  • Shar Thet Man

    July 2, 2018 at 11:04 am

    သိပြီးသားပဲ..ဒါပေမဲ့ကျေးဇူးပါ..ထပ်တင်ပေးပါဦး

Leave a Reply